Channel Myanmar

Lee Il-hwa

Reply 1988 7.8
Reply 1988 Reply 1988 Review Reply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။ Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။ ၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ .... ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့ အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ပြထားတာပါ။ မိသားစုအကြောင်းကို အလေးထား ...
7.8
TMDb: 7.8/10 32 votes
tv

Reply 1988

2015
Reply 1994
Reply 1994 Reply 1994   ကဲ.. CM က အချစ်တို့ရေ..... 90 နှစ်ပိုင်းတွေကို မလွမ်းကြဘူးလား... ဒါမှမဟုတ် ဘယ်လိုလေးများလဲလို့ မသိချင်ကြဘူးလား.. အဖြေက Yes! ဆိုရင်တော့... ဒီ Reply 1994 စီးရီးလေးကို လက်လွှတ် မခံသင့်တာ သိပ်သေချာသွား​ပြီပေါ့...   ၉ဝ ခုနှစ် ဝန်းကျင်က အသိုင်းအဝိုင်း ... ပတ်ဝန်းကျင်.... လူ့သဘောထား... ဒါတွေဟာ ခုခေတ်နဲ့ လားလားမှ မတူတာမို့... အတိတ်ဟောင်းတွေ ကို ပြန်ငဲ့ ကြည့်မိသလို နွေးနွေးထွေးထွေးလေး ခံစားရမှာနော်... ( ငယ်ချစ်ဟောင်းတွေ ပြန်တွေးမိရင်တော့ တာဝန် မယူပါကွယ်... )   အထူးသဖြင့် ဒီစီးရီး​​လေးဟာ..​..နယ်ပေါင်းစုံကနေ ​လာနေရင်း ကျောင်းတက် ရသူတွေ အတွက် တစ်ထပ်တည်းကျ လွမ်းဆွေးခွင့်ရမယ့်ကားလေးဆိုရင် မမှားဘူးရယ်... ဘော်ဒါ​နေ အဆောင်သူ အဆောင်သားတို့ ရဲ့ သဘာဝ.... အချစ်ဦးဆိုတာကို အဲ့ဒီ​ခေတ်က လူငယ်တွေ ဘယ်လို မျိုးသဘောထားကြလဲ... အဲ့ဒီခေတ်အခါက လူ့သဘော... လူ့အကြိုက်... အထူးသဖြင့် လူငယ်တွေရဲ့ သဘာဝကို ဟာသလေးနှောပြီး ရယ်ရယ်မောမော နဲ့ လွမ်းလွမ်းဆွေးဆွေး ကြည့်ခွင့်ရမယ့် ကားကောင်းလေးဆိုတာကိုတော့.. ရဲရဲ ကြီး အာမခံပါတယ်...   ဇာတ်လမ်းလေးကတော့ ...

Reply 1994

2013
Lie after Lie (2020) 6.5
Lie after Lie (2020) [Unicode]ချမ်းသာတဲ့ မိသားစုရဲ့ ချွေးမဖြစ်ပြီး ခင်ပွန်းသည်ကိုသတ်တဲ့ လူသတ်တရားခံအဖြစ် စွပ်စွဲခံလိုက်ရတဲ့ Ji Eun-Soo ဟာ ထောင်ကျသွားချိန်မှာ သူမရဲ့ ကလေးကို လက်လွှတ်လိုက်ရပါတယ်။ထောင်ကလွတ်လာပြီးနောက်ပိုင်း ကလေးကိုရှာဖွေရင်း သူ့ကလေးကို Kang Ji-Minဆိုတဲ့ သတင်းထောက်တစ်ဦး မွေးစားထားတာ သိလိုက်ရတဲ့အခါမှာတော့ကလေးနဲ့နီးစပ်ခွင့်ရဖို့အတွက် Kang Ji-Min ကိုချစ်ဟန်ဆောင်ပြီး အနားကိုချဉ်းကပ်ပါတော့တယ်။ကလေးရဲ့အနားကို ရောက်ဖို့ အလိမ်အညာတွေနဲ့ ကြိုးစားမယ့် Ji Eun Sooမွေးစားသမီးလေးနဲ့ အေးချမ်းတဲ့ဘဝလေးတည်ဆောက်ရင်း သူ့ဘဝထဲဝင်လာတဲ့ မိန်းကလေးတစ်ယောက်ကြောင့် ပျော်ရွှင်နေတဲ့ Kang Ji-Minသားကိုသတ်တဲ့ချွေးမကို မုန်းတီးနေတဲ့ Eun Soo ရဲ့ယောက္ခမသူတို့ကြားထဲ ဘယ်လိုအလိမ်အညာတွေနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီစီးရီးလေးကို အပတ်စဉ်စောင့်မျှော်ကြည့်ရှုလိုက်ကြပါနော်...။( အညွှန်းရေးသားထားတာကတော့ Lwinlwin Aung ဖြစ်ပါတယ် ) [Zawgyi]ချမ်းသာတဲ့ မိသားစုရဲ့ ချွေးမဖြစ်ပြီး ခင်ပွန်းသည်ကိုသတ်တဲ့ လူသတ်တရားခံအဖြစ် စွပ်စွဲခံလိုက်ရတဲ့ Ji Eun-Soo ဟာ ထောင်ကျသွားချိန်မှာ သူမရဲ့ ...
6.5
TMDb: 6.5/10 votes
tv

