Channel Myanmar

Ren Hao

A Date With the Future ( 2023 )
A Date With the Future ( 2023 ) ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့‌ မီးဘေးအန္တရာယ်‌‌က‌‌ေနလူေတွကိုရဲစွမ်းသတ္တိအပြည့်နဲ့ကယ်တင်ပေးနေတဲ့မီးသတ်သမားလေးနဲ့ မြေပြင်သတင်းများကိုအချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့သတင်းထောက်မလေးကြားကပေါ်ပေါက်လာတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းလေးမှာအဓိကပါဝင်သရုပ်ဆောင်ထားကတော့ မင်းသမီးချော Zhang Ruoan နဲ့ဟောင်‌ေကာင်မင်းသားချော William Chan..သူ့ကိုအရင်ကတည်းက သိုင်းကား Legend of Zu Mountain,Pearl Eclipse အစရှိတဲ့သိုင်းကားတင်သာမကပဲ action ကားများထဲလည်းသူ့ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့အများရင်းနှီးပြီးသားဖြစ်မှာပါ😌ဒီဇာတ်လမ်းလေးမှာကတော့ မီးသတ်သမား‌‌ေလးကျင်ရှီချွမ်းဟာ ငလျင်ကယ်ဆယ်ရေးတစ်ခုမှာရွှီလိုင်လိုအမည်‌ရတဲ့ကောင်မလေးတစ်ယေက်ကိုကယ်တင်ခဲ့တယ်။ အဲ့ကောင်မလေးကသူ့ကိုကယ်‌တင်ပေးတဲ့ကယ်တင်ရှင်ကို ၁၀နှစ်ပြီးရင်‌ပြန်လည်‌ေတွ့ဆုံမယ်ဆိုတဲ့ကတိကို‌ေပးထားခဲ့တယ်။အဲ့အချိန်မှာတော့မီးသတ်သမားကလည်းကောင်မလေး ဒဏ်ရာရနေတာကိုငဲ့ညှာပြီး လက်ခံခဲ့တာကနေစပါတယ်။၁၀နှစ်ပြီးတဲ့နောက် ရွှလိုင်ဟာသတင်းထောက်ရာထူးအပြင်နိုင်ငံတကာခွေးလေ့ကျင့်သင်ကြားရေးလက်မှတ်ပါရထားတဲ့သူအဖြစ်နဲ့တရုတ်ပြည်ကိုပြန်ရောက်လာခဲ့တယ်။ သူမဟာ သတင်းတင်ဆက်ရင်း ကျင်ရှီချွမ်းနဲ့ ကယ်ဆယ်ရေးတစ်ခုမှာပြန်လည်တွေ့ဆုံခဲ့တယ်။အဲ့အချိန်မှာတော့ ကျင်ရှီချွမ်းကသူမကိုမမှတ်မိတဲ့အပြင်ကို သူ့ကိုအကျင့်စာရိတ္တမကောင်းတဲ့သတင်းထောက်ဆိုပြီးနားလည်မှုလွဲနေခဲ့တယ်။ဒါပေမဲ့ရွှီလိုင်ဟာလက်မလျှော့ပဲနဲ့ ကျင်ရှီချွမ်းတို ကယ်ဆယ်ရေးအဖွဲတည်ထောင်တဲ့အခါမှာသူမရဲ့နိုင်ငံတကာခွေးလေ့ကျင့်သင်ကြားရေးကျွမ်းကျင်မှုနဲ့ အဖွဲမှာကျင်ရှီချွမ်းရဲ့ပါတနာအဖြစ်လုပ်ကိုင်ရင်းကျင်ရှီချွမ်းကသူ့အပေါ်မေတ္တာမျှလာစေအောင်ဘယ်လို‌အားထုတ်သလဲ....ယခင်ကအဖွဲဝင်တစ်ယောက်ဆုံးရှုးထားတဲ့စိတ်ဒဏ်ရာကြောင့် တဖန်ချစ်ဖိုဝန်လေးနေတဲ့ကျင်ရှီချွမ်းကရောရွှီလိုင်ရဲ့ရည်ရွယ်ချက်ရှိရှိချဉ်းကပ်မှုတွေ၊ ဖွင့်ဟပြောဆိုမှုတွေပေါ်ယိမ်းယိုင်လာမလား...နှစ်ဦးနှစ်ဖက်ကအလုပ်သဘောအရ‌အ‌ေရး‌ေပါ်အန္တရာယ်တွေကြားမှာကြိမ်ဖန်များစွာတွေ့ဆုံရင်းအခက်အခဲတွေကိုအပြန်အလှန်ဖေးမရင်းဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုCM နဲ့အတူစောင့်မျှော်ကြည့်ရူကြဖိုဖိတ်ခေါ်လိုက်ပါတယ် 🥰 Reviewed By Tsuki Mon Quality : WEB-DL 720p,1080p Total Episodes : 36 Format : mp4 Genres : Romance, Drama Duration : 45 min per Episode Subtitle : ...

