Channel Myanmar

Lee Yi-kyung

School 2013 (2012) [Complete] 7.7
School 2013 (2012) [Complete] School 2013 (2012)*******************အပိုင်း (၁ မှ ၁၆) စ/ဆုံး နာမည်ကြီး School Series ထဲက တစ်ကားဖြစ်တဲ့ School 2013 ကိုCM ပရိတ်သတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ Jang Nara, Choi Daneil အပြင် Lee Jong Suk,Kim Woo Bin, Shin Hye Sun, Lee Yi Kyung စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ငယ်ဘဝက ပုံရိပ်တွေကို မြင်ရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း)ဆွန်းရီအထက်တန်းကျောင်းက ဆိုးလ်မြို့တွင်းမှာရှိတဲ့ ၁၇၈ကျောင်းအနက်ပညာရေးရမှတ်အနိမ့်ဆုံးကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ဆရာဂန်ဆယ်ချန်းကတော့ ဂန်နမ်ရဲ့နာမည်ကြီး ထိပ်တန်းဆရာတစ်ယောက်ပါ။ဒီလိုနဲ့ ဂန်ဆယ်ချန်းတစ်ယောက် ဆွန်းရီအထက်တန်းကျောင်းကို ပြောင်းဖြစ်လာခဲ့ပြီးအတန်းပိုင်ဆရာမ ဂျောင်အင်ဂျယ်နဲ့အတူ ဆိုးလှပါချည်ရဲ့ဆိုတဲ့အထက်တန်းဒုတိယနှစ် အခန်း၂ကို အတူတူစာသင်ကြားပေးဖို့ဖြစ်လာတဲ့အခါ...ဂျစ်ကန်ကန်နဲ့တစ်ယောက်တစ်မျိုးစီ ဆိုးပေ့ညံ့ပါပေ့ဆိုတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုဘယ်လိုလိမ္မာရေးခြားရှိပြီး အဆင့်တက်လာအောင် ကြိုးစားသင်ကြားပေးသွားမလဲဆိုတာကိုအလွဲအချော်တွေကြားက ဟာသလေးနှောပြီး ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ကျောင်းသားကားလေးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် သူငယ်ချင်းသံယောဇဥ်တွေ၊ဆရာတပည့်ဆက်ဆံရေးလေးတွေကို ရသပေါင်းစုံနဲ့ ရိုက်ပြပေးထားတာမလို့ကြည့်ရတာမပျင်းစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ ...
7.7
TMDb: 7.7/10 27 votes
tv

School 2013 (2012) [Complete]

2012
Go Back Couple (2017) 8.239
Go Back Couple (2017) Go Back Couple (2017)********************** အပိုင်း ၁ မှ ၁၂ (စ/ဆုံး)ဒိတ်ဒိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ My Happy Ending ထဲက မင်းသား Son Ho Jun နဲ့ မင်းသမီး Jang Nara, Marry My Husband ထဲက အချစ်တော် Lee Yi Kyung, Gumiho ထဲက Jang Ki Yong, Heavenly idol ထဲက မင်းသမီး Go Bo Gyeol တို့ အဓိက ပါဝင်ထားတဲ့ အချိန်ခရီးသွားကားလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ချွဲဘန်းဒို(Son Ho Jun)နဲ့ မာဂျင်းဂျူ(Jang Na Ra)တို့ဟာ ၃၈နှစ်အရွယ် လက်ထပ်ထားတဲ့ဇနီးမောင်နှံ‌တွေပါ သူတို့နှစ်‌ယောက်ဟာ အသက်ငယ်ရွယ်တုန်းမှာ အိမ်ထောင်ကျခဲ့ကြတဲ့အတွက် လူငယ်ဘဝကို အပြည့်အဝမခံစားခဲ့ရဘဲ အိမ်ထောင်ရှင်ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုပဲ ခံစားနေရပါတယ်ဒါကြောင့် ချစ်လို့လက်ထပ်ယူခဲ့ကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် တဖြည်းဖြည်း ...
8.239
TMDb: 8.239/10 23 votes
tv

Go Back Couple (2017)

