Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
Oh Jung-se
10
Revenant(2023)
Revenant(2023)***************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံးအစိုးရအရာရှိဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဂူဆန်းယောင်းဟာ နေ့ဘက်ဆိုအချိန်ပိုင်းအလုပ်လုပ်ပြီးညဘက်ဆိုစာလေ့လာရင်းအလုပ်ရှုပ်နေတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။တစ်ဖက်ကမ္ဘာမှာတော့ ဂူဆန်းယောင်းကို ပူးကပ်နေတဲ့ နတ်ဆိုးတစ်ပါးရှိပြီး တစ်နေ့မှာတော့ ဂူဆန်းယောင်းရဲ့ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့အချိန်ကစပြီးဂူဆန်းယောင်းဟာတဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်ဆိုတာကို သူကိုယ်တိုင် သတိပြုမိလာပါတော့တယ်။ယောမ်ဟယ်ဆန်းကတော့ တက္ကသိုလ်မှာ ကိုရီးယားရိုးရာပုံပြင်တွေကိုသင်ကြားပို့ချတဲ့ဆရာတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းကမကောင်းဆိုးဝါးတွေကို မြင်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။အီဟုန်းဆယ်ကတော့ အကြမ်းဖက်ပြစ်မှုစုံစမ်းရေးအဖွဲ့က လက်ထောက်အဖွဲ့ဝင်ဖြစ်ပြီးရဲဌာနမှာ အလုပ်ဝင်နိုင်ဖို့အတွက် ကြိုးပမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ယောမ်ဟယ်ဆန်းဟာ ဂူဆန်းယောင်းတို့ဆုံတွေပြီးနောက်မှာတော့မိခင်ဖြစ်သူရဲ့အသက်ကိုနုတ်ယူသွားတဲ့နတ်ဆိုးကိုရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။အီဟုန်းဆယ်ကလည်း သူတို့နှစ်ယောက်ကြောင့် ထူးဆန်းတဲ့ပြစ်မှုတွေထဲမှာပါဝင်ပတ်သတ်ဖို့ဖြစ်လာတဲ့အခါမှာတော့.....Aired: Jun 23, 2023 -Jul 29, 2023 Aired On: Friday, Saturday Genres: Thriller, Mystery, Supernatural Duration: 70 mins Episodes: 12 Original Network: SBS File Size: 720p(~350MB) , 1080p(880MB) Translated by Hay Thar Oo, ,Tiff, Estel , Treasure Htet & Thinn ...
10
TMDb:
10/10
1 votes
tv
Revenant(2023)
2023
7.5
Vampire Detective (2016)
Vampire Detective (2016)************************( စ - ဆုံး )မှုခင်းစုံထောက်ဆို OCN မှဆိုတဲ့ ကေဒရာမာဖန်တွေအတွက်ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့Lee Joon , Oh Jung Se, Lee SeYoung တိုရဲ့ Vampire Detective ဆိုတဲ့သည်းထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Yoon San ဆိုတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ဟာတာဝန်ထမ်းဆောင်နေစဉ်မှာ မထင်မှတ်ထားဘဲ vampire တစ်ကောင်အဖြစ် ပြောင်းလဲသွားပါတယ် ။ဒီလိုပြောင်းလဲသွားပေမယ့် သူ့ရဲ့အရည်အချင်းတွေက ပျောက်ကွယ်မသွားဘဲအမှုသည်တွေအတွက် ပိုလိုတောင် ဖြေရှင်းပေးနိုင်တာတွေများလာပါတယ်။အမှုတွေစုံစမ်းစစ်ဆေးရင်း သူ vampireအဖြစ်ပြောင်းလဲသွားရတဲ့ နောက်ကွယ်ကမထင်မှတ်ထားတဲ့ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာရောဘာတွေဆက်ဖြစ်မလဲ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ Episodes: 12File Size:1.2GB, 453MBQuality :Web-DL 1080p,720PGenres: Mystery , Thriller, SupernaturalTranslated by Ei Phyu Khin, Estel, A Htet ...
