Channel Myanmar

Kim Min-seok

Castaway Diva(2023)[Complete]
Castaway Diva(2023)[Complete] Castaway Diva(2023)********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးငယ်ငယ်လေးတည်းက အဆိုတော်ဖြစ်ချင်လွန်းလှတဲ့ ဒေသိယစကားသံဝဲဝဲလေးနဲ့ ကောင်မလေး Seo Mok Ha .. အလယ်တန်းရောက်တော့ အဆိုပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်။ သီချင်းဆိုရတာကိုရူးသွပ်တဲ့ Mok Ha က တစ်နေ့မှာ နယ်ကနေ ဆိုးလ်ကို လူရွေးပွဲဝင်ပြိုင်ဖို့အသွား လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီး လူသူကင်းမဲ့တဲ့ကျွန်းကြီးတစ်ကျွန်းမှာသောင်တင်သွားခဲ့ရတော့တယ်။ အဆိုတော်မကြီးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက် လူဆိုလို့သူ့အပြင်မရှိတဲ့ကျွန်းကြီးမှာ ၁၅ နှစ်ကြာ တစ်ယောက်တည်း အခက်အခဲဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်းကြီးပေါ်ကနေ ပြန်အကယ်တင်ခံခဲ့ရပါတော့တယ်။ ၁၅ နှစ်လုံးလုံးကင်းကွာနေခဲ့တဲ့လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာပြီး အပြောင်းအလဲတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘာတွေဖြစ်ဦးမလဲ .. သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့အိပ်မက်ကိုရော ဆက်အကောင်အထည်ဖော်နိုင်ဦးမလား ..။Cast တွေအနေနဲ့ကတော့ “ဝူယောင်းဝူ” ဇာတ်ကောင်နဲ့ ချီးကျုးမှုတွေ တစ်ခဲနက်ရရှိခဲ့ပြီး Daesang ဆုကြီးအထိပါသိမ်းပိုက်နိုင်ခဲ့တဲ့ “Park Eun Bin” နဲ့ “Nevertheless” ဇာတ်ကားနဲ့ အာလူးလေးလို့လူသိများခဲ့တဲ့ “Chae Jong Hyeop” တို့က အဓိကပါဝင်သွားမှာဖြစ်သလို CM ကနေ အပတ်စဉ် စနေ, တနင်္ဂနွေတိုင်း ...

Castaway Diva(2023)[Complete]

2023
Delivery Man(2023)[Complete]
Delivery Man(2023)[Complete] Delivery Man(2023)******************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံးဒီစီးရီးဇာတ်လမ်းကအတော်ဆန်းတယ်..ရယ်လည်းရယ်ရတယ်..Seo Min Youngကတော့ တက္ကစီဒရိုင်ဘာလေးပါ။ဒါပေမယ့် သူ့ခရီးသည်တွေက လူတွေမဟုတ်ဘဲ သရဲတွေတွေပေါ့။သူက သရဲတွေရဲ့ ဆန္ဒကို ဖြည့်ပေးပြီး လိုရာကို ပို့ပေးရင်း တစ်ရက်မှာတော့ အတိတ်မေ့နေတဲ့သရဲမလေး Kang Ji Hyunနဲ့ တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ရအောင်နော်...Castတွေကလည်း All Of Us are Deadထဲက မင်းသား Yoon Chan Youngနဲ့ Girl's Dayအဖွဲ့ထဲကMin-Ahတို့မလို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ကားကောင်းလေးဖြစ်ပါလိမ့်မယ်နော်။Episodes: 12File Size:1.1GB, 500MBQuality :HDTV 1080p,720PGenres:Comedy, Fantasy, SupernaturalTranslated by  Hay Thar Oo, Miri, Tiff   & Hnin Wai OoEncoded by  Phyo Pyae  >>>>TELE LINK ...

