Channel Myanmar

Kang Mal-geum

Miraculous Brothers (2023)
Miraculous Brothers (2023) Miraculous Brothers (2023)ယွန်းဒုံဂျူ... နာမည်ကြီးကဗျာဆရာယွန်းဒုံဂျူကိုကြိုက်လို့ နာမည်ကိုပါတူတူပေးထားခံရတာဆိုပေမယ့် လက်တွေ့ဘဝက ယွန်းဒုံဂျူကတော့ စာရေးဆရာအမည်ခံပြီး ၇ နှစ်ကြာတာတောင် ဝတ္တုတစ်ပုဒ်ဖြစ်မြောက်အောင် မထုတ်နိုင်တဲ့လူတစ်ယောက်ပါပဲ။ အချိန်ပိုင်းလုပ်လိုက် စာလေးရေးလိုက်နဲ့ ပေါ့ပေါ့ပါးပါးသူ့ဘဝဟာ လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်...။ဂန်ဆန်း....ယာဉ်တိုက်မှုဖြစ်ပြီး နှစ်လကြာပိုင်ရှင်မဲ့လူနာအဖြစ် သတိမေ့နေခဲ့အပြီးမှာတော့ ထူးဆန်းတဲ့အသံတွေ၊ မြင်ကွင်းတွေမြင်လာရတဲ့ဂန်ဆန်းတစ်ယောက် လူတွေကိုထိလိုက်တာနဲ့ သူတို့ရင်ထဲကနာကျင်မှု‌တွေကိုပါ မြင်နိုင်ကြားနိုင်သွားခဲ့ပါတယ်။ တရားခံက နစ်နာသူကိုစောင့်ရှောက်ရင်း ယာဉ်တိုက်မှုဖြစ်တဲ့ကာလကအမှုကွင်းဆက်တွေနဲ့ အခြားသော မတရားမှုတွေထဲ ဂန်ဆန်းတစ်ယောက် ဝင်ပါမိလိုက်တဲ့အခါ .. ။ထူးခြားတဲ့စွမ်းရည်နဲ့ညီလေးနဲ့ ယာယီအုပ်ထိန်းသူအစ်ကိုကြီးတို့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမယ့် Bromance ကားသစ်လေးပဲဖြစ်ပါတယ်။ Mental Coach ကားထဲက နည်းပြကြီးနဲ့ Gaus Electronic ထဲက အသန့်ကြိုက်သူဌေးသားလေး Bae HyunSung တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်း CM မှ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။Quality : 108op / 720pTotal Episodes : 16EpsFormat : mp4 Genres :Mystery, Drama, Sci-Fi & Fantasy, ComedyDuration :Subtitle : ...

Miraculous Brothers (2023)

2023
The Good Bad Mother(2023)
The Good Bad Mother(2023) The Good Bad Mother(2023)***************************အပိုင်း(၁ မှ ၁၄ ) ထိ စ/ဆုံး"ငါဟာ ပျော်ရွှင်တယ်"ဆိုတဲ့စကားကို အမြဲရွတ်ပြီး နေထိုင်လာတဲ့ ယောင်းဆွန်းတစ်ယောက်ကံအကြောင်းမလှစွာနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ဝက်မွေးမြူရေးခြံအလုပ်ကိုလုပ်ပြီးသားကို တစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့သူပါ..ဆင်းရဲပြီး ဘာအင်အားမှမရှိလို့ ဒီလိုတွေဖြစ်ရတာဆိုပြီး သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့ စာမှစာဖြစ်အောင် စည်းကမ်းတင်းကျပ်လွန်းလှတဲ့ ယောင်းဆွန်းကတော့ သူ့ရဲ့သားဖြစ်တဲ့ ဂန်ဟိုအတွက် အရမ်းကို မုန်းရတဲ့အမေပါပဲ...ကျောင်းမှာ "ဝက်"လို့ အခေါ်ခံရပြီး ဝက်ချေးနံ့နံတယ်ဆိုပြီး အမြဲအနိုင်ကျင့်ခံရတဲ့ ဂန်ဟိုတစ်ယောက် "ဒါတွေအားလုံး ငါတို့မှာ ငွေနဲ့ အာဏာမရှိလို့ ဖြစ်ရတာ"ဆိုတဲ့ အမေရဲ့ စကားကြောင့်ဂန်ဟိုဟာ ဆိုးလ်ဗဟိုခရိုင်အမှုစ်ရုံးက အင်အားကြီးသူဘက်ကပါပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့ အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်မယ့် ရက်စက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်လာပါတယ်...အဲ့ဒီနောက်ကံကြမ္မာ အလှည့်အပြောင်းက ဆိုးရွားလွန်းလှပါတယ်...သူတို့တွေ ဘယ်လိုဆက်ဖြစ်သွားကြလဲဆိုတာကိုတော့...အသဲတွေခွဲသွားတဲ့ မင်းသား Lee Do Hyunနဲ့အတူ မင်းသမီးကြီး Ra Mi Ranတို့ ဒီHealing Comedy ...

