Channel Myanmar

Ren Jialun

Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
Twilight ( 2023 ) 10
Twilight ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားလေး Allen Ren နဲ့ မင်းသမီးလေး Angelababy တို့ရဲ့ ဇာတ်လမ်းသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စိတ်ကျန်းမာရေးဆရာဝန်ဖြစ်သူ လျိုရှာဟာ လမ်းမှာ တံတားပေါ်က ခုန်ချချင်တဲ့ အမျိုးသမီးတစ်ယောက်ကို သူ့ရဲ့ပညာနဲ့ကူညီပေးခဲ့ပြီး ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒီ့အဖြစ်အပျက်ကို သူ့ရဲ့ စုံထောက်ဝတ္ထုကို ဇာတ်ညွှန်းအဖြစ် ရေးချင်နေသူ စာရေးဆရာ ချီလျန်ရှန်းက တွေ့သွားပြီး လျိုရှာကို အကြံပေးအဖြစ် လုပ်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။လူအများအပြားကို ကူညီပေးချင်တဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လျိုရှာက သူမရဲ့ကိုယ်ပိုင်ရုံးခန်း ဖွင့်ခဲ့ပြီးတော့ လူအများကို စိတ်ကျန်းမာရေးပညာနဲ့ အကူအညီပေးနိုင်ခဲ့ပါတယ်။ ချီလျန်ရှန်းရဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ပြောင်းလဲနေချိန်မှာလည်း လျိုရှာရဲ့ အကူအညီတွေ ရရှိခဲ့ပါတယ်။သူတို့နှစ်ယောက် အဆက်အသွယ်အမြဲရှိနေခဲ့ပြီး ချီလျန်ရှန်းဟာလည်း လျိုရှာအပေါ် တဖြည်းဖြည်း မေတ္တာရှိလာခဲ့တယ်။ အဲ့နောက်မှာ တဖြည်းဖြည်း လျိုရှာရဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီးတော့ ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်သူတို့နှစ်ယောက်လည်း အကြိမ်ကြိမ်ပူးပေါင်းမှုတွေကတစ်ဆင့် တဖြည်းဖြည်းနီးကပ်လာပြီး ဘယ်လိုတွေရှေ့ဆက်လှမ်းကြမလဲ ဘယ်လိုတွေ အခက်အခဲကို ဖြတ်ကျော်ကြမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပါQuality : WEB-DL 1080p ...
10
TMDb: 10/10 1 votes
tv

Twilight ( 2023 )

2023
Thousand Years For You (2022)
Thousand Years For You (2022) CM ပရိသတ်တိုအတွက်မင်းသားချောလေး Allen နဲ့မင်းသမီးလေး Li Qin တိုရဲ့ဇာတ်လမ်းအသစ်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ လုယန်ဆိုတဲ့ စစ်နတ်ဘုရားဟာနှစ်တစ်ထောင်ကျော်ခန့် အိပ်ပျော်နေခဲ့ပြီးနိုးထလာခဲ့ပါတယ်။ နှစ်ပေါင်းထောင်ချီအိပ်စက်နိုးထလာပြီးနောက်လည်းအတိတ်က ချစ်သူကို ရှာတွေ့ဖိုကြိုးစားနေခဲ့ပါသေးတယ်။ယွီတိန်းတိန်းဆိုတဲ့ ချင်းချွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကသူများအမြင်မှာတော့ ငွေမက်ပြီး တဏှာကြီးတဲ့ဓါးပြမလေးတစ်ယောက်ဖြစ်ပါတယ်။သူမဟာ အရင်ဘဝက နတ်သမီးတစ်ပါးဖြစ်ခဲ့ပြီးစစ်နတ်ဘုရားလုယန်နှင့် မေတ္တာမျှခဲ့ကြပါတယ်။ဒါပေမဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့်သူမက နောင်ဘဝသိုကူးပြောင်းခဲ့ပြီးစစ်နတ်ဘုရားကတော့နှစ်တစ်ထောင်ခန့် အိပ်ပျော်သွားခဲ့ပါတယ်။နှစ်သုံးထောင်ကြာပြီးနောက်မှာတော့မင်္ဂလာပွဲတစ်ခုမှာ သူမရဲ့ ဖူးစာဖက်ကို တွေ့ခဲ့ပါတယ်။ နှစ်တစ်ထောင်ကျော် ကြာပြီးနောက်မှာလည်းမြင်မြင်ချင်း ချစ်မိသွားတဲ့သူနှစ်ယောက်၊သူတိုရဲ့ ဇာတ်လမ်းလေးကို CM ကဘာသာပြန် တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။(အညွှန်းရေးသားထားသူကတော့ Moon ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 36Format : mp4Genres : Wuxia, Romance, Fantasy, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded ...

