Channel Myanmar

Kim Hye-yoon

Lovely Runner (2024)
Lovely Runner (2024) Lovely Runner (2024)**********************အပိုင်းသစ် (၅) ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ အခုနွေရာသီမှာ စိတ်အပန်းပြေစေမယ့်Youth Drama လေးဖြစ်တဲ့ "Lovely Runner" ဇာတ်လမ်းတွဲကိုဘာသာပြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ လတ်တလော ပရိသတ်အချစ်ကိုရထားတဲ့မင်းသားချော Byeon Woo-seok က ပွဲဦးထွက်ကတည်းကတဟုန်ထိုးအောင်မြင်လာခဲ့တဲ့ ထိပ်တန်းအနုပညာရှင်ရူဆွန်းဂျယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးExtraordinary You ဇာတ်ကားနဲ့ လူသိများလာခဲ့တဲ့မင်းသမီးချော Kim Hye-yoon ကတော့ ရူဆွန်းဂျယ်ရဲ့အမာခံပရိသတ် အင်ဆိုးလ်အဖြစ် ပါဝင်ထားပါတယ်။အမြဲဖန်သားပြင်ပေါ်မှာ ပြုံးရွှင်နေပြီး အပူပင်ကင်းပုံပေါ်တဲ့ရူဆွန်းဂျယ်ရဲ့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတဲ့သတင်းကြောင့်အမာခံပရိသတ်ဖြစ်တဲ့ အင်ဆိုးလ်တစ်ယောက် ဝမ်းနည်းပူဆွေးသွားရပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အံ့ဩဖွယ်ကောင်းစွာ အင်ဆိုးလ်တစ်ယောက်လွန်ခဲ့တဲ့၁၅နှစ်ကိုပြန်ရောက်သွားခဲ့ပြီး အသက်၁၉နှစ်အရွယ်သာမန်လူရူဆွန်းဂျယ်နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....ချစ်ရတဲ့သူရဲ့ကံကြမ္မာဆိုးကို ကူညီဖယ်ရှားပေးရင်းနဲ့အခက်ခဲတွေကြားကနေဖြစ်ပေါ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့အိုင်ဒေါနဲ့ဖန်ကြားက အချစ်ဇာတ်လမ်းလေးကို တနင်္လာနဲ့အင်္ဂါနေ့တွေမှာချန်နယ်မြန်မာမှာ ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကိုတော့ DoubleM မှ ရေးသားထားပါတယ်။) Aired: Apr 8, 2024 - May 28, 2024 Aired On: Monday, Tuesday Genres: Music, Comedy, Romance, Fantasy Duration: 70 mins Episodes: 16 Original ...

Lovely Runner (2024)

2024
Extraordinary You (2019) 8.496
Extraordinary You (2019) Extraordinary You (2019)KDrama လောကသားတွေထဲ 2019 တုန်းကထွက်ရှိခဲ့တဲ့ Extraordinary You ကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။"W:Two Words Apart"လိုမျိုး Webtoon နဲ့ လက်တွေ့ဘဝဆက်စပ်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် Fantasy ကြိုက်သူတိုင်း ရင်းနှီးပြီးသားဇာတ်လမ်းလေးပါ။ချမ်းသာတဲ့မိသားစု‌နောက်ခံနဲ့ 17နှစ်အရွယ် အထက်တန်းကျောင်းသူလေး Eun Dan Oh ဟာ ကိုယ်တွေဘက်ကကြည့်ရင်‌တော့ Extraordinary You ရဲ့ အဓိကဇာတ်လိုက်ပါ။ဒါပေမယ့် Webtoon ဆရာ ရေးဆွဲထားတဲ့ကမ္ဘာမှာရှိတဲ့ Eun Dan Ohကတော့ နှလုံးရောဂါသည် ဇာတ်ပို့မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။လက်တွေ့နဲ့ Webtoon ဆရာ ရေးဆွဲထားတဲ့ ဇာတ်ကွက်တွေကြား အချိန်အပိုင်းအခြားကို သတိပြုမိခဲ့တဲ့ Eun Dan Ohဟာ သူ့ရဲ့တကယ့်ဘဝက ဇာတ်ခုံပေါ်မှာရှိနေတာကိုသိရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်နေမယ့် လက်တွေ့ကမ္ဘာကြီးမှာလွတ်လွတ်လပ်လပ်ပဲ ရှင်သန်ဖို့ကြိုးစားပါတော့တယ်။ရှုပ်ထွေးတဲ့ Webtoonဇာတ်ကွက်တွေနဲ့ သူ့ရဲ့လက်တွေ့ဘဝကြားထဲ သေချာပေါက်‌ မင်းသားလေးနှစ်လက်ကပါ ရောယှက်ပါဝင်နေဦးမှာပါ။"July found by Chance"ဆိုတဲ့ Webtoonရဲ့ Live Action လည်းဖြစ်သလို တခြား school ...
8.496
TMDb: 8.496/10 119 votes
tv

