Channel Myanmar

Lee Jun-ho

King the Land(2023)[Complete]
King the Land(2023)[Complete] King the Land(2023)********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးRed sleeves မှာ အကြီးအကျယ် ဒူးနဲ့မျက်ရည်သုတ်ကာ ဝမ်းနည်းပက်လက် ကြေကွဲခဲ့ရတဲ့ ပရိသတ်တွေအတွက်အခုတစ်ခါမှာတော့ မင်းသား Lee Jun Ho ရဲ့ “ King the Land “ အမည်ရတဲ့ ဟာသဇာတ်နှော ရိုမန့်ကားလေးတစ်ကားကိုဒီနေ့ Netflix ကနေ စတင်ပြီးကြည့်ရှုရတော့ဖြစ်ပါတယ် ,,,မင်းသမီးကလည်း Girl Generation က ပြည်သူ့အချစ်တော် Yoona ဖြစ်တဲ့အတွက်...တကယ်ကို Visual မိုက်တဲ့စုံတွဲကို တဝကြီးကြည့်ရတော့မှာမို့ ရင်ခုန်စရာပဲနော်ဒီလို မိမိုက်တဲ့အတွဲရဲ့ဇာတ်လမ်းလေးကတော့ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ King Hotel ပိုင်ရှင်ရဲ့သူဌေးသား ဂူဝန်ဟာဂုဏ်အရှိန်အဝါကြီးပြီး သူများတွေထက်လည်း တမူထူးခြားတဲ့အပြုအမူအကျင့်စရိုက်ရှိတဲ့သူတစ်ယောက်ပါ ..လုပ်ငန်းဆက်ခံသူတစ်ဦးအနေနဲ့ လုပ်ငန်းသဘောတရားသင်ယူဖို့အတွက် King Hotel မှာ အလုပ်သင်တစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့ပါတယ်.. တဖက်မှာလည်း ဆာရန်းဟာ သွက်လက်ထက်မြက်တဲ့အပြင် သူ့ကိုထိရင်လည်း ပြန်စွာတတ်ပြီးပျော်ပျော်နေတတ်တဲ့ကောင်မလေးတစ်ယောက်ပါ.. ဟိုတယ်ဝန်ထမ်းဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့သူမဟာ ...

King the Land(2023)[Complete]

2023
The Red Sleeve (2021)
The Red Sleeve (2021) Red sleeve ကတော့ ၁၈ရာစုက အပြင်အဆင်တွေနဲ့ MBC ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းလေးအကြောင်းဖြစ်ပြီးတော့Red sleeve cuff ဆိုတဲ့ ဝတ္ထုလေးကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်ဒီကားလေးက main actor ဖြစ်တဲ့ 2PM အီဂျွန်ဟို ရဲ့ စစ်မှုထမ်းပြီးနောက်မှာရိုက်တဲ့ပထမဆုံးဇာတ်ကားလေးဖြစ်ပြီး အိမ်ရှေ့စံအီဆန်အနေနဲ့ သရုပ်ဆောင်ထားပါတယ်main actressဖြစ်တဲ့ အီဆယ်ယောင်းကတော့Memorist , Doctor John စတဲ့ ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့ဖူးပြီး ဒီကားထဲမှာတော့Court Lady ဆောင်းဒေါ့ဂင်မ်အဖြစ် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းကတော့ အိမ်ရှေ့စံအီဆန်က ဆောင်းဒေါ့ဂင်မ်အပေါ်မှာ မေတ္တာရှိသွားပြီး သူဘုရင်ဖြစ်လာတဲ့အချိန်မှာ မိဖုရားတင်မြှောက်ဖို့လုပ်တဲ့အခါဆောင်းဒေါ့ဂင်မ်က သူ့ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်တဲ့မိန်းကလေးဖြစ်တာကြောင့်ငြင်းဆိုခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ.ထုံးစံအတိုင်း နန်းတွင်းပဋိပက္ခတွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုရဦးမှာဖြစ်လို့အပတ်စဉ် စနေ နှင့် တနင်္ဂနွေ နေ့တွေမှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင် Drama: The Red Sleeve (English title) / The Red Sleeve ...

