Channel Myanmar

Son Byung-ho

Welcome 2 Life 2019 7.7
Welcome 2 Life 2019 Welocme 2 Life (2019) **************************အစ/အဆုံး၂၀၁၉ တုန်းက ထွက်ခဲ့တဲ့ Idol-Actor ကြီး Rain နဲ့ The Glory က Unnie Im Ji Yeon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် စုံထောက်ဇာတ်လမ်းကိုမှ အပြိုင်စကြဝဠာပုံစံလေးနဲ့ ရိုက်ကူးထားတာပါဇာတ်လမ်းအကျဉ်း --------------အီဂျယ်ဆန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး law firm တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ JK law firm ရဲ့ အတော်ဆုံးရှေ့နေတစ်ယောက်ပါ ဒါပေမဲ့ သူက ကိုယ့်ရဲ့အောင်မြင်မှုအတွက်ပဲ ကိုယ်သိပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ချင်သူတွေကို ကူညီပေးလေ့ရှိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ် ကားမတော်တဆမှုဖြစ်ပြီးနောက် parallel universe ကိုရောက်သွားပြီး ဖြောင့်မှန်တဲ့ အမှုစစ် အီဂျယ်ဆန်း အဖြစ် အလုပ်လုပ်နေတဲ့ သူ့ကိုယ်သူတွေ့ရှိလိုက်ရပါတော့တယ် လက်တွေ့ဘဝမှာတော့ ချစ်ရသူ ရာရှီအွန်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက လမ်းခွဲခဲ့ပြီး အောင်မြင်မှုကိုပဲ ရှေးရှုပြီး ဘဝကို လျောက်လှမ်းလာခဲ့တဲ့ ရှေ့နေ အီဂျယ်ဆန်းက အပြိုင်စကြဝဠာမှာတော့ ချစ်သူရာရှီအွန်နဲ့ လက်ထပ်ထားပြီး သမီးလေးတစ်ယောက်လည်းရှိနေပါတယ် အပြိုင်စကြဝဠာက ဖြောင့်မတ်မှန်ကန်တဲ့အမှုစစ် အီဂျယ်ဆန်းဘဝနဲ့ လက်ရှိကမ္ဘာက ...
7.7
TMDb: 7.7/10 9 votes
tv

Welcome 2 Life 2019

2019
King the Land(2023)[Complete]
King the Land(2023)[Complete] King the Land(2023)********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးRed sleeves မှာ အကြီးအကျယ် ဒူးနဲ့မျက်ရည်သုတ်ကာ ဝမ်းနည်းပက်လက် ကြေကွဲခဲ့ရတဲ့ ပရိသတ်တွေအတွက်အခုတစ်ခါမှာတော့ မင်းသား Lee Jun Ho ရဲ့ “ King the Land “ အမည်ရတဲ့ ဟာသဇာတ်နှော ရိုမန့်ကားလေးတစ်ကားကိုဒီနေ့ Netflix ကနေ စတင်ပြီးကြည့်ရှုရတော့ဖြစ်ပါတယ် ,,,မင်းသမီးကလည်း Girl Generation က ပြည်သူ့အချစ်တော် Yoona ဖြစ်တဲ့အတွက်...တကယ်ကို Visual မိုက်တဲ့စုံတွဲကို တဝကြီးကြည့်ရတော့မှာမို့ ရင်ခုန်စရာပဲနော်ဒီလို မိမိုက်တဲ့အတွဲရဲ့ဇာတ်လမ်းလေးကတော့ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ King Hotel ပိုင်ရှင်ရဲ့သူဌေးသား ဂူဝန်ဟာဂုဏ်အရှိန်အဝါကြီးပြီး သူများတွေထက်လည်း တမူထူးခြားတဲ့အပြုအမူအကျင့်စရိုက်ရှိတဲ့သူတစ်ယောက်ပါ ..လုပ်ငန်းဆက်ခံသူတစ်ဦးအနေနဲ့ လုပ်ငန်းသဘောတရားသင်ယူဖို့အတွက် King Hotel မှာ အလုပ်သင်တစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့ပါတယ်.. တဖက်မှာလည်း ဆာရန်းဟာ သွက်လက်ထက်မြက်တဲ့အပြင် သူ့ကိုထိရင်လည်း ပြန်စွာတတ်ပြီးပျော်ပျော်နေတတ်တဲ့ကောင်မလေးတစ်ယောက်ပါ.. ဟိုတယ်ဝန်ထမ်းဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့သူမဟာ ...

