Channel Myanmar

Nam Gi-Ae

My Dearest (2023)S1+S2 [Complete]
My Dearest (2023)S1+S2 [Complete] My Dearest (2023)****************** ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီး NamKoong Minနဲ့ မကြာသေးခင်ကလွှင့်ထားတဲ့  The Good Bad Mother ထဲက မင်းသမီး Ahn Eun Jinတို့က အဓိက ပါဝင်ထားပါတယ်....ယူဂီချယ်ဆိုတဲ့ ကောင်မလေးက ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာပြီးလိုတရနေတဲ့ဘဝမှာနေနေရတာဆိုတော့ မာနကြီးပြီး အရာအားလုံးအပေါ်အထင်သေးအမြင်သေးဆက်ဆံတတ်လေ့ရှိတယ်...အရာအားလုံးက သူမ အတွက် ရေကန်အသင့်ကြာအသင့်နေရတဲ့ဘဝဆိုတော့အပူအပင်လည်းမရှိရှာဘူးပေါ့..တစ်နေ့မှာတော့ ရာသီဉတုကပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာတဲ့နောက် သူမ ဘဝအတွက်အလှည့်အပြောင်းတစ်ခုရှိလာပါတော့တယ်...အီဂျန်ဟွန်းဆိုတဲ့ အမျိုးသားကတော့ လျှို့ဝှက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီးဘာကိုမှ အလေးမထားသလို စမ်းချောင်းကစမ်းရေသံလေးနားထောင်ရမြက်ခင်းပြင်ပေါ်လမ်းလျှောက်ရ ရုံဖြင့် တခြားပိုင်ဆိုင်မှုတွေမရှိသော်ငြားဘဝကိုပြီးပြည့်စုံတယ်လို့ ထင်တဲ့သူတစ်ယောက်ပေါ့...သို့ပေမဲ့သူ့မှာလူသိမခံတဲ့လျှို့ဝှက်ချက်များစွာလည်းရှိတဲ့သူတစ်ဦးပါ...အဲဒီနောက် မမျှော်လင့်ဘဲ ယူဂီချယ်ဆိုတဲ့ ဂုဏ်ရှင်မလေးနဲ့ တွေ့တဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်ရအောင်နော်.....File Size –  1.2GB/500MBQuality –1080p, 720pDuration – 1h  (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / ...

My Dearest (2023)S1+S2 [Complete]

2023
Suspicious Partner (2017) 7.71
Suspicious Partner (2017) Suspicious Partner (2017)***************************အပိုင်း (၁ မှ ၂၀) အထိ (စ/ဆုံး) ဆွဲဆောင်မှုအားကောင်းပြီး အလုပ်မှာလည်း ထက်ထက်မြက်မြက်နဲ့ အဖေ့ခြေရာကိုတစ်ထေရာတည်းနင်းနိုင်တဲ့ အမှုစစ်နိုဂျီအု....ငယ်စဥ်အခါက တိုက်ကွမ်ဒိုခါးပတ်နက်ရခဲ့ပေမယ့် အဖေ့လို မတရားခံရတဲ့လူတွေကိုကူညီပေးချင်တဲ့စိတ်နဲ့ ရှေ့နေဖြစ်လာခဲ့တဲ့ အွန်ဘုံဟီး...တစ်ရက်မှာတော့ လူသတ်သမားက အွန်ဘုံဟီးကိုသတ်ဖို့လာခဲ့ရာကနေ လူမှားပြီးအွန်ဘုံဟီးရဲ့ချစ်သူကို သတ်မိသွားပါတယ်။အပြင်ကပြန်လာတဲ့ ဘုံဟီးတစ်ယောက် သူကိုယ်တိုင်တောင် မသိလိုက်တဲ့အချိန်မှာပဲသူ့ချစ်သူဟောင်းကိုသတ်တဲ့ တရားခံအဖြစ်စွဲချက်တင်ခံလိုက်ရပါတော့တယ်။အမှုစစ်နိုဂျီအုတစ်ယောက် ဘုံဟီးအတွက်နဲ့ ဝတ်ရုံချွတ်လိုက်ရပြီးရှေ့နေဖြစ်သွားတဲ့နောက် ကွင်းဆက်လူသတ်မှုကြီးက တစ်ကျော့ပြန်လာတဲ့အခါမှာတော့ဘုံဟီးနဲ့ဂျီအုတို့ တရားခံအစစ်ကိုဘယ်လိုရှာကြမလဲ....သူတို့ကြားထဲကအချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသောဟာသအလွဲလေးတွေကိုပါ ကြည့်ရှုရဦးမှာပါ။  Aired: May 10, 2017 - Jul 13, 2017 Aired On: Wednesday, Thursday Genres: Romance, Comedy, Law, Thriller Duration: 60 mins Episodes: 16 Original Network: TVN File Size: 720p(~500MB) , 1080p(1.4GB) Translated by Thinn Thinzar, Shoon, Win, Hnin ...
7.71
TMDb: 7.71/10 81 votes
tv

