Channel Myanmar

Michael Ealy

Reasonable Doubt (2022) Season 1 စ-ဆုံး 7.5
Reasonable Doubt (2022) Season 1 စ-ဆုံး   စိတ်ဝင်စားဖို့ကောင်းတဲ့ Legal Drama လေးနဲ့ မိတ်ဆက်ပေးပါရစေ စီအမ်ပရိသတ်ကြီးရေဂျက်ဇ်ဆိုတဲ့ အမျိုးသမီးဟာ သိပ်ကို တော်ပြီး အကြောက်တရားနည်းတဲ့ တရားခံရှေ့နေတစ်ယောက်ပါ။ တရားခံရှေ့နေဆိုတဲ့အတိုင်း ဒီအလုပ်က လွယ်ကူလှတဲ့ အလုပ်မဟုတ်ပါဘူး။ တရားခံဖြစ်လုနီးပါး လူတစ်ယောက်ရဲ့ကံကြမ္မာက ဒီရှေ့နေအပေါ် မူတည်နေတယ်မဟုတ်လား။ဒါပေမယ့် ဂျက်ဇ်ကတော့ ဒီအရာမှာ သိပ်ကို ထူးချွန်လွန်းလို့ သူ့ရဲ့အမှုသည်အများစုကို အမှုနိုင်အောင်စွမ်းဆောင်နိုင်သူဖြစ်လို့ ... သူတို့ ဥပဒေဌာနမှာ လူမျိုးရေးခွဲခြားမှုတွေ မသိမသာရှိနေသေးပေမယ့် .... အရေးကြုံရင် ဂျက်ဇ် စတီးဝက်က မပါမဖြစ်ပါ။ ဒါကတော့ ဂျက်ကလင် စတီးဝက် ခေါ် ဂျက်ဇ်ရဲ့ ကိုယ်ရေးအကျဉ်းဆိုပါတော့ ...ဇာတ်လမ်းအစမှာတော့ ... တော်လှပါချည်ဆိုတဲ့ ဂျက်ဇ်တစ်ယောက် အသက်အန္တရာယ်ထိ စိုးရိမ်ရတဲ့ ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ အနိဌာရုံမြင်ကွင်းနဲ့ စတင်ထားပါတယ် ... ခရစ်ယာန်ဘာသာကို ကိုးကွယ်သူပီပီ သူ့နှုတ်ဖျားကလည်း ဒီလို အန္တရာယ်ကွင်းထဲမှာ ဘုရားကိုလည်း နှလုံးသွင်းလို့ နေပြန်ပါတယ် ...ဒီတော့ ...
7.5
TMDb: 7.5/10 13 votes
tv

Reasonable Doubt (2022) Season 1 စ-ဆုံး

2022
The Woman in the House Across the Street from the Girl in the Window (2022) 7.5
The Woman in the House Across the Street from the Girl in the Window (2022) The Woman in the Window ပြတင်းပေါက်ဘေးကမိန်းကလေး ဆိုတဲ့ ရုပ်ရှင်နဲ့စာအုပ်ကို ကြားဖူး ကြည့်ဖူးကြမှာပါ။ ဒီစီးရီးရဲ့ နာမည်ကတော့တွေ့တဲ့အတိုင်းပါပဲ။ the woman in the house across the street from the girl in the window ပြတင်းပေါက်ဘေးကမိန်းကလေးရဲ့အိမ်ရှေ့ အိမ်ထဲက မိန်းကလေးပါတဲ့။ Dark Comedy Mystery အမျိုးအစားမို့ ရယ်ရမလို ငိုရမလို ပဟေဠိတွေနဲ့ စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။ အဓိက ဇာတ်ကောင်ကတော့ အန်နာပါ။ သူ့သမီးလေးသေသွားတာ ၃ နှစ်ရှိပြီဖြစ်ပြီး ယောကျာ်းနဲ့လည်းကွဲနေတာမို့ တစ်ယောက်တည်း ရှက်ကီတွေထုရင်း ကြောင်နေပြီး စိတ်ရောဂါဆေးတွေကိုပါ အရက်နဲ့ရောချနေတော့ အတော်ကွဲနေတာပါ။ မူရင်းဇာတ်ကားထဲကအတိုင်းပဲ တစ်နေ့မှာတော့ သူ့အိမ်နီးချင်းအိမ်ထဲမှာ မိန်းကလေးတစ်ယောက်အသတ်ခံရတာကို တွေ့လိုက်ရတဲ့အခါ ထူးဆန်းတာတွေ တလွဲတွေ လှည့်ကွက်တွေ အများကြီးနဲ့ ...
7.5
TMDb: 7.5/10 11 votes
tv