King the Land(2023)[Complete]

2023
49 Days (2011)[Complete] 8.213
49 Days (2011)[Complete]   ရှင်းဂျီဟွန်း(Nam Gyuri)ဟာ ချမ်းသာတဲ့ မိဘ၊ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ခပ်မိုက်မိုက် သတို့သားလောင်းပါ ပိုင်ဆိုင်ထားပြီး ပြည့်စုံတဲ့ဘ၀မှာ နေနေတဲ့ကောင်မလေးတစ်ယောက်ပါ. တစ်နေ့တော့ သူမဟာ အမှတ်မထင် ကားမတော်တဆမှုတစ်ခုကြောင့်ကိုမာ၀င်သွားပြီး ဝိဉာဉ်ဘ၀ရောက်သွားတဲ့အခါ သေသူလည်းမဟုတ်လူလည်းမဟုတ်တဲ့ အခြေအနေမှာ အသက်ပြန်ရှင်ဖို့နည်းလမ်းတစ်ခုကို သိခဲ့ရပါတယ်အဲ့နည်းလမ်းကတော့ 49 အတွင်း သူ့ကို တကယ်ချစ်ခင်နှစ်သက်ပြီး စိတ်ရင်းနဲ့ငိုပေးတဲ့သူ သုံးယောက်ရဲ့ မျက်ရည်သုံးစက်ကို စုရမှာပဲဖြစ်ပါတယ်။ဘ၀ကို အရှုံးပေးထားပြီး အသက်ဆက်မရှင်တော့တဲ့ ဆုန်းအီဂယောင်း(Lee Yo Won)နဲ့ ဆုံတဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ်ကို ငှားပြီး မျက်ရည်စုဖို့ ဖြစ်လာပါတယ်။သူမျက်ရည်သုံးစက် ပြည့်နိုင်မလား တကယ် စိတ်ရင်းနဲ့ ငိုပေးတဲ့သူတွေကရောဘယ်သူတွေဖြစ်မလဲဆိုတာကို စိတ်၀င်တစားနဲ့ ကြည့်ရမဲ့ Fantasy DramaလေးပါNam Gyuri, Lee Yo Won, Jo Hyun Jae, Seo Ji Hye, Jung Ii Woo, Bae Soo ...
8.213
TMDb: 8.213/10 68 votes
tv

49 Days (2011)[Complete]

2011
The Bridal Mask (2012) [Complete] 8.4
The Bridal Mask (2012) [Complete] The Bridal Mask(2012)*********************အပိုင်း( ၁ မှ ၂၈) အထိ စ/ဆုံးကိုရီးယားနိုင်ငံဟာ ၁၉၁၀ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဂျပန်တွေရဲ့သိမ်းပိုက်ထားခြင်းကိုခံခဲ့ရတယ်...ဂျပန်တွေဟာ ကျောင်းသင်ခန်းစာထိ ကိုရီးယားဘာသာစကားအစား ဂျပန်ဘာသာစကားကိုအစားထိုးသင်ပေးသည့်အထိပြောင်းလဲခဲ့တယ်...စီးပွားရေး လူမှုရေး လူ့အခွင့်ရေးပေါင်းစုံဖိနှိပ်ခဲ့လို့အဲ့ဒီခေတ်ကာလများဆီမှာ ကိုရီးယားနိုင်ငံဟာ အတော်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်လို့ဆိုတယ်..ဒီအခြေအနေတွေကို မကျေနပ်လို့ ကိုရီးယားပြည်သူတွေဟာလည်း နည်းအမျိုးမျိုးနဲ့ဂျပန်ကိုတော်လှန်ခဲ့ကြပါတယ်...ဒီစီးရီးဟာ အဲ့ဒီကာလ ၁၉၃၀ ဝန်းကျင်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...ပြောရရင် ကိုရီးယားသမိုင်းလို့တောင်ဆိုရမယ် အနေအထားဖြစ်လို့ ဒီကားကို ဒါရိုက်တာကလည်းဘက်ဂျက်အများကြီးသုံးခဲ့သလို သရုပ်ဆောင်တွေကိုလည်းအထင်ကရများစွာနဲ့ ရိုက်ကူးခဲ့ပါတယ်...ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်သလို Plot Twist တွေလည်း တော်တော်ပါဝင်တာမို့ကြည့်လို့ကောင်းတဲ့စီးရီးပါပဲ..ဒါ့အပြင် အက်ရှင်ခန်းတွေကိုလည်း စနစ်တကျကိုရိုက်ကူးထားတယ်လို့ဆိုပါတယ်...ဆုတွေလည်းအများကြီးသိမ်းယူသွားတဲ့စီးရီးရှည်တစ်ခုပါပဲ...ဒါ့ကြောင့်  အကြည်လေး တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးလို့... Episodes: 28File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Historical, Romance, PoliticalTranslated by Khine Khine Wai, Ei Phyu Khin, Shoon, Miri, Hay Thar Oo  ...
8.4
TMDb: 8.4/10 11 votes
tv

