Channel Myanmar

Harry Hamlin

Anne Rice’s Mayfair Witches (2022) 6.375
Anne Rice’s Mayfair Witches (2022) Anne Rice's Mayfair Witches (2022)ပုရိသတိုင်းရဲ့အသည်းစွဲ ညို့မင်းသမီး Alexandra Daddarioရဲ့ Mystery Drama seriesဖြစ်တဲ့ Mayfair Witches season 1 ထွက်ရှိလာပါပြီ။ ဒီseriesဟာ စာ​ရေးသူ Anne Riceရဲ့Mayfire trilogyထဲက ပထမစာအုပ်ကို အသက်သွင်း ရိုက်ကူးထားတာပါ။ အပတ်စဉ် တနင်္ဂ​နွေ​နေ့တိုင်း ထွက်ရှိမှာဖြစ်ပြီး လက်ရှိ IMDbက 8.0ရရှိထားပါတယ်။Daddarioဟာ ဒီဇာတ်လမ်းထဲမှာ အာရုံ​ကြောခွဲစိတ်ဆရာဝန် ရိုဝင် ​ဖီးဒင်းအဖြစ် ပါဝင်ထားပါတယ်။ ရိုဝင်မှာ ပြဿနာတစ်ခုရှိ​နေခဲ့ပြီး အဲဒါက​တော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကို သတ်မိ​နေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မ​ကောင်းတဲ့အစွမ်း ပိုင်ရှင် မ​ကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်​တွေးမိလာပါတယ်။တစ်ချိန်တည်းမှာပဲ ​ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိ​နေလို့ ဒီအစွမ်းဟာ သူ့မိဘအရင်း​တွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘ အရင်းအချာ​တွေက ဘယ်သူ​တွေဖြစ်မလဲဆိုတာကို သိချင်လာပြီး အပူတပြင်းရှာ​ဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အ​ခြေအ​နေတစ်ခုကို ​ရောက်ရှိသွား ပါ​တော့တယ်။ရိုဝင်ရဲ့မ​ကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လို​ကြောင့်ဖြစ်လာတာလဲ၊ သူ့မိဘအရင်း​တွေက ဘယ်သူ​တွေဖြစ်မလဲ၊ ဘာကိစ္စ​ကြောင့် သူ့ကို စွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်​လောက်ဆိုးရွားလဲ ထိုကျိန်စာဆိုးကို ရိုဝင်တစ်​ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ အပတ်စဉ် ​​စောင့်​မျှော်ကြည့်ရှုသွားရမှာပါ။အညွှန်း ...
6.375
TMDb: 6.375/10 8 votes
tv

Anne Rice’s Mayfair Witches (2022)

2023