Channel Myanmar

Kim Eui-sung

Arthdal Chronicles (2019)[Complete]
Arthdal Chronicles (2019)[Complete] Arthdal Chronicles (2019) S1(စ/ဆုံး)(အပိုင်း ၁ မှ ၁၈ ) ထိ စ/ဆုံး S2 လေးထွက်မယ်ကြားလို့ 1080P လေး ရှယ်Update ပေးထားပါတယ်...အားလုံးမျှော်တလင့်လင့်ဖြစ်နေကြတဲ့ oppa Song Joong-Kiနဲ့ unnie Kim Ji-Wonတို့ရဲ့ခေတ်ဦးကဒီဇိုင်းလန်းလန်းတွေနဲ့ပုံဖော်ထားတဲ့ Arthdal Chronicles ဆိုတဲ့ကားလေး လာပါပြီနော်....ကမ္ဘာ့ခေတ်ဦးအချိန်အခါတုန်းကတော့ လူသားတွေမှာ နိုင်ငံ တိုင်းပြည် ဘုရင်ဆိုတာတွေမရှိကြပါဘူး။ဒီလိုနဲ့တဖြည်းဖြည်း မီး ဓားသွား လက်နက်နဲ့ ထွန်ယက်စိုက်ပျိုးနည်းတွေကိုသိလာတဲ့လူသားတွေဟာလောကကြီးကိုစိုးမိုးဖို့ကြိုးစားကြပါတယ်။Eunsun ဆိုတဲ့ကလေးလေးဟာ နိမိတ်ဆိုးနဲ့မွေးဖွားလာပြီး ကျိန်စာသင့်နေတယ်လို့သတ်မှတ်ခံထားရတာကြောင့် ဒီကလေးရဲ့ရှင်သန်မှုအတွက် Arthdalမြို့သူမိခင်ဟာ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ.....တာဂွန် ကတော့ Arthdal မြို့ကစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ်စဉ်ကတည်းကထက်မြတ်သူတစ်ဦးဖြစ်ပြီး Arthdal မြို့ကို အောင်မြင်မှုတွေဆောင်ကြဉ်းပေးသူတစ်ဦးလဲဖြစ်ပါတယ်။သူ့ရဲ့အိမ်မက်ကတော့ Arthdalရဲ့ ဘုရင်ဖြစ်လာဖို့ပါပဲ။Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ခက်ခဲမှုတွေကိုကျော်လွှားရသူTan-Ya ကတော့ Eunsunရဲ့အချစ်ဦးဖြစ်ပြီး ...

Arthdal Chronicles (2019)[Complete]

2019
Black Knight (2023) [Complete]
Black Knight (2023) [Complete] Black Knight(2023)******************အပိုင်း(၁ မှ ၆ ) စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Netflix Series အသစ် Black Knight ဟာဆိုရင် 2071 ခုနှစ် မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီးလေထုအဆိပ်သင့်မှုပြင်းထန်လာတာနဲ့အညီ ကမ္ဘာကြီးမှာရှိတဲ့ လူဦးရေရဲ့ ၁% ပဲ အသက်ရှင်ကျန်တော့တဲ့ခေတ်ကာလပါ...ဒီလိုခေတ်ကာလမှာတော့ လူတွေက အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး...အိမ်အပြင်ကိုထွက်ကြတာနဲ့လည်း အောက်စီဂျင် Mask တွေ တပ်ကြရတာမို့လို့ တစ်ဦးနဲ့တစ်ဦး ပေးပို့ချင်တာ စားနပ်ရိက္ခာပစ္စည်း စတာတွေကို Knight လို့ ခေါ်ကြတဲ့ Delivery သမားတွေက ပို့ပေးကြရပါတယ်....အန္တရာယ်တွေကြား သူခိုးဓါးပြတွေကြားကနေ Delivery လိုက်ပို့ပေးရတဲ့ Knight တွေထဲမှာကိုယ်ခံပညာအကျွမ်းကျင်ဆုံးနဲ့ အတော်ဆုံးကတော့ Knight 5-8 (Kim Woo Bin) ပဲဖြစ်ပါတယ်...ကမ္ဘာပျက်ကာလရဲ့ သူရဲကောင်း 5-8 နဲ့ အပြိုင်ဇာတ်လမ်းမှာပါလာမယ့် ဗီလိန်ကတော့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ ဥက္ကဌကြီး Ryu Hae Jin ရဲ့ ...

