Channel Myanmar

Kim Hee-jung

Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၄ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
Warrior Baek Dong Soo (2011) 5.7
Warrior Baek Dong Soo (2011) Warrior Baek Dong Soo (2011)*****************************အပိုင်း (၁ မှ ၂၉) ထိ စ/ဆုံးSamdari ပြီးသွားတော့ အမြဲစိမ်းသစ်တောလေးကိုလွမ်းနေတဲ့ Ji Chang Wook ဖန်တွေအတွက်2011 က ထွက်ရှိထားတဲ့ Ji Chang Wook ရဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဒီစီးရီးဟာ ပြသနေစဥ်အတွင်းမှာ ကြည့်ရှုမှုအများဆုံးကိုရရှိခဲ့ပြီးမင်းသား Ji Chang Wook က ဒီစီးရီးနဲ့ New Star Award ကို ရရှိခဲ့တာပါဒါ့အပြင် မင်းသား Yoo Seung Ho နဲ့ အခြားသောနာမည်ကြီးသရုပ်ဆောင်တွေက အပြိုင်သရုပ်ဆောင်ထားတာမိုိုK-drama ဖန်တွေအတွက် မသေခင်ကြည့်သွားသင့်တဲ့ဇာတ်ကားလို့ပြောရမှာပါပဲ။ဂျိုဆွန်းခေတ်ရဲ့အိမ်ရှေ့မင်းသားဆာဒိုဟာ နိုရန်ဂိုဏ်းကို စိန်ခေါ်တဲ့အပြုအမူတစ်ခုကို လုပ်ခဲ့ရာကနိုရန်ဂိုဏ်းက ချင်မင်းဆက်နဲ့ပူးပေါင်းပြီး မင်းသားဆာဒိုကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။မင်းသားဆာဒိုရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ နိုရန်ဂိုဏ်းနဲ့သဘောတူညီချက်ရယူပြီးအိမ်ရှေ့စံမင်းသားရဲ့အရင်းနှီးဆုံးအမှုထမ်းဖြစ်တဲ့ ဘဲ့ဆာဂွန်းကို အစားထိုးအပြစ်ဒဏ်ခံယူခိုင်းခဲ့ပါတယ်။ဘဲ့ဆာဂွန်းက အပြစ်ဒဏ်ကိုကျေကျေနပ်နပ်လက်ခံယူခဲ့ပေမဲ့သူ့ရဲ့မမွေးသေးတဲ့ကလေးနဲ့ မိန်းမကို ကာကွယ်ပေးဖို့ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ...
5.7
TMDb: 5.7/10 14 votes
tv

Warrior Baek Dong Soo (2011)

2011
The Beauty Inside (2018) [Complete] 7.991
The Beauty Inside (2018) [Complete] The Beauty Inside (2018)**************************အပိုင်း ( ၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာလည်း CM ပရိသတ်ကြီးတွေအတွက်Lee Min Ki, Seo Hyun Jin, Ahn Jae Hyeon, Lee Da Heeတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးစီးရီးဟောင်းလေးတစ်ခုကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း...မည်မည်ရရ အကြောင်းအရင်းမသိရဘဲ တစ်လကိုတစ်ခါမျက်နှာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုရောဂါကို ခံစားနေရတဲ့ထိပ်ထိပ်ကြဲ နာမည်ကြီး သရုပ်ဆောင်မင်းသမီးဟန်ဆယ်ဂယ်ကတော့ ပါပါရာဇီတွေအကြိုက် သားကောင်ဖြစ်သလိုလူတွေပါးစပ်ဖျားမှာလည်း အမြဲ ကောလာဟာလတွေနဲ့ ပြည့်နေတဲ့သူပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ သူ ဘယ်လို ပုံစံပြောင်းသွားပါစေသူ့ကို အမြဲမှတ်မိနေတဲ့ ဆောဒိုဂျယ်ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီမှသူဌေးသားလေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။သူတို့နှစ်ယောက် ဘယ်လို အလွဲတွေနဲ့ တွေ့ဆုံပြီးဒိုဂျယ်ကြောင့် ဆယ်ဂယ်ရဲ့ ဘဝမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆယ်ဂယ်ကရော သူ့ရဲ့ရောဂါကြောင့် ဘယ်လိုတွေ ကြုံတွေ့လာရမလဲဆိုတာကိုရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။ Aired: Oct 1, 2018 - ...
7.991
TMDb: 7.991/10 57 votes
tv