7.5
TMDb:
7.5/10
14 votes
tv
Vampire Detective (2016)
2016
Uncle (2021)
Uncle (2021)Joon-Hyeok (Oh Jung-Se) ကတော့ လူသိနည်းတဲ့ ဂီတသမားတစ်ယောက်ပဲ ဖြစ်ပြီးတော့ လုပ်သမျှ မအောင်မြင်ဘဲ လုံးဝ အရှုံးသမားဖြစ်သွားတဲ့အပြင် အစ်မဖြစ်သူ Wang Joon Hee (Jeon Hye Jin)နဲ့ပါ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်တစ်နေ့မှာတော့ သူ့အစ်မဂျွန်ဟီး ရဲ့သားက သူ့ရှေ့မှာပေါ်လာခဲ့ပါတယ် သူ့အစ်မကလည်း အိမ်ထောင်သက် ၁၂ နှစ်ကြာပြီးတဲ့အခါမှာတော့ တစ်ခုလပ် တစ်လင်ကွာ တစ်ယောက် ဖြစ်သွားခဲ့ပါပြီ ကလေးအမေဖြစ်သူက အိမ်တွင်းအကြမ်းဖက်မှုကြောင့် အိမ်ထောင်ကွဲခဲ့ရတာပါ။ကလေးအမေတစ်ယောက်တည်း အဖေမရှိတဲ့သားလေးကို ဘယ်လိုစောင့်ရှောက်မလဲ? အဲ့လိုနဲ့ ဇာတ်ကားနာမည် Uncle ဆိုတဲ့အတိုင်း တူဖြစ်သူနဲ့ အတူနေထိုင်ပြီး စောင့်ရှောက်ခဲ့ပါတော့တယ် ဂျွန်ဟီးက စျေးပေါတဲ့ တိုက်ခန်းကို ပြောင်းနေပြီး သားဖြစ်သူကို အုပ်ထိန်းဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်ဟယ်ယောင်းHey-Ryeong (Park Sun-Young)ကတော့ Royal State ရဲ့ တန်ဖိုးကြီးတိုက်ခန်းမှာ နေထိုင်သူဖြစ်ပါတယ် သူကတော့ တိုက်ခန်းက မိဘအသိုင်းအဝိုင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပြီး တခြားမိဘတွေက လေးစားပြီး အားကျရတဲ့ လူမျိုးပါKyeong-Il (Lee Sang-Woo) ကတော့ နွေးထွေးတဲ့ သူပါ ဇနီးသေဆုံးပြီးတော့ သမီးဖြစ်သူကို ...
Uncle (2021)
2021
Jirisan(2021)
Jirisan(2021) ဇာတ်လမ်းတွဲအညွှန်း******************************အပိုင်း ( ၁ မှ ၁၆ ) ထိ စ/ဆုံးဂျီရီတောင်အမျိုးသားဥယျာဉ်မှာ တောခေါင်းတွေဟာ လူတွေကိုကယ်တင်တဲ့အလုပ်လုပ်ရတာပါ...Seo Yi-Gangက ဂျီရီတောင်အမျိုးသားဥယျာဉ်မှာ အတော်ဆုံးတောခေါင်းပါ...သူမက တောင်ကိုဘယ်နေရာကနေတက်ရမလဲဆိုတာကောင်းကောင်းသိပြီးအဲ့ဒီပတ်ဝန်းကျင်အကြောင်းအလုံးစုံနီးပါးသိတဲ့သူပါ...Kang Hyun-Jo ကတော့ ဂျီရီတောင်အမျိုးသားဥယျာဉ်ကတောခေါင်းအသစ်ပါစစ်သင်တန်းကျောင်းဆင်းဖြစ်ပြီး အရင်ကစစ်တပ်ခေါင်းဆောင်ဖြစ်ဖူးတဲ့ Kang Hyun-Jo မှာဘယ်သူ့ကိုမှပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုလည်းရှိနေပါတယ်....Seo Yi-Gang နဲ့ Kang Hyun-Jo တို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာပြီးတိုက်ဆိုင်တာပဲလား ကံဆိုးတာပဲလား....အစုလိုက်အပြုံလိုက်ဒုက္ခရောက်နေတဲ့သူတွေကိုအတူတကွကယ်တင်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့.....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ CMပရိသတ်ကြီးဆက်လက်ရှုစားပေးပါဦး....Episodes: 16Aired: Oct 23, 2021 - Dec 12, 2021Aired On: Friday, SaturdayGenres: Action, Thriller, Mystery, DramaTranslated by Khine Khine Wai,ChitThe,Shoon Thu Thu Chain & Song SongEncoded by Phyo PyaeEpisode Complete Zip File- Yoteshin Episode 1 720P >>> ...
