Channel Myanmar

Lee Seo Jin

Jinny’s Kitchen (2023)
Jinny’s Kitchen (2023) Jinny's Kitchen (2023)'Youn's Kitchen' ကို ကြည့်ဖူးတဲ့သူတိုင်း အခုတင်ဆက်ပေမဲ့ Jinny's Kitchen ဆိုတဲ့ အစီအစဥ်ကိုလည်း သဘောကျမှာ အသေအချာပါပဲ ။ 'Youn's Kitchen' မှာ bulgogi , bibimbap တို့လို ကိုရီးယားရိုးရာအစားအစာများကို တင်ဆက်ပြခဲ့ပြီး ဒီတစ်ခေါက်မှာတော့ 'Korean Fast Food' လို့ ခေါ်တဲ့ လမ်းဘေးအစားအစာတွေကို စိန်ခေါ်သွားမှာပါ ။ Youn's Kitchen မှာ ဒါရိုက်တာဖြစ်ခဲ့တဲ့ သရုပ်ဆောင် Lee Seo Jin က အခုအခါမှာတော့ ပိုင်ရှင်ဖြစ်လာပြီး နိုင်ငံခြားမှာ franchise စားသောက်ဆိုင်အသစ်ကို ဖွင့်လှစ်မှာပဲ ဖြစ်ပါတယ် ။တခြားပါဝင်မဲ့သူတွေကတော့ မင်းသမီးချော Jung Yu-mi ၊ ဆွဲဆောင်မှုရှိတဲ့ မင်းသား Park Seo-joon ၊ ပျိုတိုင်းကြိုက်တဲ့မင်းသား Choi Woo-shik နဲ့ ကမ္ဘာ့စတား BTS ရဲ့ V (Kim ...

Jinny’s Kitchen (2023)

2023
Behind Every Star (2022) 7.5
Behind Every Star (2022) Behind Every Star (2022)EP5***************************ဒီဇာတ်လမ်းလေးကတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မဲ့ Comedy/Romance Drama လေးတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ နာမည်ကြီးမင်းသား မင်းသမီးများရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြတဲ့ မန်နေဂျာတွေနဲ့ အခြားရိုက်ကွင်းအဖွဲ့သားတွေရဲ့ ဘဝတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ်ဇာတ်လမ်းအကျဉ်းMETHOD Entertainment ကတော့ မင်းသားမင်းသမီးတွေများစွာနဲ့ အလုပ်တွဲလုပ်နေတဲ့ နာမည်ကြီး အေဂျင်စီကြီးတစ်ခုဖြစ်တယ် ဒီအေဂျင်စီကြီးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ သရုပ်ဆောင်တွေအတွက် အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဖြေရှင်းပေးနေရတာပါမာထယ်အိုကတော့ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီမှာတော့ ဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ် ဉာဏ်ကောင်းပြီး သိမ်မွေ့ပေမယ့် ဗျူဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုလှည့်စားမှုမျိုးကိုမဆို သူက ကျွမ်းကျင်စွာ လုပ်ဆောင်တတ်တယ်ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ် အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ် ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့ မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ...
7.5
TMDb: 7.5/10 votes
tv

Behind Every Star (2022)