The Good Bad Mother(2023)

2023
Divorce Attorney Shin (2023)
Divorce Attorney Shin (2023) Divorce Attorney Shin (2023)လောင်လောင်လေးတွေပြီးသွားတော့ စနေ တင်္နဂနွေတိုင်း ဥပဒေရေးရာတွေနဲ့ ခေါင်းစားရဦးမယ့်ဇာတ်ကားလေးလာပါပြီ။ Legal Drama ဆိုပေမယ့် အိမ်ထောင်ရေးအမှုတွေချည်းပဲသီးသန့်ဆိုတော့ပေါ့ပေါ့ပါးပါးကြည့်ရဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ဂျာမနီနိုင်ငံက ဂီတတက္ကသိုလ်တစ်ခုမှာ ပီယာနိုအထူးပြု professor တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ ရှင်းဆောင်းဟိုဟာ တစ်နေ့မှာ ရုတ်တရက်ကြီး ဂီတပညာရှင်အလုပ်ကိုစွန့်လွှတ်ပြီး ကိုရီးယားကိုအပြီးပြန်လာခဲ့ပါတယ်။ အဲဒီနောက် သူဟာ ပီယာနိုပညာရှင်ကနေ တရားဥပဒေရှေ့နေတစ်ယောက်ဖြစ်လာအောင်ကြိုးစားခဲ့ပြီး အိမ်ထောင်ရေး၊ ကွာရှင်းမှုအမှုအခင်းတွေကိုသာ သီးသန့်ကိုင်တွယ်ဖြေရှင်းပြီး အမှုသည်တွေဘက်ကနေ ရပ်တည်ကူညီပေးခဲ့ပါတယ်။ တကယ်တော့ ကိုရီးယားကိုရုတ်တရက်ကြီးသူပြန်လာခဲ့တာဟာ အကြောင်းရင်းတစ်ခုကြောင့်ဖြစ်ပြီး သူ့ရဲ့ ကလေးဘဝစိတ်ဒဏ်ရာကြောင့် ကွာရှင်းမှုတွေကိုပဲ သီးသန့်အမှုလိုက်ခဲ့တဲ့ ရှင်းဆောင်းဟိုဟာ သူ သိချင်တဲ့အမှန်တရားအတွက် အဖြေရှာရင်း အမှုတွေကိုရော ဘယ်လိုကိုင်တွယ်သွားမလဲ…. သူရှာဖွေနေတဲ့အမှန်တရားကရော ဘာလဲဆိုတာ ….. ကတော့ အပတ်စဉ် စနေ၊ တနင်္ဂဗနွနေ့တိုင်း စောင့်မျှော်ကြည့်ရှုရင် အားပေးနိုင်ပါပြီ။အညွှန်းကိုတော့ Thant Sin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Hmwe, Joyz, ThantSin တို့ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | 720p | 480p File size… ...

