Channel Myanmar

Kang Ho-dong

Ramyeon Brothers (2023)
Ramyeon Brothers (2023) Ramyeon Brothers ( 2023 )ခေါက်ဆွဲလို့ပြောလိုက်တာနဲ့ လူတိုင်းပြေးသတိရကြတဲ့ ဂျပန်နိုင်ငံမှာ Made in Korea ခေါက်ဆွဲနဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်အာရုံကိုသိမ်းပိုက်ဖို့ကြိုးစားရင်းနဲ့ ကိုရီးယားခေါက်ဆွဲကို ကြော်ငြာမယ့်ပရောဂျက်...။ဒီပရောဂျက်မှာ ဘယ်သူတွေပါဝင်မလဲဆိုရင် ဇာတ်ကောင်တိုင်းနဲ့ အံဝင်ခွင်ကျလွန်းလို့ အသည်းစွဲကြရတဲ့ မင်းသား အီဆွန်းဂီ၊ Knowing Bros က ခပ်ဝဝနဲ့ အမြဲရယ်ရအောင်လုပ်ပေးနေလို့ သတိထားမိကြတဲ့ ဝါရင့်လူရွှင်တော်ကြီး ဂန်ဟိုဒုံတို့နဲ့အတူ My Roommate is a Gumiho ကနေ နာမည်ကြီးလာပြီးတော့ နှစ်ကုန်ဆုပေးပွဲမှာ Cheer Up ဇာတ်ကားနဲ့ အကောင်းဆုံးတက်သစ်စမင်းသားဆုရထားတဲ့ ဘယ်အင်ဟျော့တို့က မန်ဘာအဖြစ်ပါဝင်ပြီး ကိုရီးယားနိုင်ငံကိုယ်စားပြုအဖြစ် ကိုရီးယားခေါက်ဆွဲကို ချက်ပြုတ်ကြမှာပါ။ဖူဂျီတောင်ကိုရော ပစိဖိတ်ပင်လယ်ကိုပါ မြင်ရတဲ့ အီနိုရှီးမားဆိုတဲ့ ကျွန်းမြို့လေးပေါ်မှာ ညီအစ်ကို ၃ ယောက်က တစ်ပတ်ကြာ ဆိုင်ဖွင့်ပြီးတော့ မစ်ရှင်တွေလုပ်ရပါမယ်။ စားသုံးသူတွေရဲ့ မဲပေးခြင်းနဲ့ နေ့စဉ်မီနူးတွေပြောင်းရမလား ချီးကျူးမှုကို ခံရမလားဆိုတာ ကိုရီးယားခေါက်ဆွဲအမျိုးအစားတွေကို လေ့လာမှတ်သား(မစားရညှော်ခံရင်း)ရင်း အီနိုးရှီးမားရဲ့အလှနဲ့အတူ အီဆွန်းဂီနဲ့ ဘယ်အင်ဟျော့တို့ရဲ့ ...

Ramyeon Brothers (2023)

2023
Knowing Brother 8.1
Knowing Brother Knowing Brothers (2015-Present)ဒီ Variety Show လေးက​တော့ အားလုံးသိကြတဲ့အတိုင်း Knowing Brothersကျောင်း​တော်ကြီးရဲ့ ကျောင်းသားများဟာ အပတ်စဥ် ကျောင်း​တော်ကြီးဆီ​ရောက်လာတဲ့ကျောင်း​သားသစ်​လေးတွေကို ကြိုဆိုဧည့်ခံကြပြီး ဂိမ်း​တွေအတူ​​ဆော့ Quiz တွေ အတူ​ဖြေကြတဲ့ Variety Show လေး တစ်ခုပါ။Channel Myanmar မှလည်း ဒီအစီအစဥ်​လေးကို တင်ဆက်​ပေးလာခဲ့တာ ရက်သတ္တပတ် ၇ပတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။တင်ဆက်​ပေးလာရင်းနဲ့ ကြည့်ရှုအား​ပေးသူများပြားတဲ့ အစီအစဥ်​လေးမို့လို့ Knowing Brothers Show မှာHit ဖြစ်​ခဲ့တဲ့ အပိုင်း​ဟောင်း​လေး​တွေကို ပြန်လည်တင်ဆက်​ပေးဖို့ CM Variety Team မှ စီစဥ်ခဲ့ပါတယ်။လက်ရှိ Kpop လောကမှာကြီးစိုး​နေကြတဲ့ BTS, BlackPink, EXO, Twice, Seventeen, ITZY စတဲ့ နာမည်ကြီးအဖွဲ့​တွေအပြင်တခြားအဖွဲ့​ပေါင်းများစွာရဲ့ကျောင်း​တော်ကြီးဆီ လာ​ရောက်လည်ပတ်တုန်းက အပိုင်း​​တွေကို ပြန်လည်တင်ဆက်​ပေးမှာမို့CM ပရိသတ်ကြီးများက မျှော်​လင့်​စောင့်စား​​ပေးရုံပါပဲ။အပိုင်း​ဟောင်း​တွေကို တင်ဆက်​ပေးရင်း အပတ်စဥ်ထွက်ရှိ​နေတဲ့ အပိုင်းသစ်​​တွေကိုပါ မပြတ်မလတ်အ​ကောင်းဆုံး ...
8.1
TMDb: 8.1/10 19 votes
tv

Knowing Brother

2015
The Great Escape 9.5
The Great Escape The Great Escape (Season4)လူသားတွေဟာ ရှင်သန်နိုင်ဖို့ ကြိုးစားကြတဲ့နေရာမှာ ခွန်အား ဉာဏ်အား အကုန်လုံးကို အသုံးပြုတတ်တဲ့ မျိုးနွယ်စုပဲဖြစ်ပါတယ်။Survival Show တွေထဲမှာမှ အောင်မြင်ကျော်ကြားပြီး စိတ်လှုပ်ရှားဖို့အရမ်းကောင်းတဲ့ The Great Escape ရဲ့ Season 4 ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရှိုးထဲမှာတော့ ပါ၀င်သူခြောက်ယောက်က မတူညီတဲ့ နေရာမျိုးစုံကိုသွားပြီးတော့ ရှင်သန်နိုင်‌အောင်ကြိုးစားပြီး လွတ်မြောက်အောင်ထွက်ပြေးရမှာပဲ ဖြစ်ပါတယ်။မတူညီတဲ့နေရာတွေက ဘယ်လိုမျိုးတွေလဲဆိုတော့ ခြောက်ခြားစရာဆေးရုံပျက်၊ လူသူကင်းမဲ့တဲ့ စက်မှုဇုန်ဟောင်းကြီး၊ သွေးပျက်စရာ ထောင် စသဖြင့် အလန်းစားနေရာတွေအပြင် Event တွေအနေနဲ့ ဖုတ်ကောင်ပျက်ကပ်၊ အကြမ်းဖက်အဖွဲ့အစည်းအန္တရာယ်၊ Robot များအပြင် စုန်း၊ တစ္ဆေ၊ သရဲများနဲ့နှင့် ရင်ဆိုင်ကျော်လွှားရတဲ့ event တွေပါ ပါ၀င်သွားမှာမို့ Season 4 ကတော့ လုံး၀အလန်းစား Show တစ်ခုပဲ ဖြစ်ပါတယ်။အဖွဲ့၀င်များကတော့ Super Junior အဖွဲ့၀င် Shindong, Variety show တွေရဲ့ သမ္ဘာရင့် ဝါရင့် Kang Ho Dong, ဟာသနဲ့ ...
9.5
TMDb: 9.5/10 2 votes
tv

The Great Escape

2018