Black Knight (2023) [Complete]

2023
Taxi Driver 2 (2023)[Complete] 8.122

Taxi Driver 2 (2023)[Complete]

2023
W: Two Worlds Apart (2016) 8.499
W: Two Worlds Apart (2016) W: Two Worlds Apart (2016)***************************(စ-ဆုံး)ဒီတစ်ခေါက်မှာတော့ Channel Myanmarပရိသတ်ကြီးအတွက် 2016တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ W Two Worlds ဇာတ်လမ်းတွဲကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့…နှလုံးခွဲစိတ်ဆရာဝန်မလေး အိုယွန်းဂျူဟာဖခင်ဖြစ်သူ အိုဆောင်းမူဖန်တီးတဲ့ Wဆိုတဲ့ဝဘ်တွန်းကို အသည်းစွဲကြိုက်သူပါ'W'ဝဘ်တွန်းထဲမှာ သူမ အကြိုက်ဆုံးဇာတ်ကောင်ကတော့ ဇာတ်လိုက်ကျော် ဂန်ချောကိုပေါ့ တစ်နေ့မှာတော့ အိုယွန်းဂျူတစ်ယောက် ဖခင်နေအိမ်ကိုသွားရင်းအမှတ်မထင် အခြားကမ္ဘာတစ်ခုထဲ အဆွဲသွင်းခံလိုက်ရပြီးသွေးအိုင်ထဲမှာ လဲနေတဲ့ လူတစ်ယောက်ကယ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲဒီလူက သူ့အဖေဖန်တီးထားတဲ့ 'W'ဝဘ်တွန်းထဲကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဇာတ်လိုက်ကျော် ဂန်ချောမှန်းအိုယွန်းဂျူသိသွားတဲ့အချိန်မှာတော့… ထွေထူးပြီး ညွှန်းစရာမလိုတဲ့ ကမ္ဘာနှစ်ဖက်က အချစ်ဇာတ်လမ်းကောင်းလေးဖြစ်လို့ဆက်လက်ခံစားကြည့်ရှုကြပါဦး......( အညွှန်းကို Khine Khine Wai မှ ရေးသားထားပါသည်) Episodes: 16File Size:1.2GB, 502MBQuality :Web-DL 1080p,720PGenres: Drama, Sci-Fi & Fantasy, Comedy,RomanceTranslated by  Khine Khine Wai, Hnin Wut Yi,Hnin Wai Oo  & WinEncoded ...
8.499
TMDb: 8.499/10 763 votes
tv

W: Two Worlds Apart (2016)

2016
Taxi Driver(2021)
Taxi Driver(2021) Taxi Driver(2021)ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်းသစ်(၁ မှ ၁၆) ထိ စ/ဆုံးKim Do-Kiဟာ ရေတပ်ကနေဘွဲ့ရပြီးတဲ့နောက် ရေတပ်အရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်....မိခင်ဖြစ်သူဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့အသတ်ခံရပြီးတဲ့နောက် သူ့ဘဝလည်းပြောင်းလဲလာခဲ့တယ်...နောက်ပိုင်းမှာတော့ Kim Do-Kiက Rainbowတက္ကစီကုမ္ပဏီရဲ့ တက္ကစီယာဉ်မောင်းအဖြစ်လုပ်ကိုင်ခဲ့တယ်....အဲ့ဒီကုမ္ပဏီက သာမန်ယာဉ်မောင်းကုမ္ပဏီတစ်ခုမဟုတ်ပဲ အထူးတလည်ဝန်ဆောင်မှုအနေနဲ့ကိုယ်ကလဲ့စားချေချင်တဲ့သူကို တောင်းဆိုပိုင်ခွင့်ရှိတာပဲ....ဖောက်သည်တွေက ကလဲ့စားချေဖို့တောင်းဆိုရင် Kim Do-Ki နဲ့လုပ်ဖော်ကိုင်ဖက်တွေက အမိုက်စားဝန်ဆောင်မှုပေးကြတယ်တဖက်မှာလည်း ရဲမေHa-Naက Rainbowတက္ကစီကုမ္ပဏီကိုလိုက်လံစုံစမ်းနေတဲ့သူပါ.....Rainbowတက္ကစီကုမ္ပဏီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေအတွက် စိတ်တိုင်းမကျသူဖြစ်ပေမဲ့ဥပဒေကမဖြေရှင်းနိုင်တဲ့ကိစ္စတွေကို Rainbowတက္ကစီကုမ္ပဏီက ဖြေရှင်းပေးနိုင်လို့ သူ့စိတ်ထဲ သိချင်စိတ်ပြင်းပြခဲ့ပါတယ်....ဒီကာလထဲမှာ ဘယ်လိုကြောက်စရာကောင်းတဲ့အမှုတွေ လူသတ်မှုတွေပေါ်လာကြမလဲ...မှုခင်း အက်ရှင်အသားပေးဇာတ်လမ်းတွဲမို့ အရိုတွေ ကြည့်ရတာ ပျင်းရိနေသူတွေအတွက်အလန်းစားပါပဲလို့ ပြောပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Khine Khine Wai, Shoon Thu Thu Chain, Ei Phyu Khin & Lwinlwin Aungတို့ပဲဖြစ်ပါတယ်....Native Title: 모범택시Also Known As: Model Taxi , Red Cage , Exemplary Taxi , Deluxe Taxi , Mobeomtaxi , MobeomtaeksiScreenwriter: Oh Sang HoDirector: Park ...