Lie after Lie (2020)

2020
Reply 1997 {Complete} 8
Reply 1997 {Complete} Reply စီးရီးတွေကတော့ ကိုရီးယားဒရာမာလောကမှာ နာမည်ကြီး စီးရီးတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ နားတဝိုက်မှာ မွေးဖွားခဲ့တဲ့သူတွေရဲ့ ဘဝဖြတ်သန်းပုံတွေကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ရဲ့ အငွေ့အသက်တွေက နွေးထွေးမှု ပိုရှိတယ်လို့ ခံစားရပါတယ်။ နည်းပညာတွေ အရမ်းမဖွံ့ဖြိုးခဲ့သေးတဲ့ အချိန်ဖြစ်ခဲ့တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပိုမိုနွေးထွေးခဲ့ကြပါတယ်။ ပိုမိုရင်းနှီးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းမှာ အခြေတည်ထားတာက‌တော့ "သူငယ်ချင်း" ဆိုတဲ့ စကားရပ်ပါပဲ။ Reply 1997 ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဘူဆန်မြို့က သူငယ်ချင်း ၆ ယောက်ရဲ့ ၁၈ နှစ် အရွယ်ဘဝတွေကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ၂၀၁၂ ခုနှစ် မှာတော့ ၃၃ နှစ် အရွယ်ကို ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။ သူငယ်ချင်းဟောင်းတွေ ပြန်လည်တွေ့ဆုံပြီး ညစာစားပွဲ ပြုလုပ်တဲ့အချိန်မှာ စုံတွဲတစ်တွဲက သူတို့လက်ထပ်ကြတော့မယ့်အကြောင်း ကြော်ငြာကြတဲ့အချိန်မှာ ..... ကဲ ...... ၉၀ ခုနှစ် အလွန်တွေကို သတိရတမ်းတစိတ်တွေနဲ့ ပြန်သွားလိုက်ကြရအောင်ပါဗျာ။ ဘာသာပြန်ထားသူတွေကတော့ August, Phue Nge Nge Thein, Naw Phoo, Dolly, Pyae Shan Tun ...
8
TMDb: 8/10 23 votes
tv