2022
Damo ( 2003 ) 8
Damo ( 2003 ) ချယ်အို့ ဆိုတဲ့အမျိုးသမီးလေးဟာ ဂျိုဆွန်းခေတ် စစ်ဆေးရေးဌာနရဲ့ထက်မြတ်တဲ့ ဒါမိုတစ်ယောက်ပါ။ ဒါမိုတွေဟာ စစ်ဆေးရေးဌာနမှာလုပ်ကိုင်ရတဲ့အမျိုးသမီးစစ်ဆေးရေးမှူးတွေဖြစ်ပေမယ့် အဆင့်အတန်းကတော့လက်ဖက်ရည်ဆက်သရတဲ့အစေခံတွေနဲ့မခြားမနားပါပဲ။ချယ်အို့ရဲ့အထက်အရာရှိဖြစ်သူ ဟွမ်ဘိုယွန်းကတော့ ချယ်အို့ကိုငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့သူဖြစ်ပြီး မေတ္တာသက်ဝင်နေသူပါ။တိုင်းပြည်ကိုကမောက်ကမဖြစ်စေတဲ့ ဒုစရိုက်မှုတွေနဲ့ အထက်တန်းလွှာတွေရဲ့အုပ်စိုးမှုကို တော်လှန်ဖို့ကြိုးစားနေသူကတော့ ဂျောင်ဆောင်းဘဲ့ဆိုတဲ့သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ ဟွမ်ဘိုယွန်းရဲ့လက်အောက်ကနေ ဒုစရိုက်မှုတွေကို အမြစ်ပြတ်တွန်းလှန်ဖို့ကြိုးစားနေတဲ့ချယ်အို့တစ်ယောက် အမှုတွေကိုစုံစမ်းရင်းနဲ့ သူနဲ့ သူပုန်ခေါင်းဆောင်ဂျောင်ဆောင်းဘဲ့တို့အကြားဆက်နွယ်မှုတစ်ခုရှိနေတာသိလိုက်ရပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ Chae ok အဖြစ်သရုပ်ဆောင်ထားတဲ့Ha Ji Won တစ်ယောက် အနှိမ်ခံလူတန်းစားအနေနဲ့ဘယ်လိုရပ်တည်ချက်တွေနဲ့ အထက်တန်းလွှာတွေကို ဆန့်ကျင်မလဲ ?အထက်အရာရှိကိုမှ မြတ်နိုးမိနေတဲ့ သူ့အချစ်ရေးကရောကြည်နူးစရာဖြစ်လာမှာလား ကြေကွဲစရာဖြစ်လာမှာလား ?သူပုန်ခေါင်းဆောင်ဖြစ်နေတဲ့ အစ်ကိုဂျောင်ဆောင်းဘဲ့နဲ့ရောဘယ်လိုတွေ ရင်ဆိုင်သွားမလဲ ? ဆိုတာတွေကို Ha Ji wonရဲ့အမိုက်စားဓါးသိုင်းတွေနဲ့အတူ ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။တွဲဖက်သရုပ်ဆောင်တွေအနေနဲ့လည်း Yi San အဖြစ် ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ပါးချိုင့်မင်းသားကြီးLee Seo Jinနဲ့ ဗီလိန်အနေနဲ့ ပရိသတ်တွေလူသိများကြတဲ့၏Jang Sung Baek တို့က ပါဝင်ထားတာမို့ ...
8
TMDb: 8/10 5 votes
tv

Damo ( 2003 )

2003
Dr. Park’s Clinic (2022)
Dr. Park’s Clinic (2022) ရောဂါရှာဖွေကုသရေးသမားတော်တစ်ယောက်ဖြစ်တဲ့Dr. Park Won Jang တစ်ယောက်ကျွမ်းကျင်တဲ့ physician ဖြစ်လာပြီးငွေအမြောက်အမြားရှာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ ကိုယ်ပိုင်ဆေးခန်းတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဆေးခန်းကိုလူနာတွေ သိပ်မလာတဲ့အပြင် အကြွေးတွေပါ တင်လာပါတော့တယ်။ဒီလိုနဲ့ ဆေးခန်းကို မဆုံးရှုံးရအောင် ကြိုးစားရင်းဆံပင်တွေကျွတ် ထိပ်ပြောင်လာပါရော။တစ်ချိန်တည်းမှာပဲ ဇနီးဖြစ်သူကလည်း မိမိထက်တီဗီမှာလာတဲ့ ဆေးပညာအကြံပြုချက်ပရိုဂရမ်တွေကို ပိုမိုယုံကြည်ပါသတဲ့။"လူနာရဲ့အခြေအနေသက်သာဖို့ထက် ငွေက ပိုအရေးကြီးတာလား" ဆိုပြီးမေးခွန်းထုတ်လိုက်တဲ့ Dr. Park Won Jang တစ်ယောက်wifi ဖိုးလောက်တောင် ကပ်စေးနဲနေတဲ့အခါ.....Cast တွေက နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့အပြင်Reply 1988 ထဲက ဂျန်ဟွမ်ရဲ့ အမေနဲ့ Mr Queen ထဲကအထိန်းတော်ကြီးကလည်း nurse အဖြစ် ပါဝင်သွားမှာဖြစ်လို့ဘယ်လိုအခွီတွေ တွေ့ရမလဲဆိုတာ...Comedy, Medical drama အမျိုးအစားဖြစ်တဲ့Dr Park's Clinic series လေးကိုတော့အပတ်စဉ်တိုင်း cm ကနေဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့အမောဖြေရင်း ကြည့်ရှုအားပေးကြပါဦးနော်။ File Size – ...

