Channel Myanmar

Nam Joo-hyuk

Vigilante(2023)S1[Complete] 10
Vigilante(2023)S1[Complete] Vigilante(2023)**************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး[ 4K Quality ထိတင်ဆက်ထားပါပြီ။] ဒီဇာတ်ကားလေးက နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Nam Joo Hyuk စစ်မှုမထမ်းခင်နောက်ဆုံး ရိုက်သွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား ၊မင်းသမီးတွေနဲ့တင် မထွက်ခင်ကတည်းက ဒရာမာ ပရိတ်သတ်တွေ ကြားထဲမှာ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကားလေးပါ။Nam Joo Hyuk ကိုလည်း လုံးဝ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်.ဂင်ဂျီယုံး ငယ်စဉ်က သူ့အမေ့ကို လူမိုက်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ လမ်းပေါ်မှာရက်ရက်စက်စက် သတ်ပစ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတစ်ယောက်လုံးအသတ်ခံလိုက်ရတာတောင် တရားခံက တရားဥပဒေအရ ထောင်ဒဏ် ၃နှစ်ပဲ အချခံခဲ့ရပါတယ်။ဂျီယုံး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေကို သတ်သွားတဲ့ ...
10
TMDb: 10/10 2 votes
tv

Vigilante(2023)S1[Complete]

2023
Cheese in the Trap (2016) 7.245
Cheese in the Trap (2016) Cheese in the Trap (2016)*************************အပိုင်း (၁ မှ ၁၆) အထိ  (စ/ဆုံး) Park Hae Jin, Kim Go Eun, Seo Kang Joon, Lee Sung Kyung, Nam Joo Hyukတို့လိုထိပ်ထိပ်ကြဲတွေ ပါဝင်ထားကြတဲ့ Campus Romance ဇာတ်လမ်းတွဲကောင်းလေးကိုပြန်လည်တင်ဆက်‌ပေးလိုက်ပါတယ်နော်။Hong Seolဆိုတဲ့ ကောင်မလေးဟာ အလုပ်လုပ်ရင်း စကော်လာရဖို့အတွက် စာကြိုးစားပြီးဘာကိုမှစိတ်မဝင်စားတဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။အဲလို အလုပ်တစ်ဖက်နဲ့ စာတစ်ဖက်နဲ့ မအားလပ်တဲ့ သူ့ဘဝထဲကို အေးစက်ပြီး ထူးဆန်းတဲ့စီနီယာYoo Jungဝင်လာတဲ့အခါမှာတော့ သူ့ကျောင်းသားဘဝဟာ ကမောက်ကမတွေဖြစ်လာပါတော့တယ်။ဒီကြားထဲ ဂျစ်ကန်ကန်ကောင်ချောလေး Baek In Hoပါ ပါလာတဲ့ အခါမှာတော့...ဒီကားလေးဟာ လူငယ်တွေကြား ချစ်သူတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆလေးတွေအခက်အခဲလေးတွေအပြင် သရုပ်ဆောင်တစ်ယောက်ချင်းစီကလည်း ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားကြမလို့ ထွက်တာကြာတာတောင် အခုထိ ကြည့်ရှုသူတွေ ခဏခဏပြန်ကြည့်ရလောက်အောင်ကို ...
7.245
TMDb: 7.245/10 55 votes
tv

Cheese in the Trap (2016)

2016
The Light in Your Eyes(2019) 8.1
The Light in Your Eyes(2019) The Light in Your Eyes(2019)========================Lee Joon Ha (Nam Joo Hyuk) က သတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေသူတစ်ယောက်ပါKim Hye Ja (Han Ji Min)ကတော့ သတင်းကြေငြာသူဖြစ်ဖို့ ကြိုးစားနေသူပါHye Ja ဟာ ငယ်ငယ်က ..အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ဖြစ်နေတဲ့အရာတွေကို ပြန်ပြင်နိုင်စွမ်းရှိတဲ့နာရီလေးတစ်လုံးကို အမှတ်မထင် ကောက်တွေ့ခဲ့ရဖူးတယ် ..အဲ့နာရီကို သုံးတဲ့ဆိုးကျိုးကတော့ တစ်ခါသုံးတိုင်း သူမဟာ အသက်တဖြည်းဖြည်းပိုကြီးလာတာပါပဲ အသက် 25 နှစ်အရွယ် သူမကတစ်နေ့မှာတော့ အဖေဖြစ်သူရဲ့ ကားမတော်တဆမှုကို ကယ်တင်နိုင်ဖို့နာရီကို အကြိမ်ပေါင်းများစွာလှည့်ခဲ့မိပြီး သူမကိုယ်တိုင်အသက် 70 အဘွားအရွယ်ကို ရောက်သွားတဲ့အခါ ......ဒီဇာတ်လမ်းလေးက အချိန်အားလုံးကို ဆုံးရှုံးခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးနဲ့တောက်ပတဲ့အချိန်တွေ စွန့်လွှတ်ခဲ့ပြီး မျှော်လင့်ချက်မဲ့စွာနေခဲ့ရတဲ့အမျိုးသားတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်ဘဝဇာတ်ကြောင်းကို ဆွေးဆွေးအေးအေးလေးနဲ့ ကြည့်ရတဲ့melodrama လေးဖြစ်သလို တစ်ခါတစ်လေ အလွဲအချော်လေးတွေနဲ့ရယ်နေရတဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

