Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
Kim In-kwon
10
Cold Blooded Intern (2023)
Cold Blooded Intern (2023)အရောင်းတာဝန်ခံအနေနဲ့ အလုပ်လုပ်ခဲ့တဲ့ ဂိုဟယ်ရာ ဟာ ကလေးတစ်ယောက်ရပြီးတဲ့နောက်မှာ အလုပ်က ထွက်ခဲ့ရပါတယ်။ သူ့ကလေးကို ပင်ပင်ပန်းပန်းနဲ့ ၇ နှစ်ကြာ ပြုစုပြီးချိန်မှာတော့ သူ့အလုပ်ကို ပြန်ပြီး လုပ်ချင်စိတ် ဖြစ်လာပါတော့တယ်။ ဒါပေမဲ့လည်း အလုပ်တစ်ခု ရဖို့ကို ကျားကုတ်ကျားခဲ ကြိုးစားရပါတယ်။ ရမယ့်ရပြန်တော့လည်း မားကက်ဟောက်စ် ဆိုတဲ့ ကုမ္ပဏီမှာ အလုပ်သင်ဝန်ထမ်းအနေနဲ့ ရခဲ့ပါတယ်။ အဲဒီမှာ ဒါရိုကတာ ချွဲဂျီဝန်း နဲ့ ဆုံတွေ့ပါတော့တယ်။ ချွဲဂျီဝန်း နဲ့ ဂိုဟယ်ရာက အရင် ကုမ္ပဏီတစ်ခုမှာ အလုပ်အတူတူ လုပ်ခဲ့ပဖူးပါတယ်။ ချွဲဂျီဝန်း က ဂိုဟယ်ရာ ကို ရည်ရွယ်ချက်ရှိရှိနဲ့ အလုပ်ခန့်ပြီးနောက်မှာတော့ နည်းအမျိုးမျိုးနဲ့ ပညာပြပါတော့တယ်။ သူတို့နှစ်ယောက်ကြားက ပဋိပက္ခတွေက ဘာကြောင့် ဖြစ်ခဲ့ကြတာလဲ ခုချိန်မှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ အပတ်စဉ် သောကြာနေ့တိုင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ဘာသာပြန်တွေကတော့ Joyz, Thant Sin, Kppks, Phu Phu တို့ပဲ ...
10
TMDb:
10/10
1 votes
tv
Cold Blooded Intern (2023)
2023
7.47
You Are Beautiful (2009)
အိန်ဂျယ်ချစ်သူဆိုပြီး လူသိများတဲ့ You're Beautifulလေးကို ပြန်တင်ဆက်ပေးလိုက်ပါပြီရှင်ဂိုမီညော (Park Shinhye)ဟာ သီလရှင်ဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့တဲ့သူတစ်ယောက်ပါ။တစ်နေ့တော့ အစ်ကိုဖြစ်သူ ဂိုမီနမ်ရဲ့နေရာ A.N.JELLဆိုတဲ့ boy bandတစ်ခုကိုအစားထိုး၀င်ဖို့ ဖြစ်ခဲ့ပါတယ်။ ဟွမ်ထယ်ဂယောင်း(Jang Keun Suk)ကတော့ A.N JELLရဲ့ အဖွဲ့ခေါင်းဆောင်ကပ်သီးကပ်ဖဲ့နိုင်ပြီး မောက်မာတဲ့အကျင့်စရိုက်ရှိသူတစ်ယောက်ပါ။ ဂိုမီနမ်ရဲ့ အဖြစ်မှန်ကိုမတော်တဆသိသွားပြီး အဖွဲ့ကနေ နှင်ထုတ်ဖို့ လုပ်ခဲ့ပေမဲ့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ။ဂန်ရှင်းဝူ(Jang Yong Hwa)ကတော့ ဘာမှ စိတ်မ၀င်စားတဲ့ အေးဆေးသမား။ ဒါပေမဲ့အသစ်၀င်လာတဲ့ အဖွဲ့၀င် ဂိုမီနမ်ကိုတော့ စိတ်၀င်စားပြီး ဘယ်သူမှ မသိအောင်အနောက်ကနေ တိတ်တိတ်လေး ကူညီပေးတတ်သူ။ဂျယ်ရမီ(Lee Hoon Ki)ကတော့ အင်္ဂလန် ကိုရီးယားကပြားလေးဖြစ်ပြီး အမြဲတမ်းနေရောင်ခြည်လေးလို တက်ကြွနေတဲ့သူ။ဒီကောင်လေးလေးသုံးယောက်လုံးဟာ ယောက်ျားလေးဟန်ဆောင်ထားတဲ့ ဂိုမီနမ်အပေါ်မှာဘယ်လိုခံစားချက်တွေရှိကြမလဲ။ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို Park Shinhye,Jang Keun Suk, Jang Yonghwa, Lee Hoon kiစတဲ့ ...