Thousand Years For You (2022)

2022
The Blue Whisper ( 2022 )
The Blue Whisper ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့The Blue Whisper ပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့တရုတ်ကားချစ်သူတိုင်းသိကြတဲ့ The Glory of Tang Dynasty ဇာတ်ကားထဲကမင်းသားRen Jia Lun နဲ့ Eternal Love of Dream ထဲကအနီရောင်အမြှီးကိုးချောင်းမြေခွေးဘုရင်မအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Dilireba တို့ကပါဝင်သရုပ်ဆောင်ထားတာဆိုတော့ဇာတ်လမ်းလေးကတော့ကြည့်ကောင်းမှာ အသေချာပါပဲနော်။ကဲဒီတော့ဇာတ်လမ်းအကျဉ်းကြည့်လိုက်ရအောင် ~ဇာတ်လမ်းအကျဉ်းလေးကတော့ Ji Yun He (Dilireba) ကနတ်ဆိုးတောင်ကြားသခင်ရဲ့မွေးစားသမီးလည်းဖြစ်စွမ်းအားမြင့်မားတဲ့ဝိဉာဉ်ထိန်းချုပ်သခင်မလည်းဖြစ်သော်ငြားလည်းတောင်တန်းတွေကြားမှာမနေချင်ဘဲ လွတ်မြောက်ချင်တဲ့သူ။ဒါပေမဲ့ တောင်ကြားသခင်ရဲ့အဆိပ်မိထားတဲ့သူမကဘယ်တော့မှတောင်ကြားကနေဝေးဝေးထွက်ပြေးနိုင်မှာမဟုတ်။တနေ့မှာတော့ရှာပါးမျိုးနွယ်ရေသူထီး Chang Yi (Ren Jia Lun) ကိုနတ်ဆိုးအငွေ့အသက်ကိုဖယ်ရှားဖို့အတွက်တာဝန်ပေးခြင်းခံရတယ်။လွတ်မြောက်ချင်တဲ့ Ji Yun He ကရေသူထီး Chang Yi ကိုအသုံးချဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့အပြစ်ကင်းပြီးကြင်နာနွေးထွေးတတ်တဲ့Chang Yi ကြောင့် Yun He နှလုံးသားအရည်ပျော်ကြသွားရာကတဖြည်းဖြည်းနဲ့ရန်သူအဖြစ်ကနေအချစ်စိတ်တွေပေါက်ဖွားလာတာပေါ့။သို့ပေမဲ့လည်း ကံကြမ္မာရဲ့ရက်စက်မှုကြောင့်နှစ်ဦးသားနက်နက်ရိူင်းရိူင်းချစ်ပေမဲ့လည်း,အချင်းချင်းတိုက်ခိုက်နေကြရတာပေါ့။ ကဲဒီတော့လွတ်မြောက်ချင်တဲ့Yun He ကလွတ်မြောက်နိုင်ပါ့မလား။ချစ်သော်ငြားလည်းရန်သူဖြစ်နေတဲ့အတွက်ရန်သူကနေဘယ်လိုပေါင်းစည်းသွားမလဲ။လောဘတရားကိုရှေ့တန်းတင်မှုကြောင့်ပျက်ဆီးတော့မယ့်လောကကြီးကိုနှစ်ဦးသားဘယ်လိုတာဝန်ယူကာကွယ်မလဲ။ရေသူထီး Chang Yi ကကောဘာလျို့ဝှက်ချက်တွေများနေလဲဆိုတာတော့~ ...

The Blue Whisper ( 2022 )

2022
Forever and Ever ( 2021 ) Complete
Forever and Ever ( 2021 ) Complete One and only မှာ ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် ရှင်လည်းဘယ်လိုနည်းနဲ့မညားတဲ့အပြင် ရက်ရက်စက်စက် သေကွဲကွဲခဲ့ရတဲ့ ရှီယိနဲ့ ကျိုးရှန်ချန် တိုဒုတိယဘဝမှာ ဘယ်လိုတွေ အတိုးချရိုပြီး ဘယ်လိုတွေ ချစ်ပြတတ်ကြင်နာတတ်တယ်ဆိုတာ စောင်ကိုက်ရင်းကြည့်ရမယ့်romance ဒရာမာလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။Oath of love က ပြမယ့်ရက် နောက်ရွေ့ထားတော့ သူ့အစားဒီအရိုတစ်လိုင်းလေးကြည့်ပြီး ဖြေသိမ့်ကြတာပေါ့...ဇာတ်လမ်းအကျဉ်းလေး ပြောပြရရင်တော့ချစ်စရာကောင်းပြီး ရိုးရိုးအေးအေး အသံနောက်ခံသရုပ်ဆောင်ရှီယိလေးက သွေးအေးပြီး မချစ်တတ်ဘူးထင်ရလောက်တဲ့chemistry ပရော်ဖက်ဆာကျိုးရှန်ချန်နဲ့ လေဆိပ်မှာအမှတ်မထင်ဆုံတွေ့ရာကနေ အတိတ်ဘဝက ရေစက်ကြောင့်မြင်လျှင်မြင်ချင်း စိတ်ဝင်စားခဲ့ရာကနေ တစ်ဖြည်းဖြည်းတစ်ယောက်အကြောင်းတစ်ယောက် နားလည်လာပြီးအဆင့်တွေ ဖြည်းဖြည်းချင်းတက်ကာ ထာဝရရွှေလက်တွဲကြလေသတည်းပေါ့...One and only မှာ ငိုခဲ့ရသမျှ ဒီမှာ မကျေပွဲ စောင်ပြန်ကိုက်ရမယ့်အရိုတစ်လိုင်းမို အရိုလေးတွေကြည့်ပြီး စိတ်ဖိစီးမှုတွေဖြေလျှော့ချင်သူတွေအတွက် မကြည့်လိုက်ရလိုနောင်တရနိုင်တဲ့ ဇာတ်ကားလေးမို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြနော်.. Quality : WEB-DL 720pFormat : mp4During : 45min ...

Forever and Ever ( 2021 ) Complete

2021