Channel Myanmar

Action

Marco polo Season 1+2 (2014) 18+
Marco polo Season 1+2 (2014) 18+ ဒီတစ်ခါတော့ သမိုင်းကြောင်းတွေထဲမှာ နာမည်ကြီးတဲ့ မာကိုပိုလိုကားလေးကို တင်ဆက်ပေးလိုက်ပါတယ် အဲဒါအပြင် အာရှရဲ့ နာမည်ကြီး အင်ပါယာ မွန်ဂိုလီယား အကြောင်းပါ ပါနေတော့ တကယ့်ကိုကြည့်လို့ကောင်းမဲ့ ကားကောင်းလေး တစ်ကားပါပဲ ဇာတ်လမ်းတွဲလေးဆိုတော့ ပိုပြီးတော့ ပြည့်ပြည့်စုံစုံလေးသိရမှာပါဇာတ်လမ်းအကျဉ်း မာကိုပိုလိုရဲ့ အဖေက မာကိုပိုလိုမွေးတဲ့အချိန်မှာရှိမနေခဲ့သလို သူ့ကိုမွေးထားမှန်းလည်း မသိခဲ့ပါဘူး သူက စွန့်စွန့်စားစားနဲ့ ခရီးတွေထွက်ပြီး ကုန်သွယ်ဖို့ကိုပဲ အာရုံထားတဲ့တစ်ယောက်ပေါ့ မာကိုပိုလိုရဲ့ အမေကလည်း သူအသက်၆နှစ်သားကတည်းက ဆုံးသွားခဲ့ရာကနေ သူ့အဖေနဲ့ပြန်တွေ့ပြီး သူ့အဖေထွက်မဲ့ ခရီးကို လိုက်ခဲ့ပါတော့တယ်သူတို့သွားတဲ့ ခရီးကလည်း စစ်ပွဲတွေပြင်းထန်နေတဲ့ မွန်ဂိုလီယား နိုင်ငံပါ အဲဒီအချိန်မှာ မွန်းဂိုအင်ပါယာကြီးကို အုပ်ချုပ်နေတဲ့သူကတော့ ကူဘလိုင်ခန် ပါ သူက ခရစ်ယာန်ဘုန်းတော်ကြီးတွေကို တောင်းဆိုလိုက်ပေမဲ့ မာကိုပိုလိုတို့က ခေါ်မလာပေးနိုင်တာကြောင့် သူ့ကို တသက်တာနယ်နှင်ဒဏ်ပေးလိုက်တဲ့အချိန်မှာပဲ မာကိုပိုလို အဖေက သူ့သားကို ကုန်သွယ်ခွင့်ရဖို့အတွက်နဲ့ မွန်ဂိုဘုရင်ဆီမှာ အစေခံအဖြစ်ထားခဲ့ရာကနေ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို စိတ်ဝင်တစားနဲ့ ဆက်လက်ရှုစားလိုက်ကြပါဦးသိုင်းချ၊လူချ၊ ...

Marco polo Season 1+2 (2014) 18+

Pom Pang Ban (2022) [Complete]
Pom Pang Ban (2022) [Complete] Pom Pang Ban (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၇ (ဇာတ်သိမ်းပိုင်း)AD 2015 ခုနှစ်မှာ အယုဒ္ဓယစစ်တပ်ဟာ ဝီရန်နခွန်မြိုကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ ဗိုလ်မှူးကြီးဖြစ်သူ ဆဲန်ဟာ နိုင်ချေမရှိတော့မှန်းသိတော့ တိုင်းပြည်စောင့်ရှောက်ဖိုအတွက် လူတွေကိုသတ်ပြီး မှော်ပညာနဲ့ ပြုစားခဲ့တယ်။ ဆဲန်ဟာ သူ့သူငယ်ချင်းဖြစ်သူ မူရန်ကိုပါ သတ်ပစ်ခဲ့တာပါ။ မူရန်ကတော့ မသေခင်မှာ ဆဲန်ကို ပြန်ဝဠ်လည်ပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်။ခေမ်ဟောမ် ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ညတိုင်း ရှေးဟောင်းတိုင်းပြည် စစ်ပွဲတွေကြားမှာရောက်နေသလို မှုန်ဝါးဝါးအိမ်မက်တွေမက်ရင်း လန့်နိုးလာတယ်။ ခေမ့်ဟောမ်ဟာ ဒဲန်ထန်ကိုမြင်တော့ ဟိုးအရင်ကတည်းက သိကျွမ်းနေသလိုမျိုး ဒဲန်ထန်ရဲ့ နှလုံးသားထဲကနာကျင်မှုကိုပါ ခံစားမိလိုက်တယ်။အဲ့တာကတော့ ခေမ်ဟောမ်ရဲ့ အစ်မဖြစ်သူ အင်ထနင်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ သက်ဆိုင်နေတာပါပဲ။ ဒဲန်ထန် ခေမ့်ဟောမ်နဲ့ နီးကပ်စွာရှိနေတဲ့အချိန်တိုင်းဟာ သံယောဇဉ်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့ အစ်မဖြစ်သူကတော့ ဒန်ထန်နဲ့ ခေမ့်ဟောမ်ရဲ့ ပတ်သတ်မှုကို ဘာကြောင့်မှန်းမသိ တားမြစ်ခဲ့တယ်။ဘူရစ်ဆိုတဲ့ ခန့်ညားလှသော ရုပ်ရှင်ထုတ်လုပ်သူဟာ ...