2017
Marry My Husband(2024)
Marry My Husband(2024) Marry My Husband(2024)************************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Park Min Youngနဲ့ ဂင်ချားနားလို့ သိကြတဲ့Lee Yi Kyung တို့ရဲ့ Marry My Husbandနာမည်ကြီး Webtoonကို ပြန်ရိုက်ထားတာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ကင်ဆာနဲ့ အသက်လုနေရတဲ့ သေခါနီးအမျိုးသမီးတစ်ယောက်ဟာတစ်ရက်မှာတော့ သူငယ်ချင်းအရင်းကြီးနဲ့ သူ့အမျိုးသားတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိသွားခဲ့ပါတယ်။ပိုဆိုးတာကတော့ အမျိုးသားဖြစ်သူက သူသေသွားရင် ကျန်ခဲ့မယ့် သူ့ရဲ့ အာမခံငွေတွေကိုအပိုင်သိမ်းဖို့ ကြိုတင်ကြံစည်ထားတာကိုပါ သိလိုက်ရပြီး အမျိုးသားဆီကပါ အသတ်ခံလိုက်ရပါတယ်။ဒါပေမဲ့ ပြန်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ time slip ဖြစ်ပြီးလွန်ခဲ့တဲ့ 10နှစ်ကို ပြန်ရောက်နေခဲ့ပါတယ်။ သူနဲ့သူ့အမျိုးသားတို့ ရည်းစားဖြစ်နေတဲ့ ကာလကိုပြန်ရောက်သွားပြီး ဖောက်ပြန်တဲ့သူ့အမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကိုဘယ်လိုပုံစံနဲ့ လက်စားချေသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်......အညွှန်းကိုတော့ Hsu Lei မှရေးသားပေးထားပါတယ်.. Aired: Jan 1, 2024 ...

Marry My Husband(2024)

2024
You Are All Surrounded(2014)[Complet] 8.5
You Are All Surrounded(2014)[Complet] You Are All Surrounded(2014)****************************အပိုင်း(၁ မှ ၂၀ )ထိ စ/ဆုံး မတူညီတဲ့ကျောထောက်နောက်ခံတွေ၊ မတူညီတဲ့အိမ်မက်တွေ၊ မတူညီတဲ့‌အကျင့်စရိုက်တွေရှိကြတဲ့စုံထောက်အသစ်လေး လေးဦးဟာ ဂန်းနမ်ရဲစခန်းရဲ့ aceဖြစ်တဲ့ မှုခင်းဌာန အဖွဲ့ ၃မှာ တွေ့ဖို့ဖြစ်လာခဲ့ကြပါတယ်။အမှန်တော့ မှုခင်းဌာနအဖွဲ့ ၃ဟာ သူတို့စိတ်ကူးထားတဲ့ လုပ်ငန်းခွင်လေးတော့မဟုတ်ခဲ့ပါဘူး။လစာများများရလို့ လာတဲ့သူ၊ မသေခင် ဂန်းနမ်မှာနေဖူးချင်လို့ လာတဲ့သူ၊ ကိုယ့်ဟာကိုယ်ဘာကြောင့်လာလာပေါ့ ဆိုတဲ့သူနဲ့ အရမ်းကို chaotic ဖြစ်တဲ့အဖွဲ့လေးပါ။ သူတို့အဖွဲ့ရဲ့အဖွဲ့မှူးကတော့ legendary စုံထောက်တစ်ဦးဖြစ်တဲ့ ဆောဖန်းဆော့ (Cha Seung Won)ပဲဖြစ်ပါတယ်။ဆောဖန်းဆော့မသိတဲ့အရာကတော့ လွန်ခဲ့တဲ့ ၁၁နှစ်က သူတာဝန်ယူခဲ့တဲ့ မာဆန်းသူနာပြုဆရာမအသတ်ခံမှုရဲ့နစ်နာသူဖြစ်သူရဲ့သားဟာ သူ့အဖွဲ့ထဲမှာ ရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့ ၃ဟာ အစပိုင်းမှာကတောက်ကဆလေးတွေရှိခဲ့ပေမဲ့ ရာဇဝတ်မှုတွေကို teamwork ကောင်းကောင်းနဲ့ အတူတူရင်ဆိုင်ဖြေရှင်းကြပြီးတော့လွန်ခဲ့တဲ့ ၁၁နှစ်က အမှုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကိုပါ ဖော်ထုတ်ကြမှာဖြစ်ပါတယ်။စုံထောက်အသစ်လေးတွေအဖြစ် Lee Seung Gi, Go Ara, ...
8.5
TMDb: 8.5/10 11 votes
tv

You Are All Surrounded(2014)[Complet]