Suspicious Partner (2017)

2017
Call It Love(2023) 5
Call It Love(2023) Call It Love (2023) (အညွှန်း) ====================နာမည်နဲ့တင်ကို romantic ဆန်နေပြီဖြစ်တဲ့ Disney+ ရဲ့ “Call It Love” လေး ရပါပြီ။ဖခင်ဖြစ်သူသေဆုံးသွားပြီးတဲ့နောက် ဖခင်ရဲ့နောက်မိန်းမဖြစ်သူ နှင်ထုတ်ခြင်းကို ခံခဲ့ရပြီး အရာအားလုံး အလုယူခံခဲ့ရတဲ့ Shim Woo Joo ရဲ့ဘဝဟာ လုံးဝအားကိုးရာမဲ့သွားခဲ့တယ်။ ဒီလိုနဲ့မိထွေးဖြစ်သူကို ကလဲ့စားချေလိုတဲ့စိတ်နဲ့ သားဖြစ်သူ Han Dong Jin ကို ချဉ်းကပ်ရာကနေ မထင်မှတ်ထားတဲ့ “အချစ်” ဆိုတဲ့အရာ ဖြစ်ပေါ်လာတဲ့အခါ .. အငြှိုးတွေ အမုန်းတရားတွေကို အချစ်ကပဲ အနိုင်ယူသွားနိုင်မလားဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ဆွေးဆွေးလေးကြည့်ရှုရမှာပဲဖြစ်ပါတယ်။အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်ရက် ၂ ပိုင်းနှုန်းတင်ဆက်သွားမှာဖြစ်သလို Cast တွေအနေနဲ့ကလည်း visual ရော chemistry ရောအပြစ်ပြောစရာမရှိတဲ့ Kim Young Kwang နဲ့ Lee Sun Kyung တို့ဖြစ်တာမို့ လက်မလွှတ်တမ်းကြည့်သင့်တာတော့ အသေအချာပါပဲ။File Size – 420MBQuality – 1080p ...
5
TMDb: 5/10 1 votes
tv

Call It Love(2023)

2023
W: Two Worlds Apart (2016) 8.499
W: Two Worlds Apart (2016) W: Two Worlds Apart (2016)***************************(စ-ဆုံး)ဒီတစ်ခေါက်မှာတော့ Channel Myanmarပရိသတ်ကြီးအတွက် 2016တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ W Two Worlds ဇာတ်လမ်းတွဲကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့…နှလုံးခွဲစိတ်ဆရာဝန်မလေး အိုယွန်းဂျူဟာဖခင်ဖြစ်သူ အိုဆောင်းမူဖန်တီးတဲ့ Wဆိုတဲ့ဝဘ်တွန်းကို အသည်းစွဲကြိုက်သူပါ'W'ဝဘ်တွန်းထဲမှာ သူမ အကြိုက်ဆုံးဇာတ်ကောင်ကတော့ ဇာတ်လိုက်ကျော် ဂန်ချောကိုပေါ့ တစ်နေ့မှာတော့ အိုယွန်းဂျူတစ်ယောက် ဖခင်နေအိမ်ကိုသွားရင်းအမှတ်မထင် အခြားကမ္ဘာတစ်ခုထဲ အဆွဲသွင်းခံလိုက်ရပြီးသွေးအိုင်ထဲမှာ လဲနေတဲ့ လူတစ်ယောက်ကယ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲဒီလူက သူ့အဖေဖန်တီးထားတဲ့ 'W'ဝဘ်တွန်းထဲကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဇာတ်လိုက်ကျော် ဂန်ချောမှန်းအိုယွန်းဂျူသိသွားတဲ့အချိန်မှာတော့… ထွေထူးပြီး ညွှန်းစရာမလိုတဲ့ ကမ္ဘာနှစ်ဖက်က အချစ်ဇာတ်လမ်းကောင်းလေးဖြစ်လို့ဆက်လက်ခံစားကြည့်ရှုကြပါဦး......( အညွှန်းကို Khine Khine Wai မှ ရေးသားထားပါသည်) Episodes: 16File Size:1.2GB, 502MBQuality :Web-DL 1080p,720PGenres: Drama, Sci-Fi & Fantasy, Comedy,RomanceTranslated by  Khine Khine Wai, Hnin Wut Yi,Hnin Wai Oo  & WinEncoded ...
8.499
TMDb: 8.499/10 763 votes
tv