The Beauty Inside (2018) [Complete]

2018
Return(2018) [Complete] 9
Return(2018) [Complete] Return(2018)************အပိုင်း( ၁ မှ ၃၂) အထိ စ/ဆုံးThe Escape of the Seven နဲ့  The Penthouse တို့ရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာJoo Dong Min ရိုက်ထားတဲ့ စီးရီးဆိုတော့  သူ့ဟန်ပန်အတိုင်း ဘယ်သူက လူကောင်းဘယ်သူက ဗီလိန်မှန်း ခွဲရခက်တယ်...အကုန်လုံးက မကောင်းတဲ့စရိုက်တွေနဲ့ ပုံဖော်ထားသလိုအားနည်းချက် အချို့ကိုလည်း ပြထားတယ်...ဒီစီးရီး စုံထောက် မှုခင်းစီးရီးဆိုတော့လူတွေသေတာတွေ ခဏ ခဏပါသလို တစ်ချို့အဖော်အချွတ်နဲ့  ရက်စက်တဲ့သေမှုသေခင်း တွေလည်းပါတာမို့ ကြည့်တဲ့သူတွေသတိချပ်စေချင်တယ်...Main Lead တွေက နာမည်ကြီးတွေချည်းဖြစ်တာမို့ဒီထဲက တစ်ချို့ကိုလည်း The Penthouse မှာပြန်သုံးထားတာတွေ့ရတယ်...ဇာတ်လမ်းတွဲစကတည်းက လူသတ်မှုတစ်ခုက မကျေနပ်တဲ့ ရှေ့နေက ပြန်လည် တူးဖော်ပြီးဒီအမှုကို ပြန်စစ်ဆေးသင့်ကြောင်းကိုရီးယားတစ်နိုင်ငံလုံးပွဲဆူအောင် ရုပ်သံလိုင်းတစ်ခုကနေတင်ဆက်နေတဲ့အပြင် သိပ်မကြာဘူး လူကုံထံအသိုင်းအဝန်းက အမျိုးသမီးတစ်ယောက်လည်းထပ်မံအသတ်ခံလိုက်ရတယ်...ဇာတ်လမ်း အပိုင်း (၁) စကတည်းက စိတ်ဝင်စားဖို့ကောင်းတာမို့အညွှန်းရေးရင်အတော် ကြည့်ရ ရသပျက်မှာမို့ ဒီလောက်ပဲရေးလိုက်ပါ့မယ်....ဒီလောက်ဆို ...
9
TMDb: 9/10 6 votes
tv

Return(2018) [Complete]

2018
Longing For You (2023) [Complete]
Longing For You (2023) [Complete] Longing For You (2023)*****************အပိုင်( ၁ မှ ၁၄ ) အထိ စ/ဆုံးစုံ​ထောက်အိုဂျင်ဆန်းဟာ တစ်ဦးတည်း​သောညီ​လေးနဲ့အတူသာမာန်ဘဝ​လေးကို​ ပျော်ရွှင်စွာဖြတ်သန်း​နေသူဖြစ်ပါတယ်။တစ်ရက်မှာ​တော့ လူသတ်မှုတစ်ခုအတွက် ညီဖြစ်သူကသံသဃရှိသူအဖြစ်စွပ်စွဲခံရတဲ့အပြင် မိုးသည်းတဲ့ညတစ်ညမှာရုတ်တရက်အသတ်ခံလိုက်ရပါ​တော့တယ်။ထို​နေ့မှစပြီး ဆက်တိုက်ကျရောက်လာတဲ့ကံကြမ္မာဆိုး​တွေကိုအိုဂျင်ဆန်းတစ်​ယောက်ဘယ်လိုရင်ဆိုင်သွားမလဲ...။တကယ့်လူသတ်သမားက​ရောဘယ်သူလဲ...။စသည့် လျှို့ဝှက်ဆန်းကြယ်ရာများကို သည်းထိပ်ရင်ဖိုရရုံသာမကမင်းသားမင်းသမီးကြီးများ၏ အ​ကောင်းစားသရုပ်​ဆောင်ချက်များကိုမှင်သက်စွာကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။Jinxed at Firstထဲက မင်းသားချောလေး Na In-Wooနဲ့One Dollar Lawyerထဲက မင်းသမီးလေး Kim Ji-Eunတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Aired on   : Wednesday, Thursday Aired         : Jul 26, 2023 - Sep 7, 2023 Genres      : Action, Thriller, Mystery, Drama Duration  : 70 mins Episodes  : 14 Original Network:  ENA File Size  : 720p ...