7.47
TMDb:
7.47/10
66 votes
tv
You Are Beautiful (2009)
2009
Kokdu: Season of Deity (2023)
Kokdu : Season of Deity (2023)Fantasy Drama တွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက် “သေမင်းနဲ့ ဆရာဝန်မလေးတို့ရဲ့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်တဲ့ Kokdu: Season of Deity ကို တင်ဆက်ပေးလိုက်ပါပြီ။ဘုရားသခင်ရဲ့ အမျက်တော်ရှခြင်းကို ခံလိုက်ရတဲ့ Kok-Du (Kim Jung-Hyun) ဟာ သူ့လုပ်ရပ်အတွက် အပြစ်ဒဏ်အနေနဲ့ သေမင်းတစ်ပါးအဖြစ်ကို ပြောင်းလဲခံလိုက်ရပါတယ်။ဒီလိုနဲ့ ကမ္ဘာကြီးပေါ်က သေဆုံးပြီးသားသူတွေကို လမ်းပြပေးရင်း သွေးအေးရက်စက်တဲ့ သေမင်းအဖြစ် ၉၉ နှစ်ကြာပြီးတဲ့နောက်မှာတော့ Kok-Du ဟာ လူ့ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လိုက်ရပြီး ကမ္ဘာမြေပေါ်ကို ရောက်ရှိလာရပါတော့တယ်။တစ်ဖက်မှာတော့ Han Gye-Jeol (Lim Soo-Hyang) ဟာ အဆင့်အနိမ့်ဆုံးဆေးတက္ကသိုလ်ကနေဘွဲ့ရထားတဲ့ ဆရာဝန်မလေးတစ်ဦးပါ။ ဘယ်သူမှဂရုစိုက်မယ့်သူမရှိတဲ့ အနှိမ်ခံမိဘမဲ့ဘဝနဲ့ နေထိုင်လာခဲ့ရင်း သေမင်း Kok-Du နဲ့ အမှတ်မထင်တွေ့ဆုံလိုက်ရတဲ့အခါမှာတော့…။ပြစ်ဒဏ်သင့်နေတဲ့ သေမင်းတစ်ပါးနဲ့ အထီးကျန်နေတဲ့ဆရာဝန်မလေးတို့ရဲ့ ဘဝဟာ ဘယ်လိုမျိုးတစ်မျိုးတစ်ဖုံပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။မင်းသား Kin Jung-Hyun ရဲ့ Comeback Drama ဖြစ်သလို Lim Soo-Hyang နဲ့ ...
Kokdu: Season of Deity (2023)
2023
8.0
Cleaning Up (2022)
Cleaning Up (2022) ===============ကဲ ဒီတစ်ခါတော့ 2019 မှာ လွှင့်ခဲ့တဲ့ နာမည်ကြီး UK TV Series "Cleaning Up" ရဲ့ Remake K drama စီးရီး အသစ်လေး လာပါပြီ။ Eo Yong-Mi (Yum Jung-Ah), An In-Kyung (Jeon So-Min) နဲ့ Maeng Soo-Ja (Kim Jae-Hwa) တို့သုံးယောက်ဟာ အကျိုးဆောင် ကုမ္ပဏီတစ်ခုရဲ့ သန့်ရှင်းရေး အလုပ်သမားတွေဖြစ်ပါတယ်။- Eo Yong-Mi ကတော့ သမီးနှစ်ယောက်ကိုပျိုးထောင်ပေးရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရသူပါ။- An In-Kyung ကတော့ Food Truck လေးဝယ်ပြီး ကော်ဖီဆိုင်ဖွင့်ဖို ရည်ရွယ်ထားသူပါ။- Maeng Soo-Ja ကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ထင်ရ ပေမယ့် လူတွေကို သူလိုအပ်မှ ရင်းရင်းနှီးနှီးနေတတ်သူပါ။ဒီသန့်ရှင်းရေးဝန်ထမ်း ၃ ယောက်က သူတို့ကုမ္ပဏီရဲ့ ရှယ်ယာရောင်းဝယ်တဲ့ ကိစ္စတွေကို အမှတ်မထင်ကြားခဲ့ကြပြီး၊ သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ အတွက် ...
