Channel Myanmar

Yoo In-soo

The Midnight Studio (2024)
The Midnight Studio (2024) The Midnight Studio (2024)***************************အပိုင်းသစ် (၁၁)Hotel Deluna လိုမျိုး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းလေး စောင့်မျှော်နေကြတဲ့သူတွေအတွက် ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်းSeo KiJoo က သေးငယ်တဲ့ ဓာတ်ပုံစတူဒီယိုလေးတစ်ခု ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံဆရာလေးဖြစ်ပြီးတော့ စတူဒီယိုရဲ့ ၇ယောက်မြောက် ပိုင်ရှင်ဖြစ်ပါတယ်။ထူးခြားချက်ကတော့ အဲဒီဓာတ်ပုံစတူဒီယိုလေးက လူသားတွေအတွက် မဟုတ်ဘဲ တစ္ဆေသရဲတွေအတွက် ဖွင့်လှစ်ထားတယ်ဆိုတာပါပဲ။KiJoo က သေဆုံးပြီးနောက် သူ့ဆိုင်ကို ရောက်ရှိလာတဲ့ ဝိဉာဥ်တွေကို ဘဝခရီးရဲ့နောက်ဆုံးပုံလေး ရိုက်ကူးပေးလေ့ရှိပါတယ်။Ki Joo တို့ရဲ့ Midnight Photo Studio လေးမှာ လက်ထောက်မန်နေဂျာဂိုနဲ့ Baek NamGu လို့ခေါ်တဲ့ ဝန်ထမ်းလေးနှစ်ယောက်ရှိပါတယ်။လက်ထောက်မန်နေဂျာဂိုကတော့ စတူဒီယိုအတွက် ဖောက်သည်အဖြစ် တစ္ဆေသရဲတွေကိုခေါ်ဆောင်လာဖို့ တာဝန်ယူထားပြီးNam Gu ကတော့ စတူဒီယိုနဲ့ပတ်သတ်သမျှ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးတဲ့သူဖြစ်ပါတယ်။Han Bom ဆိုတဲ့ ရှေ့နေမလေးကတော့ အလုပ်ကြိုးစားသူဖြစ်ပြီး မတရားမှုကို သည်းမခံတတ်တဲ့သူလေးဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ...

The Midnight Studio (2024)

2024
Death’s Game(2023)[Complete] 10
Death’s Game(2023)[Complete] Death's Game(2023)*******************(function(f,b,n,j,x,e){})();အပိုင်း (၁ မှ ၈) ထိ စ/ဆုံး 2023 ကုန်ခါနီးလေးမှာတင် အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး webtoon ဖြစ်တဲ့ “ I will die soon” ကို အခြေခံရိုက်ကူးထားပြီးပရိတ်သတ်အချစ်တော် Seo In-guk ကိုယ်တိုင် main cast အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့်လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဇာတ်လမ်းတွဲလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ခုနစ်နှစ်ကြာ အလုပ်ရှာမရဘဲ အလုပ်လက်မဲ့အဖြစ်နဲ့ နေလာရတဲ့ Choi Yi-jae(Seo In-guk) ဟာအသက်ဆက်ရှင်လိုတဲ့ ဆန္ဒပျောက်ဆုံးပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ အဲဒီနောက် ငရဲကို မကျရောက်ခင်လေးမှာ သေခြင်းတရား (Park So-dam)ရဲ့ ပြစ်ဒဏ်စီရင်မှုကြောင့် Choi Yi-jae(Seo In-guk) တစ်ယောက်နောက်ထပ် ၁၂ ကြိမ်တိုင်တိုင် လူပြန်ဝင်စားဖို့ ဖြစ်လာပါတော့တယ်။၁၂ ကြိမ်တိတိ ဘယ်လိုခန္ဓာမျိုးနဲ့ပဲ နိုးထလာလာ သေဆုံးရမှာဖြစ်ပြီး အဲဒီ နာကျင်မှုတွေကိုအလူးအလဲ ခံစားရတဲ့ ...
10
TMDb: 10/10 1 votes
tv

Death’s Game(2023)[Complete]

2023
Daily Dose of Sunshine(2023)[Complete]
Daily Dose of Sunshine(2023)[Complete] Daily Dose of Sunshine(2023)***************************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး All of Us Are Dead” ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ Lee Jae Kyu ရဲ့လက်ရာအသစ်ဖြစ်ပြီး“All of Us Are Dead” နဲ့မတူကွဲပြားပြီး ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် healing ဒရာမာလေးပဲဖြစ်ပါတယ်။Cast တွေအနေနဲ့လည်း Park Bo Young, Yeon Woon Jin, Jang Dong Yoon နဲ့ Lee Jung Eun တို့ကအဓိကပါဝင်သွားမှာဖြစ်သလို စုစုပေါင်းအပိုင်း ၁၂ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။အရင်က ကိုယ်တွင်းအင်္ဂါကုဌာနမှာပဲလုပ်ခဲ့ဖူးတဲ့ သူနာပြုဆရာမလေး Jung Da Eun ..တစ်နေ့မှာတော့ မြောင်ရှင်းတက္ကသိုလ်ဆေးရုံက စိတ်ရောဂါကုဌာနဆီ ပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ ပထမဆုံးအတွေ့အကြုံလည်းဖြစ်သလို သာမန်ဝေဒနာရှင်တွေလိုမျိုး ကိုယ်ခံစားနေရတဲ့ဝေဒနာကိုသေချာမပြောပြနိုင်ကြတဲ့လူနာတွေနဲ့ကြုံတွေ့လာရတဲ့အခါ ဘယ်လိုအလွဲတွေ ...