2014
Critical X (2022) 7.0
Critical X (2022) Desperate Mr X (2022)လူနေမှုအဆင့်အတန်း မြင့်တာလာနဲ့မျှ စားဝတ်နေရေးအတွက် အလုပ်ဆိုတာ မရှိမဖြစ်လို ဖြစ်နေပါပြီ... ဒါပေမဲ့ စီးပွားရေးတွေ ကျပ်တည်းနေချိန်မှာ ကုမ္ပဏီတွေကလည်း ပြန်လည်ဖွဲ့စည်းမှုအတွက် ဝန်ထမ်းတွေ လျော့ကြတာလည်း တွေ့မြင်နေကျဖြစ်ပါတယ်မန်နေဂျာယွန်းကတော့ အလုပ်မှာတော်ပြီး ဂုဏ်ပုဒ်တွေအများကြီးနဲ့ နေခဲ့ရတာကြောင့် သူ့ကိုယ်သူ အထင်ကြီးလွန်းပြီး ရာထူးတက်ဖို့ပဲ ချောင်းနေသူပါ ဒါပေမဲ့ သူ့ဘဝက ထင်သလိုဖြစ်မလာဘဲ စိတ်ဓာတ်ကျစရာတွေနဲ့ပဲ ကြုံရပါတော့တယ် သူ့အတွက် ကံကောင်းတာတစ်ခုက ဘေးမှာ အားပေးနေတဲ့ ဇနီးဖြစ်သူရှိနေတာပါပဲဒီဇာတ်လမ်းတွဲက Comedy ဖြစ်တဲ့အလျောက် မန်နေဂျာယွန်းက စိတ်ဓာတ်ကျနေတဲ့ကြားကိုက အလွဲတွေချည်းလုပ်ပြီး သူစိတ်ဓာတ်ကျနေတာကိုက ခွီစရာကြီးဖြစ်နေတာပဲမန်နေဂျာယွန်းဟာ တခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့တွေ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ "ချစ်လှေကားထစ်များ" လို့လူသိများတဲ့ ဇာတ်လမ်းတွဲထဲက Kwon Sang Woo ပါမင်းသားကြီး တစ်ယောက်အနေနဲ့ ဒီလို ဟာသဇာတ်လမ်းတွဲထွက်လာဖို့ တကယ်မထင်ထားခဲ့တာအမှန်ပါ တကယ်ရယ်ရတဲ့ဇာတ်လမ်းမို့လို့ စိတ်အပန်းဖြေဖို့ ကြည့်ရှုလိုက်ကြပါဦးနော် ။( အညွှန်းရေးသားထားသူကတော့ ...
7.0
TMDb: 7.0/10 votes
tv

Critical X (2022)

2022
Welcome to Waikiki Season 1 (2018) and Season 2 (2019) 8.5
Welcome to Waikiki Season 1 (2018) and Season 2 (2019) Welcome to Waikiki (2018)ကိုယ့်ဘဝမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်တာ​တွေပဲ အမြဲကြုံ​နေရလား၊ ကိုယ်ကြံစည်ထားသမျှ အမြဲလွဲ​ချော်​နေလား၊ဒါဆိုရင်​တော့ ဒီဇာတ်လမ်းတွဲထဲက ဇာတ်​ကောင်​တွေက သင်တို့ကို ခပ်​​ထေ့​ထေ့​လေးကြည့်ပြီး ရယ်​နေပါလိမ့်မယ်၊ ဘာ​ကြောင့်လဲဆိုရင် သူတို့​​တွေလောက် ဘယ်သူမှ မလွဲနိုင်လို့ပါပဲ2018မှာ JTBCက ထုတ်လွှင့်ခဲ့ပြီး တစ်ကားလုံးက အရယ်သန်သူဆို ခွက်ထိုးခွက်လန်ရယ်၊ အရယ်မသန်တဲ့သူဆို ပါးစပ်မစိနိုင်​အောင်ဖြစ်​​စေခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Welcome to Waikikiကို တင်ဆက်​ပေးလိုက်ပါပြီ"ဂင်ချားနား" တစ်ခွန်းထဲနဲ့ မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ စိတ်ပင်ပန်း​စရာ​တွေ၊ စိတ်ဓါတ်ကျစရာ​တွေများနေတဲ့ ခုလိုအချိန်မှာ စိတ်အပန်း​ဖြေဖို့၊ ဘဝကိုဟားတိုက်ရယ်​မောပစ်ဖို့ အ​​ကောင်းဆုံးဓါတ်စာဖြစ်နိုင်မယ်လို့ ​မျှော်လင့်ပါတယ်ဇာတ်လမ်းအညွှန်းက​တော့ ..... ရည်မှန်းချက်ကို မိုးထိ​အောင်ကြီးတဲ့ သူငယ်ချင်းသုံး​ယောက်ဖြစ်တဲ့ဒါရိုက်တာရူး Dong Goo ( Kim Jung Hyun) မင်းသားရူး Jong Ki ( Lee Yi Kyung) နဲ့ စာ​ရေးဆရာပိုးထ​နေတဲ့ Doo Sik ( Son Seung Won) တို့ဟာကမ္ဘာလှည့်ခရီးသွား​တွေ အလည်အပတ်များတဲ့ ကိုရီးယားနိုင်ငံ အီထယ်ဝန်းအရပ်မှာ Waikiki (ဝိုင်ကီကီ) အမည်နဲ့ တည်းခိုရိပ်သာ​လေးဖွင့်ကာ အဲ့ဒီကအမြတ်အစွန်း​တွေနဲ့ ရုပ်ရှင်တစ်ကားရိုက်ပြီး "လာသွားမယ် ...
8.5
TMDb: 8.5/10 28 votes
tv