Longing For You (2023) [Complete]

2023
Sketch (2018) [Complete] 6.6
Sketch (2018) [Complete] Sketch (2018) [အစ-အဆုံး]အပိုင်း - ၉ မှ ၁၆ (ဇာတ်သိမ်းပိုင်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၈ ကထွက်ခဲ့တဲ့ Sketch ဆိုတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကိုယ်တွေရဲ့ အချစ်ဦး RAIN နဲ့ မင်းသားကြီး Lee Dong Gun ပြီးတော့ WORK LATER DRINK NOW က မမ LEE SUN BIN တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDB rating လည်း 7.6 ရရှိထားတာမို့ ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ ဒီဇာတ်လမ်းတွဲလေးကို မလွတ်တမ်းကြည့်ရှုလိုက်တော့နော် ။ဇာတ်လမ်းအကျဉ်း ...ဂန်ဒုံဆူကတော့ အမြဲတမ်းတက်ကြွပြီး တရားခံတွေကို အလွတ်မပေးတတ်တဲ့ စုံထောက်တစ်ယောက်ပါ။ ယူရှီဟျွန်းကတော့ အနာဂတ်မှာ ဖြစ်လာမဲ့ လူသေမှုတွေကို ကြိုမြင်နိုင်တဲ့လူတစ်ယောက်ပေ့ါ။ရဲတပ်ကြပ်တစ်ယောက်ဖြစ်တဲ့ ရှီဟျွန်းက သူမြင်တဲ့ အနာဂတ်ကို ပုံကြမ်းလေးတွေဆွဲပြီး အမှုတွေဖြစ်မလာဖို့ ကာကွယ်တဲ့နေရာမှာ အသုံးချနေခဲ့တာပါ။တစ်ရက်မှာတော့ ...
6.6
TMDb: 6.6/10 8 votes
tv

Sketch (2018) [Complete]

2018
Bravo, My Life (2022) 8.1
Bravo, My Life (2022) ဒီတစ်ခေါက်မှာတော့ CM ကနေ အိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေတဲ့ တက်ကြွဖျတ်လတ်တဲ့ကောင်မလေးနဲ့ သူဌေးသားကောင်လေးအကြောင်းကို ဇာတ်အိမ်ကြီးကြီးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အပိုင်းရှည်မိသားစုဟာသကားလေးကို တင်ဆက်သွားမှာပါဒီကားလေးမှာဆိုရင်...ဆောဒုန်ဟီးဟာ ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတာဖြစ်ပြီး ဒီဇိုင်းနာဖြစ်ချင်တဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ ဒုန်ဟီးဟာ သူ့တူကို သူ့ရဲ့သားအဖြစ်မွေးစားပျိုးထောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒီနောက် ဒုန်ဟီးတစ်ယောက် အရင်ကတည်းကပန်းခင်းလမ်းမဟုတ်တဲ့ အိပ်မက်ရှိရာဆီလျှောက်လှမ်းရာလမ်းမှာ ထပ်တိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရဖို့ဖြစ်လာပါတော့တယ်ဂန်ချာယောလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ကတော့ ကုမ္ပဏီခပ်ကြီးကြီးထောင်ထားတဲ့ အဖေတစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ မိသားစုနောက်ခံအသိုင်းအဝိုင်း​တောင့်ပေမဲ့လည်း သူကြုံနေရတဲ့ ပြဿနာဟာ အစစအရာရာ အဆင်ပြေချောမွေ့တဲ့ သူ့အဖေကုမ္ပဏီမှာ အလုပ်မဝင်ချင်ဘဲ အရင်နေခဲ့ရာ U.S ကိုပဲ ပြန်သွားချင်နေတာပဲဖြစ်ပါတယ် သို့သော်ငြားလည်း ရွှေလင်ပန်းနဲ့မွေးလာတဲ့ သူဌေးသားလေးချာယောဟာ သူ့အဖေရဲ့ငွေကြေးထောက်ပံ့မှုမပါဘဲ ဘာမှမလုပ်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့အခါ သူ့အဖေကုမ္ပဏီမှာ တစ်နှစ်အလုပ်လုပ်ပေးဖို့ အပေးအယူလုပ်ခဲ့ပါတယ်ကံကြမ္မာအရ အိပ်မက်နောက်လိုက်နေတဲ့ ဆောဒုန်ဟီးနဲ့ U.Sကို ပြန်ဖို့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရတဲ့ ဂန်ချာယောတို့ ပတ်သတ်ဆက်နွယ်မိသွားချိန်မှာ သူတို့တွေရဲ့ဘဝ အိပ်မက်တွေ မိသားစုအသိုင်းအဝိုင်းတွေ ဘယ်လိုမျိုးပြောင်းလဲလှုပ်ခတ်သွားမလဲဆိုတာ ...
8.1
TMDb: 8.1/10 votes
tv

