Channel Myanmar

K.C. Shankar

Adhura (2023) 6.2
Adhura (2023) Adhura 2023 (7 Episodes) IMDb 6.7/10သရဲစီးရီးခပ်ကြမ်းကြမ်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် တဝကြီးကြောက်ရမဲ့ စီးရီးအသစ်စက်စက်လေးတင်ဆက်ပေးလိုက်ပါတယ်။ဘယ်လူမျိုး ဘယ်နိင်ငံ ဘယ်ယဉ်ကျေးမှုမှာမဆို ဘူလီလုပ်တတ် အနိုင်ကျင့်တတ်တဲ့သူကတော့ ရှိတတ်ကြတာကို ရုပ်ရှင်ဇာတ်လမ်း သတင်းတွေကတဆင့် ကျွန်မတို့တွေတွေ့မြင်ကြရပါတယ်။ ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော ကြုံဖူးကြသူတွေလည်းရှိမှာပါ။ ဘလိုင်းကြီးအနိုင်ကျင့်တဲ့သူတွေဆိုတာက ခပ်ရှားရှားရယ်ပါ။အနိုင်ကျင့်ကြသူတွေဆိုတာက သူတို့မပိုင်ဆိုင်နိုင်တဲ့အရာတွေကိုပိုင်ဆိုင်ထားကြသူတွေကို ဦးတည်တတ်တာမျိုး အိမ်မှာ ဒါမှမဟုတ် သူနေရတဲ့ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်က အနိုင်ကျင့်ခံရတတ်တာမျိုးတွေကြောင့်ပဲ သူတို့ကို ဒီလမ်းလျောက်စေတယ်လို့ယူဆမိပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း အနိုင်ကျင့်ကြသူတွေကိုမြင်တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်း ကျောင်းနောက်ဆုံးနေ့မှာ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတဲ့ ၁၆နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်.. ပျောက်ဆုံးသွားတာ ၁၅နှစ်ကြာတဲ့အထိ ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိခဲ့ကြဘူး။ ရှာဖွေကြတော့လည်းဘယ်မှာမှမတွေ့ရဘဲ တစ်ခန်းရပ်ခဲ့လေရဲ့... ၂၀၀၇ခုနှစ်ပညာသင်နှစ်ရဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ .. အရာရာတစ်စခန်းပြန်ထလာမဲ့နေ့တစ်နေ့..နိုင်ငံရပ်ခြားရောက်နေသူတွေပါပြန်ပေါင်းဆုံတဲ့နေ့ရက်မှာ ထူးဆန်းမှုတွေဟာ ဆက်တိုက်... ချောက်ချားစရာတွေကြား တစ်စတစ်စနဲ့သိလာရတဲ့အမှန်တရားတွေ အမုန်းတရားတွေ ဒီလိုထူးဆန်းမှုတွေနဲ့ ပျောက်ဆုံးနေတဲ့ကျောင်းသားလေးတို့ ဘာတွေဆက်နွယ်နေကြမလဲ ပျောက်ဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့ဆာလောင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ခြောက်လှန့်မှုတွေကို တဝကြီးကြည့်ရှုခံစားရမယ့် စီးရီးတခု...... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~BpL~Zwe Yan~Cherry~Sai~V တို့ပဲဖြစ်ပါတယ်File Size – 600MB  / 300MBQuality – 1080p AMZ WEB DL / 720pDuration – ...
6.2
TMDb: 6.2/10 4 votes
tv

Adhura (2023)