Extraordinary You (2019)

2019
SKY Castle (2018) 8.2
SKY Castle (2018) Sky Castle (2018) Penthouse လို အလောင်ဇာတ်ကားမျိုးကိုမှ သဘောကျလှပါတယ်ဆိုတဲ့သူတွေအတွက် လောင်ပြီးရင်းလောင်ရမယ့် Sky Castle (2018) ကို CM မှ တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားထဲမှာဆိုရင်တော့ သားသမီးတွေအတွက် အဆိပ်တစ်ခွက်လိုဖြစ်စေတဲ့ မိဘတွေရဲ့လောဘအကြောင်းနဲ့ ပိုက်ဆံတွေကျိကျိတက်ချမ်းသာနေရင်တောင် စိတ်ချမ်းသာမှုကိုတော့ ငွေပေးဝယ်လို့မရဘူးဆိုတဲ့အကြောင်းတွေကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။"ရလေလိုလေ အိုတစ္ဆေ" ဖြစ်တတ်ကြတဲ့ လူသားတွေရဲ့လောဘတွေ၊ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ယှဉ်ပြိုင်မှုတွေ၊ မိမိရဲ့အတ္တနဲ့လောဘကိုပဲ ရှေ့တန်းတင်ကြတဲ့သူတွေ...စတဲ့ လောကကြီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းတွေကို အသေအချာရိုက်ကူးပြထားတဲ့အပြင် Rating ကြီးကလည်း ရှယ်ပဲမို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။Casts တွေအနေနဲ့လည်း yum Jung-Ah, Kim Hye-Yoon, Yoon Se-Ah, Kim Seo-Hyung နဲ့ Oh Na-Ra တို့လို ရှယ်တွေချည်းပါဝင်ထားတာမို့ ကြည့်ရှုရတာ လုံးဝတန်စေမှာပါနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe Thet Winn, Lai Laii, Joyz, Milkeux, Thantsin ...
8.2
TMDb: 8.2/10 35 votes
tv

SKY Castle (2018)