The Bridal Mask (2012) [Complete]

2012
Our Blooming Youth(2023)
Our Blooming Youth(2023) Our Blooming Youth(2023)*************************အပိုင်း( ၁ မှ ၂၀) ထိ စ/ဆုံးအိမ်ရှေ့စံ အီဟွမ်က လူတွေအပေါ်မှာ ‌မောက်မောက်မာမာ ခက်ခက်ထန်ထန် ဆက်ဆံလေ့ရှိတဲ့ မင်းသားတစ်ပါးဖြစ်တယ်... ဒါပေ‌မဲ့ အဲဒီအိမ်ရှေ့စံမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာတစ်ခုရှိနေတယ်... အဲဒီကျိန်စာရဲ့နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ပေါင်းသင်းဆက်ဆံရေး အားနည်းပြီး အထီးကျန်ဆန်လွန်းတဲ့ပျင်းရိစရာဘဝကိုပိုင်ဆိုင်ထားရပါတယ်..တစ်ဖက်မှာတော့ မင်ဂျယ်ရီဆိုတဲ့မိန်းမပျိုလေးကလည်း ‌မြင့်မြတ်တဲ့ အထက်တန်းလွှာမိသားစုမှ မွေးဖွားလာတဲ့ထက်မြက်တဲ့ မိန်းမပျို တစ်ယောက်ဖြစ်တယ်... ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ တစ်မိသားစုလုံး ရုတ်တရက် အသတ်ခံလိုက်ရပြီး သူ့ကိုပါ လူသတ်သမားလို့ စွပ်စွဲခံလိုက်ရတယ် သူ့ကို ဖမ်းမယ့်သူတွေလက်က ရှောင်ပြေးနေတဲ့အချိန်မှာ ကျိန်စာသင့်နေတဲ့မင်းသားလေးနဲ့ တွေ့ဆုံခဲ့ကြရာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်Episodes: 20File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Historical, Mystery, Romance, DramaTranslated by  Hay Thar Oo, Miri, A Htet   & Ei Khing MonEncoded by  Phyo Pyae  >>>>TELE ...

Our Blooming Youth(2023)

