Channel Myanmar

Hideaki Ito

Age of Samurai: Battle for Japan (2021) 7.13
Age of Samurai: Battle for Japan (2021) Age of Samurai: Battle for Japan (2021) Genre – Documentary, Action, Adventure IMDB – 7.4/10ဒီရက်ပိုင်း ဂျပန်ဆာမူရိုင်းတွေကို အခြေခံရိုက်ကူးထားကာ ဆာမူရိုင်း GOT လို့ တင်စားနေကြတဲ့ Shogun စီးရီးထွက်နေပြီး တော်တော်ကို မိုက်နေတဲ့အတွက် တစ်ပတ်တစ်ပိုင်း စောင့်နေစဉ်အတွင်း အကုန်လုံးလည်း ဆာမူရိုင်းတွေနဲ့ ပတ်သက်သမျှ ဗဟုသုတရစေရန်အလို့ငှာ ၂၀၂၁ ခုနှစ်က Netflix ကနေ ထုတ်လုပ်ပေးထားတဲ့ ဒီ ဂျပန်ဆာမူရိုင်း မှတ်တမ်းရုပ်ရှင်လေးကိုလည်း တင်ဆက်ပေးလိုက်ချင်ပါတယ်။ Documentary ဆိုလို့ စကားတွေထိုင်ပြော ရှင်းပြပြီး ပျင်းစရာကောင်းတာမျိုး မဟုတ်ပါဘူး။စကားပြောနေသူတွေရဲ့ အနောက်ကနေ သရုပ်ဆောင်တွေရယ် Setting တွေရယ် ဇာတ်လမ်းပုံစံတင်ဆက်ထားပြီး ကြည့်ရှုသူမျက်လုံးထဲ မြင်လာအောင် လုပ်ထားပေးတာဖြစ်ပါတယ်။ အဝတ်အစားတွေဆိုလည်း ဖြစ်ကတတ်ဆန်းလုပ်ထားခြင်းမရှိပဲ တိုက်ပွဲတွေကအစ ပီပီပြင်ပြင် သရုပ်ဖော်ထားတာပါ။Shogun စီးရီးမှာတော့ တကယ့်ဖြစ်ရပ်တွေပေါ် မှီငြမ်းထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့လည်း ဒီ မှတ်တမ်းရုပ်ရှင်ကတော့ တကယ့်အပြင်မှာ ရှိခဲ့တဲ့လူတွေ တိုက်ပွဲတွေ ...
7.13
TMDb: 7.13/10 274 votes
tv

Age of Samurai: Battle for Japan (2021)

2021
Tokyo Vice (2022)
Tokyo Vice (2022) Tokyo Vice (2022)IMDb - 9.5/10သတင်း​ထောက်​တစ်​ယောက်အတွက် သတင်း​ကောင်း​ကောင်း လိုက်​နိုင်လေ ရန်သူများ​လေလို့ ဆိုကြစမြဲပါ၊ အထူးသဖြင့် ဒုစရိုက်အဖွဲ့​တွေနဲ့နွယ်တဲ့ သတင်း​တွေကို ​​ရေးရတဲ့ သတင်း​ထောက်​တွေအ​နေနဲ့ သတင်းမှန်​လေ၊ အသက်အန္တရာယ်ကြီး​လေပါ၊ဒီစီးရီးက​တော့Tokyo Viceလို့​ ခေါ်တဲ့ မူရင်းစာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးပဲ ဖြစ်ပါတယ်၊ HBO maxက​နေ လွှင့်သွားမှာဖြစ်ပြီး IMDb 9.5 အထိ ရရှိထားပါတယ်၊Cast​တွေအ​နေနဲ့က​တော့ - Baby Driver, West Side Storyထဲက မင်းသား Ansel Elgort - Inception, Memoirs of a Geishaလို ဇာတ်ကားကြီး​တွေမှာ ပါဝင်ထားတဲ့ ဝါရင့်သရုပ်​ဆောင်မင်းသားကြီ Ken Watanabeတို့ပဲဖြစ်ပါတယ်၊အ​မေရိကန်သတင်း​ထောက် ဂျိတ် အဒယ်စတင်းဟာ ၁၉၉၀​ကျော် ကာလ​တွေမှာ နိုင်ငံခြားသတင်း​ထောက်အဖြစ် ဂျပန်နိုင်ငံ၊တိုကျိုမြို့ကို ​ရောက်သွားခဲ့ပါတယ်၊ သူသတင်းလိုက်တဲ့ အပိုင်းက​တော့ တခြားမဟုတ်ဘဲ မှုခင်း​ရေးရာအပိုင်းဖြစ်​နေတာပါ၊ ဖခင်ဖြစ်သူ ​သေမှု​သေခင်းအရာရှိဆီက​နေ အမှုအခင်းပိုင်းကို စိတ်ဝင်စားလာတဲ့ ဂျိတ်က ထူးဆန်းစွာပဲ ဂျပန်ရဲ့ ဒုစရိုက်​လောက ကို အထူးစိတ်ဝင်စားကာ မဲအိချိုရှင်းဘန်းသတင်းစာတိုက်ရဲ့ မှုခင်းသတင်း​ထောက်ဖြစ်​အောင် ...

Tokyo Vice (2022)

2022