Delivery Man(2023)[Complete]

2023
The Forbidden Marriage (2022) [Complete] 9
The Forbidden Marriage (2022) [Complete] The Forbidden Marriage (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အရမ်းချစ်ရတဲ့ မိဖုရားက တစ်ရက်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားတာကြောင့် ယူကျုံးမရဖြစ်နေတဲ့ ဂျိုဆွန်းဘုရင် Lee Heonဟာ ကြင်ယာတော် ထပ်မံတင်မြှောက်ဖို့ကို ငြင်းဆန်တဲ့အပြင် တစ်တိုင်းပြည်လုံးကိုလည်း လက်ထပ်ခွင့်မပြုဆိုတဲ့ အမိန့်ကို ချမှတ်လိုက်ပါတယ်။၇နှစ်ကြာတဲ့အထိ ဒီအမိန့်ကို ပြန်မရုတ်သိမ်းတာကြောင့် အိမ်ထောင်ပြုခွင့်မရတဲ့တိုင်းသူပြည်သားတွေက ဘုရင်က gayနေတယ်။ မစွမ်းဆောင်နိုင်ဘူးဆိုပြီး ပြောကြပါတော့တယ်။ဒီအမိန့်ကို ဖီဆန်ပြီး လူငယ်တွေကို တိတ်တခိုး လက်ထပ်ဖို့ ကူညီပေးတဲ့ လူလိမ်မလေး Ye So Rang က နန်းတော်ထဲက နတ်ရွာစံသွားတဲ့ မိဖုရားရဲ့ ဝိညာဉ်ပူးကပ်နေတယ်ဆိုပြီး လိမ်လည်ရာကနေ နန်းတော်ထဲအထိ သတင်းရောက်သွားပါတော့တယ်။ကြင်ဖက်ကိုဆုံးရှုံးထားတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ဘုရင်နဲ့လူလိမ်မလေးရဲ့လှည့်ကွက်တွေကြားမှာ ဘယ်လိုဂယက်တွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုပေးပါဦး။(ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။)Aired: Dec 9, 2022 -- Aired On: Friday, Saturday Genres: ...
9
TMDb: 9/10 2 votes
tv

The Forbidden Marriage (2022) [Complete]

2022
A Good Day to be a Dog(2023) 10
A Good Day to be a Dog(2023) A Good Day to be a Dog(2023)***************************အပိုင်း ( ၁ မှ ၁၄) ထိ စ/ဆုံးအထက်တန်းကျောင်းတစ်ကျောင်းမှာ ကိုရီးယားဘာသာစကားသင်တဲ့ Han Hae Na ကအပြင်ပန်းမှာတော့ သာမန်ဘဝကိုပိုင်ဆိုင်ထားသူတစ်ယောက်လို့ထင်ရပေမယ့်တကယ်တော့ ကျိန်စာသင့်နေသူတစ်ယောက်ပါ။ လူတစ်ယောက်ကိုနမ်းလိုက်မိတာနဲ့ညစဥ်ညတိုင်း သန်းခေါင်ယံအချိန်ကနေ ၆ နာရီကြာ ခွေးအဖြစ်ပြောင်းလဲသွားပြီးကိုယ်နမ်းခဲ့တဲ့သူကို ခွေးအသွင်နဲ့ပြန်နမ်းနိုင်မှာသာ ညတိုင်းခွေးဘဝရောက်နေတဲ့ဘဝကြီးကကျွတ်မှာပါ။ဒီလိုနဲ့ယောက်ျားတွေကိုမနမ်းမိဖို့ရှောင်ရင်း စင်ဂယ်ဘဝရောက်နေရရှာတဲ့ Han Hae Na တစ်ယောက်တစ်ညမှာတော့ တစ်ကျောင်းတည်းက သင်္ချာဆရာ Jin Seo Won ကို မူးမူးနဲ့နမ်းမိသွားပါတော့တယ်။ ငယ်ငယ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် ခွေးတွေကိုအရမ်းကြောက်တဲ့ Jin Seo Won ရယ် ..ကိုယ်နမ်းခဲ့တဲ့သူကို ခွေးဘဝနဲ့ပြန်နမ်းမှဖြစ်မယ့် Han Hae Na ရယ် ဘယ်လိုအခွီတွေ အရိုတွေဖြစ်ကြဦးမလဲ။အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာဖြစ်သလို cast တွေအနေနဲ့ကလည်းPark Gyu Young နဲ့ ဆရာချောချောလေးများဖြစ်ကြတဲ့ Cha ...
10
TMDb: 10/10 1 votes
tv