2023
Queen: Love and War (2019) 7.1
Queen: Love and War (2019) Queen: Love and War (2019) နတ်သားလေးဘလူးဘယ်ရီ…အဲ ရမ်ဘရာရီပြီးသွားပြီဆိုတော့ နတ်သားပရိသတ်ကြီးအတွက် Kim Min-Kyu ရဲ့ နန်းတွင်းကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ “အစ်မဖြစ်သူကိုသတ်ခဲ့တဲ့ တရားခံကိုရှာဖွေဖို့အတွက် မိဖုရားဖြစ်ဖို့ကြိုးစားမယ့်အွန်းဘို နဲ့ ရုပ်ရည်ချောမောပြေပြစ်ပြီး ဉာဏ်ပညာထက်မြက်တဲ့ ရှင်ဘုရင်အီဂယောင်းတို့ရဲ့ နန်းတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်” ဖြစ်ပါတယ်။ အစ်မဖြစ်သူအတွက် လက်စားချေဖို့တစ်ခုတည်းနဲ့ မိဖုရားဖြစ်ဖို့ကြိုးစားနေတဲ့ အွန်းဘိုဟာ ငယ်စဉ်ကတည်းက မိန်းကလေးတစ်ယောက်တည်းကိုပဲချစ်မြတ်နိုးခဲ့တဲ့ မင်းကြီးအီဂယောင်းနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူ့ရဲ့လက်စားချေမှုခရီးလမ်းက ဘာတွေဆက်ဖြစ်သွားမလဲ။ သူလိုလားတဲ့လက်စားချေမှုကို တကယ်ပဲလုပ်ဆောင်နိုင်သွားပါ့မလား။မင်းကြီးနဲ့အွန်းဘိုတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုတွေဖြစ်တည်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် နန်းတွင်းအချစ်ဇာတ်ကားလေးဖြစ်လို့ ဘလူးဘယ်ရီပရိသတ်တွေလည်း အကြိုက်တွေ့ကြမှာပါ။အဓိကဇာတ်လိုက်တွေအဖြစ် Kim Min-Kyu နဲ့ Jin Se-Yeon တို့က ပါဝင်ထားကြတဲ့အတွက် ကြည့်လို့ကောင်းမှာအမှန်ပဲမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Joyz, Milkeux, Shin, Cali, MyoMyo တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Historical Quality…. 1080p | 720p File size… ...
7.1
TMDb: 7.1/10 5 votes
tv

Queen: Love and War (2019)

2019
Rose Mansion (2022) 5
Rose Mansion (2022) "장미맨션" - Rose Mansion (2022)=========================အပတ်စဥ◌်သောကြာနေ့တိုင်း (၁)ပတ်ကို (၄)ပိုင်းနှုန်းဖြင့် . (၃)ပတ် တိတိထွက်ရှိလာမယ့် သည်းထိပ်ရင်ဖိုဒရာမာအသစ်လေး ထွက်လာ ပြန်ပါပြီ။ဒီတစ်ခါတော့ ရိုးရိုးပြန်ပေးဆွဲမှု၊ကွင်းဆက်လူသတ်မှုမဟုတ်ဘဲ ထူးထူး ဆန်းဆန်း  "နှင်းဆီစံအိမ်" ဆိုသလို Crime, Thriller ကားကိုမှ မတူတဲ့ Vibes တွေနဲ့ ကြည့်ရမှာပါ။ Paranormal တွေလည်း ပါလာမလား မသိဘူးနော် 😁 . . .Jina (Lim Ji Yeon) က ဟိုတယ်တစ်ခုမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်တဲ့ ပုံမှန်မိန်းကလေးတစ်‌ယောက်ဖြစ်ပါတယ်။ သူများအမြင်မှာတော့ အကုန် ကောင်းတယ်လိုထင်ရပေမဲ့ သူ့ရဲ့ အတွင်းစိတ်မှာ သိမ်ငယ်စိုးရိမ်စိတ်တွေ ပြည့်နေတယ်။ အဲလိုနေလာရင်း သူမရဲ့ အစ်မဖြစ်သူ Ji-Hyun ပျောက်ဆုံး နေကြောင်းသိလိုက်ရတယ်။ သူ့အစ်မကို ရှာဖွေဖို့ မိဘတွေနေတဲ့ နှင်းဆီ စံအိမ်တိုက်ခန်းကိုသွားခဲ့တယ်။အဲ့နေရာမှာ မမျှော်လင့်ထားတဲ့အရာတွေ ကြုံလာရတယ်။ အဲ့နေရာမှာ ပေါ်ပေါက်လာတဲ့ ကြောက်စရာအမှန်တရားတွေကို ဘယ်သူမှ မယုံကြပေမဲ့ စုံထောက် Min-Soo (Yoon Gyun-Sang) တစ်ယောက်ကသာ ယုံကြည်ပြီး သူ့ကိုကူညီ‌စုံစမ်းပေးတာပေါ့။ ...
5
TMDb: 5/10 2200 votes
tv

Rose Mansion (2022)