Dr. Park’s Clinic (2022)

2022
Times (2021)
Times (2021) Times (2021)သမ္မတရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့အမှန်အကန်ပေးတဲ့ရလာဒ်နဲ့ သမ္မတဖြစ်လာတဲ့ ဆောဂီထယ် ပြည်သူတွေချစ်တာခံရသလောက် အာဏာလိုချင်တဲ့သူတွေကတော့ မုန်းတာခံရတာပေါ့ သမ္မတဟောင်းနဲ့သမ္မတအသစ်လဲတော့ သမ္မတဟောင်းရဲ့နောက်ကြောင်းတွေကို စစ်ဆေးရပါလေရော သူတို့လုပ်ခဲ့သမျှကလည်း လက်လွန်နေပြီဆိုတော့ မကြံကောင်းမစည်အပ် ပြည်သူချစ်တဲ့သမ္မတကြီးကို စနိုက်ပါနဲ့လုပ်ကြံပါရောသတင်းထောက်ဘဝကနေ သမ္မတဖြစ်လာတဲ့ သမ္မတဆောဂီထယ်ရဲ့သမီးဟာလည်း အဖေ့ခြေရာနင်းတဲ့ သတင်းထောက်ဆုပေါင်းများစွာရထားတဲ့ သိပ်တော်တဲ့သတင်းထောက်တစ်ယောက်ပေါ့ မျက်စိရှေ့မှာပဲ သေနတ်မှန်ပြီးသေသွားမယ့်အဖေကို လွန်ခဲ့တဲ့ကာလကလူတစ်ယောက်နဲ့ဖုန်းအဆက်အသွယ်ကနေ ကယ်တင်နိုင်ဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုမျိုးတွေကြိုးစားမလဲ ကယ်တင်နိုင်မလား မကယ်တင်နိုင်ဘူးလား ဆိုတာ ဆက်ပြီးတော့ ကြည့်လိုက်ကြပါဦးနော်Itaewon class ကတုံးကားထဲက မိန်းမလျာလုပ်တဲ့ မင်းသမီးလေးကခေါင်းဆောင်ပါဝင်ထားပါတယ် မင်းသားကလည်း ဟိုးအရင် ဂျုမုံကားတည်းက ချစ်ခဲ့ရတဲ့ ပါးချိုင့်လေးနဲ့မင်းသားကြီးမို့လို့ ကြည့်ရတာ အားမရနိုင်လောက်အောင်ကောင်းပါလိမ့်မယ်စနေ တနင်္ဂနွေ ညဘက်တွေ ကိုရီးယားမှာပြသပြီး စုစုပေါင်း ၁၂ ပိုင်းပါဝင်ပါတယ်။ဘာသာပြန်တွေကတော့ Thinzar Htet, Lwin Lwin Aung, Moe Pwint, Thet Hnin Hsu တို့ပဲ ဖြစ်ပါတယ်။File size… 500MB Quality….720p Format…mp4 Duration…. 60min Genre..... Thriller, Crime, Drama, Fantasy, Political Subtitle….Myanmar Subtitle (Hardsub) Translator ..... Thinzar Htet, Lwin Lwin Aung, Moe Pwint, Thet Hnin Hsu Encoder ...

Times (2021)

2021