W: Two Worlds Apart (2016)

2016
Another Miss Oh(2016) 8.2
Another Miss Oh(2016) Another Miss Oh(2016) ဇာတ်လမ်းတွဲ**********************************အပိုင်း ( ၁ မှ ၁၈) ထိ စ/ဆုံးWHY HER (2022) ဇာတ်လမ်းတွဲထဲက မမ အိုဆူဂျယ်ရဲ့ဇာတ်လမ်းတွဲကောင်းဖြစ်တဲ့ ဒီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်လမ်းတွဲဟာ သူမရဲ့အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်လို့အားပေးတဲ့သူလည်း များပြားလှပါတယ်...ဒါ့ကြောင့် CM ကနေ ရုပ်ထွက်အကောင်းဆုံး 1080Pလေးနဲ့တင်ဆက်ပေးလိုက်တာမို့ မိုးအေးအေးလေးနဲ့ခံစားချင်သူများအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်...ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမက မင်္ဂါလာဆောင်ခါနီး တစ်ရက်အလိုမှာတင်သတို့သားနဲ့ သတို့သားနဲ့ ခွာပြဲခဲ့တာကြောင့် မိသားစုအသိုင်းအဝန်းကြားမျက်နှာပျက်ခဲ့ရပါတယ်...ဒါ့အပြင် အလုပ်မှာလည်းအဆင်မပြေမှုများစွာနဲ့ဖြတ်သန်းနေရတဲ့ကောင်မလေးပေါ့...ဒီလိုကံကြမ္မာဆိုးဟာ တကယ်တော့ ယောင်္ကျားလေးတစ်ယောက်ကြောင့်ဖြစ်ရတယ်ဆိုလည်းမမှားပါဘူး...ဒီလိုယောင်္ကျားနဲ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းတွဲဟာ ရယ်ရတဲ့အခိုက်အတန့်တွေလည်းရှိသလိုသနားရ ဝမ်းနည်းရ ကြည်နူးရနဲ့မို့ ရသစုံလင်တဲ့ဇာတ်လမ်းတွဲလေးလို့လည်းဆိုနိုင်ပါတယ်...မင်းသား,မင်းသမီးတွေကလည်းနာမည်ကြီးတွေမို့ ခံစားကြည့်ကြပါဦး..Episodes: 18Aired: Jun 10, 2022 - Jul 23, 2022File Size: 1.4GB & 500MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Estel,So Ri,Thynn ...
8.2
TMDb: 8.2/10 152 votes
tv

Another Miss Oh(2016)

2016
Now, We Are Breaking Up(2021) 8
Now, We Are Breaking Up(2021) Now, We Are Breaking Up(2021) ဇာတ်လမ်းတွဲအညွှန်း***********************************************အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ ရဲ့ ဒီဇိုင်းအဖွဲ့မှူး ဟာယောင်းအွန်းဟာဖက်ရှင်လောကမှ နေရာ တစ်နေရာ ရထားသူ တစ်ဦး။အလုပ်မှာဆိုရင် ထက်မြက်တယ် ၊ခေတ်ရေစီးကြောင်းကို နားလည်တယ် ၊အလုပ်ဆို ကြိုးကြိုးစားစား လုပ်တတ်တယ်ဆိုပေမဲ့ အချစ်ရေးမှာတော့ သူမဟာတမူကွဲပြားနေပြန်တယ်။ လက်တွေ့ဆန်ဆန် အမှန်အမှား တွက်ချက်နေတတ်ပြီးသွေးအေးအေးနဲ့ တည်ငြိမ်မှုကို ဦးစားပေးကာ ရပ်တည်နေသူတစ်ဦးဖြစ်တယ်။အလုပ်မှာရော အချစ်ရေးမှာရော သွေးအေးတယ် ထင်ချင်ထင် တုပ်တုပ်မလှုပ်ပေမဲ့ ယွန်းဂျယ်ဂုဆိုတဲ့ နာမည်ကျော်ဖက်ရှင်ဓာတ်ပုံဆရာလေးနဲ့ တွေ့ဆုံခဲ့ရာမှာတော့ အပြောင်းအလဲလေးဖြစ်လာခဲ့တယ်။ ပြီးပြည့်စုံမှုရဲ့ပြယုဒ် ဂျယ်ဂုဟာ စည်းစိမ်, ရုပ်ရည်ချောမောမှု,ထက်မြက်မှု တွေကိုပိုင်ဆိုင်ထားသူ တစ်ဦး ။ဒါပေမဲ့ ဒါတွေက ‌ယောင်းအွန်းကို ဆွဲဆောင်နိုင်တာမျိုးတော့ မဟုတ်ပါဘူး ...ဒါပေမဲ့ ပုံပြင်တိုင်းဟာ ပျော်ရွှင်စရာ ဇာတ်သိမ်းတော့ မရှိနိုင်ဘူးလေ...ဒါကြောင့်မို့ ယောင်အွန်းနဲ့ ဂျယ်ဂု တို့ရဲ့ ဇာတ်လမ်းလေးဟာကြည့်ရှုသူတွေရဲ့ နှလုံးသားကို ...
8
TMDb: 8/10 2 votes
tv

