Channel Myanmar

Kim Gyu-ri

Designated Survivor: 60 Days (2019) 8.19
Designated Survivor: 60 Days (2019) Designated Survivor:60 Days (2019)"နိုင်ငံရေး"ဆိုတာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတူညီနိုင်သလို တူညီဖို့လည်း မလိုအပ်တဲ့ သဘောတရားတစ်ခုပါဒါပေမဲ့ လူအမျိုးမျိုး အမြင်အမျိုးမျိုးရဲ့ သဘောထားစုံလင်ကွဲပြားမှုတွေကို လူတိုင်းက လက်သင့်ခံပြီး အတူတကွယှဉ်တွဲနေထိုင်သွားနိုင်မှသာ ငြိမ်းချမ်းတဲ့တိုင်းပြည်တစ်ခု ဖြစ်လာပါလိမ့်မယ်အဲဒီလိုဖြစ်ဖို့ဆိုတာကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပြန်ပါဘူး အမေရိကန်ဇာတ်လမ်းတွဲ Designated Survivor ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင်တော့ တောင်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေကစလို့ အာဏာခွဲဝေမှုတွေအထိ ကိုရီးယားရဲ့နိုင်ငံရေးအကြောင်းကို စုံစုံလင်လင် ရှုစားကြရမှာဖြစ်ပါတယ်စစ်အေးတိုက်ပွဲကာလမှာ ကိုရီးယားကျွန်းဆွယ်ရဲ့ငြိမ်းချမ်းရေးအတွက် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ အမျိုးသားလွှတ်တော်ခန်းမကို ဗုံးခွဲတိုက်ခိုက်ခံလိုက်ရပါတယ်အဲဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် သမ္မတကြီးအပါအဝင် ဝန်ကြီးများအားလုံး အသက်ဆုံးရှုံးခဲ့ရပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဘတ်မူဂျင်ကသာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်လာခဲ့ပါတယ်တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ ဥပဒေပုဒ်မ ၇၁ အရ ဝန်ကြီးဘတ်မူဂျင်ဟာ ယာယီသမ္မတအဖြစ် ရက်ပေါင်း ၆၀ ကြာ တာဝန်ထမ်းဆောင်ရဖို့ အကြောင်းဖန်လာချိန်မှာတော့ နိုင်ငံရေးအတွေ့အကြုံ ၆ လပဲရှိသေးတဲ့ သူဟာ နိုင်ငံ့အရေးကို ဘယ်လိုကိုင်တွယ်သွားမလဲဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အမှန်တရားကိုရော သူ့အနေနဲ့ ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ မျက်တောင်မခတ်တမ်း ကြည့်ရှုခံစားရမယ့် နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ အထွေအထူးမိတ်ဆက်နေစရာမလိုတဲ့ မင်းသားကြီး Ji Jin-Hee ...
8.19
TMDb: 8.19/10 21 votes
tv

Designated Survivor: 60 Days (2019)

2019
Green Mothers’ Club (2022) [Complete] 5
Green Mothers’ Club (2022) [Complete] Green Mothers' Club (2022) ဇာတ်လမ်းတွဲ [အစ-အဆုံး] အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) "Thirty-Nine" နေရာမှာ အစားဝင်တဲ့ကားလေးဖြစ်ပါတယ်။ ဒီတစ်ခါလည်း လက်တွေ့ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ နောက်ထပ် ဒရမ်မာ အသစ်လေးပါ။ မတူတာကတော့ သူငယ်ချင်းသံယောဇဥ်အစား မိခင်တွေကြားက ခင်မင်မှုနဲ့ ကလေးတွေအပေါ်ထားရှိတဲ့ မိခင်မေတ္တာကို တွေ့ရှိရမှာပါ။မူလတန်းအရွယ်ကလေးတွေအတွက် တွေ့ဆုံစုစည်းမိခဲ့ကြတဲ့ မတူညီတဲ့ မိခင် ၅ ယောက်...ဒီငါးယောက်လုံးမှာ သူတို့မကျော်လွှားနိုင်တဲ့ အခက်အခဲတွေကိုယ်စီ ရှိကြပါတယ်ကလေးတွေအကြောင်းပြုပြီး ဆက်ဆံရေးစတင်ခဲ့ကြတဲ့သူတို့တတွေ ရှေ့လျှောက်ဘယ်လိုပတ်သက်သွားကြမလဲ?အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်သွားကြမလား?ခင်မင်မှုသံယောဇဥ်တွေပဲ တိုးလာမလား? ဆိုတာကတော့ ဒီကားလေးထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Ei Phyu Khin က ရေးပေးထားတာပါ) Aired: April 6, 2022 --  Aired On: Wednesday - Thursday Genres: Drama, Mystery Duration: 1hr Episodes: 16 File Size: 1080p(~1GB) ...
5
TMDb: 5/10 1 votes
tv

