Channel Myanmar

Paloma Faith

Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 8.03
Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 Pennyworth: The Origin of Batman's Butler=====================================Pennyworth လို့ဆိုလိုက်တာနဲ့ စူပါဟီးရိုးဖန်တိုင်း ပြေးသတိရသွားမယ့်လူတစ်ယောက်ရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး၊ Wayne စံအိမ်‌တော်ရဲ့အိမ်တော်ထိန်းကြီး Alfred Pennyworth ပါပဲ။ DC ဟာ နှစ်အဆက်‌ဆက်Bruce Wayne နဲ့ Batman ကို လူအမျိုးမျိုး ပြောင်းရိုက်ခဲ့ပြီးပြီ။ဘတ်မန်းဇာတ်လမ်း‌မျိုးစုံကိုလည်း ကြုံခဲ့ရပြီးပြီ။ အသိသာကြီးလိုက်ဖက်လွန်းတဲ့ Bruce Wayne နဲ့ Batman တွေကို မြင်ခဲ့ရသလိုခွီစရာ လှောင်စရာဖြစ်သွားစေတဲ့ Batman တွေကိုလည်း ကြုံခဲ့ရပြီ။အဲဒီလို ရုပ်ရှင်သမိုင်းရဲ့ ဘရုစ်ဝိန်းအမျိုးမျိုး ဘတ်မန်းအမျိုးမျိုးတိုင်းမှာAlfred Pennyworth ဇာတ်ကောင်ဟာ ချွင်းချက်မရှိ လူကောင်းတွေချည်းဖြစ်ခဲ့သလို မေ့မရနိုင်စရာမင်းသားကြီး‌တွေချည်းပါပဲ။ Alfred ဟာဝိန်းစံအိမ်တော်ရဲ့ သစ္စာရှိ အိမ်တော်ထိန်းကြီးဆိုလည်း ဟုတ်တယ်။ဘရုစ်ဝိန်းရဲ့ ခေါင်းကိုင်အဖေဆိုလည်း ဟုတ်တယ်။ လင်းနို့လူသားရဲ့လူယုံတော်ဆိုလည်း ဟုတ်ပါတယ်။ ဘရုစ်ဝိန်းရယ်လို့ Gotham မြို့မှာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင်၊ လင်းနို့လူသားဆိုပြီး လူဆိုးတိုင်းရဲ့အိပ်မက်ဆိုးတစ်ခု ဖြစ်‌လာအောင်က ...
8.03
TMDb: 8.03/10 264 votes
tv

Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3

2019
Dangerous Liaisons (2022) 7.4
Dangerous Liaisons (2022) Dangerous Liaisons (2022)1782 မှာ Les Liaisons Dangereuses (Dangerous Liaisons) ဆိုတဲ့ ပြင်သစ်ဝတ္ထုထွက်ခဲ့ပါတယ်။ ဘယ်လိုဇာတ်လမ်းလဲဆိုရင်တော့ ခေတ်စကားနဲ့ပြောရရင် Battle of the exes လို့ပြောရမှာပါပဲ။ ပြင်သစ် အထက်တန်းလွှာက ပြတ်ဆဲသွားတဲ့ exနှစ်ယောက်အားပြိုင်မှုပေါ့။ သူတို့ကြားက မပြတ်တပြတ်အချစ်တွေ မပြင်းတပြင်းအမုန်းတွေနဲ့ ရမ္မက်တွေ အားပြိုင်တဲ့ကစားပွဲမှာ ဘေးကရှိသမျှလူတွေပါ နယ်ရုပ်တွေလိုအသုံးချခံရတဲ့... မာယာတွေလှည့်စားမှုတွေညှို့ငင်မှုတွေကြီးစိုးတဲ့ ဇာတ်လမ်းမျိုး။Dangerous Liaisons ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေပြဇာတ်တွေလဲ အများကြီးထွက်ခဲ့ပါသေးတယ်။ အဲထဲက တစ်ကားကတော့ လူငယ်တွေနဲ့ရင်းနှီးပြီးသား Cruel Intentions ပါ။ အခုဒီ seriesကိုတော့ ဝတ္ထုရဲ့ Prequel လို့ခေါ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီ စီးရီးမှာ သူတို့ရဲ့အထက်တန်းလွှာမရောက်ခင်ကအခြေအနေ၊ သူတို့ဘယ်လိုချစ်သူတွေဘာဖြစ်ခဲ့တယ်၊ ဘာလို့ဒီလောက်အငြှိုးတွေသံယောဇဥ်တွေကြီးနေရလဲဆိုတာတွေကနေ စတင်ကြည့်ရှူရမှာပါ။ Period Drama တွေရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့ခ်လှလှလေးတွေရယ် ခမ်းနားထည်ဝါတဲ့အပြင်အဆင်တွေရယ်အပြင် ပြင်သစ်တော်လှန်ရေးမတိုင်ခင်ခေတ်က လူကုံထံအသိုင်းအဝိုင်းရဲ့ခမ်းနားမှုပျက်ယွင်းမှုတွေကိုမြင်ရဦးမယ့်ဇာတ်လမ်းကောင်းပါပဲ။ Review Page တစ်ခုရဲ့ရေးသားချက်ကိုမှီငြမ်းပြောရရင် ဒီစီးရီးက Game of Throne ကို ပိုးဖဲဝတ်စုံတွေဝတ်ပေးထားပြီး ဓားတွေအစားစကားလုံးတွေနဲ့ လူတွေအစားသိက္ခာတွေကိုသတ်ကြမယ့် တိုက်ပွဲတစ်ခုပါပဲ။အပတ်စည် ...
7.4
TMDb: 7.4/10 7 votes
tv

Dangerous Liaisons (2022)

2022