2022
Royal Secret Agent(2020)
Royal Secret Agent(2020) Royal Secret Agent(2020)ဇာတ်လမ်းတွဲအညွှန်း*******************************************အပိုင်းသစ်(၁မှ ၁၆)ထိ စ/ဆုံးL ရယ်၊ ဂင်ချားနားရယ်၊ Itaewon class ထဲက မမရယ်၊မင်ဆောအာလေးရယ်၊ WWWSK ထဲက ဆောင်းယွန်းရယ် ပါဝင်ထားပါတယ်....Character မိတ်ဆက် ~~~~~~~~~~~~~~~ Sung Yi Gyeom (Kim Myu~~~~~~~~~~~~~စာမေးပွဲမှာ ပထမနေရာရခဲ့ပြီး အုပ်ချုပ်ရေးနှင့် သုတေသနဌာနမှာ အလုပ်လုပ်ပါတယ်။ သူက ဘဝမှာ ရည်မှန်းချက်မရှိသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ လောင်းကစားမှုနဲ့ ဖမ်းခံရပြီးတဲ့နောက် လျှို့ဝှက်တော်ဝန်စစ်ဆေးရေးမှုးအဖြစ် ထူးထူးခြားခြား တာဝန်ထမ်းဆောင်ဖို့ အပြစ်ပေးခံရတဲ့တယ်...။သူ့အလုပ်ကတော့ မှုးမတ်၊အထက်အရာရှိတွေရဲ့ တရားမဝင်လုပ်ရပ်တွေနဲ့ အကျင့်ပျက်ခြစားမှုကို တားဆီးဖို့အတွက်ပဲ ဖြစ်ပါတယ်။ဒီအလုပ်သစ်ကို Hong Da In (Kwon Na Ra) နဲ့ Park Chun Sam(Lee Yi Kyung) တို့ အကူအညီဖြင့် စတင်လုပ်ကိုင်ခဲ့တယ်။Hong Da In (Kwon Na ...

Royal Secret Agent(2020)

2020
Hush (2020)
Hush (2020) Hush ၂၀၂၀ •••••••••••••••••••••••••••••••••••   ဒီတစ်ခါတော့ ကိုးရီးယားဒရမ်မာတွေကကြားကနေ   တစ်မူကွဲထွက်နေတဲ့ ဇာတ်လမ်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်   Hush ဆိုတဲ့ ဒီဇာတ်လမ်းတွဲကတော့   သတင်းထောက်တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုတွေ အခက်အခဲတွေနဲ့   ကြုံတွေ့ရတဲ့ ပြသနာတွေကို ရိုက်ကူးပုံဖော်ထားတဲ့   Office drama ပါ   ဝါရင့်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဟန်ဂျွန်ဟျော့ဟာ   အစပိုင်းမှာတော့ တရားမျှတမှုတွေကိုဖော်ထုတ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ အလုပ်ဝင်ခဲ့သူပါ   ကြာလာတော့ စိတ်ကူးနဲ့လက်တွေ့ကြားထဲမှာ လမ်းပျောက်နေတဲ့သူပေါ့   ခင်ပွန်းသည်တစ်ယောက်အဖြစ်ရော ဖခင်တစ်ယောက်အဖြစ်ပါ တာဝန်ယူထားရတဲ့သူဟာ   ကိုယ်ရေးကိုယ်တာပြသနာတွေနဲ့ လုံးထွေးနေရပါတယ်   လီဂျီဆူကတော့ မှန်တယ်ထင်ရင် ဘာမဆိုပြောတတ် လုပ်တတ်တဲ့သူပါ   သူသတင်းထောက်အဖြစ်အလုပ်ဝင်တော့   ဟန်ဂျွန်ဟျော့နဲ့တွေ့ပြီး သတင်းထောက်စစ်စစ်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်း   ဘယ်လိုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုရမှာပါ   သတင်းထောက်တွေရဲ့ စိတ်ကူးနဲ့လက်တွေ့   ကွာဟချက်များပဲ ဖြစ်ပါတယ်   အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း   JTBC ကနေ ထုတ်လွင့်ပြသသွားမှာပါ    Review by ~ Amelia Translated by : Thin Zar Htet ~ Jerrica ~ Thet Hnin Hsu ~ Phue Nge ~ Amelia ~ Hazel ~ Emily ~ May Tu ...

Hush (2020)

2020