Bravo, My Life (2022)

2022
Six Flying Dragons(2015) 8.1
Six Flying Dragons(2015) Six Flying Dragons(2015) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၅၀ ) ထိ စ/ဆုံးကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင်Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု  ထိပ်တန်းဆုပေါင်းများစွာကို၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်...ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလိုSetting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်...တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ‌ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲအကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင်နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်..အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင်ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါသက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

Six Flying Dragons(2015)

2015
The Secret Life of My Secretary(2019) 8.3
The Secret Life of My Secretary(2019) The Secret Life of My Secretary(2019) ဇာတ်လမ်းတွဲအညွှန်း*****************************************************အပိုင်း (၉ မှ ၁၆ ) ထိ(အစ/အဆုံး ရပါပြီ) Mobile Media Company တစ်ခုရဲ့ CEO ရာထူးကို မဲပေးရွေးချယ်ကြဖို့ အချိန်ကျခါနီးမှာဥက္ကဋ္ဌဖြစ်ရဲ့တူဖြစ်သူဟာ လုပ်ရည်ကိုင်ရည်အမြင့်ဆုံးဖြစ်နေတာကြောင့် မဲအများဆုံးရနိုင်ခြေရှိနေပါတယ်,,,သူ့ရဲ့ထူးခြားမှုကတော့ အတွင်းရေးမှူးတစ်ယောက်ကို တစ်နှစ်ထက်ပိုပြီးထားခြင်းမရှိတာပါပဲ ....ဘာမဆိုသည်းခံပြီး အလုပ်အရမ်းကြိုးစားတဲ့ အတွင်းရေးမှူးမလေးကတော့အမြဲတမ်းဝန်ထမ်းဖြစ်ဖို့မျှော်လင့်နေပေမယ့်လည်း တစ်နှစ်တာစာချုပ်ပြည့်ပြီးတာနဲ့အလုပ်ဖြုတ်ခံလိုက်ရတဲ့အတွက် ပြဿနာသွားရှာဖို့ အရက်မူးပြီးအလာမှာ လုပ်ကြံခံရလုနီးနီးဖြစ်နေတဲ့သူ့သူဌေးကိုတွေ့လိုက်ရပါတယ်...မတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရသွားပြီး မျက်နှာတွေကိုမမှတ်မိနိုင်တော့ဘဲကူကယ်ရာမဲ့နေချိန်မှာ သူအလုပ်ဖြုတ်လိုက်တဲ့ အတွင်းရေးမှူးမလေးကိုသာ မှတ်မိတော့တဲ့အခါ....  Episodes: 16Quality : WEB-DL 1080p,720pFile Size: 1.3 GB & 450MBGenres:Drama ,Romance, ComedyTranslated by  EiPhyu Khin, Hnin Pale, Lwin Lwin Aung , Hnin Wut Ye & ...
8.3
TMDb: 8.3/10 12 votes
tv