A Good Day to be a Dog(2023)

2023
Because This Is My First Life (2017)[Complete] 8.447
Because This Is My First Life (2017)[Complete] Because This Is My First Life (2017)*********************************မမမူဒေါ့ကိုလွမ်းနေမယ့် ယော်ရောဘွန်းတို့အတွက် Jung So Min Unnie ရဲ့ series ဟောင်းလေးတစ်ခုကိုCM ကနေအလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်နော်.... နမ်ဟယ်နယ်သူဖြစ်ပေမယ့် စာတော်တဲ့အတွက် ဆိုးလ်တက္ကသိုလ်ထွက်ဖြစ်သူ Yoon Ji Ho (Jung So Min) ကတော့နာမည်ကြီးထမင်းငတ်၊ ဘွဲ့ရအလုပ်လက်မဲ့တစ်ယောက်ပါ။အသက် ၃၀ အထိရည်းစားလည်းမထားဖူးတဲ့အပျိုကြီးပေါက်စ Yoon Ji Ho အနေနဲ့ အိမ်ကိုလည်းသေချာမထောက်ပံ့နိုင် အိမ်ထောင်ဖက်တွေ့ဖို့လည်းအဆင်မပြေဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်း အိမ်ပိုင်ရှိပြီး အလုပ်အကိုင်အတည်တကျရှိနေပေမယ့် အပေါင်ကြွေးခေါင်ခိုက်နေသူNam Se Hee (Kim Min Ki) ကတော့ အဖေဖြစ်သူဆီကနေ အိမ်ထောင်ပြုဖို့ အကြပ်ကိုင်တိုက်တွန်းခံနေရချိန်မှာ......ဆန့်ကျင်ဘက်တွေနဲ့ပြည့်နေတဲ့ ထိုလူသားနှစ်ဦး ကြံကြံဖန်ဖန်ပေါင်းစည်းရဖို့ဖြစ်လာပါတော့တယ်။ဇာတ်လမ်းလေးက ပေါ့ပါးပေမယ့် ဆွဲဆောင်မှုရှိတဲ့အပြင် Healing Drama လည်းဆန်တဲ့အတွက်watch list ထဲထည့်သင့်တဲ့အကြောင်း recommend ပေးလိုက်ပါတယ်နော်......။  Episodes: 16File Size: 1.5G ...
8.447
TMDb: 8.447/10 75 votes
tv

Because This Is My First Life (2017)[Complete]