Daily Dose of Sunshine(2023)[Complete]

2023
The Uncanny Counter (2023) Season2 8.5
The Uncanny Counter (2023) Season2 The Uncanny Counter Season 2: Counter Punch (2023)အားလုံးစောင့်မျှော်နေကြတဲ့ မကောင်းဆိုးဝါးအမဲလိုက်ပွဲကြီး ပြန်လာပါပြီ ဒီ S2 မှာ S1 ထက် ပိုကြမ်းမယ့် အပြင် အမိုက်စား Cast အသစ်တွေလည်း ထပ်မံပါဝင်လာမှာဖြစ်ပါတယ် အဓိက မကောင်းဆိုးဝါးနေရာကနေ စွယ်စုံရ သရုပ်ဆောင် Kang Ki-Young နဲ့ ပရိတ်သတ်ကြီးရဲ့ အချစ်တော် AOUAD ထဲက လူဆိုးလေး (ခေါ်) Good Bad Mom ထဲက ငပေါလေး Yoo In-Soo ကပါ ပါဝင်ထားပါတယ်ဇာတ်လမ်းကို ပြန်ညွှန်းရရင် ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီး လူတွေကို သတ်ဖြတ်တဲ့ မကောင်းဆိုးဝါးတွေကို ဖမ်းဆီးချုပ်နှောင်ဖို့ နိုင်ငံ့အနှံ့မှာ ဖွဲ့စည်းထားတဲ့ စွမ်းအားရှင် ကောင်တာ အဖွဲ့တွေရှိပါတယ် ဒီထဲမှာမှ စွမ်းအားအမျိုးမျိုးကိုပိုင်ဆိုင်ထားပြီး အပြင်းအထန်လေ့ကျင့်ရင်း အခက်အခဲတွေကို ရင်ဆိုင်သွားကြမယ့် ကိုရီးယားခေါက်ဆွဲဆိုင်အဖွဲ့... အရင် S 1 မှာ ကောင်တာတွေရဲ့ ...
8.5
TMDb: 8.5/10 98 votes
tv

The Uncanny Counter (2023) Season2

2023
The Good Bad Mother(2023)
The Good Bad Mother(2023) The Good Bad Mother(2023)***************************အပိုင်း(၁ မှ ၁၄ ) ထိ စ/ဆုံး"ငါဟာ ပျော်ရွှင်တယ်"ဆိုတဲ့စကားကို အမြဲရွတ်ပြီး နေထိုင်လာတဲ့ ယောင်းဆွန်းတစ်ယောက်ကံအကြောင်းမလှစွာနဲ့ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ဝက်မွေးမြူရေးခြံအလုပ်ကိုလုပ်ပြီးသားကို တစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့သူပါ..ဆင်းရဲပြီး ဘာအင်အားမှမရှိလို့ ဒီလိုတွေဖြစ်ရတာဆိုပြီး သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့စိတ်နဲ့ စာမှစာဖြစ်အောင် စည်းကမ်းတင်းကျပ်လွန်းလှတဲ့ ယောင်းဆွန်းကတော့ သူ့ရဲ့သားဖြစ်တဲ့ ဂန်ဟိုအတွက် အရမ်းကို မုန်းရတဲ့အမေပါပဲ...ကျောင်းမှာ "ဝက်"လို့ အခေါ်ခံရပြီး ဝက်ချေးနံ့နံတယ်ဆိုပြီး အမြဲအနိုင်ကျင့်ခံရတဲ့ ဂန်ဟိုတစ်ယောက် "ဒါတွေအားလုံး ငါတို့မှာ ငွေနဲ့ အာဏာမရှိလို့ ဖြစ်ရတာ"ဆိုတဲ့ အမေရဲ့ စကားကြောင့်ဂန်ဟိုဟာ ဆိုးလ်ဗဟိုခရိုင်အမှုစ်ရုံးက အင်အားကြီးသူဘက်ကပါပြီး အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တဲ့ အောင်မြင်မှုအတွက်သာဆို ဘာမဆိုလုပ်မယ့် ရက်စက်တဲ့ အမှုစစ်တစ်ယောက်ဖြစ်လာပါတယ်...အဲ့ဒီနောက်ကံကြမ္မာ အလှည့်အပြောင်းက ဆိုးရွားလွန်းလှပါတယ်...သူတို့တွေ ဘယ်လိုဆက်ဖြစ်သွားကြလဲဆိုတာကိုတော့...အသဲတွေခွဲသွားတဲ့ မင်းသား Lee Do Hyunနဲ့အတူ မင်းသမီးကြီး Ra Mi Ranတို့ ဒီHealing Comedy ...