2018
Snowdrop(2021)
Snowdrop(2021) Snowdrop(2021)ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံးBlackpink ဂျီဆူလေးရဲ့ ပွဲဦးထွက်၊ အပြုံးချိုချိုလေးနဲ့ Romantic drama kingတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျောင်ဟယ်အင်းတို့ရဲ့ အချစ်ဇာတ်လမ်းလေး Snowdrop.... ဒီကားထဲမှာ ဂင်ဂျီဆူက အင်္ဂလိပ်စာစာပေမေဂျာအထူးပြု ထူးချွန်ကျောင်းသူအွန်းယောင်းရိုအဖြစ်၊ ဂျောင်ဟယ်အင်းက ဂုဏ်သရေရှိတက္ကသိုလ်ကျောင်းမှဘွဲ့ရကျောင်းသားအင်းမ်ဆူဟိုအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်.... မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားရှင့် အွန်းယောင်းရိုလေးကတော့အင်းမ်ဆူဟိုကို ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာပဲ မြင်မြင်ချင်းချစ်မိသွားတာပါတဲ့... ဒီကားလေးကို ၁၉၈၇ မှာ ကိုရီးယားကို စစ်အာဏာရှင်တွေအုပ်စိုးချိန်ကိုအခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်။ သွေးတွေပေပွေနေပြီး ဟိုဆူအမျိုးသမီးတက္ကသိုလ်ရဲ့ မိန်းကလေးဆောင်ကိုခိုးဝင်ရောက်နေတဲ့ ဆူဟိုကို တိတ်တဆိတ်ခေါ်ထားပေးတဲ့ ယောင်းရိုနဲ့ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေဖြစ်မလဲ..... အဲ့ကအဆောင်သူလေးတွေနဲ့ သူတို့အားလုံး ဘယ်ကိစ္စမှာ ပါဝင်ပြီးအရှုပ်တော်ပုံတွေဖြစ်မလဲဆိုတာ အပတ်စဉ် စနေ တနင်္ဂနွေ စိတ်ဝင်စားစွာနဲ့ စောင့်မျှော်အားပေးရမှာပါရှင့်.... Episodes: 16Aired:  18-12-2021 - Feb 6, 2022Aired On:  Saturday , SundayGenres:DramaTranslated by ChitThe, Win,Yumeko & Shoon Thu Thu ...

Snowdrop(2021)

2021
Secret Royal Inspector & Joy(2021)
Secret Royal Inspector & Joy(2021) Secret Royal Inspector & Joy(2021)ဇာတ်လမ်းတွဲအညွှန်း**************************************************အပိုင်း ( ၁ မှ ၁၆ ) ထိ စ/ဆုံးလူငယ်လေးတစ်ယောက်ရှိတယ်...သူက ဟင်းချက်အရမ်းဝါသနာပါပြီးသူ့ရဲ့အချိန်တော်တော်များများကို ဒီအချက်အပြုတ်နဲ့ပဲကုန်ဆုံးလေ့ရှိတယ်...သို့ပေမဲ့ ထက်မြက်လွန်းတာကြောင့်သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နန်းတွင်းအမတ်ဖြစ်လာတယ်...အသက်အငယ်ဆုံးအမတ်ဆိုတော့ သူဟာ ပေါ့ပေါ့ပါးပါးပဲနေလေ့ရှိတယ်....တစ်နေ့တော့ ဘယ်သူမှာ တာဝန်ထမ်းဆောင်ခြင်းမရှိလိုတဲ့ ရွာလေးတစ်ယောက်ကိုအထောက်တော်တာဝန်နဲ့ ရာထူးတစ်ဆင့်တိုးသွားဖို့ဖြစ်လာတယ်....ရာထူးတိုးတယ်ဆိုတာ တကယ်တမ်းပြောရရင် ထိုးကျွေးဖို့ အကွက်လှလှလေးသုံးလိုက်ခြင်းပါပဲ..ဘာလို့ဆိုဒီရွာကိုသွားတဲ့အထောက်တော်တိုင်း သေလုနီးပါး ဒုက္ခစုံကိုရင်ဆိုင်ရလို့ပါပဲ...ဘုရင့်အမိန့်ဆိုတော့ ရှောင်လွှဲလို့မရတဲ့အဆုံး တပည့်ကျော်(၂)ယောက်နဲ့အတူခရီးထွက်ဖို့ဖြစ်လာခဲ့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....ဒီဇာတ်လမ်းတွဲကိုရိုက်ကူးပုံဖော်သူကတော့ နာမည်ကြီး ဇာတ်လမ်းတွဲများ ဖြစ် တဲ့Descendants of the Sun နဲ့ What's Wrong With Secretary Kimတို့ကို ရိုက်ကူးခဲ့သူဒါရိုက်တာ Yoo Jong Sunဘဲဖြစ်တာမို့ ကောင်းဖို့တော့များပါတယ်...ဆက်လက်စောင့်ကြည့်ကြပါစို့နော်...   Episodes: 16Aired:  Nov 8, 2021 -Dec 28, 2021Aired On: Monday, TuesdayGenres:Drama, Mystery, ComedyTranslated by ChitThe, ...

Secret Royal Inspector & Joy(2021)

2021