2017
Defendant(2017) 8.2
Defendant(2017) Defendant(2017) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း (၁ မှ ၁၈) အထိ  စ/ဆုံး"ကျွန်တော့်သမီးလေးဘယ်မှာလဲ....ကျွန်တော့်မိန်းမရော....မနေ့က အိမ်မှာကိုအခုကျွန်တော်ဘယ်ရောက်နေတာလဲ...."သွေးရူးသွေးတမ်းနဲ့ လူတစ်ယောက်အော်ဟစ်နေတယ်...တကယ်တော့သူဟာ ထောင်ထဲရောက်နေတာပါ...မိန်းမနဲ့မွေးထားတဲ့သမီးလေးကိုသတ်မှုနဲ့ သေဒဏ်ကျခံဖို့စောင့်နေရတဲ့ လူတစ်ယောက်... သို့ပေမဲ့ထောင်ထဲရောက်တာ တရားရင်ဆိုင်ရင်းနဲ့ဆို ၄လ ကာလ အချိန်ရှိနေပေမဲ့ သူ့မှတ်ဉာဏ်က အိပ်ရာက နိုးလိုက်တာနဲ့သမီးလေးမွေးနေ့ကျင်းပပြီးတဲ့လွန်ခဲ့တဲ့ ၄လဆီကကိစ္စကိုပဲမှတ်မိနေပြီး တခြားကိစ္စတွေတော့ဘာမမှတ်မိတော့ပါဘူး...သူ့ဘဝရဲ့အပြောင်းအလဲဟာ လူတိုင်းအတွက်မယုံနိုင်စရာကောင်းတယ်..သူဟာအရင်တုန်းက သိပ်ထက်မြက်တဲ့အမှုစစ်တစ်ယောက်....နားလည်ပေးတတ်တဲ့ ဇနီးသည်ရယ် ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့သူ့ဘဝဟာသိပ်ကိုကျေနပ်စရာကောင်းခဲ့တာ...ဒီလိုလူက ဇနီ:နဲ့သမီးကိုပြန်သတ်ခဲ့ပြီး ထောင်ထဲရောက်တော့လည်း မှတ်ဉာဏ်တွေဆုံးရှုံးနေတာ ဘာ့ကြောင့်လဲ....ဒီဇာတ်လမ်းတွဲဟာ အပိုင်းတိုင်းမှာ Twist တွေ တလှေကြီးပါသလို နည်းနည်းလေးတောင် ကျော်ကြည့်လို့မသင့်တဲ့စီးရီးတစ်ခုပါ...ချစ်ကြိုက်ကွဲငြားတွေ အရိုတစ်လိုင်းသမားတွေတော့လက်ရှောင်သင့်ပါတယ်.....ဗီလိန်နဲ့အဓိက ဇာတ်လိုက်တို့အားပြိုင်တာကလည်းတကယ်ကိုပွဲကြီ:ပွဲကောင်းပဲ...Penthouse မှာ ဂျူထန်းဒယ်အဖြစ်လူတွေပိုသိခဲ့တဲ့ မျက်လုံးမှေးကျဉ်းကျဉ်းဘိုးတော်ပေါ့...Drama of the Year ဆုကိုလည်း ကောင်းကောင်းကြီးသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်....နှိုင်းသင့်လားမသိပေမဲ့ ဒီကားရိုက်တဲ့ဒါရိုက်တာက မိုက်ကယ်စကိုးဖီးတို့ရဲ့ Prison Break ကို တော်တော်စွဲလမ်းပုံရတယ်...အဲ့ဒီဟန်ပန်အချို့လည်းပါနေတယ်....ဇာတ်ရှိန်ကျတဲ့အခန်းကို မရှိပါဘူး..Thriller, Mystery, Law,Crime တွေလုံးဝစိတ်ဝင်စားတယ်ဆိုရင် 100% ညွှန်းဆိုပါတယ်....ကြည့်ကြပါလို့....Episodes: 18Duration: 60 MinQuality ...
8.2
TMDb: 8.2/10 18 votes
tv

Defendant(2017)

2017
Descendants of the Sun (2016) DOTS Complete 8.5
Descendants of the Sun (2016) DOTS Complete - ပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ဘေးကင်းလုံခြုံမှုက နိုင်ငံတော်ရဲ့ ပထမဦးစားပေးသတ်မှတ်ချက်ပဲ.. ငါ့လို စစ်သားတစ်ယောက်အတွက်ကတော့ ...တိုင်းသူပြည်သားတစ်ယောက်ရဲ့ အသက်ထက် ပိုပြီး အရေးကြီးတဲ့ တာဝန်ဆိုတာမျိုးကို တိုင်းပြည်က ဘယ်တော့မှ ပေးအပ်မှာ မဟုတ်ပါဘူး.. (ဗိုလ်ကြီးယိုရှီဂျင်)- ကျွန်မ လူနာတွေရဲ့ကျန်းမာရေးနဲ့သူတို့ရဲ့အသက်က ...ကျွန်မရဲ့ပထမဦးစားပေးပါပဲ.. လူနာတွေရဲ့အဆင့်အတန်းတွေ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ နိုင်ငံတွေကိုမေ့ထားပြီး ကျွန်မလူနာတွေအပေါ်မှာ တာဝန်ကျေပွန်အောင် စွမ်းဆောင်ကုသပေးမှာပါ...(ဒေါက်တာဂန်မိုယွန်း)ဒီလိုအနှစ်တွေနဲ့ ဒီစီးရီးက ၂၀၁၆ ရဲ့အဟော့ဆုံးစီးရီးတစ်ခုဖြစ်ခဲ့သလိုကြည့်ရှုသူတိုင်းကြိုက်နှစ်သက်ရတဲ့ Drama Series တစ်ခုဖြစ်ခဲ့ပါတယ်။ Captain Yoo Shi Jin (ယိုရှီဂျင်)နေရာမှာမကြာသေးခင်ကမှစစ်မှုထမ်းပြီးထွက်လာတဲ့နှုတ်ခမ်းနီမလေးများရဲ့အသဲကျော် Song Joong Ki (ဆုန်းဂျွန်ဂီ) ဖြစ်ပြီးDoctor Kang Mo Yoen(ဂန်မိုယွန်း)နေရာမှာတော့ အွန်စော ဆိုပြီး လူသိများကြိုက်နှစ်သက်ခဲ့တဲ့ပုရိသတို့ အသည်းစွဲမင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အညွှန်း ==================အာရှအလယ်ပိုင်း ....Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီးစစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု ...
8.5
TMDb: 8.5/10 419 votes
tv