The Light in Your Eyes(2019)

2019
Twenty Five Twenty One (2022)
Twenty Five Twenty One (2022) Twenty Five Twenty One (2022)ဒီဇာတ်လမ်းကတော့ ၁၉၉၈ ခုနှစ်မှာ ကိုရီးယားလူငယ်တွေရဲ့အိပ်မက်တွေ ပျက်စီးခဲ့ရပြီး လမ်းသစ်ဖောက်ရှာဖွေခဲ့ရတဲ့အချိန်ကို တည်ပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် နဲ့ ၁၈ နှစ် မှာ စတွေ့ခဲ့ကြတဲ့ လူနှစ်ယောက်က နောက်ထပ် ၃ နှစ်အကြာ ၂၅ နှစ် နဲ့ ၂၁ နှစ်မှာ ပြန်တွေ့ပြီး အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်ခဲ့ကြတာပါ။နာဟီးဒို ကတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ် ဆိုက်ချိန်မှာတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ကို ဖျက်သိမ်းခဲ့ရပါတော့တယ်။ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီးချိန်မှာတော့ သူက နိုင်ငံတော်အဆင့် ဓားသိုင်းအားကစားအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ်ကြောင့် ဘဲ့အီဂျင်အဖေက စီးပွားပျက်ပြီး ဒေဝါလီခံခဲ့ရပါတယ်။ အဲဒါကြောင့် ဘဲ့အီဂျင်အတွက် ဘဝစိန်ခေါ်မှုတွေ ကြုံခဲ့ရပြီး သူဌေးသားဘဝကနေ တမုဟုတ်ချင်း ကုန်းကောက်စရာ မရှိတဲ့ ဆင်းရဲသား ဖြစ်ခဲ့ရပါတယ်။ သတင်းစာပို့တဲ့ အချိန်ပိုင်းအလုပ်လိုမျိုး လုပ်ရင်းနဲ့ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့အားကစားသတင်းထောက် ဖြစ်လာပါတော့တယ်။ခက်ခဲတဲ့ဘဝတွေကြားက ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မို့ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာကတော့ ...

Twenty Five Twenty One (2022)