Taxi Driver(2021)

2021
The Queen’s Umbrella (2022) 9
The Queen’s Umbrella (2022) Under the queen's umbrella =======================လတ်တ​​လောနာမည်ကြီးနေတဲ့ Cheer Up ထဲ Main lead, True Beauty ထဲက အင်ဂျူဂယောင်ရဲ့မောင်လေး အပြင်အဆင်လေးတွေ အများကြီးပါဝင်တဲ့ နန်းတွင်းကားလေးထွက်ရှိလာပါပြီအများနဲ့ဆိုရင် ခက်ထန်ပြီး ဒေါသကြီးတဲ့သူတစ်ယောက်ဖြစ်သလို သားတော်တွေနဲ့ပတ်သတ်လာရင် မယ်တော်ကြီးပါမကျန် ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်တဲ့ မိဖုရားခေါင်ကြီး Im Hwa Ryeongပြဿနာအိုးလို့ခေါ်ရလောက်တဲ့ထိ ဆိုးသွမ်းလှတဲ့ သူမရဲ့သားတော်တွေက တော်ဝင်မိသားစုက လူတိုင်းအမြင်မှာ မျက်စိစပါးမွှေးစူးစရာဆိုပေမယ့် သူအတွက်ကတော့ သားတော်တွေ ကျန်းမာဖို့ကအဓိကပါပဲသားတော်ထဲမှာ အလိမ္မာဆုံး အတော်ဆုံးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားဟာ နန်းတွင်းပြဿနာကြားစိတ်ရှုပ်ရတဲ့ မိဖုရားခေါင်ကြီးရဲ့ အမောပြေလေးပေါ့ ဒီလိုနဲ့ အိမ်ရှေ့စံတစ်ယောက် မျိုးရိုးလိုက်ရောဂါခံစားနေရတာကို သိလိုက်ရတဲ့အခါ.....အိမ်ရှေ့စံနေရာကိုလုချင်တဲ့နေတဲ့သူတွေနဲ့ ရှုပ်ထွေးလှတဲ့ နန်းတွင်းအရှုပ်တော်ပုံတွေကြား သားတော်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲပေးမှာလဲ ဒုက္ခမိုးတွေကြားကနေ ထီးသဖွယ် အကာအကွယ်ပေးမဲ့ မိခင်တစ်ဦးရဲ့မေတ္တာကိုဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် အပတ်စဥ် Sat Sun တိုင်းတင်ဆက်သွားမှာဖြစ်ပြီး စုစုပေါင်း အပိုင်း ၁၆ပိုင်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်File Size – 960MB / 500MBQuality – 1080p NF WEB ...
9
TMDb: 9/10 1 votes
tv

The Queen’s Umbrella (2022)

2022
Six Flying Dragons(2015) 8.1
Six Flying Dragons(2015) Six Flying Dragons(2015) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၅၀ ) ထိ စ/ဆုံးကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင်Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု  ထိပ်တန်းဆုပေါင်းများစွာကို၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်...ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလိုSetting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်...တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ‌ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲအကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင်နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်..အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင်ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါသက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

Six Flying Dragons(2015)