Welcome to Waikiki Season 1 (2018) and Season 2 (2019)

2018
Descendants of the Sun (2016) DOTS Complete 8.5
Descendants of the Sun (2016) DOTS Complete - ပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ဘေးကင်းလုံခြုံမှုက နိုင်ငံတော်ရဲ့ ပထမဦးစားပေးသတ်မှတ်ချက်ပဲ.. ငါ့လို စစ်သားတစ်ယောက်အတွက်ကတော့ ...တိုင်းသူပြည်သားတစ်ယောက်ရဲ့ အသက်ထက် ပိုပြီး အရေးကြီးတဲ့ တာဝန်ဆိုတာမျိုးကို တိုင်းပြည်က ဘယ်တော့မှ ပေးအပ်မှာ မဟုတ်ပါဘူး.. (ဗိုလ်ကြီးယိုရှီဂျင်)- ကျွန်မ လူနာတွေရဲ့ကျန်းမာရေးနဲ့သူတို့ရဲ့အသက်က ...ကျွန်မရဲ့ပထမဦးစားပေးပါပဲ.. လူနာတွေရဲ့အဆင့်အတန်းတွေ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ နိုင်ငံတွေကိုမေ့ထားပြီး ကျွန်မလူနာတွေအပေါ်မှာ တာဝန်ကျေပွန်အောင် စွမ်းဆောင်ကုသပေးမှာပါ...(ဒေါက်တာဂန်မိုယွန်း)ဒီလိုအနှစ်တွေနဲ့ ဒီစီးရီးက ၂၀၁၆ ရဲ့အဟော့ဆုံးစီးရီးတစ်ခုဖြစ်ခဲ့သလိုကြည့်ရှုသူတိုင်းကြိုက်နှစ်သက်ရတဲ့ Drama Series တစ်ခုဖြစ်ခဲ့ပါတယ်။ Captain Yoo Shi Jin (ယိုရှီဂျင်)နေရာမှာမကြာသေးခင်ကမှစစ်မှုထမ်းပြီးထွက်လာတဲ့နှုတ်ခမ်းနီမလေးများရဲ့အသဲကျော် Song Joong Ki (ဆုန်းဂျွန်ဂီ) ဖြစ်ပြီးDoctor Kang Mo Yoen(ဂန်မိုယွန်း)နေရာမှာတော့ အွန်စော ဆိုပြီး လူသိများကြိုက်နှစ်သက်ခဲ့တဲ့ပုရိသတို့ အသည်းစွဲမင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အညွှန်း ==================အာရှအလယ်ပိုင်း ....Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီးစစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု ...
8.5
TMDb: 8.5/10 419 votes
tv