2022
Who Are You: School (2015) 8.1
Who Are You: School (2015)  [Unicode]Who Are You: School 2015ထုံးယောင်းမြို့ အချစ်အိမ်မိဘမဲ့ဂေဟာမှာ တခြားကလေးတွေကို အစ်မကြီးသဖွယ်စောင့်ရှောက်ပေးရင်း နေထိုင်ရသူဖြစ်ပြီး‌ ကျောင်းတွင်းအကြမ်းဖက်မှုခံနေရတဲ့ လီအွန်းဘီ နဲ့ဆိုးလ်မြို့မှာ နေထိုင်ပြီး ကျောင်းစာမှာ ထူးချွန်တဲ့အပြင် မဟုတ်မခံစိတ်ရှိသူ ၊ မွေးစားအမေရဲ့ ဂရုစိုက်မှုတွေကြား ကြီးပြင်းလာရတဲ့ ဂိုအွန်ဗြောတို့ဟာ အမြွှာညီအစ်မတွေဆိုပေမဲ့ မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြရတဲ့သူတွေပါ။တစ်နေ့တော့ လီအွန်းဘီဟာ ဘဝကို စိတ်ကုန်ပြီး သေကြောင်းကြံစည်ချိန် အစ်မဖြစ်သူဂိုအွန်းဗြောက အချိန်မီကယ်တင်ပေးပြီး သေကြောင်းကြံစည်မှုကြောင့် အတိတ်မေ့သွားတဲ့ ညီမဖြစ်သူကို ဂိုအွန်းဗြောဆိုတဲ့ ကောင်းမွန်တဲ့ ဘဝမှာ အစားထိုး ရှင်သန်နေထိုင်စေခဲ့ပါတယ်။အနိုင်ကျင့်ခံ လီအွန်းဘီဟာ ဂိုအွန်းဗြောဖြစ်လာပြီး ဆိုးလ်ကိုရောက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ အပြင် ဆယ်ကျော်သက်အရွယ် မိဘနဲ့ သားသမီးကြား ဖြစ်တတ်တဲ့ စိတ်အခန့်မသင့်စရာအဖြစ်အပျက်တွေ၊ မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့စေတနာအမှားတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းတဲ့ အမူအကျင့်တွေအပြင် မဖြစ်သင့်တဲ့လွှဲမှားနေတဲ့ဆက်ဆံရေးတွေကိုပါ မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားပြီးဘာသာပြန်သူကတော့ Htet Nandar Aung ဖြစ်ပါတယ် )  [Zawgyi]Who Are You: ...
8.1
TMDb: 8.1/10 15 votes
tv

Who Are You: School (2015)

2015
Start-Up(2020)[စ/ဆုံး]
Start-Up(2020)[စ/ဆုံး] Start-Up(2020)အညွှန်း*********************အပိုင်း(၁ မှ ၁၆) စ/ဆုံးSeo Dal Miဆိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ကောင်မလေးတစ်ယောက်ဟာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို့ အိပ်မက်မက်နေတဲ့သူပါ။လိုအပ်တဲ့ရင်းနှီးမြှုပ်နှံငွေရဖို့ ကျောင်းကနေထွက်ခဲ့ပြီး အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ကာအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။သူမရဲ့အကြီးမားဆုံးအိပ်မက်ကတော့ ကိုရီးယားရဲ့စတိဗ်ဂျော့အဖြစ်နဲ့ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်သူပါ။ Nam Do Sanကတော့ အတွက်အချက်တော်တဲ့ သင်္ချာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီးSamsan Techရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ သူ့ရဲ့ကုမ္ပဏီဟာအကျဥ်းအကြပ်ထဲကျရောက်နေပြီး စီးပွားရေးအခက်အခဲကြုံတွေ့နေရပါတယ်။ ဒီလိုရည်မှန်းချက်ကြီးမားတဲ့လူငယ်လေးနှစ်ယောက်ဟာ  ဘယ်လိုတွေဆုံကြမလဲ...သူတို့အခက်အခဲတွေကို ဖြေရှင်းနိုင်ကြပါ့မလား.. တစ်ယောက်နဲ့တစ်ယောက်ရော အပြန်အလှန်ကူညီနိုင်ကြပါ့မလား...ခံစားကြည့်ကြပါဉီး.....ဇာတ်လမ်းအညွှန်းကို Ei Phyu Khin မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale တို့ပဲဖြစ်ပါတယ်....Quality – WEB-DL  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Comedy, DramaTranslated by Lwin Lwin Aung,Shoon Thu ...

Start-Up(2020)[စ/ဆုံး]

