Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yao Yi Ti
8.0
More Than Blue : The Series (2021)
IMDb Rating (8.4) You are The Apple of My Eye လိုမျိုး အတည်ပေါက်နဲ့ ကြည်နူးလွမ်းဆွေးရမယ့် ဒီစီးရီးဟာ အပိုင်း(၁၀)ပိုင်းပါရှိပြီး Netflix ကနေ အသစ်ထွက်ရှိလာတာပါ။၀မ်းနည်းခြင်းအစစ်ဟာ သီချင်းတစ်ပုဒ်လိုပဲ။ အစပိုင်းမှာ ခင်ဗျားကိုဝမ်းနည်းအောင်မလုပ်သေးဘူး။ ဒါပေမယ့် Chorus အပိုဒ်တွေကျရင် လှိုင်းတွန့်လေးတွေလို တစ်စထက်တစ်ပုံထပ်လာပြီး မေ့မရနိုင်စရာသံစဉ်တစ်ခုအဖြစ် ရင်ထဲကိုရိုက်ခတ်လာလိမ့်မယ်။ ဝမ်းနည်းခြင်းဆိုတာဟာ ရုတ်ချည်းရောက်ချလာတယ်လို့ ခင်ဗျားထင်နေခဲ့ရင် အစပိုင်းမှာလာနေခဲ့တဲ့ နုတ်စ်အနိမ့်လေးတွေကိုခင်ဗျားလျစ်လျူရှုခဲ့မိလို့ပါပဲ၊ - ချန်ချေကိုင်အန်းရီချီဆိုတာ ဂီတထုတ်လုပ်သူ ဝမ်ပိုဟန်ရဲ့လက်ထောက်တစ်ဦးဖြစ်ပြီး မကြာခင်ထွက်ရှိဖို့လုပ်နေတဲ့ နာမည်ကျော်အဆိုတော် အားလင်ရဲ့အယ်လ်ဘမ်အသစ်အတွက် ခေါင်းစီးသီချင်းကိုရွေးနေကြချိန်ဖြစ်ပါတယ်။ သူ့စားပွဲပေါ်ကိုရောက်နေတဲ့ ရွက်ပုန်းသီးဂီတဝါသနာရှင်များစွာရဲ့ သီချင်းတွေအများကြီးထဲကမှ သူ့စိတ်ထဲကို ရောက်လာတဲ့ သီချင်းတစ်ပုဒ်ကိုပြလိုက်တဲ့အချိန်မှာတော့ အားလင်တစ်ယောက်ချက်ချင်းဆိုသလိုပဲသဘောကျသွားပြီး ဒီသီချင်းကိုခေါင်းစီးအဖြစ်ရွေးချယ်ခဲ့ပါတယ်။အဲဒီမှာအခက်တွေ့တာက စီဒီပေါ်မှာ ကေ နဲ့ ခရင်မ် ဆိုတာကလွဲလို့ ပေးပို့သူအမည်မပါ၊လိပ်စာမပါရှိခဲ့လို့ပါပဲ။ ဒီသီချင်းရဲ့မူပိုင်ခွင့်အတွက် ဝမ်ပိုဟန် သိထားတဲ့ သဲလွန်စသေးသေးလေးကတစ်ဆင့် တစ်စ တစ်စ လိုက်လံစုံစမ်းရင်းနဲ့ ဒီသီချင်းနောက်ကွယ်က ကြေကွဲဆွတ်ပျံ့စရာ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်၊ ကေနဲ့ ခရင်မ်ဆိုတဲ့ အမည်ပိုင်ရှင်နှစ်ယောက်၊ ဒီသီချင်းဖြစ်ပေါ်လာရတဲ့ အကြောင်းအရာစေ့ဆော်မှုတွေကိုပါ တဖြည်းဖြည်းနားလည်သိရှိလာရာက သူတို့ရဲ့ဘဝတွေထဲအထိ သက်ရောက်မှုတွေရှိလာခဲ့တဲ့အခါမှာတော့..။More Than ...
8.0
TMDb:
8.0/10
4 votes
tv
More Than Blue : The Series (2021)
2021