Channel Myanmar

Kim Hee-jeong

Who Are You: School (2015) 8.1
Who Are You: School (2015)  [Unicode]Who Are You: School 2015ထုံးယောင်းမြို့ အချစ်အိမ်မိဘမဲ့ဂေဟာမှာ တခြားကလေးတွေကို အစ်မကြီးသဖွယ်စောင့်ရှောက်ပေးရင်း နေထိုင်ရသူဖြစ်ပြီး‌ ကျောင်းတွင်းအကြမ်းဖက်မှုခံနေရတဲ့ လီအွန်းဘီ နဲ့ဆိုးလ်မြို့မှာ နေထိုင်ပြီး ကျောင်းစာမှာ ထူးချွန်တဲ့အပြင် မဟုတ်မခံစိတ်ရှိသူ ၊ မွေးစားအမေရဲ့ ဂရုစိုက်မှုတွေကြား ကြီးပြင်းလာရတဲ့ ဂိုအွန်ဗြောတို့ဟာ အမြွှာညီအစ်မတွေဆိုပေမဲ့ မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြရတဲ့သူတွေပါ။တစ်နေ့တော့ လီအွန်းဘီဟာ ဘဝကို စိတ်ကုန်ပြီး သေကြောင်းကြံစည်ချိန် အစ်မဖြစ်သူဂိုအွန်းဗြောက အချိန်မီကယ်တင်ပေးပြီး သေကြောင်းကြံစည်မှုကြောင့် အတိတ်မေ့သွားတဲ့ ညီမဖြစ်သူကို ဂိုအွန်းဗြောဆိုတဲ့ ကောင်းမွန်တဲ့ ဘဝမှာ အစားထိုး ရှင်သန်နေထိုင်စေခဲ့ပါတယ်။အနိုင်ကျင့်ခံ လီအွန်းဘီဟာ ဂိုအွန်းဗြောဖြစ်လာပြီး ဆိုးလ်ကိုရောက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ အပြင် ဆယ်ကျော်သက်အရွယ် မိဘနဲ့ သားသမီးကြား ဖြစ်တတ်တဲ့ စိတ်အခန့်မသင့်စရာအဖြစ်အပျက်တွေ၊ မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့စေတနာအမှားတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းတဲ့ အမူအကျင့်တွေအပြင် မဖြစ်သင့်တဲ့လွှဲမှားနေတဲ့ဆက်ဆံရေးတွေကိုပါ မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားပြီးဘာသာပြန်သူကတော့ Htet Nandar Aung ဖြစ်ပါတယ် )  [Zawgyi]Who Are You: ...
8.1
TMDb: 8.1/10 15 votes
tv

Who Are You: School (2015)

2015
Touch Your Heart (2019)
Touch Your Heart (2019) လက်ရှိထွက်ရှိနေတဲ့ ကိုရီးယားစီးရီးအသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်...My Girl , Goblin Series တွေနဲ့အောင်မြင်မှု့တွေအများဆုံးရထားတဲ့တောင်ကိုရီးယားထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့Lee Dong-wook ရဲ့ ၂၀၁၉ မှာ ရေပန်းစားနေတဲ့Touch Your Heart စီးရီးဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်....မင်းသမီးအိုယွန်ဆိုးဟာ မူးယစ်ဆေးသုံးတယ်ဆိုတဲ့ စွပ်စွဲချက်ကောလာဟလကြောင့်နာမည်ဂုဏ်သတင်း ကျဆင်းသွားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါအပြစ်ကင်းမှုကိုသက်သေပြပြီးနောက်မှာလည်း အနုပညာနယ်ပယ်ထဲ ပြန်ဝင်ဖို့ ခက်ခဲနေခဲ့ပါတယ်ဒီလိုအချိန် သူရို်က်ခွင့်ကြုံလာတဲ့ရုပ်ရှင်ကားမှာ သူကရှေ့နေဇာတ်ရုပ်နေရာကသရုပ်ဆောင်ရမှာဖြစ်လို့ သရုပ်ဆောင်မတော်တဲ့ သူ့အနေနဲ့ရှေ့နေရုံးတစ်ခုမှာ လက်တွေ့လေ့လာကြည့်ဖို့ လိုအပ်လာပါတော့တယ်ရှေ့နေကွမ်ဂျွန်ဝူးက အလွန်တော်ပေမယ့် တိတိကျကျရှိပြီးအေးစက်စက်နိုင်လှတဲ့ ရှေ့နေတစ်ဦးပါဒါရိုက်တာရဲ့အမိန့်ကိုမလွန်ဆန်နိုင်ပဲ မင်းသမီးအိုယွန်ဆိုးကိုသူ့အတွင်းရေးမှူးအနေနဲ့ လက်ခံလိုက်ရတဲ့အခါမှာ..ကမောက်ကမတွေ စဖြစ်လာပါတော့တယ်အခြေကြီးကြီးရွှေမင်းသမီးနဲ့ မာနထိပ်ခေါင်ရှေ့နေကြီးတို့ကြားကအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်သာမန်အချစ်ဇာတ်လမ်းကိုမှ ဟာသနည်းနည်းရောမွှေထားလို့ ကြည့်လို့ကောင်းတဲ့ကားကောင်းတစ်ကားဖြစ်လာမှာပါ...ဒီဇာတ်ကားကို ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီးတော့အပတ်စဉ် ဗုဒ္ဒဟူးနဲ့ ကြာသာပတေးနေ့တိုင်း tvN ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသသွားမှာဖြစ်ပြီးတော့Channel Myanmar ကနေ အချိန်နဲ့တပြေးညီ ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်... Translator ... Hnin Kyi Thar Oo , Carey Nyein , Thinzar HtetEncoder .... ...

Touch Your Heart (2019)

2019