Channel Myanmar

Jack Huston

Manhunt(2017) 7.631
Manhunt(2017)  ခင်ဗျားတို့ စာတိုက်စနစ်အကြောင်းကို နည်းနည်းလောက် အချိန်ပေးပြီး တွေးကြည့်ဖူးလား။လူတစ်ယောက်ဟာ ကိုယ့်ဆီကို စာပို့ဖို့၊ပစ္စည်းပို့ဖို့လိုအပ်တာဆိုလို့ ကိုယ့်ရဲ့နာမည်နဲ့ လိပ်စာပဲတဲ့။အဲ့ဒီလိပ်စာတို့ ဖုန်းနံပါတ်တို့ဆိုတာလဲ အခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ရဖို့ဆိုတာ ဘာမှမခက်တော့ဘူး။အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆို ပိုဆိုးတယ်။ခင်ဗျားရဲ့ အချက်အလက်တွေဟာ လူမြင်ကွင်းမှာ ဖောချင်းသောချင်းပဲ။တကယ်လို့ ခင်ဗျားကို ဒုက္ခပေးချင်တဲ့ လူတစ်ယောက်က ဒီအချက်အလက်တွေကို သုံးပြီး ခင်ဗျားကို ဒုက္ခမပေးနိုင်ဘူးလား။တစ်နေ့နေ့မှာ ခင်ဗျားရဲ့ အိမ်ရှေ့ကို ခင်ဗျားနာမည်နဲ့ ဗုံးတစ်လုံးရောက်လာနိုင်တယ်လို့ရော ခင်ဗျားတွေးဖူးလား။1978 ခုနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ စာပို့စနစ်ကို အသုံးပြုပြီး အကြမ်းဖက်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာတယ်။အဲ့ဒီဖြစ်စဉ်တွေ အကုန်လုံးကို လူတစ်ယောက်တည်းကပဲ ကြိုးကိုင်နေတယ်ဆိုတာကို သိရပေမယ့် သူဟာဘယ်သူလည်း ဘာကြောင့်မို့ ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်နေတာလဲဆိုတာ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးဌာနဖြစ်တဲ့ FBI တောင်မှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဗုံးပေါက်ကွဲမှုတွေဟာ နိုင်ငံတစ်ဝှမ်းဆက်တိုက်ဖြစ်နေတယ်။FBI ဟာလည်း ဒီ ဗုံးသမားကို ဖမ်းမိဖို့အတွက် လူပေါင်း ...
7.631
TMDb: 7.631/10 328 votes
tv

Manhunt(2017)

2017
Anne Rice’s Mayfair Witches (2022) 6.375
Anne Rice’s Mayfair Witches (2022) Anne Rice's Mayfair Witches (2022)ပုရိသတိုင်းရဲ့အသည်းစွဲ ညို့မင်းသမီး Alexandra Daddarioရဲ့ Mystery Drama seriesဖြစ်တဲ့ Mayfair Witches season 1 ထွက်ရှိလာပါပြီ။ ဒီseriesဟာ စာ​ရေးသူ Anne Riceရဲ့Mayfire trilogyထဲက ပထမစာအုပ်ကို အသက်သွင်း ရိုက်ကူးထားတာပါ။ အပတ်စဉ် တနင်္ဂ​နွေ​နေ့တိုင်း ထွက်ရှိမှာဖြစ်ပြီး လက်ရှိ IMDbက 8.0ရရှိထားပါတယ်။Daddarioဟာ ဒီဇာတ်လမ်းထဲမှာ အာရုံ​ကြောခွဲစိတ်ဆရာဝန် ရိုဝင် ​ဖီးဒင်းအဖြစ် ပါဝင်ထားပါတယ်။ ရိုဝင်မှာ ပြဿနာတစ်ခုရှိ​နေခဲ့ပြီး အဲဒါက​တော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကို သတ်မိ​နေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မ​ကောင်းတဲ့အစွမ်း ပိုင်ရှင် မ​ကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်​တွေးမိလာပါတယ်။တစ်ချိန်တည်းမှာပဲ ​ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိ​နေလို့ ဒီအစွမ်းဟာ သူ့မိဘအရင်း​တွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘ အရင်းအချာ​တွေက ဘယ်သူ​တွေဖြစ်မလဲဆိုတာကို သိချင်လာပြီး အပူတပြင်းရှာ​ဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အ​ခြေအ​နေတစ်ခုကို ​ရောက်ရှိသွား ပါ​တော့တယ်။ရိုဝင်ရဲ့မ​ကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လို​ကြောင့်ဖြစ်လာတာလဲ၊ သူ့မိဘအရင်း​တွေက ဘယ်သူ​တွေဖြစ်မလဲ၊ ဘာကိစ္စ​ကြောင့် သူ့ကို စွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်​လောက်ဆိုးရွားလဲ ထိုကျိန်စာဆိုးကို ရိုဝင်တစ်​ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ အပတ်စဉ် ​​စောင့်​မျှော်ကြည့်ရှုသွားရမှာပါ။အညွှန်း ...
6.375
TMDb: 6.375/10 8 votes
tv

Anne Rice’s Mayfair Witches (2022)

2023