Channel Myanmar

Ra Mi-ran

Cold Blooded Intern (2023) 10
Cold Blooded Intern (2023) Cold Blooded Intern (2023)အရောင်းတာဝန်ခံအနေနဲ့ အလုပ်လုပ်ခဲ့တဲ့ ဂိုဟယ်ရာ ဟာ ကလေးတစ်ယောက်ရပြီးတဲ့နောက်မှာ အလုပ်က ထွက်ခဲ့ရပါတယ်။ သူ့ကလေးကို ပင်ပင်ပန်းပန်းနဲ့ ၇ နှစ်ကြာ ပြုစုပြီးချိန်မှာတော့ သူ့အလုပ်ကို ပြန်ပြီး လုပ်ချင်စိတ် ဖြစ်လာပါတော့တယ်။ ဒါပေမဲ့လည်း အလုပ်တစ်ခု ရဖို့ကို ကျားကုတ်ကျားခဲ ကြိုးစားရပါတယ်။ ရမယ့်ရပြန်တော့လည်း မားကက်ဟောက်စ် ဆိုတဲ့ ကုမ္ပဏီမှာ အလုပ်သင်ဝန်ထမ်းအနေနဲ့ ရခဲ့ပါတယ်။ အဲဒီမှာ ဒါရိုကတာ ချွဲဂျီဝန်း နဲ့ ဆုံတွေ့ပါတော့တယ်။ ချွဲဂျီဝန်း နဲ့ ဂိုဟယ်ရာက အရင် ကုမ္ပဏီတစ်ခုမှာ အလုပ်အတူတူ လုပ်ခဲ့ပဖူးပါတယ်။ ချွဲဂျီဝန်း က ဂိုဟယ်ရာ ကို ရည်ရွယ်ချက်ရှိရှိနဲ့ အလုပ်ခန့်ပြီးနောက်မှာတော့ နည်းအမျိုးမျိုးနဲ့ ပညာပြပါတော့တယ်။ သူတို့နှစ်ယောက်ကြားက ပဋိပက္ခတွေက ဘာကြောင့် ဖြစ်ခဲ့ကြတာလဲ ခုချိန်မှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ အပတ်စဉ် သောကြာနေ့တိုင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ဘာသာပြန်တွေကတော့ Joyz, Thant Sin, Kppks, Phu Phu တို့ပဲ ...
10
TMDb: 10/10 1 votes
tv

Cold Blooded Intern (2023)

2023
The Good Bad Mother(2023)
The Good Bad Mother(2023) The Good Bad Mother(2023)***************************အပိုင်း(၁ မှ ၁၄ ) ထိ စ/ဆုံး"ငါဟာ ပျော်ရွှင်တယ်"ဆိုတဲ့စကားကို အမြဲရွတ်ပြီး နေထိုင်လာတဲ့ ယောင်းဆွန်းတစ်ယောက်ကံအကြောင်းမလှစွာနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ဝက်မွေးမြူရေးခြံအလုပ်ကိုလုပ်ပြီးသားကို တစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့သူပါ..ဆင်းရဲပြီး ဘာအင်အားမှမရှိလို့ ဒီလိုတွေဖြစ်ရတာဆိုပြီး သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့ စာမှစာဖြစ်အောင် စည်းကမ်းတင်းကျပ်လွန်းလှတဲ့ ယောင်းဆွန်းကတော့ သူ့ရဲ့သားဖြစ်တဲ့ ဂန်ဟိုအတွက် အရမ်းကို မုန်းရတဲ့အမေပါပဲ...ကျောင်းမှာ "ဝက်"လို့ အခေါ်ခံရပြီး ဝက်ချေးနံ့နံတယ်ဆိုပြီး အမြဲအနိုင်ကျင့်ခံရတဲ့ ဂန်ဟိုတစ်ယောက် "ဒါတွေအားလုံး ငါတို့မှာ ငွေနဲ့ အာဏာမရှိလို့ ဖြစ်ရတာ"ဆိုတဲ့ အမေရဲ့ စကားကြောင့်ဂန်ဟိုဟာ ဆိုးလ်ဗဟိုခရိုင်အမှုစ်ရုံးက အင်အားကြီးသူဘက်ကပါပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့ အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်မယ့် ရက်စက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်လာပါတယ်...အဲ့ဒီနောက်ကံကြမ္မာ အလှည့်အပြောင်းက ဆိုးရွားလွန်းလှပါတယ်...သူတို့တွေ ဘယ်လိုဆက်ဖြစ်သွားကြလဲဆိုတာကိုတော့...အသဲတွေခွဲသွားတဲ့ မင်းသား Lee Do Hyunနဲ့အတူ မင်းသမီးကြီး Ra Mi Ranတို့ ဒီHealing Comedy ...