The Woman in the House Across the Street from the Girl in the Window (2022)

2022
Almost Human(2013)Season1[Complete] 8.0
Almost Human(2013)Season1[Complete] Almost Human(2013)ဇာတ်လမ်းတွဲအညွှန်း****************************************IMDb.....8.0အပိုင်း( ၁ မှ ၁၃ )  [ စ/ဆုံး]ဒီဇာတ်လမ်းတွဲဟာ ၂၀၄၈ ခုနှစ်မှာ လူသားတွေ စက်ရုပ်တွေ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ ဆုတ်ယုတ်လာတဲ့ ယဥ်ကျေးမှုစနစ်တွေကြား မှ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကိုရိုက်ပြထားတာပါ..... နည်းပညာတွေတိုးတက်လာသလို ဒုစရိုက်သမားတွေကလည်း နှိမ်နှင်းရခက်လောက်အောင် လမ်းမပေါ်မှာ ပျံကျဲလို့.... ဒီလိုဒုစရိုက်မှုတွေကို နှိမ်နှင်းဖို့ အစိုးရဟာ စုံထောက်တွေနဲ့ စက်ရုပ်တွေနဲ့ တွဲဖက်ပြီး အမှုလိုက်စေပါတယ်.... ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်မင်းသားကြီးကတော့ The Boys စီးရီးထဲမှာပါတဲ့ Karl Urban ကြီးကိုစုံထောက်တစ်ယောက်အနေနဲ့တွေ့ရမှာပါ... ဒီဇာတ်လမ်းတွဲထဲမှာလည်း စည်းမျဥ်းတွေမလိုက်နာ သူလုပ်ချင်ရာလုပ်နေပေမယ့် တိုက်ခိုက်ရေးကောင်းမွန်ပြီး တော်လွန်းလို့ ရဲဌာနကနေလက်မလွှတ်နိုင်တဲ့ စုံထောက်ကြီးပါ....အီနေတာမျိုးမရှိသလို အပိုင်း(၁)ကနေကိုစပြီး ဗျင်းကြပါတယ်.... ဇာတ်ရှိန်ကလည်း ခပ်သွက်သွက်ဖြစ်ပြီး လုံး၀ကိုမပျင်းမရိ ရပါဘူး.. စိတ်၀◌င်စားစရာလည်းကောင်းသလို အက်ရှင်ခန်းတွေလည်း အမိုက်စားပါပဲ...လေဒီအလန်းတွေလည်းပါကြောင်း သတင်းကောင်းပါးပါရစေ....... သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲကောင်းမို့ ကိုးရီးယားစီးရီးအများစုပဲ တင်ဆက်ပေးဖြစ်နေလို့ အကောင်းဆုံးဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်... အပိုင်း (၁၃)ပိုင်းအပြီးထိထွက်ထားပါတယ်...၂ရက်တစ်ခါ (၂)ပိုင်းစီတင်ဆက်ပေးဖို့ စီစဥ်ထားပါတယ်...တစ်ပိုင်းလောက်တော့မြည်းစမ်းကြည့်စေချင်တယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN နှင့် Cynthia တို့ပဲဖြစ်ပါတယ်...(unicode)ဒီဇာတ္လမ္းတြဲဟာ ...
8.0
TMDb: 8.0/10 7800 votes
tv

Almost Human(2013)Season1[Complete]

2013