8.0
TMDb:
8.0/10
1200 votes
tv
Cleaning Up (2022)
2022
Mr. Queen(2020)
Mr. Queen(2020)ဇာတ်လမ်းတွဲအညွှန်း**********************************(1-20) အစ-ဆုံး ဇစ်ဖိုင် + Special Episode 01+02အပြင်ပန်းက နူးညံ့သိမ်မွေ့ပြီး ပျော်ပျော်နေတတ်တဲ့ ဂျိုဆွန်းခေတ်မင်းကြီး Cheoljong (Kim Jung-Hyun) ဟာရုပ်ပြဘုရင်လိုဖြစ်နေပေမယ့် တကယ်တမ်းကျတော့ သန်မာတဲ့ပုံစံကို ဖုံးကွယ်ထားတဲ့ လျို့ဝှက်ပေါင်းများစွာနဲ့ဘုရင်တစ်ယောက်ဖြစ်ပါတယ်။ မင်းကြီး Cheoljong ရုပ်ပြဘုရင်သက်သက်ဖြစ်နေရတဲ့အကြောင်းရင်းကတော့ ဘုရင်မ Sunwon (Bae Jong-Ok)ကြောင့်ဖြစ်ပါတယ်။ သူမကနတ်ရွာစံသွားတဲ့ဘုရင် Sunho ရဲ့မိဖုရားတော်ဖြစ်ပြီး တိုင်းပြည်ရဲ့အခွင့်အာဏာတွေကိုကိုင််တွယ်ထားတဲ့သူဖြစ်ပါတယ်။တစ်ရက်မှာ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့်ဒီဘက်ခေတ်သမ္မတအိမ်ပြာတော်မှာ စားဖိုမှူးလုပ်နေတဲ့ Jang Bong-Hwan ဆိုတဲ့ကောင်လေးရဲ့ဝိညာဥ်ကဂျိုဆွန်းခေတ်မိဖုရား Kim So-Young (Shin Hye-Sun) ကိုယ်ထဲကိုရောက်သွားခဲ့ပါတယ်။ဒီတော့ယောက်ျားစိတ်ပေါက်နေတဲ့မိဖုရားနဲ့လျှို့ဝှက်ချက်များတဲ့မင်းကြီးတို့ ဘယ်လိုကမောက်ကမတွေဖြစ်ပြီးရယ်ရဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး.....ဘာသာပြန်သူများကတော့Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale တို့ပဲဖြစ်ပါတယ်....Quality – HDTV 720pDuration ...
Mr. Queen(2020)
2020
8.8
Angel’s Last Mission: Love (2019)[စ/ဆုံး]
Angel's Last Mission: Love (2019)[စ/ဆုံး] CM Fan တွေ အတွက် အသစ်ထွက် ကိုရီးယား ဒရာမာ စီးရီးလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ရယ်လဲ ရယ်ရတယ် ချစ်ဖို့လဲ ကောင်းတဲ့ ဇတ်လမ်းမျိုးပါပဲ နာမည်ကတော့ Angel's Last Mission : Love ပါတဲ့ ဒန် ဆိုတဲ့ နတ်သားလေးဟာ လူ့ပြည်မှာ ခွေးလေး ကြောင်လေးတွေ သေရင် နတ်ပြည်ကို ပို့ဆောင်ပေးရတဲ့ တာဝန်ကို ထမ်းဆောင်နေတာပါ သူ့ တာဝန် အရ လစ်မစ် ပြည့်ခဲ့ရင် အထက်နန်း ဘုံဆောင်ကို ၀င်ခွင့်ရမှာပါ နတ်သား စစ်စစ် မဖြစ်ခင် ထမ်းဆောင်ရမယ့် တာဝန်တွေကိုတော့ တိတိ ကျကျ ထမ်းဆောင်ရပါတယ် လူသားတွေ ကို မထိရပါဘူး မကူညီရသလို နှောက်ယှက်လို့လဲ မရပါဘူး... ဒါပေမဲ့ တစ်ရက်မှာတော့ ကားမှောက်ပြီး သေမလိုဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ကို နတ်သားဒန် ကယ်ခဲ့မိတယ်.. လူသား နဲ့ ထိတွေ့မိလို့ နတ်သား ဘ၀ ကရော ...