The Red Sleeve (2021)

2021
Good Manager(2017) 8.6
Good Manager(2017) Good Manager(2017) ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း (၁ မှ ၂၀) ထိ စ/ဆုံး" ငွေမည်းတွေကိုဖြတ်စားရမယ်....ကွက်ကျော်နင်းတဲ့သူဆီက ငွေကိုဖြတ်စားရမယ်...တရားမဝင်ငွေရှာတဲ့သူဆီက ဖြတ်စားရမယ်...သဲ့ယူခြင်းနိဗ္ဗန်ဆိုတာ ဒီလိုလောကကြီးကိုခေါ်ဆိုသတဲ့...ဒါမှ ရဲမတိုင်မှာလေ..."ဒီအယူအဆကိုလက်ကိုင်ထားသူကတော့ နယ်မြို့လေးမှာ စာရင်းကိုင်ကျွမ်းကျင်တဲ့ မန်နေဂျာကင်လို့အမည်ရတဲ့The Veil ထဲက ဖိုက်တာမင်းသားကြီး Namgoong Min ဖြစ်ပါသတဲ့....သူက သင်္ချာကိန်းဂဏန်းတွေမှာထူးချွန်တယ်...ငွေကြေးတွေကိုကစားနိုင်စွမ်းရှိသလို လက်ရှိမှာလည်း လူမိုက်ဂိုဏ်းတစ်ခုမှာစာရင်းကိုင်လုပ်နေတယ်...သူတတ်တဲ့ပညာနဲ့ ရသမျှငွေကို ကတုံးပေါ်ထိပ်ကွက်လုပ်ရင်း ပိုက်ဆံစုဆောင်းနေတဲ့ငပွေးတစ်ယောက်ပေါ့...တစ်ဆက်ထဲမှာပဲ ကိုရီးယားရဲ့အကြီးမားဆုံးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ TQ လုပ်ငန်းစုဟာ ငွေဖြူငွေမည်းပြဿနာတစ်ချို့ရှိနေတယ်...အဲ့ဒီမှာစတေးခံစာရင်းကိုင်တစ်ယောက်လိုအပ်နေချိန်မှာ အလုပ်လာလျှောက်တဲ့ ဆရာကင်ကိုတွေ့လာပြီးနောက်ခံအင်အားလည်းမရှိတစ်ကိုယ်တည်း ဖြစ်သလိုဖြတ်သန်းခဲ့တဲ့ အညတရစားရင်းကိုင်လေးကိုထပ်မံအသုံးချဖို့ ကုမ္ပဏီကြီးက ကြိုးစားလာတဲ့အချိန်မှာတော့....ငပွေးဆရာကင်ကပဲ ပွန်းကောင်လေးဖြစ်သွားမလား....ငချွတ်လေးဆိုပြီး စမ်းလိုက်တဲ့ ကုမ္ပဏီကြီးပဲ ပြိုလဲသွားမလားဆိုတာကိုတော့....THE VEIL ကြည့်ပြီးပြီးချင်း ဒီစီးရီးကိုကြည့်ရတော့ Namgoong Min ရဲ့စတိုင်က ဆံပင်အရောင်ကလည်းရွှေရောင် ဝတ်လိုက်ရင်လည်း ကကြိုးကဂျောင်နဲ့...ဗရုတ်သုတ်ခ တော်ကီတွေနဲ့ တော်တော်ကြီးကိုရယ်နေရတာပါ..ပုံမှန်လေးနေလည်းရယ်ချင်နေမိရော..ဒီလိုပြောလို့ ပေါတောတောကားလို့ မထင်လိုပါနဲ့....Crime ဇာတ်လမ်းတွဲမို့ ရင်ခုန်စိတ်လှုပ်ရှားရသလို ဗီလိန်သရုပ်ဆောင်တွေကလည်း မိုက်ပါတယ်...ခေါင်းဆောင်ဟုန်တို့ကတော့ ဒီဇာတ်လမ်းတွဲမှာ ...
8.6
TMDb: 8.6/10 19 votes
tv

Good Manager(2017)

2017