A Date With the Future ( 2023 )

2023
My Wife (2023)
My Wife (2023) CM ပရိသတ်တွေ အချိုတွေချည်း ကြည့်နေရတာ အီနေကြပြီလား။ဒီတစ်ခါမှာတော့ လက်တွေ့မှာ မကြာခဏမြင်နေကျ အိမ်ထောင်ရေးအခြေအနေကိုဇာတ်လမ်းအဖြစ် ကြည့်ရှုရမယ့် ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းနာမည်က My Wife ဖြစ်ပြီးတော့ အဓိက သရုပ်ဆောင်တွေအနေနဲ့ယွမ်ရှန်းရှန်းနဲ့ တုချွင်တိုက ပါဝင်ထားပါတယ်။ ဇာတ်လမ်းပုံစံကို ပြောရမယ်ဆိုရင်ရှန်အားနန် (ယွမ်ရှန်းရှန်း) က မိသားစုကို တန်ဖိုးထားပြီး အိမ်ထောင်သည်ဘဝကိုတာဝန်ကျေပွန်စွာ ဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အစပိုင်းမှာ သူဟာအမျိုးသားဖြစ်သူ ရန်ရိမင် (တုချွင်) နဲ့အတူ သမီးလေးကို ပျိုးထောင်ခဲ့ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အမျိုးသားဖြစ်သူထံက တခြားအမျိုးသမီးရဲ့ ရေမွှေးအနံ့ကို ရမိသွားပြီးအမျိုးသားက ဖောက်ပြန်နေတာကို သိသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ သာယာနေတဲ့ အိမ်ထောင်ရေးလေးကယိုယွင်းလာခဲ့ပြီးတော့ ရှန်အားနန်က အချိန်ပြည့် အိမ်ရှင်မဘဝကနေ ရုန်းထွက်ဖို ဆုံးဖြတ်လိုက်တယ်။သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို တိုးတက်အောင်လုပ်ဖို လုပ်ငန်းခွင်ကို ပြန်ဝင်ခဲ့ပါတော့တယ်။ကဲ...ဒါဆိုရင် ရှန်အားနန်က လုပ်ငန်းခွင်မှာ အဆင်ပြေပြေရှိနိုင်မလား၊ သူ့ရဲ့ အမျိုးသားနဲ့ ဘာတွေဆက်ဖြစ်မလဲ၊အမျိုးသားဖြစ်သူကို လုယူခဲ့တဲ့သူနဲ့ရော ...

My Wife (2023)

2023
A Female Student Arrives at the Imperial College ( 2021 ) Completed
A Female Student Arrives at the Imperial College ( 2021 ) Completed အားလုံး မျှော်လင့်တကြီး တောင်းဆိုနေတဲ့ A Female Student Arrives at the Imperial College (2021) လေးလာပါပြီမင်းသားတွေ မင်းသမီးကတော့ ထူးကဲမိတ်ဆက်နေဖို့ မလိုတဲ့ အသည်းကျော်လေးတွေမို့ မပြောတော့ပါဘူး...ဒီကားလေးက နာမည်လေးအတိုင်းပဲ ပထမဆုံးသော အမျိုးသမီးကျောင်းသားကို လက်ခံတဲ့အခါကျောင်းဖက်က ကြုံတွေ့ရတဲ့ အခက်ခဲတွေ ကျောင်းသူလေးဖက်က ရင်ဆိုင်ရတဲ့ ဒုက္ခတွေ နောက်ပြီးပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေကို ဒီကားလေးမှာ ခံစားနိုင်မှာပါ...သို့ပေမယ့် ဒီဇာတ်လမ်းနောက်ခံယူထားတဲ့ ခေတ်မှာ ဒီကားထဲကလောက် အမျိုးသမီးတွေအခွင့်အရေးမရခဲ့တဲ့အတွက် တချို့နေရာလေးတွေက သမိုင်းနဲ့ယှဉ်ကြည့်မယ်ဆိုလွဲကောင်းလွဲနိုင်တာမို့ ဇာတ်လမ်းအနေနဲ့ပဲ ကြည့်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဇာတ်လိုက်မင်းသမီးလေး စန်းချီက သူ့အစ်ကိုဖြစ်သူရဲ့ကျောင်းဘဝကို ကြည့်ပြီး အားကျတာက တစ်ကြောင်း ဒီတစ်ဦးတည်းသော ညီမလေးကိုပစ်ပြီး ကျောင်းပျော်နေတဲ့ အစ်ကိုကို သဝန်တိုတာက တစ်ကြောင်းကြောင့် သူ့ အစ်ကိုတက်ခဲ့တဲ့Imperial College ကို သူရအောင်တက်ဖို့ ကြိုးစားခဲ့ပါတယ်... ဒီအချိန်မှာဇာတ်လိုက်မင်းသားယန်ယွင်ချီ ကတော့ ...

A Female Student Arrives at the Imperial College ( 2021 ) Completed

2021