Channel Myanmar

Park Ki-woong

The Midnight Studio (2024)
The Midnight Studio (2024) The Midnight Studio (2024)***************************အပိုင်းသစ် (၁၁)Hotel Deluna လိုမျိုး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းလေး စောင့်မျှော်နေကြတဲ့သူတွေအတွက် ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းSeo KiJoo က သေးငယ်တဲ့ ဓာတ်ပုံစတူဒီယိုလေးတစ်ခု ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံဆရာလေးဖြစ်ပြီးတော့ စတူဒီယိုရဲ့ ၇ယောက်မြောက် ပိုင်ရှင်ဖြစ်ပါတယ်။ထူးခြားချက်ကတော့ အဲဒီဓာတ်ပုံစတူဒီယိုလေးက လူသားတွေအတွက် မဟုတ်ဘဲ တစ္ဆေသရဲတွေအတွက် ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။KiJoo က သေဆုံးပြီးနောက် သူ့ဆိုင်ကို ရောက်ရှိလာတဲ့ ဝိဉာဥ်တွေကို ဘဝခရီးရဲ့နောက်ဆုံးပုံလေး ရိုက်ကူးပေးလေ့ရှိပါတယ်။Ki Joo တို့ရဲ့ Midnight Photo Studio လေးမှာ လက်ထောက်မန်နေဂျာဂိုနဲ့ Baek NamGu လို့ခေါ်တဲ့ ဝန်ထမ်းလေးနှစ်ယောက်ရှိပါတယ်။လက်ထောက်မန်နေဂျာဂိုကတော့ စတူဒီယိုအတွက် ဖောက်သည်အဖြစ် တစ္ဆေသရဲတွေကိုခေါ်ဆောင်လာဖို့ တာဝန်ယူထားပြီးNam Gu ကတော့ စတူဒီယိုနဲ့ပတ်သတ်သမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်။Han Bom ဆိုတဲ့ ရှေ့နေမလေးကတော့ အလုပ်ကြိုးစားသူဖြစ်ပြီး မတရားမှုကို သည်းမခံတတ်တဲ့သူလေးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ...

The Midnight Studio (2024)

2024
My Man Is Cupid (2023)
My Man Is Cupid (2023) ကျွန်မချစ်သူ မြှားနတ်မောင် (၂၀၂၃)(function(f,b,n,j,x,e){})();ဂျောင်ဆန်းဟျော့ က လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က အတောင်ပံတွေ လောင်ကျွမ်းပျက်စီးသွားခဲ့ရတဲ့ မြှားနတ်မောင် နတ်သားလေးပဲ ဖြစ်ပါတယ်။ သူ့တောင်ပံတွေ ပြန်ပေါက်လာဖို့ ဘဝ ၂၇ ခု ကို ဖြတ်သန်းခဲ့ရင်း စောင့်စားခဲ့ပြီးပါပြီ။ ၂၈ ဘဝ မြောက်မှာတော့ သူပစ်တဲ့မြှားက သူ့ကို ပြန်ထိပြီး တိရစ္ဆာန်ရောဂါကု ဆရာဝန်မလေး အိုဘဲ့ယွန်း နဲ့ ချစ်မိသွားပါတော့တယ်။(function(f,b,n,j,x,e){})();အိုဘဲ့ယွန်း ဆိုတာကတော့ ကျိန်စာသင့်နတ်သမီးလေးတစ်ပါးလိုပါပဲ။ သူနဲ့ တွဲလိုက်မိတဲ့ ယောကျာ်းတိုင်း သူနဲ့ စတွဲတဲ့နေ့မှာ တစ်ခုမဟုတ် တစ်ခု ထိခိုက်ဒဏ်ရာ ရကြတာပါပဲ။ အလန်းလွန် အလွန်လန်းတဲ့ FA ဇာတာရှင်မလေး နဲ့ တောင်ပံပြတ် နတ်သားလေးရဲ့ အချစ်ပုံပြင်လေးကို အပတ်စဉ် သောကြာနေ့ နဲ့ စနေ့တိုင်းမှာ ထုတ်လွှင့်ပေးသွားမှာပဲ ဖြစ်ပြီးတော့ စုစုပေါင်း ၁၆ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဘာသာပြန်တွေကတော့ Mary, Thae, Thada, Kppks တို့ပဲ ဖြစ်ပါတယ်။Genre..... ...