2023
Rocket Boys (2022) Season 2 7
Rocket Boys (2022) Season 2 1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့ သမိုင်း၀င် သိပ္ပံပညာရှင်ကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ နျူးကလီးယားနဲ့ အာကာသ သမိုင်းသစ်ရေးထိုးပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ဒီ season 2 မှာကတော့ အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဗစ်ခရမ်နဲ့ ဟိုမီတို့ ဖော်ဆောင်ခဲ့ကြပြီးနောက် ကြုံတွေ့လာကြရမယ့်အခက်အခဲတွေ သမိုင်းမှတ်ကျောက်တွေကိုအသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။နျူလက်နက်စီမံကိန်းအတွက်လိုအပ်တာ ဘာမှထုတ်မနိုင်သေးတဲ့ အိန္ဒိယရဲ့ထုတ်ကုန်ပြသာနာတွေ စစ်အေး စစ်ပွဲကြီးဖြစ်နေချိန်မှာ အိန္ဒိယရဲ့ နျူ လက်နက်နဲ့အတူနိုင်ငံရေးနေရာတခုရလာမှာကို မလိုလားတဲ့ အမေရိကန်ရဲ့ကွယ်ရာက ဆေးပေးမီးယူ အဖျက်အနှောင့်တွေ ပါကစ္စတန်နဲ့ကက်ရှ်မီးယားဒေသ စစ်ပွဲတွေကြောင့် သံတမန်ရေးစစ်ရေး အရှုပ်တော်ပုံတွေ အိန္ဒိယရဲ့ ရှေးရိုးစွဲနဲ့ သိပ္ပံပညာတို့ရဲ့ အကြားလွန်ဆွဲမှုတွေ ဒီလိုအခြေအနေတွေကြားမှာမှ Homiနဲ့ Vikramတို့ သူတို့ရဲ့တဖြည်းဖြည်းမတူလာတော့တဲ့ပန်းတိုင်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားပြီး သမိုင်းသစ်ရေးထိုးသွားကြမလဲဆိုတာကို အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းရိုက်ကူးထားပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင်အိန္ဒိယနိုင်ငံရေးတွေ ပညာရှင်တွေရဲ့ personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ် ...
7
TMDb: 7/10 4 votes
tv

Rocket Boys (2022) Season 2

2022
Rudra: The Edge Of Darkness (2022) Complete 8
Rudra: The Edge Of Darkness (2022) Complete Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb: 8/10 1 votes
tv

Rudra: The Edge Of Darkness (2022) Complete

2022
Typewriter (2019) Season 1 [COMPLETE] 7.7
Typewriter (2019) Season 1 [COMPLETE] ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် Mystery ဇာတ်ကားကောင်းတွေဖြစ်တဲ့ Kahaani, Kahaani 2 & Badla တို့ရဲ့ ဖန်တီးရှင် Sujoy Ghosh ရဲ့ ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်Mystery, Horror ကြိုက်နှစ်သက်သူတွေအတွက် လက်လွတ်မခံသင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲNetflix က ထုတ်လွှင့်တာဖြစ်ပြီး ၅ ပိုင်းနဲ့အပြီးပါပဲဇာတ်လမ်းလေးကတော့ နာမည်ကျော် သရဲဝတ္ထုစာရေးဆရာကြီး မာဒက် မက်သရူးဟာ သူ့နေအိမ်ကြီးဖြစ်တဲ့ ဘာဒက်ဇ် ဗီလာမှာ ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်အဲ့ဒိအချိန်ကျန်ရှိခဲ့တာတော့ တစ်ဦးတည်းသော မြေးမလေးပါပဲ နှစ်တွေကြာသွားတော့ ဒီအိမ်ကြီးဟာ သရဲတစ္ဆေခြောက်လှန့်တယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပါတယ်အဲ့ဒိအိမ်ကြီးထဲဝင်ပြီး သရဲတစ္ဆေရှာဖွေချင်နေတဲ့ ချာတိသုံးယောက်လည်းရှိပါတယ်ဒါပေမဲ့ မထင်မှတ်ထားဘဲ ထိုအိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတဲ့အခါမှာတော့ သူတို့ရဲ့အကြံစည် အကောင်ထည်ဖေါ်နိုင်ပါ့မလား ...ဒီမိသားစုအသစ်ကရော ဘယ်သူတွေလဲ ...သူတို့တွေဆီကို ဘယ်လိုထူးဆန်းမှုတွေ ရောက်ရှိလာမလဲဆိုတာကိုတော့ ...(ဘာသာပြန်ပေးထားသူတွေကတော့ ကိုဇော်ထူး ပါ) Quality – 720p NF WEB-DLDuration – 1hr ...
7.7
TMDb: 7.7/10 3 votes
tv

Typewriter (2019) Season 1 [COMPLETE]

2019