Pom Pang Ban (2022) [Complete]

2022
Satja Nai Chum Joan (2022) 8.0
Satja Nai Chum Joan (2022) ရာချန်/ ဒိတ် အဖြစ် Om Akkaphan ဟန် အဖြစ် Kelly Rattapong ကျရီယာ အဖြစ် Praew Chermawee ကော်ကစ် အဖြစ် Kiatipoom ဝယ်ဒေါင်ဝ်အဖြစ် Anna glucksဇာတ်လမ်းအကျဉ်းဒိတ်က အစိုးရအရာရှိကြီးတစ်ဦးရဲ့သားဖြစ်ပြီး တစ်နေ့ အဖေဖြစ်သူဟာ နာမည်ကြီးဓားပြတစ်ဦးဖြစ်တဲ့ ဆီယာဟန်ရဲ့ လုယက်တာခံလိုက်ရပြီး တိုင်းပြည်ဘဏ္ဍာတွေပါသွားခဲ့ပါတယ်ဒါ့အပြင် ဆီယာဟန်ရဲ့အချိတ်အဆက်ဖြစ်တဲ့ ရဲအုပ်ကြောင့် ဒိတ်ရဲ့ဖခင်က ထောင်ကျခဲ့ရတဲ့အပြင် ဒိတ်အမေနဲ့ညီမဖြစ်သူပါသေဆုံးခဲ့ရပါတယ်ဒိတ်ကို ဖခင်ဖြစ်သူကခေါ်တွေ့ပြီးအကြောင်းစုံပြောကာ မိသားစုပိုင်ဓားတစ်လက်ကိုအပ်ရင်း သေဆုံးသွားခဲ့တယ်အန္တရာယ်ကြားရောက်နေတဲ့တူဖြစ်သူဒိတ်ကို အမေ့အစ်ကိုဖြစ်သူ မဟာကလာကယ်သွားရင်း ဒိတ်က တခြားမြို့မှာ ရာချန်ခြံပိုင်ရှင်ဖြစ်တဲ့သူဌေးလေးရာချန်အဖြစ်ကြီးပြင်းလာခဲ့တယ်သူဌေးရာချန်ရဲ့နောက်ထပ်အလုပ်ကတော့ ဓားပြခေါင်းဆောင် ဆီယာဒိတ်ဖြစ်ပြီး ဂုတ်သွေးစုပ်နေတဲ့သူဌေးတွေကိုလိုက်နှိမ်နင်းတာပဲ ဖြစ်ပါတယ်တစ်ရက် ရာချန်က ညီမဝမ်းကွဲဖြစ်သူဝယ်ဒေါင်ဝ့်ကိုလိုက်ရှာရင်း သူဌေးသမီးလေး ကျရီယာနဲ့တွေ့ခဲ့သလို ဝယ်ဒေါင်ဝ်ကလည်း ရဲအုပ်ကော်ကစ်နဲ့တွေ့ဆုံခဲ့ပါတယ်ကျရီယာအနေနဲ့ ရာချန့်ကို မြင်မြင်ချင်းသဘောကျသွားမိပေမဲ့ ကျရီယာက တရားမဝင်ကုန်ကူးသန်းရောင်းနေတဲ့ သူဌေးကြီးချတ်ရဲ့သမီးဖြစ်နေခဲ့တဲ့အခါ...ဒါ့အပြင် တရားမျှတမှုကိုလိုလားတဲ့ ရဲအုပ်ကော်ကစ်ရဲ့ဖခင်ဖြစ်သူတောအရာရှိ ကတ်ကလည်း သူဌေးချတ်နဲ့အလိုတူအလိုပါဖြစ်နေတဲ့အခါ...တစ်ချိန်လုံး လက်စားချေချင်နေခဲ့တဲ့ ဆီယာဟန်ရဲ့သတင်းကိုပါကြားလာရတဲ့အခါ...ဆီယာဒိတ် တဖြစ်လဲ ရာချန်တစ်ယောက် မိသားစုအတွက်လက်စားချေနိုင်မလားတရားမဝင်ကုန်ကူးသန်းရောင်းနေတဲ့ ...
8.0
TMDb: 8.0/10 votes
tv

