Channel Myanmar

Kongthap Peak

Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Dare to Love (2021) 8.0
Dare to Love (2021) တက်သစ်စမင်းသားလေး Peak နဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Bella တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ 💏"မင်းအတွက်ဆိုချစ်ရဲတယ်" 💏ဇာတ်လမ်းတွဲအညွှန်းလေး •••••••••••••••••••••••••••••••••••••••••••••••••• ~ခီယူအဖြစ် Peak ~ရှေ့နေမလေးထိချာကွန်အဖြစ်Bella တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ ~မင်းသမီး Pinky ကလည်း ခါမီလီယာဆိုတဲ့ ရှေ့နေမလေးတစ်ဦး အနေနဲ့ ဇာတ်ပို့နေရာကနေ ပါဝင်ထားပါသေးတယ် 🥀ခီယူ (Peak) ဟာကျောင်းသားအရွယ်ကတည်းက စီနီယာမမဖြစ်တဲ့ ထိချာကွန် (Bella ) ကို တိတ်တခိုးကြိတ်ချစ်နေတဲ့သူပေါ့💏🥀ဒီလိုနဲ့ အချိန်တွေကြာလာတာနဲ့အမျှ........ ထိချာကွန်လည်းဘွဲ့ရသွားပြီး ထက်လည်းထက်မြက် စမတ်လည်းကျတဲ့ရှေ့နေမလေးတစ်ဦးဖြစ်လာခဲ့တယ်🥀ခီယူကလည်းကျောင်းပြီးသွားတဲ့နောက်..... သူကြိတ်ချစ်ရတဲ့စီနီယာရှေ့နေမမရဲ့ အချစ်ကို ရယူဖို့ ကြိုးစားပါတော့တယ်🥀ဒါ့ကြောင့်မို့ မမနဲ့အနေနီးဖို့ သူပါရှေ့နေပညာကို အပတ်တကုတ်ကြိုးစားလေ့လာတော့တာပေါ့ (အချစ်ကြီးတဲ့မောင်လေး☺️)🥀ရှေ့နေမလေးထိချာကွန်က ခီယူ အပေါ်ခံစားချက်ကောင်းတွေရှိနေပေမယ့်လည်း ခီယူရဲ့အချစ်တွေကိုလက်ခံဖို့ဆိုတာ သူမအတွက် ဒွိဟတွေ ဖြစ်နေခဲ့ရတယ်🥀ဘာလို့ဒွိဟတွေဖြစ်နေရလဲဆိုရင်....... သူမနဲ့အသက်ချင်းကွာတဲ့ခီယူဆီက အချစ်ကို မယုံရဲတာကတစ်ကြောင်းနောက်တစ်ချက်က..... တော်ပြီးအရည်အချင်းပြည့်ဝတဲ့သူတစ်‌ယောက်ကလည်း သူမကိုချဉ်းကပ်နေတာကြောင့်မို့လို့ပါပဲ( ရှေ့နေမလေးထိချာကွန်တော့ ကိုကိုနဲ့မောင်လေးကြားအရွေးရခက်ပြီပေါ့☺️)🥀ဒီလိုဒွိဟတွေဖြစ်နေတဲ့နောက် ရှေ့ဆက်ပြီးတော့ရော...ခီယူက ထိချာကွန်ရဲ့အချစ်တွေရဖို့ဘယ်လိုတွေကြိုးစားမလဲ?မောင်လေးခီယူရဲ့အချစ်ကိုမယုံမကြည်ဖြစ်နေတဲ့ ရှေ့နေမမထိချာကွန်ကရော ? ဘယ်လိုအရာတွေကများ သူမကိုချစ်လာရဲအောင်လုပ်ဆောင်ပေးမလဲဆိုတာ ဇာတ်ကားလေးထဲမှာရင်ခုန်စွာကြည့်ရှုခံစားကြည့်ကြရအောင်ပါနော်🙆ရင်ခုန်စရာကောင်းတဲ့မောင်နဲ့မကြားက ရိုမန်တစ်ဆန်တာတွေအပြင် ရှေ့နေမလေးထိချာကွန်နဲ့ ရှေ့နေမလေးခါမီလီယာတို့ကြား အပြိုင်အဆိုင်တွေကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်😍ရသစုံလင်မယ့်ဇာတ်လမ်းတွဲကောင်းလေး တစ်ကားဖြစ်တာမို့ လက်မလွတ်ဘဲ စောင့်ကြည့်သင့်ကြောင်း ပြောပါရစေရှင်❤️(အညွှန်းအား Bella Campen Myanmar Fanclubမှရေးသားထားပါသည်) Translated by Kyi Nue Zin ,Lang ...
8.0
TMDb: 8.0/10 2,386 votes
tv

Dare to Love (2021)

2021