8.8
TMDb:
8.8/10
75,562 votes
tv
2019
7
ဒီစီးရီးလေးကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Rain, Oh Yeon-Seo , Lee Min-Jung တို့ဦးဆောင်ပါဝင်ထားပါတယ်...တခြားစီးရီးတွေနဲ့မတူတာကတော့ ဒီစီးရီးလေးရဲ့အစပိုင်းမှာလုပ်ငန်းခွင်စိတ်ဖိစီးမှု့တွေကြောင့်နောက်ဆုံးမှာကိုယ့်ကိုကိုယ်အဆုံးစီရင်သလိုဖြစ်သွားတဲ့ယောကျာင်္းတစ်ယောက်နဲ့ချစ်သူရဲ့ပစ်ခွာမှု့တွေနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ယောကျာင်္းတစ်ယောက်တို့ရဲ့သေဆုံးခြင်းနဲ့အတူစတင်ထားပါတယ်...သူတို့နှစ်ယောက်ဟာသေဆုံးပြီးတဲ့အချိန်မှာ ကောင်းကင်ဘုံကိုသွားလို့ရပေမယ့်လည်းတစ်ယောက်ကသူချစ်တဲ့ မိန်းမနဲ့သမီးလေးရဲ့စိတ်နဲ့လူ့ပြည်ကိုပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်...နောက်တစ်ယောက်ကလည်း သူချစ်တဲ ချစ်သူကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့လူ့ပြည်ပြန်လာဖို့ဆုံးဖြတ်လိုက်ပြန်ပါတယ်..ဒါပေမယ့် သူတို့ဟာ သေဆုံးပြီးသားလူတွေဖြစ်လို့သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ပြန်လာလို့မရတော့ပါဘူး..ဒါကြောင့် သူတို့နဲ့သင်တော်မယ့်လူတွေရဲ့ ပုံစံကိုယူပြီးမှပြန်လာခဲ့ရပါတယ်...ဒါကြောင့် အဲဒီယောကျာင်္းနှစ်ယောက်မှာ တစ်ယောက်ကယောကျာင်္းပီသတဲ့စော်ကြည်ဘဲ ကိုယ်ခန္ဓာကိုရပြီးတော့နောက်တစ်ယောက်က ခပ်လန်းလန်းစော်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုရလိုက်ပါတယ်..ဒါကလည်း ဇာတ်လမ်းကို တကယ်အသက်ဝင်စေတဲ့အချက်တစ်ခုဆိုရင်လည်းမမှားပါဘူး...သူတို့နှစ်ယောက်ရဲ့ကမောက်ကမအလွဲတွေနဲ့ရယ်ရစေသလိုကောင်းမွန်လှတဲ့ ဇာတ်အိမ်တည်ဆောက်မှု့တွေကြောင့်ဝမ်းနည်းစရာလည်းကောင်းပါတယ်...ကြည့်ပြီးတဲ့သူများရှိကြသလို မကြည့်ရသေးတဲ့လူများလည်းQuality ကောင်းကောင်းနဲ့ကြည့်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်.... Quality ... HDTV 720p Running Times ... 01:00:00 Encoder .... Moe Myint LwinComplete Zip VIP / Yoteshin[1-8] / Yoteshin[9-16] Episode ( 1 )
7
TMDb:
7/10
7 votes
tv
Please Come Back, Mister
2016