Channel Myanmar

Paul Kaye

Lilyhammer Season 1+2+3 (2012) 7.367
Lilyhammer Season 1+2+3 (2012)  Frank Tagliano ဟာနယူးယောက်မြို့တော်အခြေစိုက် အမေရိကန်မာဖီးယားဂိုဏ်းမိသားစုရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင်အဆင့် ဖြစ်ခဲ့ပြီး သူ့ဘော့စ်သေဆုံးတဲ့အချိန်မှာ ဂိုဏ်းခေါင်းဆောင်နေရာကို ဘော့စ်ရဲ့ညီတက်လာတဲ့အချိန်မှာ မကျေနပ်ပဲ အဲ့ဒီငနဲကို အက်ဖ်ဘီအိုင်နဲ့လက်ဝါးချင်းရိုက်ပြီးလက်ထောက်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အက်ဖ်ဘီအိုင်ကသူ့ကိုမျက်မြင်သက်သေကာကွယ်ရေး အစီအစဉ်အနေနဲ့ တစ်နေရာမှာ နာမည်သစ်လူသစ်နဲ့ဘဝသစ်စဖို့အခွင့်အလမ်းပေးလာခဲ့တဲ့နောက် သူက နော်ဝေးနိုင်ငံက လီလီဟမ်းမားဆိုတဲ့ နယ်မြို့လေးတစ်မြို့ကိုရွေးချယ်ခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ကလူတွေက သူ့အတွက်လိုအပ်တာတွေအားလုံးစီစဉ်ကူညီပေးခဲ့ပြီး မသွားခင် တစ်ခွန်းပဲမှာလိုက်ပါတယ်။ အဲ့ဒါကတော့ ''ရဲတွေနဲ့ပြဿနာမတက်ပါစေနဲ့ တက်ခဲ့ရင်ကိုယ့်ဟာကိုယ်ရှင်း'' ဆိုတာပါပဲ။ ဒါပေမယ့်လဲ ဂန်းစတားဗီဇမဖျောက်နိုင်တဲ့ ဖရန့်တစ်ယောက် အဲ့ဒီတောမြို့လေးမှာအခြေချဖို့ကြိုးစားရင်း ဂွတီးဂွကျ လက်ပေါက်ကပ်တဲ့ဒေသခံတွေနဲ့ ဘုဘောက်ကျ ဉာဏ်ချင်းယှဉ်ပြိုင်ကြမဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးတင်ဆက်ထားတာကို ရှုစားရမှာဖြစ်ပါတယ်။ ဖရန့်ဟာ တစ်ချိန်က နယူးယောက်လိုမြို့တော်မှာ မာဖီးယားဂိုဏ်းကြီးတစ်ခုကိုတာဝန်ယူခဲ့တဲ့သူဖြစ်တဲ့အတွက် သူလိုချင်တဲ့အရာကို အနုနည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တစ်မျိုး လက်တစ်လုံးခြားလှည့်ပတ်ရယူပုံတွေကိုမြင်တေ့ွရမှာပါ။သူမတော်တဆရန်ငြိုးဖွဲ့မိခဲ့တဲ့သူတွေထဲမှာ မြို့ရဲ့ရဲချုပ်နဲ့သူ့လက်ထောက်တွေပါပါဝင်တဲ့အတွက် ဟိုဘက်ကမျက်စိဒေါက်ထောက်စောင့်ကြည့်ခံရသလို တွေ့ကြုံလာတဲ့အကျပ်အတည်းတွေ ပြဿနာတွေကြားက လှည့်ပတ်ရုန်းထွက်ပုံတွေကလဲ ခွီနေရတာပါ။ဂန်းစတားကားပရိသတ်တွေရော ဟာသပရိသတ်တွေရောအကြိုက်တွေ့မယ့်ကားဖြစ်ပါတယ်။ ဖရန့် တစ်ဖြစ်လဲ ဂျီယိုဗန်နီအဖြစ် ပရိသတ်နဲ့မစိမ်းတဲ့ Steven Van Zandt (The Sopranos,The Irishman) ကခေါင်းဆောင်ပါဝင်ထားပါတယ်။File size…(800MB)/(400MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama,Comdey,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
7.367
TMDb: 7.367/10 180 votes
tv

Lilyhammer Season 1+2+3 (2012)

2012
Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete] 7.518
Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete] Jonathan Strange & Mr Norrell=========================ဟိုးရှေးရှေး ၁၉ရာစုနှစ်က အင်္ဂလန်မှာ မှော်ပညာဟာတဖြည်းဖြည်းဆုတ်ယုတ်လာတာ ရာစုနှစ်၃ခုစာရှိသွားသတဲ့ကွယ်။ မှော်ပညာသာ ဆုတ်ယုတ်လာပေမဲ့ယော့ခ်ရှိုင်းယားမှာတော့ မှော်ဆရာအဖွဲ့အစည်းကတော့ရှိနေဆဲပါ။ မှော်ဆရာလို့ အမည်ခံထားကြပေမဲ့နက္ခတ္တဗေဒပညာရှင်ဟာ ကြယ်ကို မတီထွင်သလိုသူတို့မှော်ဆရာတွေဟာလည်း မှော်အတတ်ကိုမပြုလုပ်ဘဲ မှော်စာအုပ်တွေလေ့လာရုံ၊ ရေးသားရုံနဲ့မှော်ဆရာအဖြစ်ခံယူထားကြပါတယ်။ ဒါပေမဲ့ဟောစာတမ်းတစ်ခုက ကြိုတင်နိမိတ်ဖတ်ခဲ့တာကတော့အင်္ဂလန်ရဲ့ မှော်လောကကို ပြန်လည်သွတ်သွင်းဖို့ ထူးချွန်တဲ့အစွမ်းရှိမှော်ဆရာနှစ်ယောက် ပေါ်ထွန်းလာပါလိမ့်မယ်တဲ့။ထိုနှစ်ယောက်ကတော့ မှော်ဆရာMr.Norrellနဲ့ ချမ်းသာပြီးဘာကိုမှမလေးမထားဘဲ မိန်းမယူဖို့သာ စိတ်အားထက်သန်နေတဲ့လူချောလေး Jonathanတို့ပဲ ဖြစ်ပါတယ်။ဒီလိုနိမိတ်ဖတ်ထားတဲ့ လူနှစ်ယောက်ဟာ ဘယ်လိုထူးချွန်တဲ့မှော်ဆရာတွေဖြစ်လာမလဲ။ အင်္ဂလန်ရဲ့အတော်ဆုံးမှော်ဆရာဖြစ်ဖို့ဘယ်လိုယှဉ်ပြိုင်မှုတွေ ပြုလုပ်ကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ Episodes : 7File Size   : ( 1.20 GB)  ,( 421 MB )Quality      : BluRay 1080p,720PGenres: Drama, Sci-fi & FantasyTranslated by JANE , Mayphoo-PoneEncoded ...
7.518
TMDb: 7.518/10 114 votes
tv

Jonathan Strange & Mr Norrell ( 2015 ) Season 1[Complete]

2015