Green Mothers’ Club (2022) [Complete]

2022
Pegasus Market(2019)[Complete] 7
Pegasus Market(2019)[Complete]  (Unicode)ဒယ်မန်းအုပ်စုဆိုတာ ကိုးရီးယားရဲ့ ထိပ်ထိပ်ကျဲ လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်ထားတယ်....ထိပ်သီးစီးပွားရေးကုမ္ပဏီဖြစ်လို့ အလုပ်ဝင်ချင်သူတွေလည်း ဒုနဲ့ဒေးပါပဲ.....ဒါရိုက်တာအဖွဲ့ဝင်တွေဟာလည်း ဒယ်မန်းတိုးတက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြသလို အသစ်သစ်သော ကုန်ပစ္စည်းတွေထုတ်ဖို့ လုံးပန်းနေကြတယ်.. တစ်နေ့တော့ ကုန်ပစ္စည်းသစ်ထုတ်ဖို့ အစည်းအဝေးတစ်ခုမှာ ကားဒီဇိုင်းတစ်မျိုး ထုတ်သင့်မသင့်ဆုံးဖြတ်ကြတယ်......ရှုံးမယ်လို့ထင်လို့ ကန့်ကွက်တဲ့ ဒါရိုက်တာအဖွဲ့ဝင် ကြောင့် ပွဲပျက်သွားခဲ့တယ်...တခြားကုမ္ပဏီက အဲ့ဒီဇိုင်းကိုထုတ်လုပ်ခဲ့ပြီး အဲ့ကားဒီဇိုင်းဟာ ကိုရီးယားမှာ အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခုတောင်ဖြစ်သွားတယ်.. ဒယ်မန်းအတွက်ရှယ်ယာဈေးတွေကျသွားတဲ့အပြင် တကယ့်အချီကြီးရမယ့် ဈေးကွက်လွတ်သွားလေတော့ဥက္ကကြီးစိတ်ဆိုးပြီးတော့ ကန့်ကွက်တဲ့ဒါရိုက်တာကို ချောင်းမာလီဈေးကို ကွပ်ကဲဖို့လွှတ်လိုက်တယ်... အဲ့ဒီမှာဇာတ်လမ်းကစတော့တာပဲ... ချောင်းမာလီဈေးဆိုတာ သုသန်လောက်တောင်မစည်ကားဘူး... ဈေးနာမည်ခံတစ်ခုသာရှိပြီး ရောင်းအားလုံးဝမရှိတဲ့ဈေးကြီး အောင်မြင်အောင်ကွပ်ကဲဖို့ဆိုတာ သကြားမင်းတောင်လက်ရှောင်နိုင်တဲ့အခြေအနေမျိုး... ဒီလိုအခြေအနေကို သူဘယ်လိုဆွဲတင်မလဲ... ဒီစီးရီးက ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွဲမျိုးတော့မဟုတ်ဘူး... စီးပွားရေးလောကရဲ့ မာယာတွေနဲ့... ဒီလောကရဲ့ ပရိယာယ်အသွယ်သွယ်တွေကို လှလှပပလေး ပညာပေးရိုက်ပြသွားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်..ဗဟုသုတလည်းရသလို ကြည့်သင့်တဲ့စီးရီးတစ်ခုလည်းဖြစ်ပါတယ်.... ဟာသလေးတွေပါသလို မှတ်သားစရာပေါင်းများစွာပါပါတယ်... အပိုင်း (၁၂)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်းထွက်ရှိမှာဖြစ်ပါတယ်... ခံစားကြည့်ကြပါဦး.... Quality – 720p  HD-TVDuration – 65min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre :   DramaTranslator –Oung Xix Ming & May Phyu ZawEncoder – Phyo Pyae   Complete Zip ...
7
TMDb: 7/10 1 votes
tv

Pegasus Market(2019)[Complete]

2019