Jirisan(2021)
2021
8.7
Hot Stove League (2019)
Hot Stove League (2019)ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်(၁၆) ဇတ်သိမ်းDreams ဆိုတဲ့ဘေ့စ်ဘောအသင်းဟာ ရာသီဆက်နီးပါ အမှတ်ပေးဇယားအောက်ခြေကနေရုန်းမထွက်နိုင်ဘူး...ပရိတ်သတ်တွေရဲ့စိတ်ပျက်လက်ပျက်ဖြစ်မှုဟာ နေ့စဉ်နဲ့အမျှတိုးပွားနေတယ်....ပြောရရင် Dream အသင်းဟာအဘက်ဘက်က ယိုယွင်းနေပါတယ်...ပိုင်ရှင်သူဌေးကလည်း အမြတ်နည်းလှတဲ့အသင်းကို သံယော်ဇဉ်မရှိလှသလိုနည်းပြအဖွဲ့တွေကစလို့ ဟိုးအောက်ခြေကစားသမားတွေအထိ အဖွဲ့တွေကွဲပြားနေလို့အသင်းအခြေအနေဟာ ဟိုးအောက်ခြေကနေမတက်တော့တဲ့အနေအထားပါ....ဒီရာသီမှာတော့ ပရိတ်သတ်တွေရဲ့သီးခံနိုင်မှုကုန်ဆုံးလာသလို အထွေထွေမန်နေဂျာကိုယ်တိုင်လည်း နှုတ်ထွက်သွားပါတယ်....ဒါ့ကြောင့် နောက်ရာသီအတွက်ပြင်ဆင်ဖို့ Dreams အသင်းဟာ အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ခေါ်ဖို့စတင်ကြိုးစားပါတယ်....သူဌေးနဲ့စီမံရေးမန်နေဂျာတို့ဟာ လာရောက်အင်တာဗျူးတဲ့အထဲကမှ အကြိုက်ဆုံး(၂)ယောက်ကိုရွေးထုတ်ထားတယ်... ဘေ့စ်ဘောအကြောင်းလုံးဝမသိဘဲ အရင်က လက်ပစ်ဘောအထွေထွေမန်နေဂျာနဲ့တခြားအသင်းအချိို့မှာအလုပ်လုပ်ဖူးတဲ့ သူတစ်ယောက်နဲ့တောင် အင်တာဗျူးမှာရန်ဖြစ်ခဲ့ပါသေးတယ်....နောက်တစ်နေ့မှာတော့စီမံရေးဌာနကတောင်မသိဘဲ ပိုင်ရှင်သူဌေးကိုယ်တိုင်က ဘေ့စ်ဘောအကြောင်းလုံးဝမသိတဲ့အင်တာဗျူးမှာပြဿနာဖြစ်ခဲ့တဲ့သူကို အထွေထွေမန်နေဂျာအဖြစ်ခန့်အပ်လိုက်သတဲ့...နည်းပြအဖွဲ့အကွဲအလွဲတွေ၊လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းချို့တဲ့မှုတွေ၊တန်းဆင်းဇုံကအသင်းမို့ ကစားသမားကောင်းမလာချင်ငွေမသုံးနိုင်တဲ့အနေအထားတွေ၊ ကင်းထောက်အဖွဲ့တွေကစားသမားသင်းကွဲတွေနဲ့ဘေ့စ်ဘောအကြောင်းမသိတဲ့အထွေထွေမန်နေဂျာတုိ့ ဆုံတွေ့ကြတဲ့အခါမှာတော့....ဒီစီးရီးက ဘေ့စ်ဘော အားကစားနဲ့ဆိုင်တဲ့စီးရီးမို့အတော်များများက ကြည့်ဖို့လက်ရှောက်ကြပါတယ်...ဒါပေမဲ့ အပိုင်းတစ်ဆုံးအောင်ကြည့်လိုက်တာနဲ့ဆက်တိုက်ကြည့်ချင်သွားတယ်...အဓိကသရုပ်ဆောင်မင်းသား Nam Goong Min နဲ့ လိုက်ဖက်တာကြောင့်လည်းပါမယ်ထင်တယ်..တစ်လျှောက်လုံး အပြုံးအရယ်လုံးဝမရှိပဲ ခပ်ထေ့ထေ့ မျက်ဝန်းတစ်ခုထဲနဲ့ ဇာတ်ကားတစ်ကားလုံးကိုသူမွှေနှောက်သွားတာ....အလန်းဆုံးကတော့ Plot Twistတွေပဲ...ဘာဆက်လုပ်မယ်ကို မှန်းမရတာ...အကွက်ကြီးတွေက အလန်းကြီးဟ လို့ ထရေရွတ်မိအောင် အခန်းတိုင်းလုပ်နိုင်တယ်...မကြည့်ရသေးတဲ့သူတွေကြည့်ပါ..အခေါက်ခေါက်အခါခါပြန်ကြည့်ချင်တဲ့စီးရီးထဲမှာလုံးဝပါပါတယ်..အနှစ်ချုပ်ရရင်တော့ နင်းကန်ကောင်းလို့နင်းကန်ဒေါင်းကြပါ...ကြည့်ပြီးသားသူတွေတော့ စပွိုင်လာမန့်မျိုးတွေရှောင်ပေးကြပါခင်ဗျ.,,အားလုံးကို ...