Descendants of the Sun (2016) DOTS Complete

2016
Law School(2021)
Law School(2021) Law School(2021) အညွှန်း**********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးYang Jong Hoon ဟာ အမှုစစ်ဟောင်း ဖြစ်ပြီး အခုချိန်မှာ ထိပ်တန်းဥပဒေကျောင်းတစ်ကျောင်းရဲ့ ပါမောက္ခအဖြစ် စာသင်ကြားပေးနေတဲ့သူပါ။သူ့ရဲ့ ဒဲ့တိုးဆန်တဲ့ အပြောအဆိုတွေနဲ့ တင်းကြပ်တဲ့သင်ကြားနည်းတွေကြောင့် ကျောင်းသားတွေက သဘောမကျကြပါဘူး။ဒါပေမယ့် သူကတော့ ကျောင်းသားတွေရဲ့ အမြင်ကိုဂရုမစိုက်ဘဲ ဥပဒေနယ်ပယ်မှာ အရည်အချင်းပြည့်ဝသူတွေကိုမွေးထုတ်ပေးဖို့သာ အာရုံစိုက်ထားတဲ့သူပဲဖြစ်ပါတယ်။ သူ့လိုဘုဂလန့်လူတစ်ယောက်နဲ့ပွင့်လင်းစွာပြောဆိုနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ပါမောက္ခ Kim Eun Sook ပဲရှိပါတယ်။Kang Sol နဲ့ Han Joon-Hwi တို့ကတော့ ပထမနှစ်ဥပဒေကျောင်းသားတွေဖြစ်ပါတယ်။ဆင်းရဲတဲ့နောက်ခံကလာတဲ့ Kang Solအတွက်တော့ အထူးဝင်ခွင့်နဲ့ဝင်ရောက်လာခဲ့ရပြီးချမ်းသာပြီးထက်မြက်တဲ့သူတွေကြားမှာ ရှေ့နေကောင်းတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေသူပါ။Han Joon Hwi ကတော့ ဆွဲဆောင်မှုနဲ့ခေါင်းဆောင်မှုအရည်အချင်းရှိတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်လို့ ပြည့်စုံတဲ့သူလို့ဆိုနိုင်ပေမယ့် လူမသိအောင်ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေတဲ့သူပဲဖြစ်ပါတယ်။ဒီလိုလူမျိုးတွေရှိနေတဲ့ ထိပ်တန်းဥပဒေကျောင်းတစ်ခုမှာ ဆိုးဝါးရက်စက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာတဲ့အခါမှာတော့ ပါမောက္ခနဲ့ကျောင်းသားတွေ ဥပဒေနဲ့အညီ တရားမျှတမှုကို ...