The Secret Life of My Secretary(2019)

2019
Warm and Cozy(2015)[Complete] 6.4
Warm and Cozy(2015)[Complete] Warm and Cozy(2015)ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း(၁ မှ ၁၆ ထိ) စ/ဆုံးWarm & Cozy ဆိုတဲ့စီးရီးဟာ ကြည်လင်အေးမြတဲ့ အလှတရားတွေပေါင်းထည့်ထားတဲ့ဇာတ်လမ်းတွဲလေးလို့ဆိုချင်တယ်..လောင်ရတဲ့စီးရီးတွေကျွန်တော်တို့ သဘောကျတယ်..လက်ရှိလောကမှာလည်း ဒီလိုမျိုးတွေကြုံဆုံနေကြရတာပဲမလား... ...ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ညှို့အားပျင်းတဲ့ နှင်းဆီရနံကို ရှုရှိုက်ချင်သလို လတ်ဆတ်တဲ့လေပြေလေညှင်းလေးကိုလည်း မျက်လုံးမှိတ်ရင်း ခပ်ပြုံးပြုံးလေး ခံစားချင်တတ်ကြတာ သဘာဝပဲမဟုတ်လား... Warm & Cozy ထဲမှာ တော့ Dr. Romantic , Hospital Playlist တွေနဲ့ မြန်မာပရိတ်သတ်အကြားလူသိများတဲ့ ခပ်ဖြောင့် ဖြောင့်ကောင်လေး Yoo Yeon Seok နဲ့ Doctor Stranger ထဲမှာ မင်းသားနဲ့ ညားပါစေလို့ ဆုတောင်းခဲ့သလောက် မပြည့်ခဲ့ရတဲ့ ဂျစ်ကန်ကန်ကောင်မလေး Kang So Ra တို့ပါဝင်ထားပါတယ်... ပြီးတော့ Second Leadတွေကလည်း အကုန်ခပ်ဖြောင့်ဖြောင့်တွေချည်းပါပဲ...အလန်းဆုံးကတော့ ဂျယ်ဂျူကျွန်းရဲ့အလှအပတွေကို ခံစားရတာပါပဲ.. ပန်းခင်းမျိုးစုံနဲ့ ပင်လယ်ပြင်အလှနဲ့ ကိုယ်တိုင်ရောက်သွားသလိုကိုခံစားရတာပါ...အညွှန်းတော့ ထွေထွေထူးထူးမရေးတော့ပါဘူး....အပိုင်း(၁၆)ပိုင်းရှိပြီး တစ်ရက်ကို ...
6.4
TMDb: 6.4/10 4 votes
tv

Warm and Cozy(2015)[Complete]