Satja Nai Chum Joan (2022)

2022
Search(2020)[ Complete] 7.8
Search(2020)[ Complete] Search(2020)EP1 To 1o***********************(စ/ဆုံး)တောင်/မြောက်ကိုရီးယားနယ်စပ် စစ်မဲ့ဇုန်တစ်လျှောက်နယ်ခြားစောင့်တပ်တွေ တည်ရှိတယ်..ဘယ်လိုပဲ စစ်မဲ့ဇုန်လို့သတ်မှတ်ထားပေမဲ့စစ်ရေးသတိကြောင့် နယ်ခြားစောင့်တပ်တွေဟာ နေ့စဉ်နဲ့အမျှကျည်အပြည့်နဲ့ကင်းလှည့်လေ့ရှိတယ်..တစ်နေ့တော့ ထူးဆန်းစွာပဲ တောင်ကိုရီးယားစစ်သည်အချို့ဟာကင်းလှည့်နေရင်း  ပျောက်ဆုံးသွားကြတယ်..သေနတ်သံတစ်ချက် မိုင်းသံတစ်ချက် မကြားရတဲ့အတွက်ကြောင့်စစ်သည်တွေပျောက်ဆုံးမှုကို အစရှာဖို့ရာ အတော်ခက်ခဲပါတယ်..အလောင်းပါပျောက်ဆုံးနေတော့ ပိုဆိုးတာပေါ့...ဒီလိုဖြစ်စဉ်မျိုးဆက်တိုက်တွေဖြစ်လာပြီးတဲ့နောက်မှာတော့..ဘာကြောင့်ဒီလိုတွေဖြစ်နေတာလဲ..စစ်သားတွေ ဒီပြဿနာတွေကိုဖြေရှင်းနိုင်မှာလားဆိုတာကိုတော့..Episodes: 10File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Crime, Mystery, ActionTranslated by  Estel,Marie,Miri,Hnin Pale ,Yumeko &  KitEncoded by  Phyo Pyae <<<<<<TELE LINK>>>>>  Episode 1 720P >>>> UsersDrive   | Yoteshin |MegaUp    |     Mega.NZ    | StreamSB 1080P>>>> UsersDrive   | Yoteshin |MegaUp    |     Mega.NZ    | StreamSB    Episode 2 720P >>>> UsersDrive   | Yoteshin |MegaUp    |     Mega.NZ ...
7.8
TMDb: 7.8/10 10 votes
tv

Search(2020)[ Complete]