My Man Is Cupid (2023)

2023
Return(2018) [Complete] 9
Return(2018) [Complete] Return(2018)************အပိုင်း( ၁ မှ ၃၂) အထိ စ/ဆုံးThe Escape of the Seven နဲ့  The Penthouse တို့ရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာJoo Dong Min ရိုက်ထားတဲ့ စီးရီးဆိုတော့  သူ့ဟန်ပန်အတိုင်း ဘယ်သူက လူကောင်းဘယ်သူက ဗီလိန်မှန်း ခွဲရခက်တယ်...အကုန်လုံးက မကောင်းတဲ့စရိုက်တွေနဲ့ ပုံဖော်ထားသလိုအားနည်းချက် အချို့ကိုလည်း ပြထားတယ်...ဒီစီးရီး စုံထောက် မှုခင်းစီးရီးဆိုတော့လူတွေသေတာတွေ ခဏ ခဏပါသလို တစ်ချို့အဖော်အချွတ်နဲ့  ရက်စက်တဲ့သေမှုသေခင်း တွေလည်းပါတာမို့ ကြည့်တဲ့သူတွေသတိချပ်စေချင်တယ်...Main Lead တွေက နာမည်ကြီးတွေချည်းဖြစ်တာမို့ဒီထဲက တစ်ချို့ကိုလည်း The Penthouse မှာပြန်သုံးထားတာတွေ့ရတယ်...ဇာတ်လမ်းတွဲစကတည်းက လူသတ်မှုတစ်ခုက မကျေနပ်တဲ့ ရှေ့နေက ပြန်လည် တူးဖော်ပြီးဒီအမှုကို ပြန်စစ်ဆေးသင့်ကြောင်းကိုရီးယားတစ်နိုင်ငံလုံးပွဲဆူအောင် ရုပ်သံလိုင်းတစ်ခုကနေတင်ဆက်နေတဲ့အပြင် သိပ်မကြာဘူး လူကုံထံအသိုင်းအဝန်းက အမျိုးသမီးတစ်ယောက်လည်းထပ်မံအသတ်ခံလိုက်ရတယ်...ဇာတ်လမ်း အပိုင်း (၁) စကတည်းက စိတ်ဝင်စားဖို့ကောင်းတာမို့အညွှန်းရေးရင်အတော် ကြည့်ရ ရသပျက်မှာမို့ ဒီလောက်ပဲရေးလိုက်ပါ့မယ်....ဒီလောက်ဆို ...
9
TMDb: 9/10 6 votes
tv

Return(2018) [Complete]

2018
Pandora: Beneath the Paradise(2023) [Complete]
Pandora: Beneath the Paradise(2023) [Complete] Pandora: Beneath the Paradise(2023)*********************************အပိုင်းသစ် (၁ မှ ၁၆) ထိ စ/ဆုံး အလောင်တစ်လိုင်းလေး လာပါပြီHong Tae-ra(Lee Ji-ah)ဆိုတဲ့အမျိုးသမီးဟာကိုရီးယားနိုင်ငံရဲ့ သမ္မတကတော်တစ်ယောက်ပါ...သူ့မှာ သူ့ရဲ့ ချစ်ရတဲ့ ယောက်ျားရယ်သမီးလေးရယ်နဲ့အတူ သာယာလှပတဲ့ ဘဝလေးရှိတယ်.... ဒါပေမဲ့ သူဟာ အတိတ်ကို မမှတ်မိဘူးဖြစ်နေတယ် ....တစ်နေ့မှာသူ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရရှိလာပြီး‌တော့ ဆိုးရွားတဲ့ အတိတ်ကို ပြန်မှတ်မိသွားခဲ့တယ်.... အဲ့ဒီအခါမှာ သူ့ရဲ့ ပြီးပြည့်စုံလှတဲ့ ဘဝကြီးကလည်း ပြိုကွဲသွားပြီးတော့သူလည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့ရတယ် ....အတိတ်က ဖြစ်ရပ်အတွက်လက်စားချေဖို့ ရုန်းကန်နေတဲ့ Hong Tae-ra တစ်ယောက် အဆုံးသတ်မှာဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက် ကြည့်ရှုပေးလိုက်ကြပါနော်ဒီကားလေးထဲမှာတော့ Cast အနေနဲ့ Lee Ji-ah, Lee Sang-yoon, Jang Hee-jin , Park Ki-woong , Bong Tae-gyu တို့ပါဝင်သရုပ်ဆောင်ထားပါတယ် Penthouse vibe ...