Now, We Are Breaking Up(2021)

2021
Chimera 8
Chimera Chimera 2021Chimeraဆိုတာ ခြင်္သေ့ခေါင်း ဆိတ်ကိုယ်လုံး မြွေအမြီးနဲ့ ပါးစပ်ကမီးမှုတ်ထုတ်နိုင်တဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ကို ခေါ်သတဲ့ အဲ့အကောင်နဲ့ ဒီဇာတ်လမ်းဘယ်လိုဆက်စပ်နေသလဲဆိုတော့ကား 1984ခုနှစ်မှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမတော်တဆမှုတစ်ခု... ထူးဆန်းစွာပဲ နောက် ၃၅နှစ်အကြာမှာ အဲ့လိုတပုံစံတည်းပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး လူသတ်သမားချန်ထားတဲ့ Chimera သင်္ကေတကြောင့် Chimera ကွင်းဆက်လူသတ်မှုရယ်လို့ အမည်တွင်ခဲ့ပါလေရော အဲ့ဒီလို နှစ်ချီကြာ ကွင်းဆက်အမှုကြီးမှာ လူသတ်အကြမ်းဖက် ရာဇဝတ်မှုစုံထောက် ချားဂျယ်ဟွမ်... ရာဇဝတ်မှုပရိုဖိုင်လာလုပ်နေတဲ့ ယူဂျင်းနဲ့... ခွဲစိတ်ဆရာဝန် ဂျွန်ယော့တို့ ပါဝင်ပတ်သက်လာပြီး အမှုနှစ်ခုကြားက လျှို့ဝှက်ချက်အမှန်တရားတွေကို ဖော်ထုတ်ကြတဲ့အခါမှာတော့... ကဲ...ကွင်းဆက်လူသတ်မှုနဲ့ မှုခင်း အရှုပ်တော်ပုံတွေကြား ရင်တမမ ခေါင်းတခဲခဲကြည့်ရတာကိုမှ အားရကျေနပ်တဲ့သူများအနေနဲ့ OCNရဲ့ အသစ်စက်စက် ဒီစုံထောက်ရဲဇာတ်လမ်းတွဲသစ်မှာ ကြည့်ရှုခံစားလို့ရပါပြီ Main roleက သရုပ်ဆောင်ထားကြတဲ့ အာဂျူရှီးကလည်း ခုတလော ထိန်းမရအောင် ခေတ်စားနေတဲ့ Squid Game ထဲက No 218 ဂျိုဆန်းဝူးနဲ့ Blue seaမှာ ဟောဂျွန်းဂျယ်တို့စကွက်ထဲက အာဂျူးရှီးတို့ပဲ ဖြစ်ပါတယ် Translated by : Deer~Myo Myo Htet ~ Lai Laii ~ Elrond Encoded by : ...
8
TMDb: 8/10 1 votes
tv