Reply 1997 {Complete}

2012
Doctor Stranger ( 2014 ) ( Completed ) 8
Doctor Stranger ( 2014 ) ( Completed ) Zawgyi*******Doctor Stranger K Drama ဟာ 2014 ခုနှစ်မှာ အပိုင်း ပေါင်း ၂၀ တိတိထုတ်လွှင့်ခဲ့ပါတယ်နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Lee Jong-suk နဲ့အတူ Park Hae-jin ကလည်းပါဝင်သရုပ်ဆောင်ထားသလို မင်းသမီး Jin Se-yeon ကလည်း ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်ဆေးလောက Drama ဖြစ်ပြန်သလို မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ရဲ့ဆက်စပ်မှုတွေ နိုင်ငံရေးအပါအ၀င် သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေလည်းပါဝင်တော့Rating အတော်ကောင်းခဲ့တဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် အညွှန်းကတော့တောင်ကိုရီးယား မြောက်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံတို့ကြားကတိုင်းရေးပြည်ရေးအရှုပ်အခင်းတွေဖြစ်နေချိန် မှာနိုင်ငံရဲ့အရေးကို ရှေးရှုတဲ့အနေနဲ့ မြောက်ကိုရီးယား အကြီးအကဲကိုကယ်ဖို့အတွက် ဒေါက်တာ ပတ်ချောဟာမြောက်ကိုရီးယားကိုပို့ဆောင်ခြင်းခံလိုက်ရပါတယ် သူနဲ့အတူသူ့သားလေးပက်ဟွန်းကို လည်းခေါ်ဆောင်သွားခဲ့ပါတယ် ပတ်ဟွန်းဟာသူ့အဖေလိုဆရာဝန်ဖြစ်ဖို့သင်ယူခဲ့တယ်။Park Hoon ကြီးလာတော့ တောင်ကိုရီးယားကိုပြန်လာပြီးနာမည်ကြီးဆေးရုံတခုမှာအလုပ်လုပ်ဖို့ကြိုးစားပါတော့တယ် သူဟာ မြောက်ကိုရီးယားကျန်နေခဲ့တဲ့သူ့ရဲ့ချစ်သူကိုကယ်တင်ဖို့အတွက် ငွေအလုံအလောက်ရှာမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူကြိုးစားနေရင်း တောင်ကိုရီးယားမှာ အမှတ်မထင်ပဲသူ့ချစ်သူနဲ့ တူတဲ့ကောင်မလေးတစ်ယောက်ကို တွေ့မိတဲ့အခါမှာတော့............... Unicode*******Doctor Stranger K Drama ဟာ 2014 ခုနှစ်မှာ အပိုင်း ပေါင်း ၂၀ ...
8
TMDb: 8/10 10 votes
tv

Doctor Stranger ( 2014 ) ( Completed )

2014
Her Private Life (2019) 8
Her Private Life (2019) ကိုရီးယားကားကြည့်ရင်း အိုက်ဒေါလ်တွေကိုကြွေနေတဲ့သူလေးတွေရှိတယ်မို့လား ကိုယ်တွေနိုင်ငံကတော့ သတင်းတွေမွှေနှောက်ကြည့်ရုံပဲတတ်နိုင်တာပေါ့ ။ ကိုရီးယားမှာကတော့ ပိရိသတ်မိန်းကလေးများက သူတို့ချစ်တဲ့အနုပညာရှင်အိုက်ဒေါလ်တွေနောက် တစ်ကောက်ကောက်ကိုလိုက်ကြပါသတဲ့ ဒီကားထဲက အတွင်းရေးမှုးကင်မ်လို့သိထားတဲ့ပတ်မင်ယောင်းလေးကလဲ အဲ့လို အိုက်ဒေါလ်တွကိုရူးသွပ်သူလေးပါ ဒါပေမယ့် သူမရဲ့အလုပ်နဲ့မိသားစုကိုပါဖုံးကွယ်ထားရပါတယ် အလုပ်မရမှာကြောင့်ရော သူ့အမေလက်စကိုကြောက်လို့ရောပေါ့။ သူအလုပ်လုပ်တဲ့ပန်းချီပြခန်းကိုဒါရိုက်တာအသစ်ရောက်လာပြီး ဘယ်လိုတွေဘုဘောက်ကျပြီး ဘာတွေဘယ်လိုဖြစ်ပျက်မလဲဆိုတာကတော့ ကြည့်သာကြည့်လိုက်ပါတော့ Romance comedy တွေပိုင်တဲ့ အတွင်းရေးမှူးမလေးနဲ့ စကီလေးတွေအသည်းဖာသာလေးတို့ရဲ့ ဘယ်လိုတွေရိုကြမလဲဆိုတာကိုပေါ့။File size : (600 MB) Quality : 720p-HDTV Format : mp4 Subtitle….Myanmar Subtitle (Hardsub) Translated by ThinZar Htet , Thitsar Oo, Lwinlwin Aung, May Tharaphi Lwin Encoded by Naing Aung Latt Run time : Wed & Thu Release date : April 10 Episode : 16 Genre : Romantic Comedy  Episode (1) GDrive / Openload / ...
8
TMDb: 8/10 1 votes
tv