Pandora: Beneath the Paradise(2023) [Complete]

2023
The Bridal Mask (2012) [Complete] 8.4
The Bridal Mask (2012) [Complete] The Bridal Mask(2012)*********************အပိုင်း( ၁ မှ ၂၈) အထိ စ/ဆုံးကိုရီးယားနိုင်ငံဟာ ၁၉၁၀ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဂျပန်တွေရဲ့သိမ်းပိုက်ထားခြင်းကိုခံခဲ့ရတယ်...ဂျပန်တွေဟာ ကျောင်းသင်ခန်းစာထိ ကိုရီးယားဘာသာစကားအစား ဂျပန်ဘာသာစကားကိုအစားထိုးသင်ပေးသည့်အထိပြောင်းလဲခဲ့တယ်...စီးပွားရေး လူမှုရေး လူ့အခွင့်ရေးပေါင်းစုံဖိနှိပ်ခဲ့လို့အဲ့ဒီခေတ်ကာလများဆီမှာ ကိုရီးယားနိုင်ငံဟာ အတော်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်လို့ဆိုတယ်..ဒီအခြေအနေတွေကို မကျေနပ်လို့ ကိုရီးယားပြည်သူတွေဟာလည်း နည်းအမျိုးမျိုးနဲ့ဂျပန်ကိုတော်လှန်ခဲ့ကြပါတယ်...ဒီစီးရီးဟာ အဲ့ဒီကာလ ၁၉၃၀ ဝန်းကျင်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...ပြောရရင် ကိုရီးယားသမိုင်းလို့တောင်ဆိုရမယ် အနေအထားဖြစ်လို့ ဒီကားကို ဒါရိုက်တာကလည်းဘက်ဂျက်အများကြီးသုံးခဲ့သလို သရုပ်ဆောင်တွေကိုလည်းအထင်ကရများစွာနဲ့ ရိုက်ကူးခဲ့ပါတယ်...ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်သလို Plot Twist တွေလည်း တော်တော်ပါဝင်တာမို့ကြည့်လို့ကောင်းတဲ့စီးရီးပါပဲ..ဒါ့အပြင် အက်ရှင်ခန်းတွေကိုလည်း စနစ်တကျကိုရိုက်ကူးထားတယ်လို့ဆိုပါတယ်...ဆုတွေလည်းအများကြီးသိမ်းယူသွားတဲ့စီးရီးရှည်တစ်ခုပါပဲ...ဒါ့ကြောင့်  အကြည်လေး တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးလို့... Episodes: 28File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Historical, Romance, PoliticalTranslated by Khine Khine Wai, Ei Phyu Khin, Shoon, Miri, Hay Thar Oo  ...
8.4
TMDb: 8.4/10 11 votes
tv

The Bridal Mask (2012) [Complete]