Descendants of the Sun (2016) DOTS Complete

2016
Royal Secret Agent(2020)
Royal Secret Agent(2020) Royal Secret Agent(2020)ဇာတ်လမ်းတွဲအညွှန်း*******************************************အပိုင်းသစ်(၁မှ ၁၆)ထိ စ/ဆုံးL ရယ်၊ ဂင်ချားနားရယ်၊ Itaewon class ထဲက မမရယ်၊မင်ဆောအာလေးရယ်၊ WWWSK ထဲက ဆောင်းယွန်းရယ် ပါဝင်ထားပါတယ်....Character မိတ်ဆက် ~~~~~~~~~~~~~~~ Sung Yi Gyeom (Kim Myu~~~~~~~~~~~~~စာမေးပွဲမှာ ပထမနေရာရခဲ့ပြီး အုပ်ချုပ်ရေးနှင့် သုတေသနဌာနမှာ အလုပ်လုပ်ပါတယ်။ သူက ဘဝမှာ ရည်မှန်းချက်မရှိသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ လောင်းကစားမှုနဲ့ ဖမ်းခံရပြီးတဲ့နောက် လျှို့ဝှက်တော်ဝန်စစ်ဆေးရေးမှုးအဖြစ် ထူးထူးခြားခြား တာဝန်ထမ်းဆောင်ဖို့ အပြစ်ပေးခံရတဲ့တယ်...။သူ့အလုပ်ကတော့ မှုးမတ်၊အထက်အရာရှိတွေရဲ့ တရားမဝင်လုပ်ရပ်တွေနဲ့ အကျင့်ပျက်ခြစားမှုကို တားဆီးဖို့အတွက်ပဲ ဖြစ်ပါတယ်။ဒီအလုပ်သစ်ကို Hong Da In (Kwon Na Ra) နဲ့ Park Chun Sam(Lee Yi Kyung) တို့ အကူအညီဖြင့် စတင်လုပ်ကိုင်ခဲ့တယ်။Hong Da In (Kwon Na ...

Royal Secret Agent(2020)

2020
My Love From Another Star (Completed) 8.6
My Love From Another Star (Completed)  CM က Korea ပရိတ်သတ်တွေအတွက် My Love From Another Star ဆိုတဲ့Drama ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ..2013 က ထွက်ရှိခဲ့ပြီး ပြသခဲ့တုန်းက ကိုရီးယားမှာရော ကမ္ဘာတစ်ဝန်းရော..အတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်မင်းသားချော Kim Soo-Hyun က ဒိုမင်းဂျွန်ဇာတ်ကောင်ကနေသရုပ်ဆောင်ပြီးမင်းသမီးချော Jun Ji-hyun က ချောင်းဆုန်းရီ နေရာကနေ သရုပ်ဆောင်ကြပြီးတော့သူတို့ရဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်မှု ဇာတ်လမ်းရဲ့ပေါ့ပါးကောင်းမွန်မှု..ဟာသလေးတွေလည်းရောနှောထည့်ထားမှု...ရိုမန့်တစ် ဆန်တဲ့ဇာတ်လမ်းအဖွဲ့လေးတွေကြောင့်လည်း အောင်မြင်တာမဆန်းပါဘူးဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့..ဒိုမင်းဂျွန်က ကြယ်တွေကနေလာခဲ့တဲ့ ဂြိုလ်သားတစ်ဦးဖြစ်ပြီးတော့ ဂျိုဆွန်းခေတ်မှာ ကမ္ဘာမြေပေါ်ကိုရောက်ရှိလာပါတယ်..ဒါပေမယ့်လည်းမတော်တဆ တခုကြောင့်မိမိနေထိုင်ရာ ကြယ်ကို မပြန်နိုင်တော့ပဲ..ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သောင်တင်နေခဲ့ရတယ်ခေတ်အဆက်ဆက်ဖြတ်သန်းမှုတွေကြားထဲမှာ..လူသားတွေနဲ့မတူတဲ့ စွမ်းအင်တွေကိုလည်းပိုင်ဆိုင်ထားတဲ့ဒိုမင်းဂျွန်တစ်ယောက် ကမ္ဘာမြေမှာ လူတွေရဲ့အကျင့်စရိုက်..ကောက်ကျစ်မှု..စိတ်နေစိတ်ထားတွေကိုလေ့လာနေခဲ့ပြီး..သိုသိပ်စွာ နှစ် ၄၀၀ လုံးနေထိုင်ပါတယ်..နောက်ဆုံး ပြန်ခွင့်ရတော့မယ့် အချိန် ၃ လလေးအတွင်းမှာနိုင်ငံကျော် ရုပ်ရှင်မင်းသမီး ချောင်းဆုန်းရီ နဲ့တွေ့ဆုံပြီး..အလွဲလေးတွေကအစပြု..နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ပါဦးTranslated By - May Htet , Thae Ei , LK , ...
8.6
TMDb: 8.6/10 23 votes
tv

My Love From Another Star (Completed)

2013