Her Private Life (2019)

2019
My Love From Another Star (Completed) 8.6
My Love From Another Star (Completed)   CM က Korea ပရိတ်သတ်တွေအတွက် My Love From Another Star ဆိုတဲ့ Drama ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် .. 2013 က ထွက်ရှိခဲ့ပြီး ပြသခဲ့တုန်းက ကိုရီးယားမှာရော ကမ္ဘာတစ်ဝန်း ရော..အတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် မင်းသားချော Kim Soo-Hyun က ဒိုမင်းဂျွန် ဇာတ်ကောင်ကနေသရုပ်ဆောင်ပြီး မင်းသမီးချော Jun Ji-hyun က ချောင်းဆုန်းရီ နေရာကနေ သရုပ်ဆောင် ကြပြီးတော့ သူတို့ရဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်မှု ဇာတ်လမ်းရဲ့ပေါ့ပါးကောင်းမွန်မှု.. ဟာသလေးတွေလည်း ရောနှောထည့်ထားမှု... ရိုမန့်တစ် ဆန်တဲ့ဇာတ်လမ်းအဖွဲ့လေးတွေကြောင့်လည်း အောင်မြင်တာမဆန်းပါဘူး ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့.. ဒိုမင်းဂျွန်က ကြယ်တွေကနေလာခဲ့တဲ့ ဂြိုလ်သားတစ်ဦးဖြစ်ပြီး တော့ ဂျိုဆွန်းခေတ်မှာ ကမ္ဘာမြေပေါ်ကိုရောက်ရှိလာပါတယ်.. ဒါပေမယ့်လည်းမတော်တဆ တခုကြောင့် မိမိနေထိုင်ရာ ကြယ်ကို မပြန်နိုင်တော့ပဲ.. ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သောင်တင်နေခဲ့ရတယ် ခေတ်အဆက်ဆက်ဖြတ်သန်းမှုတွေကြားထဲမှာ.. လူသားတွေနဲ့မတူတဲ့ စွမ်းအင်တွေကိုလည်းပိုင်ဆိုင်ထားတဲ့ ဒိုမင်းဂျွန်တစ်ယောက် ကမ္ဘာမြေမှာ လူတွေရဲ့အကျင့်စရိုက်.. ကောက်ကျစ်မှု.. စိတ်နေစိတ်ထားတွေကိုလေ့လာနေခဲ့ပြီး.. သိုသိပ်စွာ နှစ် ၄၀၀ လုံးနေထိုင်ပါတယ်.. နောက်ဆုံး ပြန်ခွင့်ရတော့မယ့် အချိန် ၃ လလေးအတွင်းမှာ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး ချောင်းဆုန်းရီ နဲ့တွေ့ဆုံပြီး.. အလွဲလေးတွေကအစပြု.. နောက်ပိုင်းဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ပါဦး Translated By - May Htet , ...
8.6
TMDb: 8.6/10 23 votes
tv

My Love From Another Star (Completed)