2020
The School Nurse Files(2020)
The School Nurse Files(2020) The School Nurse Files(2020)ဇာတ်လမ်းတွဲအညွှန်း********************************************(စ/ဆုံး)ကျောင်းတစ်ကျောင်းမှာ  အလုပ်လုပ်နေတဲ့ School Nurse ဆရာမလေးတစ်ယောက်ရှိတယ်.... သူ့မှာ ထူးခြားတဲ့စွမး်ရည်တစ်ခုပိုင်ဆိုင်ထားတယ်.... အဲ့ဒါက Jelly ပုံစံ Monster တွေကို မြင်နိုင်တဲ့စွမး်ရည်ပါ.... ဒီလိုသဘာဝလွန်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့ ဆရာမလေးဟာ Monsterတွေကို နှိမ်နင်းနိုင်မယ့် လက်နက်တစ်ခုလည်းပိုင်ဆိုင်ထားတယ်.... အန္တရယ်ရှိနေနိုင်တယ်လို့ယူဆရတဲ့ ဒီMonster တွေဟာ ကျောင်းရဲ့ပတ်ဝန်းကျင်မှာ နေရာအနှံပါပဲ.... ဆရာမလေးအတွကတော့ တကယ့်ကိုအကြတ်ရိုက်တဲ့ကာလတစ်ခုပေါ့... သူများတွေမမြင်နိုင်တဲ့အရာတွေကို မြင်နေပြီးအပြုအမူတွေဟာလည်း ထူးဆန်းနေတော့ တခြားသူတွေအမြင်မှာ ခပ်ကြောင်ကြောင်ဆရာမပေါ့... ဒီလိုနဲ့သူမရဲ့အမြင်တွေကို လက်ခံပေးဖို့အခြေအနေဖန်လာတဲ့ ခပ်ချောချော တရုတ်စာသင်ဆရာတစ်ယောက်လည်းပေါ်လာတဲ့... အဲ့ဒီနောက်မှာတော့ ကျောင်းမှာ ထူးခြားတဲ့  အမှောင်ပယောဂမျိုးစုံပေါ်လာတဲ့အခါမှာတော့ ဆရာနဲ့ ဆရာမလေးတို့ ဘယ်လိုပူးပေါင်းပြီးဖြေရှင်းကြမလဲဆိုတာကိုတော့.... ခံစားကြည့်ကြပါဉီး...ရယ်လည်းရယ်ရသလို ရင်လည်းဖိုရ ရင်လည်းခုန်ရမို့ ကွီးယားချစ်ပရိတ်သတ်တွေအတွက် နောက်ထပ်လက်မလွှတ်သင့်တဲ့စီးရီးလေးဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ....Quality –WEB-DL 720 p Duration – 50min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime , Drama, Comedy, MysteryTranslator – Hnin Pale,Shoon Thu Thu Chain ,Ei Phyu Khin &Lwin Lwin ...

The School Nurse Files(2020)

2020
Weightlifting Fairy Kim Bok-Joo (2016-2017) 9.1
Weightlifting Fairy Kim Bok-Joo (2016-2017) Korea Series အဟောင်းလေးတွေကိုပြန်လိုက်ရှာရင်းနဲ့ကြိုက်မိတဲ့ ကားလေးတစ်ကားတွေမိလိုက်တာနဲ့ကိုယ်ကိုယ်တိုင်လည်းကြည့်ချင်တယ်...ကျွန်တော်တို့ပရိတ်သတ်ဖန်တွေအကုန်လုံးကိုပါကြည့်စေချင်တာနဲ့အကောင်းဆုံးဘာသာပြန်ပြီး သိမ်းထားချင်တဲ့လူများအတွက်အကြည်လင်ဆုံးရုပ်ထွက်နဲ့ ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..အားလုံးကတော့ ဒီစီးရီးလေးကိုကြည့်ပြီးသားဆိုပေမယ့်တော်တော်လည်းကြိုက်နှစ်သက်ခဲ့ကြမှာပါ..ဒီတခါမှာတော့ CM ရဲ့ Quality တွေနဲ့ပြန်ကြည့်ရမှာပါ....ဒီစီးရီးလေးကတော့ ဘာမှထူးထူးခြားခြားတွေမပါပဲနဲ့အလေးမသမားလေး ကင်ဘိုဂျူ ရဲ့အကြောင်းလေးပါ...တောင်ကိုရီးယားနိုင်ငံရဲ့ ကြယ်ပွင့်တွေဖြစ်ကြတဲ့Lee Sung Kyung နဲ့ Nam Joo Hyuk တို့ဦးဆောင်ပါဝင်ထားပါတယ်...IMDB rating အနေနဲ့ 8.4 ရရှိထားပြီးတော့ Comedy Romance အမျိုးစားဖြစ်ပါတယ်...ဒီစီးရီးလေးကိုကြည့်ပြီးတော့ ကျောင်းသားတွေရဲ့အဆောင်နေဘဝနဲ့လူငယ်တွေရဲ့လွတ်လွတ်လပ်လပ်စရိုက်တွေကို ခံစားမိကြမှာပါ.... Translator .... Hnin Kyi Thar OoEncoder .... Moe Myint Lwin  Complete ZIP File   VIP / Megaup /  Yoteshin  
9.1
TMDb: 9.1/10 19 votes
tv

Weightlifting Fairy Kim Bok-Joo (2016-2017)

2016