Channel Myanmar

Punpun Sutatta Udomsilp

ThirtTEEN Terrors (2014) 7.3
ThirtTEEN Terrors (2014) ပိတ်ရက်တွေကို အိမ်မှာနေရင်း ဇာတ်လမ်းတွေကြည့်ရင်း ကုန်လွန်ကြမယ့် Channel Myanmar ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ထိုင်း Horror စီးရီးလေး တစ်ခု တင်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်တုန်းက ကျောင်းတက်တဲ့အခါ ကျောင်းတစ်ခုစီမှာ ကြောက်စရာကောင်းတဲ့ ပါးစပ်ပြောရာဇဝင် တစ်ခု စီ ရှိကြတာ မှတ်မိကြမယ်ထင်ပါတယ်။ ခြေကလိန်မ၊ ကျောင်းစောင့်ကြီး၊ ကျောင်းကို စိတ်စွဲနေနဲ့ ဆရာ၊ စာမေးပွဲဖြေရင်း သေဆုံးသွားတဲ့ ကျောင်းသူလေး စသဖြင့် ကြောက်စရာဇာတ်လမ်း အမျိုးမျိုး ကြားဖူးခဲ့ကြမှာပေါ့နော်။ ကျွန်မကတော့ ကျောင်းမှာ ပွဲတစ်ခုခု ရှိလို့ အလှူရှိလို့ ညဘက် ကျောင်းမှာ စုအိပ်ကြတဲ့အခါ တစ်နေရာရာသွားရင်ပဲဖြစ်ဖြစ် အိမ်သာသွားရင်ပဲဖြစ်ဖြစ် ဓါတ်မီးတဝင်းဝင်း ဒူးတုန်တုန်နဲ့ အုပ်စုလိုက် သွားခဲ့ရတာတွေ ၊ အတန်းကြီး အစ်ကို အစ်မတွေပြောပြတဲ့ သရဲအကြောင်းတွေကို တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်ပြီးတိုးခွေ့ နားထောင်နေခဲ့ရတာတွေကို မှတ်မိနေဆဲပါပဲ။ ဒီအကြောင်းတွေ ပြန်ပြောနေရတာကတော့ ခု တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးနဲ့ ဆက်စပ်မှုရှိနေလို့ပါ။ ထိုင်းအထက်တန်းကျောင်းတစ်ခုမှာ လူတိုင်း ပြန်ပြောဖို့ ကြောက်ရွံ့ကြတဲ့ လူတွေ မေ့ပစ်လိုက်ချင်ကြတဲ့ တိမ်မြုပ်နေတဲ့ ကြောက်စရာ ဇာတ်လမ်းတွေ ရှိနေခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွေ ဖြစ်ပေါ်လာပုံကလည်း တစ်ခုနဲ့ တစ်ခု မတူညီပဲ ထူးဆန်းအံ့ဩစရာ ကြောက်စရာ ထိတ်လန့်စရာကောင်းလှပါတယ်။ ဘယ်လိုတွေကြောင့် ...
7.3
TMDb: 7.3/10 3 votes
tv

ThirtTEEN Terrors (2014)

2014
One Night Steal (2019) 7.5
One Night Steal (2019)  One Night Steal (2019) =================Nov 24 မှာစတင်ထုတ်လွှင့်ခဲ့ ကားဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညတိုင်း ပြသသွားမှာ ဖြစ်ပါတယ် ။မင်းသားချော Krist Perawat Sangpotirat နဲ့ မင်းသမီး Punpun Sutatta Udomsilpတို့က နော့(တ်) နဲ့ ဂျီ အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်း အကျဉ်းကတော့... ဂျီဆိုတဲ့ ကောင်မလေးက မွေးကတည်းက ကံကောင်းတယ်...ထီပေါက် ကံစမ်းမဲပေါက် နောက်ဆုံး ပေါင်မုန့်လွတ်ကျတောင် ယိုသုတ်တဲ့ဘက်နဲ့မကျပါဘူး ။နော့(တ်)ဆိုတဲ့ ကောင်လေးကကျ ဂျီနဲ့ပြောင်းပြန် ဘာလုပ်လုပ် ကံဆိုးတယ်... ဂီတအဖွဲ့ထောင်တာလည်း လုံးဝမပေါက်ဖြစ်နေတယ် ။တညမှာ ဂျီနဲ့ နော့(တ်) တို့ ပါတီတခုမှာ တွေ့ပြီး ကံတရားချင်း ဖလှယ်သွားခဲ့တယ် ။အဲ့ဒီနောက် နော့တ် ဘာလုပ်လုပ်ကံကောင်းပြီး ဂျီဘာလုပ်လုပ် ကံဆိုးလာချိန်မှာ ကံကောင်းမှုတွေ ပြန်ရဖို့ ဂျီ ကြိုးစားပါတော့တယ် ။ဂျီလိုချင်တဲ့ကံကောင်းမှုတွေ ပြန်ရမလားနော့တ်ကပဲ ပြန်မပေးရအောင် ...
7.5
TMDb: 7.5/10 7.5 votes
tv

One Night Steal (2019)

2019