2015
Memories of the Alhambra (2018) [COMPLETE]
Memories of the Alhambra (2018) [COMPLETE] Memories of the Alhambra (2018)ဇာတ်လမ်းတွဲMemories of Alhambra ဟာ AR (Augmented Reality) game အမျိုးအစားကို ဇာတ်အိမ်တည်ပြီး အဓိက ရိုက်ကူးထားပါတယ်...Korea မှာ ပထမဦးဆုံး သုံးထားတဲ့ Suspense Thriller Romance Series ပြောရင်လည်းမမှားပါဘူး..."Jin woo ဆိုတဲ့ Game တီထွင်တဲ့ စီးပွားရေးပညာရှင်တစ်ယောက်ရှိတယ်.. ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့သူတစ်ယောက်...တစ်နေ့တော့ အမည်မသိ တစ်ယောက်မှသူ့ကိုဖုန်းခေါ်လာတယ်...ဂိမ်းတစ်ခုဖန်တီးထားတဲ့အကြောင်းရယ်..သူဖန်တီးထားတဲ့ဂိမ်းကို ဒုစရိုက်သမားများကဝယ်ဖို့ တွန်းအားပေးခံနေရတဲ့အကြောင်းရယ်ဂိမ်းနဲ့ပတ်သက်နဲ့ Mail တစ်ခုလည်းပို့ထားပြီး သူဂိမ်းအခြေတည်ရာနေရာကိုပြောပြီးဖုန်းချသွားတယ်..Jin woo လည်း Mail ဖွင့်ကြည့်ပြီးတဲ့အချိန်မှာ ဒီဂိမ်းကိုစိတ်ဝင်စားလွန်းတော့ ချက်ချင်း ဖုန်းခေါ်ဆိုသူပြောတဲ့နေရာကိုလိုက်သွားတယ်...အဲ့ဒီမှာအံအားသင့်စရာကောင်းလောက်တဲ့ ဂိမ်းပုံစံနဲ့ တခြားမသာမာသူတွေပတ်သက်နေမှန်း Jin Woo တစ်ယောက်သိလိုက်ရချိန်မှာတော့....ဒီကားက Korea, Spain, Hungary နဲ့ Slovenia မှာ ရိုက်ကူးထားလေတော့ မြင်ကွင်းစုံ ရှုခင်းစုံနဲ့ခံစားရမယ့် အပြင်ကွီးယားကားသိပ်သဘောမကျတဲ့ ဂိမ်မာ ယောင်္ကျားလေးတွေတောင်ကြည့်သင့်တယ်လို့ညွှန်းဆိုပါရစေ...(ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ...

Memories of the Alhambra (2018) [COMPLETE]

2018
Mr. Sunshine ( Completed ) 7
Mr. Sunshine ( Completed ) Netflix ကနေ ကျတော်တို့ အချစ်တော် မင်းသားကြီး လီဗြောင်ဟွန်းနဲ့ စီးရီးတစ်ခု စတင်ပြသလိုက်ပါပြီ။ထရေလာနဲ့တင် ရုပ်ရှင်ချစ်သူတွေ စိတ်ဝင်စားနေကြမှာပါ။ မနေ့ညက အပိုင်း ၁ ထုတ်လွှင့်အပြီးမှာ အတော်များများ အကြိုက်တွေ့နေကြပါပြီ။ဇာတ်လမ်းကတော့ ၁၈၇၁ခုနှစ်ကာလကို အခြေခံထားပါတယ်။ သမိုင်းနောက်ခံ ဒရာမာ အက်ရှင်အမျိုးအစားပါ။ဂျိုဆန်က အစေခံလူငယ်လေးတစ်ယောက်ဟာ. အမေရိကန်ကို ထွက်သွားခဲ့ပြီး အမေရိကန် မရိန်းစစ်သည်အနေနဲ့ ပြန်ရောက်လာခဲ့ပါပြီ။သမိုင်းနောက်ခံကာလကတော့ အမေရိကန် ကိုးရီးယား ပဠိပက္ခဖြစ်ချိန်နဲ့ ဂျပန်က ကိုရီးယားကို သိမ်းပိုက်ဖို့ လုပ်နေချိန်လောက်မှာပါ။တကယ့်သမိုင်းနောက်ခံတွေနဲ့ အရှုပ်တော်ပုံတွေကို လီဗြောင်ဟွန်းရဲ့ သရုပ်ဆောင်မှုနဲ့တွဲပြီး ခံစားကြည့်ရအောင်။ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားကြသူတွေကတော့ThinZar Htet , May Thazin Soe , Cherry CoeNga Lunn , Hein That Naingတို့ပဲ ဖြစ်ပါတယ်Encoded By Thit San Khant , LKDownload List ------------ EP 01 ...
7
TMDb: 7/10 1 votes
tv

Mr. Sunshine ( Completed )

2018