The Good Bad Mother(2023)

2023
Salon De Nabi (2022)
Salon De Nabi (2022) Salon De Nabi (2022)မှုခင်းဇာတ်လမ်းတွေ အချစ်ဇာတ်လမ်းတွေပဲ ကြည့်နေရတာ ရိုးနေပြီလား ဒါဆိုရင်တော့ Idols တွေ အများကြီး ပါဝင်ထားပြီး တမူထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ Salon De Nabi ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်K-Drama လောကမှာ သိပ်ပြီးမြင်တွေ့နေကြမဟုတ်တဲ့ အလှပြင်ဆိုင်လောကအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာတော့ လုပ်ငန်းခွင်ဘဝအခြေအနေကိုလိုက်ပြီး မျက်နှာနှစ်ဖက်နဲ့ နေနေရတဲ့သူတွေရဲ့ ဘဝအကြောင်းကို တစေ့တစောင်း ရိုက်ကူးပြထားပါတယ်သူများနဲ့မတူဘဲ ထူးခြားနေတဲ့ Gi-Ppeum ဆိုတဲ့ ကောင်မလေးဟာ နာဘီအလှပြင်ဆိုင်မှာ သူ့ရဲ့လုပ်ငန်းခွင်ဘဝကို စတင်လိုက်ရချိန်မှာတော့ တစ်သက်လုံး ခေါက်ရိုးကျိုးလာခဲ့တဲ့ သူ့ရဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားရပါတော့တယ်Customers တွေနဲ့ ပြောဆိုဆက်ဆံရတဲ့ အလှပြင်ဆိုင်အလုပ်မှာ Gi-Ppeum မလုပ်နိုင်တာက Customers တွေနဲ့ပြောဆိုရတာပဲဖြစ်နေတဲ့အခါ ဒီပြဿနာကို သူဘယ်လိုဖြေရှင်းမလဲဆိုတာ အခွီလေးနှောပြီး စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါမင်းသမီး Kim Hyang-Gi နဲ့ မင်းသား Choi Daniel တို့က အဓိကပါဝင်ထားပြီး EXO's Xiumin နဲ့ MonstaX's HyungWon အပါအဝင် တခြား Idols ...

Salon De Nabi (2022)

2022
Alchemy of Souls S01 (2022) [Complete] 7
Alchemy of Souls S01 (2022) [Complete] Alchemy of Souls S01 (2022) [အစ-အဆုံး] အပိုင်း -  ၂၀ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ ခင်ဗျာ) TVN TVING နဲ့ Netflix တို့ရဲ့ အလန်းစား ဒရမ်အသစ်လေး လာပါပြီ။ cast တွေနဲ့တင် တစ်ဝက်လောက် ကြည့်သင့်နေတဲ့ ဒရမ်မာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ...ဒယ်ဟိုမြို့တော်က ကြီးမြတ်တဲ့ဂျန်မျိုးနွယ်မှာ မနှစ်မြို့စရာလျှို့ဝှက်ချက်နဲ့အတူ ဂျန်အူဂီကို မွေးဖွားခဲ့တယ်။ နောက်ကွယ်မှာတော့ တစ်မြို့လုံးက ဂျန်အူဂီနဲ့သူ့မိသားစုကိုမကောင်းပြောကြတာပေါ့။ ဖခင်ဖြစ်သူက သူ့အပေါ်မန္တန်နဲ့တားမြစ်ခဲ့တဲ့အတွက် အရွယ်ရောက်တဲ့အချိန်မှာတောင် မှော်ပညာကိုမသင်နိုင်လို့ ဂျန်အူဂီတစ်ယောက်ကတော့ ဒေါသပုံထပြီး သူ့စွမ်းအင်ကိုဖွင့်ပေးမဲ့ ဆရာကိုရှာဖို့ စိတ်အလိုဆန္ဒပြင်းထန်လိုချင်နေခဲ့ပါတယ်။ ဒီလိုအမြဲပြဿနာတွေနဲ့ ဒုက္ခပင်လယ်ဝေတဲ့ ဂျန်အူဂီတစ်ယောက် တစ်နေ့မှာတော့ မူဒေါ့ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံခဲ့တယ်။ မူဒေါ့ကတော့ တစ်ချိန်က အရိပ် လူသတ်သမားဖြစ်ပေမဲ့ သူ့မရဲ့ ဝိညာဉ်က အားနည်းတဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး စွမ်းအင်တွေပျောက်ဆုံးနေရှာတယ်။ ဒီလိုနဲ့ မူဒေါ့က ဂျန်အူဂီရဲ့ အစေခံဖြစ်လာပြီး နောက်ကွယ်မှာ တိုက်ခိုက်ဖို့ ...
7
TMDb: 7/10 1 votes
tv

Alchemy of Souls S01 (2022) [Complete]

2022
All of Us Are Dead (2022) 10
All of Us Are Dead (2022) All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) "ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?" သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ...(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January ...
10
TMDb: 10/10 3 votes
tv

All of Us Are Dead (2022)

2022