2012
Mean no harm (2021)
Mean no harm (2021) Mean No Harm (2021)ဒီတစ်ခါတော့ ပန့်ဟောက်စ် ပရိသတ်တွေအတွက် အလွမ်းပြေဆေးလေး လာပါပြီဗျာ။အလွမ်းပြေရုံတင်မကဘဲ အဆိပ်ပါ ပြေမှာပါ။ပန့်ဟောက်စ် နဲ့ လောင်ကျွမ်းခဲ့ရသမျှ ဒီအစီအစဉ်ကို ကြည့်လိုက်ရင် မီးခဲကို ရေနဲ့ငြိမ်းလိုက်သလို လုံးဝကို ဒဏ်ရာတွေ ကျက်သွားစေမယ့် စိတ်အပန်းပြေစေမယ့် အစီအစဉ်လေးပဲ ဖြစ်ပါတယ်။အဓိကအနေနဲ့ ပါဝင်ထားသူများကတော့ အွန်းကီဂျွန်း၊ ယွန်းဂျုံဟွန်း နဲ့ ဘုံးထယ်ဂယူ တို့ပဲ ဖြစ်ကြပါတယ်။သူတို့ ၃ ယောက်က ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာလေးတစ်ခုမှာ သူတို့ရဲ့အားလပ်ရက်ကို အချိန်ကုန်ဆုံးဖို့ စီစဉ်ထားတာပါ။ စကားတွေပြောမယ် ဈေးဝယ်မယ် ဟင်းတွေ ချက်ပြုတ်စားမယ်ပေါ့။သူတို့နဲ့အတူတူ ဝိုင်းလုပ်ဝိုင်းစားမယ့်လူတွေကတော့ ပန့်ဟောက်စ်မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်များပဲ ဖြစ်ပါတယ်။ပန့်ဟောက်စ် နဲ့ လုံးဝ မတူတဲ့ ခံစားမှုကို ပေးမှာမို့ ပန့်ဟောက်စ် ပရိသတ်တွေ ကြည့်ပြီးတာနဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ ရရှိစေမယ့် အစီအစဉ်လေးဆိုရင်လည်း မမှားပါဘူး။တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ စုစုပေါင်း ၁၀ ပိုင်း ပါဝင်မှာ ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စီစဉ်တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ဘာသာပြန်ထားတာကတော့ CM Variety ...

Mean no harm (2021)

2021
You Raise Me Up(2021)
You Raise Me Up(2021) You Raise Me Up(2021) ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်( ၁ မှ ၈)ထိ စ/ဆုံးအဓိက သရုပ်ဆောင်တွေကတော့ High Kick 2 ကနေတဆင့် ပရိတ်သတ်တွေ သတိထားမိခဲ့တဲ့ကလေးဆန်တဲ့မျက်နှာပိုင်ရှင် မင်းသားလေး (ယွန်းရှီယွန်း)၊ လူသိများတဲ့ Girl Group <EXID> ရဲ့အဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်း သရုပ်ဆောင်လောကကိုပါ နယ်ချဲ့လာနိုင်တဲ့ မင်းသမီးလေး (ဟာနီ) နဲ့ မင်းသား (ပတ်ဂီအူး) တို့ဖြစ်ပြီးသူလေးကိုတော့ မြန်မာပြည်က ပရိသတ်တွေက My Tutor Friend 2 နဲ့ Cheese in the Trap (Movie) ဇာတ်လမ်းတို့မှာသတိထားမိကြမယ် ထင်ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဒိုယောင်ရှစ် (ယွန်းရှီယွန်း) ဟာအစိုးရဝန်ထမ်းလုပ်ဖို့အတွက် ဝင်ခွင့်စာမေးပွဲကို နှစ်တော်တော်ကြာ ဖြေဆိုလာပြီးအခုချိန်ထိ မအောင်မြင်နိုင်သေးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိသေးပေမဲ့ မလိုအပ်တဲ့နေရာမှာတော်လွန်းတယ်လို့ တလွဲဂုဏ်ယူနေတဲ့သူလည်းဖြစ်ပါတယ်....တစ်နေ့တော့ သူ့မှာရောဂါတစ်ခုရှိလာပြီး အထူးကုပါရဂူနဲ့ ...

You Raise Me Up(2021)

2021