2013
She Was Pretty (2015) 7.1
She Was Pretty (2015) ဒီစီးရီးလေးကတော့ ဒုက္ကဌကြီးလို့ လူသိများနေတဲ့ ကိုရီးယားမင်းသားချောလေး Park Seo Jun ရဲ့ အောင်မြင်တဲ့စီးရီးလေးတစ်ခုဖြစ်ပါတယ်... ငယ်ငယ်တည်းကဖက်တီးလို့လူတွေရဲ့အနှိမ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အပေါ်ကို နွေးနွေးထွေးထွေးနဲ့ဆက်ဆံခဲ့တဲ့  ကောင်မလေးတစ်ယောက်ကို သံယောဇဉ်မိသွားခဲ့ပါတယ်... အဲဒီကောင်မလေးကလည်း အရမ်းအရမ်းကိုချောလို့ တစ်ကျောင်းလုံးမှာ သူမကိုလိုချင် အတွဲလုပ်ချင်တဲ့လူတွေကများလွန်းနေခဲ့ပါတယ်.. ဒါပေမယ့် သူမဟာအဲဒီဖက်တီးလေးကိုပဲ သံယောဇဉ်ဖြစ်နေခဲ့တာ အခက်သားရယ်... သူတို့နှစ်ယောက်အသက်ငယ်ရွယ်စဉ်မှာ ခွဲခွာခဲ့ရပြီးတော့ အသက်ကြီးလာလို့ သူတို့နှစ်ယောက်အတူပြန်ဆုံကြတော့မယ့်အချိန်မှာ အရာရာအားလုံးကပြောင်းလဲသွားပါတော့တယ်... ကင်ဟီဂျင်းဆိုတဲ့ မိန်းမချောလေးရဲ့မိဘတွေက စီးပွားပျက်ပြီးတော့ သူမရဲ့ချောမောလှပနေတဲ့ ရုပ်ကလေးဟာ ပင်ပန်းမှု့တွေကြောင့် ရုပ်ဆိုးသွားခဲ့ရပြီးတော့ သူမသံယောဇဉ်ဖြစ်ခဲ့တဲ့ သူမရဲ့ငယ်ချစ်ဦး ဂျီဆောင်းဂျွန်းကတော့ ဖက်တီးလေးမဟုတ်တော့ပဲ မင်းသားလေးတစ်ပါးလို ချောမောခန့်ညားလာခဲ့ပါတယ်.. ဒီလိုနဲ့သူတို့နှစ်ယောက်ပြန်ဆုံကြမယ့် အချိန်မှာတော့  သူမရဲ့ရုပ်ဆိုးတဲ့ မျက်နှာလေးကို သူမသိပ်ချစ်ရတဲ့ ကောင်လေးစိတ်ပျက်သွားမှာစိုးလို့ဆိုပြီး သိပ်ကိုချောတဲ့ သူမရဲ့သူငယ်ချင်း မင်ဟာရီနဲ့ လူစားလဲပြီး ဇာတ်လမ်းရဲ့အရှိန်ကို ပထမပိုင်းမှာမြှင့်လိုက်ပါတယ်... တကယ်တော့ မိန်းကလေးတွေဆိုတာ ကိုယ်ချစ်တဲ့လူက ကိုယ့်ကို သူ့အမြင်မှာလှနေတာပဲမြင်ချင်နေကြတာပါပဲ.... သူ့ချစ်ရတဲ့ အချစ်ဦးကောင်လေး သူ့ကိုစိတ်ပျက်မှာစိုးလို့ လူစားလဲလိုက်တဲ့ ကောင်မလေးနဲ့ သူငယ်ငယ်က သံယောဇဉ်ရှိခဲ့တဲ့ ကောင်မလေးကိုတွေ့ချင်လို့ပြန်လာတဲ့ ကောင်လေးဂျီဆောင်းဂျွန်းနဲ့  ချောမောလှပတဲ့  ကင်ဟီဂျင်းရဲ့အချစ်ဆုံးသူငယ်ချင်း မင်ဟာရီတို့ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာ  ဒီဇာတ်လမ်းတွဲလေးထဲမှာကြည့်လိုက်ကြရအောင်လား... (တကယ်တော့ အချစ်ဆိုတာ လှတာရုပ်ဆိုးတာနဲ့မဆိုင်ပါဘူး... ကိုယ်တကယ်ချစ်လာရင် အလိုလိုနေရင်းလှလာကြတာပဲ ဟုတ်တယ်ဟုတ် ???)   Quality ..... HDTV 720p   Running Time .... 01:00:00   Translator ...... Hnin Kyi Thar Oo   Encoder ... Moe Myint Lwin   Episode Complete (5.5GB) - ...
7.1
TMDb: 7.1/10 10 votes
tv

She Was Pretty (2015)

2015