Divorce Attorney Shin (2023)

2023
Thirty-Nine (2022) (Complete) 10
Thirty-Nine (2022) (Complete) Thirty-Nine (2022) ဇာတ်လမ်းတွဲအညွှန်း******************************** အပိုင်း - ၁၂ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) ဒီတစ်ခါမှာတော့ CM ပရိသတ်တွေအတွက် နာမည်ကြီးမင်းသမီးကြီး သုံးယောက်ဖြစ်တဲ့ Son Ye Jin, Jeon Mi Do နဲ့ Kim Ji Hyun တို့ပါဝင်ထားတဲ့ " Thirty Nine" ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။အသက် ၃၉ နှစ်အရွယ် သူငယ်ချင်း အမျိုးသမီးသုံးယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ~ *၃၉နှစ်အရွယ် အရေပြားအထူးကုဆရာဝန် - Cha Mi Joo*၃၉နှစ်အရွယ် သရုပ်ဆောင်ဆရာမ - Jung Chan Young*၃၉နှစ်အရွယ် အလှကုန်မန်နေဂျာ - Jang Joo Hee အထက်တန်းဒုတိယနှစ်မှာ စတွေ့ခဲ့ကြပြီး အသက် ၄၀ ပြည့်ခါနီး သက်တမ်းတစ်လျှောက်လုံး အကောင်းအဆိုး အတူဖြတ်ကျော်ရင်း ခင်မင်မှုသံယောဇဥ်တွေမြဲခဲ့ကြတဲ့ သူတို့သုံးယောက် ...သာမန်အမျိုးသမီးသုံးယောက်ရဲ့ နေ့စဥ်ဘဝမှာဖြစ်ပေါ်လာတဲ့ အချစ်၊ ...
10
TMDb: 10/10 3 votes
tv

Thirty-Nine (2022) (Complete)

2022
The Silent Sea ( 2021 )
The Silent Sea ( 2021 ) မှင်စာဦးဦးနဲ့အတူ လကမ္ဘာကိုသွားဖို့စောင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက်သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဆိုတဲ့ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။ ကမ္ဘာမြေပေါ်မှာ တဖြည်းဖြည်းကုန်ဆုံးသွားတော့မယ့် သဘာဝရင်းမြစ်တွေရဲ့ပြဿနာကိုအဖြေရှာဖို့အတွက် ကပ္ပတိန် Han Yoon-jae ဦးဆောင်တဲ့အဖွဲ့ဟာလကမ္ဘာပေါ် မှာရှိတဲ့ သုတေသနစခန်းတစ်ခုမှာ ဇီဝပစ္စည်းတစ်ခုကို သွားယူဖို့တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ လကမ္ဘာပေါ် စွန့်စွန့်စားစားသွားခဲ့ပြီးနောက်သုတေသနစခန်းအဟောင်းကြီးထဲမှာ ကြောက်စရာကောင်းတဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ ထိတ်လန့်စရာကိစ္စတွေကို တွေ့ကြုံလိုက်ရတဲ့အခါဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အဖြေရှာဖို့ကြိုးစားကြမလား ?သူတို့မစ်ရှင်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမလား ?အန္တရာယ်တွေကြား သူတို့အဖွဲ့ဝင်တွေရော ဘေးကင်းနိုင်ကြမလား ?ဆိုတာကိုတော့ ဒီကားလေးထဲမှာ ရင်တဖိုဖိုနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။လကမ္ဘာကိုသွားမယ့် အာကာသယာဥ်မှူးတွေအဖြစ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young ...

The Silent Sea ( 2021 )

