Channel Myanmar

Şevket Çoruh

Hot Skull (2022) 7.3
Hot Skull (2022) Hot Skull (2022) ============= IMDb Rating - 7.3/10ကမ္ဘာကြီးပျက်စီးသွားပြီးတဲ့နောက် ကာလတွေကိုအခြေခံထားတဲ့ ရုပ်ရှင်တွေဇာတ်လမ်းတွဲတွေကိုအများကြီးမြင်ခဲ့ရဖူးပါပြီ။ နျူက လီးယားဘေး စစ်မက်ဘေးကြောင့်ပျက်စီးသွားတဲ့ကမ္ဘာ၊ သဘာဝ ဘေးအန္တရာယ်ကြောင့်ပျက်စီးသွားတဲ့ကမ္ဘာ၊ ဖုတ်ကောင်ကပ် ရောဂါ ကပ်ကြောင့်ပျက်စီးသွားရတဲ့ ကမ္ဘာစသဖြင့်ပေါ့လေ၊ ဒီဇာတ်ကားကလဲ အဲ့ဒါမျိုးတွေနဲ့ဆင်တူ ကပ်ရောဂါတစ်ခုရဲ့ဒဏ်ကြောင့် ပျက်စီးလုနီးပါး ဖြစ်နေတဲ့ ကမ္ဘာကြီးရဲ့ကာလတစ်ခုကိုအခြေခံပါတယ်။လွန်ခဲ့တဲ့ရှစ်နှစ်ကစတင်လာခဲ့တဲ့ ကပ်ရောဂါတစ်ခုဟာ ကမ္ဘာကြီးရဲ့ပုံမှန် အခြေအနေတွေကိုတိုက်စားဖြိုဖျက်ပစ်ခဲ့ပါတယ်။ ရောဂါကတော့ စကား ပြောရာကနေကူးစက်တာဖြစ်ပြီး ကူးစက်ခံရသူတွေဟာ ပုံမှန်အသိစိတ် ပျောက်သွားပြီး ပါးစပ်ကနေ ဗလုံးဗထွေး အဓိပ္ပါယ်မဲ့စကားတွေစပြောပါ တော့တယ်။ အဲ့ဒီရောဂါကိုကာကွယ်ဖို့အတွက် လူတွေဟာနားကြပ်တွေ အမြဲတပ်ထားပြီး နေထိုင်သွားလာကြရပါတယ်။အစပိုင်းမှာတော့ လူတွေဟာ တစ်ချိန်မှာ ဒီရောဂါကိုတိုက်ဖျက်နိုင်မယ်၊ ကာကွယ်ဆေးရှာတွေ့နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့၊ ကာလကြာချိန်မှာတော့ အသားကျအောင်ကြိုးစားနေထိုင် ကြရတဲ့အခြေအနေပါဖြစ်လာခဲ့ပါတယ်။အဲ့ဒီရောဂါကိုတိုက်ဖျက်ဖို့ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ AEI အဖွဲ့ကလဲအင်အားကြီး ထွားလာပြီးတော့ လူတွေကိုအကြမ်းဖက်အာဏာရှင်ဆန်ဆန်အုပ်ချုပ်တဲ့ အနေအထားကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီလိုမတရားလုပ်ရပ်တွေကို ဆန့်ကျင်ဖို့ အတွက်လဲ Plus 1 ဆိုတဲ့အဖွဲ့တစ်ဖွဲ့လည်းပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ဒီရောဂါကိုပြီးနေတဲ့ မူရတ်ဆိုတဲ့လူတစ်ယောက်ရှိကြောင်းကိုနှစ်ဘက်လုံးက သိရှိသွားပြီး အားပြိုင်မှုတွေဖြစ်ပေါ်လာပါတော့တယ်။IMDb Rating 7.3/10၊ RT 88% တို့ကိုရရှိထားတဲ့အပြင် production value အမိုက်စားတွေ၊ တစ်ပိုင်းပြီးတစ်ပိုင်းဆွဲဆောင်ခေါ်ယူသွားမယ့်ဇာတ်အိမ်  ကောင်း ကောင်း၊ သရုပ်ဆောင်တွေ‌ကြားကအချိတ်အဆက်မိတဲ့ chemistry နဲ့ပီပြင်မှုတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အားပြိုင်ဉာဏ်ကစားမှုတွေ လှည့်ကွက်တွေကြောင့် Natural disaster /dystopian ...
7.3
TMDb: 7.3/10 2800 votes
tv

Hot Skull (2022)

2022