The Good Bad Mother(2023)

2023
Dr. Park’s Clinic (2022)
Dr. Park’s Clinic (2022) ရောဂါရှာဖွေကုသရေးသမားတော်တစ်ယောက်ဖြစ်တဲ့Dr. Park Won Jang တစ်ယောက်ကျွမ်းကျင်တဲ့ physician ဖြစ်လာပြီးငွေအမြောက်အမြားရှာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ ကိုယ်ပိုင်ဆေးခန်းတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဆေးခန်းကိုလူနာတွေ သိပ်မလာတဲ့အပြင် အကြွေးတွေပါ တင်လာပါတော့တယ်။ဒီလိုနဲ့ ဆေးခန်းကို မဆုံးရှုံးရအောင် ကြိုးစားရင်းဆံပင်တွေကျွတ် ထိပ်ပြောင်လာပါရော။တစ်ချိန်တည်းမှာပဲ ဇနီးဖြစ်သူကလည်း မိမိထက်တီဗီမှာလာတဲ့ ဆေးပညာအကြံပြုချက်ပရိုဂရမ်တွေကို ပိုမိုယုံကြည်ပါသတဲ့။"လူနာရဲ့အခြေအနေသက်သာဖို့ထက် ငွေက ပိုအရေးကြီးတာလား" ဆိုပြီးမေးခွန်းထုတ်လိုက်တဲ့ Dr. Park Won Jang တစ်ယောက်wifi ဖိုးလောက်တောင် ကပ်စေးနဲနေတဲ့အခါ.....Cast တွေက နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့အပြင်Reply 1988 ထဲက ဂျန်ဟွမ်ရဲ့ အမေနဲ့ Mr Queen ထဲကအထိန်းတော်ကြီးကလည်း nurse အဖြစ် ပါဝင်သွားမှာဖြစ်လို့ဘယ်လိုအခွီတွေ တွေ့ရမလဲဆိုတာ...Comedy, Medical drama အမျိုးအစားဖြစ်တဲ့Dr Park's Clinic series လေးကိုတော့အပတ်စဉ်တိုင်း cm ကနေဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့အမောဖြေရင်း ကြည့်ရှုအားပေးကြပါဦးနော်။ File Size – ...

Dr. Park’s Clinic (2022)

2022
Blade Man ( 2014 ) Completed 6.5
Blade Man ( 2014 ) Completed အရာရာလက်ပေါက်ကပ်ပြီး ဒေါသကြီးတဲ့ Hong Bin ဟာလက်အောက်ငယ်သားတွေကို အမြဲဒုက္ခပေးတတ်တဲ့ ဂိမ်းကုမ္ပဏီတစ်ခုရဲ့ဥက္ကဌတစ်ဦးပါ။လူတိုင်းအားကျရတဲ့ဘဝကိုပိုင်ဆိုင်ထားရပေမယ့်အမြဲတစေဒေါသထွက်နေတတ်ပြီးအနံ့နဲ့ပတ်သတ်ရင် ဆက်ဆက်ထိမခံနိုင်လောက်အောင်ပေါက်ကွဲတတ်တဲ့ Hong Bin ဟာတစ်နေ့မှာတော့ မထင်မှတ်ဘဲထူးခြားတဲ့အနံ့ပိုင်ရှင်Se-Dong ဆိုတဲ့မိန်းကလေးတစ်ဉ်ီးနဲ့ဆုံတွေ့ခဲ့ရပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ဒေါသထွက်ချိန်တိုင်း ဓားသွားလိုကြောက်စရာကောင်းတဲ့ Hong Bin တစ်ယောက်ဆင်းရဲပြီး ဘဝကိုရုန်းကန်နေရတဲ့ Se-Dong နဲ့တွေ့ပြီးနောက် ဘယ်လိုတွေပြောင်းလဲသွားမလဲ ?Hong Bin ရဲ့ ဆက်ဆက်ထိမခံနိုင်တဲ့ ဒေါသတွေရဲ့နောက်ကွယ်မှာဘယ်လိုအကြောင်းအရင်းတွေရှိမလဲ ?သူတို့၂ဦးရဲ့ကြားမှာရော ဘယ်လိုအရာတွေကကြားဝင်လာဦးမလဲ ?ဆိုတာတွေကိုK drama တို့ရဲ့ရိုးရာအတိုင်း အရိုလေးတွေ အရယ်လေးတွေ ရင်ခုန်စရာလေးတွေကိုFantasy လေးနဲ့ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Total Episodes : 18Quality : WEB-DL 720pFormat: mp4Subtitle : Myanmar Sub ( Hardsub )Review By LwinSub Credit To Somonlian ( Subscene )  Download ( Ep 1 ...
6.5
TMDb: 6.5/10 4 votes
tv