8.7
TMDb:
8.7/10
7 votes
tv
Hot Stove League (2019)
2019
7
The Good Detective (2020)
UThe Good Detective (2020)ဇာတ်လမ်းတွဲအညွှန်း*****************************************အပိုင်း( ၁ မှ ၁၆) စ/ဆုံး(စဆုံးခုမှကြည့်မယ့်သူများအတွက် Zip File (၂)ခုဖြင့် ပြုလုပ်ပေးထားပါသည်...)မှုခင်း ဒရာမာ ကြိုက်သူတွေ အတွက် ကိုရီးယားဒရာမာကောင်းကောင်း တစ်ကားတော့ လာပြန်ပါပြီ။အဓိကဇာတ်ဆောင်မင်းသားတွေကတော့ Chocolate နဲ့ Encounter မှာ ပါဝင်ခဲ့တဲ့ မင်းသားချော ဂျန်ဆောင်းဂျို နဲ့သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသားကြီး ဆုန်ဟွန်ဂျူးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။လုပ်သက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ စုံထောက်ကြီး ဂန်ဒိုချန်းက အမှုလိုက်ရာမှာ အတွေ့အကြုံ၊ အဆက်သွယ်နဲ့ နည်းပညာကို အသုံးချပါတယ်။လုပ်သက် ၉ နှစ်ရှိပြီ ဖြစ်တဲ့ စုံထောက် အိုဂျီဟော့ ကတော့ ဦးလေးဆုံးပါးပြီး အမွေတွေ ရရှိထားတဲ့ လူကုံထံစုံထောက်တစ်ယောက်ဖြစ်ပါတယ်။သူကတော့ အမှုလိုက်ရာမှာ ရရှိထားတဲ့ သက်သေတွေကို အသုံးချပြီး တရားခံရဲ့ စိတ်ကို ခန့်မှန်းပြီး အမှုလိုက်ပါတယ်။ငယ်စဉ်က ရရှိထားတဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်ပျက်သမျှ ...