Chimera

2021
Flower of Evil(2020)
Flower of Evil(2020) Flower of Evil(2020)ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း(၁ မှ ၁၆) အထိစဆုံးဘဲ့ဟီဆန်းဆိုတဲ့သူဟာ မိသားစုကို ချစ်မြတ်နိုးတဲ့အပြင်ရှေ့ရေးမပူပန်ဘဲ ကောင်းကောင်းမွန်မွန်နေနိုင်ဖို့ အမြဲအလုပ်ကြိုစားတဲ့သူတစ်ယောက်...ဒါ့ကြောင့်သူ့အလုပ်ရုံလေးကလည်းအတော်အသင့်အောင်မြင်တယ်လို့ပြောလို့ရတယ်...ဇနီးဖြစ်သူ စုံထောက် ချာဂျီဝန်းအတွက် ကျေနပ်စရာကောင်းတဲ့မိသားစုလေးပေါ့...အဲ့ဒီနောက်တော့ ချာဂျီဝန်းအမြဲခေါင်းကိုက်ရတော့မယ်ကိစ္စတစ်ခုပေါ်လာတယ်...အဲ့ဒါက စိတ္တဇလူသတ်သမားတစ်ယောက်ကြောင့် ဖြစ်ပေါ်လာတဲ့ ထိတ်လန့်ဖွယ်အမှုတွေကြောင့်ပါပဲ...ဒီအမှုကိုဖော်ဖို့ကြိုးစားတဲ့အချိန်ကစလို့ မထင်မှတ်တဲ့အကြောင်းအရာတွေဆက်တိုက်ဖြစ်လာပါတော့တယ်..သဲထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလည်းဖြစ်ရမယ်..မင်းသားလည်းချောရမယ်..မင်းသမီးလည်းလှနေရမယ်ဆိုတာမျိုးမှကြိုက်တဲ့သူတွေအတွက်လက်လွှတ်မခံသင့်ပါကြောင်း....ကိုင်းဘာတွေဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...Quality – HDTV  720pDuration – 70Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Translated by Lwin Lwin Aung,Shoon Thu Thu Chain,& Hnin PaleEncoder – Phyo Pyae  Episode 1(450MB)  UsersDrive /Yoteshindrive/ Upstream /   Mega.nz/ Yandex/MegaUp    Episode 2(450MB)  UsersDrive /Yoteshindrive/ Upstream /   Mega.nz/ Yandex/MegaUp    Episode 3(450MB)  UsersDrive / Upstream /   Mega.nz/ Yandex/MegaUp     Episode 4(450MB)  UsersDrive / Upstream ...

Flower of Evil(2020)

2020
Catch The Ghost (2019) 8
Catch The Ghost (2019) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Catch The Ghost ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားလေးကို tvN ရုပ်သံလိုင်းကနေ အပတ်စဥ် တနင်္လာ အင်္ဂါ ၂ ရက် ကိုရီးယား စံတော်ချိန် 21:30 မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အပိုင်း ၁၆ ပိုင်း ပါ၀င်မှာဖြစ်ပါတယ် ယူယောင်းဟာ ခေါင်းမာတဲ့ ရဲမေလေး တစ်ယောက်ဖြစ်ပါတယ် သူ့မှာ Autism ဖြစ်နေတဲ့ အမွှာညီမတစ်ယောက်ရှိပြီး ညီမဖြစ်သူဟာ မြေအောက်ရထား ဘူတာမှာ ပျောက်ဆုံးသွားခဲ့ပါတယ် ညီမပျောက်ဆုံးမှုကို မြေအောက်ရထား ကွင်းဆက်လူသတ်သမားရဲ့ လက်ချက်လို့ သူမကယူဆထားပေမယ့် အလောင်းမတွေ့ရတာကြောင့် ရဲတွေက မစုံစမ်းပေးခဲ့ပါဘူး ဒါကြောင့် သူမကိုယ်တိုင်စုံစမ်းဖို့ မြေအောက်ရထားရဲဌာနကို ၀င်ခဲ့ပါတယ် ဂိုဂျီဆော့ဟာ မြေအောက်ရထားရဲဌာန ၀မ်ဆူရီဘူတာရဲ့ ရဲမှူးတစ်ယောက်ဖြစ်ပြီး ပြဿနာကြီးလာမယ့်ကိစ္စတွေကိုတော့ အမြဲလက်ရှောင်ပြီး အေးဆေးနေဖို့ကြိုးစားသူပါ ဒါပေမယ့် ယူယောင်းရောက်လာပြီးနောက်ပိုင်းမှာ တရားမျှတမှုကို လိုချင်လွန်းတဲ့ ယူယောင်း​ရဲ့ စည်းဘောင်အပြင်ကျော်ပြီး လုပ်လိုက်တဲ့ ပြသနာတွေကိုပဲ အမြဲလိုက် ရှင်းရပါတော့တယ် ဂျီဆော့နဲ့ယူယောင်း တို့ ကွင်းဆက်လူသတ်မှုနဲ့ အခြားသော မြေအောက်ရထားဘူတာက အမှူတွေကို ဘယ်လိုဖြေရှင်းမလဲ ယူယောင်းရဲ့အမွှာပျောက်ဆုံးမှုကရော တကယ်ပဲ ကွင်းဆက်လူသတ်သမားနဲ့ ပက်သက်နေလားဆိုတာကို ဒီဇာတ်ကားလေးမှာ ...
8
TMDb: 8/10 1 votes
tv

Catch The Ghost (2019)

2019