Channel Myanmar

Tom Hollander

The Ipcress File (2022) Complete 7.3
The Ipcress File (2022) Complete The Ipcress File (2022) ~ IMDb - 7.3/10, Rotten Tomatoes - 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ...
7.3
TMDb: 7.3/10 40 votes
tv

The Ipcress File (2022) Complete

2022
A Tale Dark & Grimm (2021) 7.7
A Tale Dark & Grimm (2021) A Tale Dark And Grimm (2021)====================== IMDb Rating - 7.3/10Rating အလန်းစားလေးနဲ့ရတဲ့နောက်ထပ် aminated series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေ နတ်သမီးပုံပြင်တွေဟာ ချစ်စရာအကောင်လေးတွေ နတ်သမီးလေးတွေရဲ့အ‌‌ေကြာင်းကို ဇာတ်လမ်း လေးတွေရေးဖွဲ့ကြတာဆိုပေမယ့်။ ဒီဇာတ်လေးကတော့ တစ်မျိုးတစ်ဖုံကို ကွဲထွက်နေပါတယ်။  ဇာတ်လမ်းရှည်ဖြစ်တာနဲ့အညီ တစ်ပိုင်းပြီးတစ်ပိုင်း မြှုပ်ကွက်တွေ လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားတာအတော်ကိုကြည့်လို့ ကောင်းတဲ့ adventure ဆန်ဆန် series လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဂရင်းဆိုတဲ့တိုင်းပြည်မှာ ဟန်ဆယ်နဲ့ ဂရေတယ်ဆိုတဲ့ ဘုရင့်သားတော်နဲ့သမီးတော်ရှိပါတယ်။ ဒီအမွှာနှစ်ယောက်ပဲ ရှိတဲ့အတွက် ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာသည်းသည်းလှုပ်ချစ်တာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာဘုရင်နဲ့ဘုရင်မကြီးဟာ အကြောင်းတစ်စုံတစ်ရာမရှိပဲနဲ့ ဒီကလေးနှစ်ယောက်ကိုခေါင်းဖြတ်သတ်လိုက်တယ်။ ပြီးတော့မှကလေး နှစ်ယောက် ကိုမှော်အစွမ်းရှိတဲ့ကြိုးနဲ့ သူတို့ခေါင်းကိုပြန်ချုပ်ပေးလိုက်တယ်။ ကလေးနှစ်ယောက်လုံးပြန်အသက်ရှင်လာတယ်ဆိုပေမယ့် သေရွာကနေ ပြန်ရှင်လာတဲ့ ဟန်ဆယ်နဲ့ဂရေတယ်တို့ ဟာ သူတို့မိဘတွေကိုအရမ်းကြောက် သွားတယ်။ ကိုယ့်ကလေးနှစ်ယောက်လုံးခေါင်းဖြတ်ပြီးမှ ပြန်အသက်ရှင်စေတဲ့ ဒီမိဘတွေဟာ သူတို့ကိုတကယ်မချစ်လို့လား နောက်ထပ်ရောခေါင်းဖြတ်ခံရဦး မှာလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့ နန်းတော်ကနေနှစ်ယောက်လုံးထွက်ပြေးကြတယ်။ ဟန်ဆယ်နဲ့ဂရေတယ်တို့သူတို့ကိုချစ်မယ့်ပြီးပြည့်စုံတဲ့မိသားစုကိုရှာဖွေရင်း သူမတူတဲ့ အခက်အခဲတွေကြုံရပါတော့တယ်။ ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာကိုယ့်ကလေးကို ခေါင်းဖြတ်သတ်လိုက်ရတဲ့အထိ ဘာအကြောင်းတွေများရှိနေလို့လဲ ၊ ဟန်ဆယ်နဲ့ ဂရေတယ်ကရော သူတို့ကိုတကယ်ချစ်တဲ့ပြီးပြည့်စုံတဲ့မိသာစုကိုရှာဖွေရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေရမလဲဆိုတာကြည့်ရှုပေးပါဦး ‌။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo ...
7.7
TMDb: 7.7/10 10 votes
tv

A Tale Dark & Grimm (2021)

2021