Law School(2021)

2021
Lovestruck in the City (2020) 8.0
Lovestruck in the City (2020)  Park Jae-Won (Ji Chang-Wook) ကတော့ ရိုးသားကြိုးစားတဲ့ ဗိသုကာပညာရှင်တစ်ယောက်ပေါ့သူက မြိ့တွင်းလမ်းငယ်လေးတွေကို သဘောကျတတ်ပြီး မတူတဲ့ ထူးဆန်းတဲ့အရာလေးတွေ လိုက်စုဆောင်းနေတတ်သူဖြစ်တဲ့အပြင်သူ့အချစ်တွေကို သိမ်းပိုက်ပြီး ပျောက်ကွယ်သွားတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း မမေ့နိုင်သေးတဲ့သူပါတစ်ဖက်မှာလည်း Lee Eun-O (Kim Ji-Won) ကတော့ ဈေးကွက်စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဦးတည်ချက်မဲ့ ခရီးလျောက်ထွက်နေတတ်သူ...ဒီလိုနဲ့ ခရီးထွက်ရင်း နှစ်ယောက်သား သွားဆုံတဲ့အခါမှာတော့...ဒီစီးရီးလေးဟာဆိုရင် တစ်ပတ် ၂ ပိုင်း Tuesday, Friday နေ့တွေမှာ ပြသသွားမှာဖြစ်ပါတယ် ။မင်းသား မင်းသမီးကြိုက်လို့ကြည့် ကြည့် အချစ်ဇာတ်လမ်းကြိုက်လို့ ကြည့်ကြည့် အဆင်ပြေမယ့်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ် ။  Native Title: 도시남녀의 사랑법 Episodes: 12 Aired: Dec 22, 2020 - Jan 29, 2021 Aired On: Tuesday, Friday ...
8.0
TMDb: 8.0/10 votes
tv

Lovestruck in the City (2020)

2020
Who Are You: School (2015) 8.1
Who Are You: School (2015)  [Unicode]Who Are You: School 2015ထုံးယောင်းမြို့ အချစ်အိမ်မိဘမဲ့ဂေဟာမှာ တခြားကလေးတွေကို အစ်မကြီးသဖွယ်စောင့်ရှောက်ပေးရင်း နေထိုင်ရသူဖြစ်ပြီး‌ ကျောင်းတွင်းအကြမ်းဖက်မှုခံနေရတဲ့ လီအွန်းဘီ နဲ့ဆိုးလ်မြို့မှာ နေထိုင်ပြီး ကျောင်းစာမှာ ထူးချွန်တဲ့အပြင် မဟုတ်မခံစိတ်ရှိသူ ၊ မွေးစားအမေရဲ့ ဂရုစိုက်မှုတွေကြား ကြီးပြင်းလာရတဲ့ ဂိုအွန်ဗြောတို့ဟာ အမြွှာညီအစ်မတွေဆိုပေမဲ့ မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြရတဲ့သူတွေပါ။တစ်နေ့တော့ လီအွန်းဘီဟာ ဘဝကို စိတ်ကုန်ပြီး သေကြောင်းကြံစည်ချိန် အစ်မဖြစ်သူဂိုအွန်းဗြောက အချိန်မီကယ်တင်ပေးပြီး သေကြောင်းကြံစည်မှုကြောင့် အတိတ်မေ့သွားတဲ့ ညီမဖြစ်သူကို ဂိုအွန်းဗြောဆိုတဲ့ ကောင်းမွန်တဲ့ ဘဝမှာ အစားထိုး ရှင်သန်နေထိုင်စေခဲ့ပါတယ်။အနိုင်ကျင့်ခံ လီအွန်းဘီဟာ ဂိုအွန်းဗြောဖြစ်လာပြီး ဆိုးလ်ကိုရောက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ အပြင် ဆယ်ကျော်သက်အရွယ် မိဘနဲ့ သားသမီးကြား ဖြစ်တတ်တဲ့ စိတ်အခန့်မသင့်စရာအဖြစ်အပျက်တွေ၊ မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့စေတနာအမှားတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းတဲ့ အမူအကျင့်တွေအပြင် မဖြစ်သင့်တဲ့လွှဲမှားနေတဲ့ဆက်ဆံရေးတွေကိုပါ မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားပြီးဘာသာပြန်သူကတော့ Htet Nandar Aung ဖြစ်ပါတယ် )  [Zawgyi]Who Are You: ...
8.1
TMDb: 8.1/10 15 votes
tv

Who Are You: School (2015)

2015