Channel Myanmar

Kim Hye-sun

Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (၁၀)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့ Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း -------------------Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့ ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက် ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
Bride of the Typhoon (2022)
Bride of the Typhoon (2022) Bride of the Typhoon 2022လက်တုံ့ပြန် ကလဲ့စား အမုန်းတရားတွေကြား တမြိုက်မြိုက်လောင်တာကိုမှ ကြိုက်တဲ့အမျိုးတို့အတွက် ဇာတ်လမ်းနာမည်နဲ့တင် လောင်နေရပြီးသား ဒရမ်မာရှည်လာပါပြီဇာတ်လမ်းအကျဥ်းလေးကို ပြောရရင်တော့မိဘနှစ်ပါးရဲ့ချစ်ခြင်းကိုခံရသလို ဘဝဟာပြီးပြည့်စုံသာယာနေပြီး တက်​ကြွဖျက်လတ် ဆက်ဆံပေါင်းသင်းရေးကောင်းတဲ့ ကောင်မလေး ဆောယောင်း...တစ်နေ့ ဆောယောင်းတို့မိသားစုထဲ ဝင်လာပြီး သူမမိဘ​တွေကို ဆိုးရွားတဲ့ဖြစ်ရပ်တွေ့ကြုံခံစားစေခဲ့တဲ့ လူတစ်ယောက် ဂန်ဘဲ့ဆန်း...ဆောယောင်းတစ်ယောက် မိသားစုအသိုက်အမြုံပျက် တစ်ယောက်တည်း ရှင်သန်ခဲ့ရပြီး တစ်နေ့ ဂန်ဘဲ့ဆန်းက အလှကုန်ပစ္စည်းကုမ္ပဏီကြီးနဲ့ ကြီးပွားနေကြောင်း သိရပြီးနောက်...ဂန်ဘဲ့ဆန်းရဲ့သားဖြစ်သူ ဂန်ထယ်ပွန်းကို လက်ထပ်ယူပြီး ကလဲ့စားချေဖို့ ကြိုးစားတဲ့အခါ...ရန်သူ့သားကို လက်ထပ်ပြီး ရန်သူကိုယောက္ခမတော် တိုင်ဖွန်းမုန်တိုင်းလို လက်တုံ့ပြန် မွှေနှောက်တိုက်ခတ်ပစ်မယ့် သတို့သမီးလေး ဆောယောင်းရဲ့ကလဲ့စားချေမစ်ရှင်ကြီး အောင်မြင်ပါ့မလားဆိုတာအပတ်စဥ် တနင်္လါနေ့ကနေ သောကြာနေ့ထိ ၅ပိုင်းနှုန်းနဲ့ တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်ဆက် စောင့်ကြည့်ကြရအောင်ပါ( အညွှန်းရေးသားထားသူကတော့ Hay Mann ပါ )Native Title: 태풍의 신부 Episodes: 100 Aired: Oct ...

Bride of the Typhoon (2022)

2022
Red Balloon (2022)
Red Balloon (2022) Red Balloon (2022)စိတ်ဆန္ဒကိုယ်စီရှိကြပြီး မတူညီတဲ့အခြေအနေတစ်ခုစီက လူ ၄ ယောက်ရဲ့ ဘဝဇာတ်လမ်းဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပေမဲ့ အခုချိန်မှာတော့ အေးဆေးတည်ငြိမ်နေတဲ့ ဂျိုအွန်းဂန်ဟာ သူလိုချင်တာကိုရဖို့အတွက်ဆို ဘာမဆိုလုပ်မယ့်သူမျိုးပါငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြပြီး ဘဝအခြေအနေကွာခြားလွန်းတဲ့ ဟန်ဘာဒါနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတဲ့နောက်မှာတော့ ဂျိုအွန်းဂန်ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်ဂျိုအွန်းဂန်နဲ့မတူဘဲ စီးပွားရေးကံကောင်းလှတဲ့ ဟန်ဘာဒါဟာ အိမ်ထောင်ရေးမှာလည်း ဂျိုအွန်းဂန်ထက် တစ်ပန်းသာသွားတဲ့အခါ…အပြင်ပန်းမှာ တည်ငြိမ်ပေမဲ့ ရင်ထဲမှာတော့ အပူမီးတေက်နေတဲ့ ဂျိုအွန်းဂန်တစ်ယောက် ဘာတွေလုပ်လာမလဲ၊ ဟန်ဘာဒါနဲ့သူ့ရဲ့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာအပြင် အိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ ဘဝအကြောင်း မိသားစုအကြောင်းတွေကိုပါ အလောင်တစ်လိုင်းခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်လို့ အခုပဲ ကြည့်ရှုရင်း လောင်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Milkeux, Thantsin တို့ပဲ ဖြစ်ကြပါတယ်။စုစုပေါင်း အပိုင်း ၂၀ ရှိမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1.2GB ...

Red Balloon (2022)

2022