2021
Sell Your Haunted House
Sell Your Haunted House Sell your haunted house (2021)ဟုန်းဂျီအာ က အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်သူဖြစ်ပြီးတော့ ဒယ်ဘက် (အကောင်းဆုံး) ဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းရဲ့ပိုင်ရှင် ဖြစ်ပါတယ်။ သူမဟာ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းအပြင် သရဲနှင်တဲ့အတတ်ပညာကိုလည်း တတ်မြောက်သူ တစ်ဦး ဖြစ်ပါတယ်။သူမက သရဲစီးပြီး လူသေထားတဲ့ ခိုက်တယ် ဆိုတဲ့ အိမ်တွေကနေ သရဲနှင်ပေးပါတယ်။ သရဲနှင်တဲ့ အတတ်ပညာကိုတော့ သူမရဲ့အမေဆီကနေ တတ်မြောက်ထားတာပဲ ဖြစ်ပါတယ်။ လှပပြီး ဉာဏ်ရည်ထက်မြက်တဲ့ သူမရဲ့အားနည်းချက်ကတော့ ဒေါသထွက်လွယ်တာပါပဲ။ လက်နောက်ကမှ စကားပါတတ်တဲ့ ခြေမြန်လက်မြန် လူမျိုးပါပဲ။အိုအင်ဘန်း ကတော့ သရဲတွေကို အယုံအကြည်မရှိတဲ့ လူလိမ်တစ်ယောက်ပါ။ ဒါပေမယ့် သရဲတွေကိုတော့ အသုံးချပြီ ပိုက်ဆံရှာပါတယ်။ သူ့ရဲ့လေ့လာနိုင်စွမ်း နဲ့ ဆင်ခြင်တုံတရား ကောင်းမွန်မှုကြောင့် အကောင်းအဆိုး အကြောင်းအကျိုးကို ကောင်းကောင်းကြီး ဝေဖန်ပိုင်းခြားနိုင်သူလည်း ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကို မှန်းဆတွက်ချက်တတ်သူ တစ်ယောက် ဖြစ်တာမို့ ရှေ့ဖြစ်မယ့်ကိစ္စတွေကို ခန့်မှန်းရာမှာ အင်မတန်တော်သူတစ်ဦးလည်း ဖြစ်ပါတယ်။တစ်ခါမှာတော့ ဟုန်းဂျီအာ နဲ့ အိုအင်ဘန်းတို့ ...

Sell Your Haunted House

2021
Missing: The Other Side (2020) 7.0
Missing: The Other Side (2020) နောက်ထပ် Ongoing Series အသစ်လေးတစ်ခု တင်ပေးလိုက်ပါတယ်OCN ရုပ်သံလိုင်းကနေ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပေးမယ့် SERIES လေးပါအပိုင်း 12 ပိုင်းအထိ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်း ဆန်းဆန်းလေးမို့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ကားလေးဖြစ်မှာပါဇာတ်လမ်းအကျဉ်းသေဆုံးသွားပြီးနောက်အလောင်းရှာ မတွေ့သေးတဲ့ လူတွေရဲ့ ဝိညာဉ် တွေဟာ ဒူအွန်လို့ခေါ်တဲ့ ဝိညာဉ္ပေျာက်ရွာမှာ နေထိုင်ကြပါတယ်သူတို့ အလောင်းတွေကို ရှာမတွေ့မချင်း ဒီရွာကနေ ထွက်လို့မရသလို ကျွတ်လွတ်ကြမှာလည်း မဟုတ်ပါဘူးဂင်ဝု ဟာ ရုပ်ရည်ပြေပြစ်ပြီး စကားပြော အလွန်ကောင်းတဲ့ လူလိမ်တစ်ယောက်ပါတစ်နေ့မှာ ပြန်ပေးဆွဲမှုတစ်ခုကို မျက်မြင်တွေ့ခဲ့တာကြောင့် လိုက်သတ်ခံရရင်း ဒူအွန်ရွာကို ရောက်သွားခဲ့ပါတယ်အသက်ရှင်လျက်နဲ့ရောက်ရှိသွားခဲ့တဲ့ ဂင်ဝု တစ်ယာက် ဒီရွာမှာ သေပြီးသား ဝိညာဉ် တွေနေတယ်ဆိုတာကို သိရှိသွားတဲ့အခါ ဘာဆက်ဖြစ်မှာလဲလူတွေကရော သူ့စကားကို ယုံကြည်ပါ့မလားဒီဝိညာဉ် တွေရဲ့ အလောင်းတွေကိုကော ရှာဖွေပေးနိုင်မှာလားဆိုတာဒီဇတ်ကားမှာ ဆက်လက်ကြည့်ရှုကြပါနော်...။( အညွှန်းရေးသားထားသူကတော့ Hay Thar Oo ဖြစ်ပါတယ် ...
7.0
TMDb: 7.0/10 votes
tv

Missing: The Other Side (2020)

2020