7
TMDb:
7/10
1 votes
tv
The Good Detective (2020)
2020
It’s Okay to Not Be Okay ( 2020 )[စ/ဆုံး]
It's Okay to Not Be Okay(2020)ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်း (၁ မှ ၁၆) [စ/ဆုံး]Kim Soo Hyun ရဲ့ကားသစ်လေးလာပြီနော်...မင်းသမီးကလည်း အားလုံးသိပြီးသား Save me နဲ့ Lawless Lawyer တည်းကမင်းသမီးလေးပါ...Moon Kang Tae (Kim Soo Hyun) စိတ်ကျန်းမာရေးဆေးရုံက သူနာပြုလေးတစ်ယောက်ဖြစ်ပြီးတော့ဉာဏ်ရည်ထက်မြက်ပြီး စာနာ နားလည်ပေးတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ် ...Ko Moon Young (Seo Ye Ji) ကတော့ ကလေးစာပေတွေကိုရေးသားတဲ့ နာမည်ကြီး စာရေးဆရာမတစ်ယောက်ဖြစ်ပြီးတော့ အရမ်းကိုတစ်ကိုယ်ကောင်းဆန်၊ ခေါင်းမာပြီး မာနကြီးလွန်းတဲ့သူလို့ လူသိများပါတယ် ...အချစ်အတွက် အချိန်မပေးနိုင်တဲ့ကောင်လေးနဲ့ အချစ်ဆိုတာ မရှိဘူးလို့ ယုံကြည်ထားတဲ့ ကောင်မလေးနဲ့တွေ့ဆုံဖို့ဖြစ်လာတဲ့အခါမှာတော့....ရိုလည်းရို ရယ်လည်းရယ်ရပါတယ်...ဇာတ်လမ်းတွဲက အတော်ဆွဲဆောင်မှုရှိပါတယ်....ပြီးတော့ မင်းသား Kim Soo Hyun ရဲ့စစ်မှုထမ်းပြီးမှ ပထမဆုံးပြန်ရိုက်ထားတဲ့ဒရမ်မာဖြစ်တာကြောင့် အရမ်းကိုလည်းနာမည်ရထားတာမို့ အလွတ်ခံလိုလုံးဝမဖြစ်တဲ့ကားပါ ...
It’s Okay to Not Be Okay ( 2020 )[စ/ဆုံး]
2020
Touch Your Heart (2019)
လက်ရှိထွက်ရှိနေတဲ့ ကိုရီးယားစီးရီးအသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်...My Girl , Goblin Series တွေနဲ့အောင်မြင်မှု့တွေအများဆုံးရထားတဲ့တောင်ကိုရီးယားထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့Lee Dong-wook ရဲ့ ၂၀၁၉ မှာ ရေပန်းစားနေတဲ့Touch Your Heart စီးရီးဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်....မင်းသမီးအိုယွန်ဆိုးဟာ မူးယစ်ဆေးသုံးတယ်ဆိုတဲ့ စွပ်စွဲချက်ကောလာဟလကြောင့်နာမည်ဂုဏ်သတင်း ကျဆင်းသွားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါအပြစ်ကင်းမှုကိုသက်သေပြပြီးနောက်မှာလည်း အနုပညာနယ်ပယ်ထဲ ပြန်ဝင်ဖို့ ခက်ခဲနေခဲ့ပါတယ်ဒီလိုအချိန် သူရို်က်ခွင့်ကြုံလာတဲ့ရုပ်ရှင်ကားမှာ သူကရှေ့နေဇာတ်ရုပ်နေရာကသရုပ်ဆောင်ရမှာဖြစ်လို့ သရုပ်ဆောင်မတော်တဲ့ သူ့အနေနဲ့ရှေ့နေရုံးတစ်ခုမှာ လက်တွေ့လေ့လာကြည့်ဖို့ လိုအပ်လာပါတော့တယ်ရှေ့နေကွမ်ဂျွန်ဝူးက အလွန်တော်ပေမယ့် တိတိကျကျရှိပြီးအေးစက်စက်နိုင်လှတဲ့ ရှေ့နေတစ်ဦးပါဒါရိုက်တာရဲ့အမိန့်ကိုမလွန်ဆန်နိုင်ပဲ မင်းသမီးအိုယွန်ဆိုးကိုသူ့အတွင်းရေးမှူးအနေနဲ့ လက်ခံလိုက်ရတဲ့အခါမှာ..ကမောက်ကမတွေ စဖြစ်လာပါတော့တယ်အခြေကြီးကြီးရွှေမင်းသမီးနဲ့ မာနထိပ်ခေါင်ရှေ့နေကြီးတို့ကြားကအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်သာမန်အချစ်ဇာတ်လမ်းကိုမှ ဟာသနည်းနည်းရောမွှေထားလို့ ကြည့်လို့ကောင်းတဲ့ကားကောင်းတစ်ကားဖြစ်လာမှာပါ...ဒီဇာတ်ကားကို ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီးတော့အပတ်စဉ် ဗုဒ္ဒဟူးနဲ့ ကြာသာပတေးနေ့တိုင်း tvN ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသသွားမှာဖြစ်ပြီးတော့Channel Myanmar ကနေ အချိန်နဲ့တပြေးညီ ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်... Translator ... Hnin Kyi Thar Oo , Carey Nyein , Thinzar HtetEncoder .... ...
Touch Your Heart (2019)
2019