Blade Man ( 2014 ) Completed

2014
Reply 1988 7.8
Reply 1988 Reply 1988 Review Reply စီးရီးတွေထဲမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲပါ။ Reply စီးရီးတွေက စုစုပေါင်း ၃ ခု ရှိပါတယ်။ Reply 1997, Reply 1994 နဲ့ Reply 1988 တို့ပါ။ ပထမနှစ်ကားကတော့ Channel Myanmar မှာ တင်ခဲ့ပြီးပါပြီ။ ဒါကတော့ Reply စီးရီးတွဲတွေရဲ့ နောက်ဆုံးတွဲပါ။ ၁၉၉၀ ဝန်းကျင်နားတဝိုက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲတွေကို ဘာလို့ လူကြိုက်များရတာလဲဆိုတော့ .... ၂၀၀၀ အလွန် ခေတ်တွေထက်စာရင် လူသားပိုဆန်ခဲ့ကြလို့ပါပဲ။ ဒီဂျစ်တယ် နည်းပညာ ခေတ်မစားခင် အချိန်ကာလက ဖြစ်တဲ့အတွက် လူလူချင်း ပိုပြီး ရင်းနှီးခင်မင်ခဲ့ကြပါတယ်။ ဒါတွေဟာ ပြန်တွေးကြည့်ရင် လွမ်းမောစရာတွေပါပဲ။ ယခင် Reply ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့အချက်ကတော့ အချစ်ဇာတ်လမ်းကို အနည်းငယ်သာ ထည့်ထားပြီးတော့ ဆိုးလ်မြို့ ဆန်းမွန်ဒုံ ရပ်ကွက်က မိသားစု ၅ စု ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ပြထားတာပါ။ မိသားစုအကြောင်းကို အလေးထား ...
7.8
TMDb: 7.8/10 32 votes
tv

Reply 1988

2015
Black Dog (2019) 9
Black Dog (2019) Black Dog ဒီတစ်ခါတော့ ကျောင်းဆရာ ဆရာမတွေ အကြောင်း ရိုက်ကူးထားတဲ့ BLACK DOG ဆိုတဲ့ ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားထဲမှာတော့ beauty inside က မင်းသမီး Seo Hyun Jin ကို စာချုပ်နဲ့ ဆရာမအဖြစ်လုပ်ကိုင်နေတဲ့ ယာယီကျောင်းဆရာမလေး ဂိုဟာနူးအဖြစ်မြင်ရမှာပါ ဟာနူးဟာ ဘာလို့ ဒီလို အာမခံချက်မရှိတဲ့ စာချုပ်အလုပ်သမား ဘ၀ကို ရွေးချယ်ခဲ့လဲဆိုတာတော့ သူမမှာလည်း အကြောင်းရင်းတွေ ရှိနေပါတယ် သူမ အထက်တန်းကျောင်းသူဘ၀တုန်းက သူမတို့ ကျောင်းလေ့လာရေးခရီးမှာ သူတို့စီးလာတဲ့ ကားဟာ လိုဏ်ခေါင်းတိမ်းမှောက်သွားခဲ့ပါတယ် အဲ့အချိန်မှာတော့ ကားထဲမှာ ဟာနူးတစ်ယောက်တည်း ခြေထောက်ညပ်ပြီး ကျန်နေခဲ့ပါတယ် ကားက ပေါက်ကွဲတော့မှာမို့ ဆရာတွေကော ကျောင်းသားတွေရော ကားနားကို မသွားဖို့ ကယ်ဆယ်ရေးက တားနေပေမယ့် စာချုပ်နဲ့ဆရာ၀င်လုပ်နေတဲ့ ယာယီဆရာ ကင်ယောင်းဟာတော့ တပည့်ဖြစ်သူကို ကယ်ဖို့ လိုဏ်ခေါင်းထဲပြန်၀င်သွားပြီး မှောက်နေတဲ့ ကားထဲကို ၀င်ပြီးကယ်ဆယ်ခဲ့ပါ သူကယ်ဆယ်နေတဲ့ အချိန် နောက်ကလိုက်လာတဲ့ ကယ်ဆယ်ရေးအဖွဲ့က လူတစ်ယောက်နဲ့ ကျောင်းသူဂိုဟာနူးကိုထည့်ပေးလိုက်ပြီး သူကတော့ နောက်က လိုက်ခဲ့မယ်လို့ပြောခဲ့ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ ကားက ပေါက်ကွဲသွားတဲ့အခါမှာတော့ ဆရာကင်ယောင်းဟာ သေဆုံးသွားခဲ့ပါတယ် ကျောင်းသားကျောင်းသူတွေနဲ့အခြားသူတွေကတော့ ဒဏ်ရာအသေးမွှားအတွက်တောင်မှ လျော်ကြေးတွေရရှိခဲ့ပေမယ့် ဆရာကင်ယောင်းဟာအတွက်တော့ လျော်ကြေးမရရှိခဲ့ပါဘူး ဘာကြောင့်မရခဲ့လဲဆိုတာကတော့ သူက ...
9
TMDb: 9/10 3 votes
tv

