Channel Myanmar

Sha Baoliang

Road Home (2023)
Road Home (2023) ယခုတစ်ခေါက် CMကတင်ဆက်ပေးသွားမယ့် ဇာတ်လမ်းလေးကတော့အလယ်တန်းကျောင်းသားဘဝ အစပြုရင်း ကျောင်းအားကစားကွင်းမှာမြင်မြင်ချင်း ချစ်မိသွားခဲ့ကြတဲ့ Gui Xiao နှင့် Lu Yan Chen တို၏အချစ် ဇာတ်လမ်း လေးဖြစ်ပါတယ်။ Gui Xiao နှင့် Lu Yan Chen တိုဟာအရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်ပေါ် တစ်ယောက်ထားတဲ့ချစ်ခြင်းမေတ္တာတွေဟာ ပိုမိုခိုင်မာလာပြီး ဘဝသက်ဆုံးတိုင်လက်တွဲဖိုအထိ မျှော်လင့်ထားခဲ့ကြတယ်။ဒါပေမဲ့ ထင်မှတ်မထားတဲ့ ဘဝကံကြမ္မာအလှည့်အပြောင်းတွေကြောင့်Gui Xiao ရဲ့မိသားစုအခြေအနေဟာ ပြောင်းလဲခဲ့ပြီး Lu Yan Chen ဟာရဲအရာရှိအဖြစ် နိုင်ငံရပ်ခြားကိုရောက်ရှိသွားခဲ့ပါတယ်။မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် Gui Xiao ဟာလည်းငွေကြေးလောကရဲ့ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းပေါ် ကိုရောက်ရှိသွားခဲ့တယ်။ဒီလိုကံကြမ္မာအလှည့်အပြောင်းတွေကြား ဝေးကွာနေရတဲ့ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေဟာဆက်လက်ခိုင်မြဲနေမလား တစ်ဦးပေါ်တစ်ဦး အနေဝေးပြီး သွေးအေးသွားမလားဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားတဲ့ သူတွေကတော့Gui Xiao အဖြစ် မင်းသမီးချော Tan Song Yun နှင့်Lu Yan ...

Road Home (2023)

2023
Hello, The Sharpshooter (2021)
Hello, The Sharpshooter (2021) ဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့ ခေတ်လူငယ် အချစ်ကားလေးဖြစ်တဲ့Hello, the Sharpshooterပဲဖြစ်ပါတယ်။ ဒီကားလေးမှာဆိုရင်တော့ A Love So Beautiful ထဲက မင်းသားချောလေးHu Yi Tian က သေနတ်ပစ်ကစားသမားလေး (ရှန်ချင်းယွမ်)အဖြစ် Put Your Head On My Shoulder ထဲကမင်းသမီးချောလေး Xing Fei က ရုပ်သံလွှင့်ဌာနမှ သတင်းထောက်မလေး (ထန်ရှင်း) အဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အမျိုးသားအားကစားပြိုင်ပွဲမှာ ရုပ်သံလွှင့်ဌာန Sports Channelမှ အလုပ်သင်သတင်းထောက်မလေး ထန်ရှင်းကပစ္စတိုသေနတ်ပစ်ပြိုင်ပွဲချန်ပီယံကို အင်တာဗျူးဖို့ တာဝန်ပေးခံရတယ်။ အင်တာဗျူးဖို့ လုပ်တဲ့အချိန်မှာ တစ်ဖက်သူက လွန်ခဲ့တဲ့ ၄နှစ်တုန်းကထန်ရှင်း တိတ်တခိုးသဘောကျခဲ့တဲ့ ရှန်ချင်းယွမ်ဖြစ်နေတယ်။ ဒါပေမဲ့လည်း ထန်ရှင်းက အင်တာဗျူးတဲ့အခါ ရှန်ချင်းယွမ်ရဲ့ အေးတိအေးစက်တုံ့ပြန်မှုတွေကြောင့် ထိတ်လန့်သွားပြီး စကားထစ်သွားတာကြောင့် ...

Hello, The Sharpshooter (2021)

2021