2015
Tale of the Nine Tailed(2020)[စ/ဆုံး]
Tale of the Nine Tailed(2020)[စ/ဆုံး] Tale of the Nine Tailed(2020)အညွှန်း*********************************အပိုင်း(၁ မှ ၁၆)ထိ စ/ဆုံး<<<<Zip Fileလည်းရပါပြီ>>>>>လီယွန်ဆိုတာ အရပ်ရှည်ရှည် နဲ့ ထီးတစ်ချောင်းကို ကိုင်ရင်း လျှောက်သွားနေတဲ့သူတစ်ယောက်....ဒီထီးက နယ်နယ်ရရတော့မဟုတ်ဘူး..အရေးကြီးအစွမ်းထက်တဲ့ဓားတစ်ချောင်းအဖြစ်ပြောငး်လဲနိုင်သလိုသူ့ကိုလည်း စွမ်းအားပြည့်အသုံးချနိုင်ဖို့အထောက်အကူပြု လက်နက်ဖြစ်တယ်...တကယ်တော့သူဟာလူသားတွေနဲ့မခြားနေနိုင်စွမ်းရှိတဲ့ မြေခွေးတစ်ကောင်ဖြစ်ပါတယ်....သူဟာ တစ်စုံတစ်ယောက်ကိုရှာဖွေနေသလို အဲ့ဒီကာလအတွင်းမှာလည်းအချိို့သောမြေခွေးတွေကို လိုက်သုတ်သင်နေတဲ့သူဖြစ်တယ်....နမ်ဂျီအာဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပရလောကတွေဟာ တကယ်ရှိတယ်လို့ယုံကြည်နေတဲ့သူဖြစ်ပြီး အဲ့အကြောင်းအရာတွေကို လိုက်လံရှာဖွေပြီး တင်ဆက်နေတဲ့ရုပ်သံလိုင်းကပီဒီတစ်ဉီးပေါ့.......လီယွန်ဆိုတဲ့မြေခွေးဟာ ဘာကိုလိုက်ရှာနေတာလဲ....ဒီလောကကြီးထဲမှာ လီယွန်လို လူသားပုံဖြစ်နေတဲ့မြေခွေးတွေဘယ်လောက်များနေပြီလဲ.... လူသားတွေကိုရောဒုက္ခပေးနိုင်လား.....သူတို့လို မြေခွေးတွေကို နှိမ်နှင်းနေတဲ့ တခြား မိစ္ဆာကောင်တွေရောရှိနိုင်လား....နမ်ဂျီအာဆိုတဲ့ကောင်မလေးနဲ့ရော ဘယ်လိုတွေ တွေ့ဆုံကြမလဲ....ဒီဇာတ်လမ်းတွဲကက အပတ်စဉ် Wednesday, Thursday မှာ ထုတ်လွှင့်ပြီးတော့(၁၆) ပိုင်းထိရှိပါတယ်....အက်ရှင်ခန်းတွေက တော်တော်မိုက်သလို သဘာဝလွန်စွမ်းအားတွေကိုအသုံပြုပြီး ဗျင်းတဲ့အခန်းတွေဆိုလည်း တော်တော်ကြည့်ကောင်းပါတယ်....စောင့်မျှော်ကြည့်ရှုကြပါကုန်....Quality – HD-TV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres: Action, Thriller, ...

Tale of the Nine Tailed(2020)[စ/ဆုံး]

2020
Born Again (2020) 8.0
Born Again (2020) [Unicode]၁၉၈၀ခုနှစ် - ဂုံဂျီချော(Jang Ki-Yong) ရဲ့ အဖေက ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူကတော့ အဖေလိုမဖြစ်ဖို့ ကြိုးစားခဲ့သူပါ ၊ဂျောင်ဟာအွန်း (Jin Se-Yun) ကတော့ စာအုပ်အဟောင်းဆိုင်ပိုင်ရှင်ဖြစ်ပြီး နှလုံးရောဂါသည်လည်းဖြစ်ပါတယ် ။သူမရဲ့ ချစ်သူ ချာယောင်းဘင်း (Lee Soo-Hyuk) ကတော့ အလုပ်ကြိုးစားတဲ့ စုံထောက်ဖြစ်ပါတယ် ။ဘုရားကျောင်းကို လာရင်း ဂုံဂျီချောတစ်ယောက် ဂျောင်ဟာအွန်းကို သဘောကျသွားခဲ့ပါတယ်ဒါပေမယ့် ဂုံဂျီချောဟာလည်း ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်လာတဲ့အခါ...စုံထောက် ချာယောင်းဘင်းနဲ့ သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက မပြီးဆုံးပဲ နောက်ဘဝလူဝင်စားအဖြစ်နဲ့ ပြန်လည်ဆုံတွေ့ကြမှာပါ ၊ပထမ ဘဝမှာ သူတို့တွေ ဘယ်လိုကံကြမ္မာတွေနဲ့ ရင်ဆိုင်ကြရမှာလဲ...လူပြန်ဝင်စားတဲ့ နောက်ဘဝမှာကော သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါ့မလားဆိုတာ Born Again ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်အားပေးကြပါနော်...( အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Hay Thar Oo & Htet ဖြစ်ပါတယ် ) [Zawgyi]၁၉၈၀ခုနှစ် - ဂုံဂျီချော(Jang ...
8.0
TMDb: 8.0/10 22,064 votes
tv

Born Again (2020)

2020