Black Dog (2019)

2019
Please Come Back, Mister 7
Please Come Back, Mister ဒီစီးရီးလေးကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Rain,  Oh Yeon-Seo , Lee Min-Jung တို့ဦးဆောင်ပါဝင်ထားပါတယ်...တခြားစီးရီးတွေနဲ့မတူတာကတော့ ဒီစီးရီးလေးရဲ့အစပိုင်းမှာလုပ်ငန်းခွင်စိတ်ဖိစီးမှု့တွေကြောင့်နောက်ဆုံးမှာကိုယ့်ကိုကိုယ်အဆုံးစီရင်သလိုဖြစ်သွားတဲ့ယောကျာင်္းတစ်ယောက်နဲ့ချစ်သူရဲ့ပစ်ခွာမှု့တွေနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ယောကျာင်္းတစ်ယောက်တို့ရဲ့သေဆုံးခြင်းနဲ့အတူစတင်ထားပါတယ်...သူတို့နှစ်ယောက်ဟာသေဆုံးပြီးတဲ့အချိန်မှာ ကောင်းကင်ဘုံကိုသွားလို့ရပေမယ့်လည်းတစ်ယောက်ကသူချစ်တဲ့ မိန်းမနဲ့သမီးလေးရဲ့စိတ်နဲ့လူ့ပြည်ကိုပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်...နောက်တစ်ယောက်ကလည်း သူချစ်တဲ ချစ်သူကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့လူ့ပြည်ပြန်လာဖို့ဆုံးဖြတ်လိုက်ပြန်ပါတယ်..ဒါပေမယ့် သူတို့ဟာ သေဆုံးပြီးသားလူတွေဖြစ်လို့သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ပြန်လာလို့မရတော့ပါဘူး..ဒါကြောင့် သူတို့နဲ့သင်တော်မယ့်လူတွေရဲ့ ပုံစံကိုယူပြီးမှပြန်လာခဲ့ရပါတယ်...ဒါကြောင့် အဲဒီယောကျာင်္းနှစ်ယောက်မှာ တစ်ယောက်ကယောကျာင်္းပီသတဲ့စော်ကြည်ဘဲ ကိုယ်ခန္ဓာကိုရပြီးတော့နောက်တစ်ယောက်က ခပ်လန်းလန်းစော်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုရလိုက်ပါတယ်..ဒါကလည်း ဇာတ်လမ်းကို တကယ်အသက်ဝင်စေတဲ့အချက်တစ်ခုဆိုရင်လည်းမမှားပါဘူး...သူတို့နှစ်ယောက်ရဲ့ကမောက်ကမအလွဲတွေနဲ့ရယ်ရစေသလိုကောင်းမွန်လှတဲ့ ဇာတ်အိမ်တည်ဆောက်မှု့တွေကြောင့်ဝမ်းနည်းစရာလည်းကောင်းပါတယ်...ကြည့်ပြီးတဲ့သူများရှိကြသလို မကြည့်ရသေးတဲ့လူများလည်းQuality ကောင်းကောင်းနဲ့ကြည့်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်.... Quality ... HDTV 720p Running Times ... 01:00:00 Encoder .... Moe Myint LwinComplete Zip VIP  /  Yoteshin[1-8]  /  Yoteshin[9-16] Episode ( 1 )
7
TMDb: 7/10 7 votes
tv

Please Come Back, Mister

2016