2020
Sketch (2018) [Complete] 6.6
Sketch (2018) [Complete] Sketch (2018) [အစ-အဆုံး]အပိုင်း - ၉ မှ ၁၆ (ဇာတ်သိမ်းပိုင်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၈ ကထွက်ခဲ့တဲ့ Sketch ဆိုတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကိုယ်တွေရဲ့ အချစ်ဦး RAIN နဲ့ မင်းသားကြီး Lee Dong Gun ပြီးတော့ WORK LATER DRINK NOW က မမ LEE SUN BIN တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDB rating လည်း 7.6 ရရှိထားတာမို့ ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ ဒီဇာတ်လမ်းတွဲလေးကို မလွတ်တမ်းကြည့်ရှုလိုက်တော့နော် ။ဇာတ်လမ်းအကျဉ်း ...ဂန်ဒုံဆူကတော့ အမြဲတမ်းတက်ကြွပြီး တရားခံတွေကို အလွတ်မပေးတတ်တဲ့ စုံထောက်တစ်ယောက်ပါ။ ယူရှီဟျွန်းကတော့ အနာဂတ်မှာ ဖြစ်လာမဲ့ လူသေမှုတွေကို ကြိုမြင်နိုင်တဲ့လူတစ်ယောက်ပေ့ါ။ရဲတပ်ကြပ်တစ်ယောက်ဖြစ်တဲ့ ရှီဟျွန်းက သူမြင်တဲ့ အနာဂတ်ကို ပုံကြမ်းလေးတွေဆွဲပြီး အမှုတွေဖြစ်မလာဖို့ ကာကွယ်တဲ့နေရာမှာ အသုံးချနေခဲ့တာပါ။တစ်ရက်မှာတော့ ...
6.6
TMDb: 6.6/10 8 votes
tv

Sketch (2018) [Complete]

2018
Mr. Rose: The Secret Spy (2022) [Complete]
Mr. Rose: The Secret Spy (2022) [Complete] Mr. Rose: The Secret Spy (2022) [အစ-အဆုံး]အပိုင်းသစ် - ၃၀ (ဇာတ်သိမ်းပိုင်း)ကုလာဘ်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်တည်းက အဖေ အသတ်ခံရပြီးနောက် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ရရှာတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ အရွယ်ရောက်လာတော့ ကုလာဘ်ဟာ မှတ်ဉာဏ်တွေ ပြန်ရရှိခဲ့ပြီး သူ့အဖေကို သတ်ခဲ့တဲ့ သူကိုလည်း မှတ်မိလာခဲ့တယ်။လင်လဖတ်ဆိုတဲ့ ကောင်မလေးကလည်း ကုလာဘ်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သဘောကျမိသွားခဲ့တယ်။ ကံကောင်းစွာဖြင့် ကုလာဘ်ရဲ့ အဖေကို သတ်ခဲ့တဲ့ သူက လင်လဖတ်ရဲ့ အဖေ ဖြစ်နေတဲ့အခါမှာတော့ ...သူ့အဖေအတွက် ကလဲ့စားချေဖို ပိုလွယ်ကူသွားနိုင်မှာလား?အရည်အချင်းရှိတဲ့ ရဲအရာရှိ နမ်နင်မ်လည်း လူဆိုးဖြစ်တဲ့ လင်လဖတ်အဖေ "ဖိုင်ဆန်"ကို ဥပဒေနဲ့ ဆန့်ကျင်တဲ့ စီးပွားရေးသမားတစ်ယောက်ကို ဖမ်းဖို ကြိုးစားနေရင်း ကုလာဘ်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ယောက် အတူရှိတိုင်း သူတိုဖန်တီးထားတဲ့ ပရမ်းပတာတွေကြားမှာ၊ သူတို့ ရှင်သန်နိုင်တဲ့ အန္တရာယ်တွေနဲ့ ...

Mr. Rose: The Secret Spy (2022) [Complete]

2022
The King 2 Hearts (2012) [Complete] 7.4
The King 2 Hearts (2012) [Complete] The King 2 Hearts (2012) [အစ-အဆုံး]အပိုင်း (၁၆ မှ ၂၀) (ဇာတ်သိမ်းပိုင်း)လီဂျယ်ဟာကတော့ တောင်ကိုရီးယားတော်ဝင်မျိုးနွယ်ရဲ့ ဒုတိယ‌မြောက်သားအဖြစ် မင်းသားအရိုက်အရာကို ဆက်ခံထားရသူဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမရှိတဲ့ လီဂျယ်ဟာကို မင်းကြီးလီဂျယ်ဂန်က ကမ္ဘာ့ထိပ်တန်းအရာရှိပြိုင်ပွဲမှာ မြောက်ကိုရီးယားနဲ့ ပူပေါင်းယှဉ်ပြိုင်ဖို့ တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ မြောက်ကိုရီးယားစစ်အာဏာပိုင်အဖွဲ့ဝင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ ဂင်ဟန်အာက မြောက်ပိုင်းကိုယ်စားပြု အနေနဲ့ပါဝင်လာခဲ့ပါတယ်။ ယောက်ျားသားတွေထက်တောင် ပိုကြမ်းလို့ အသက်၃၀အရွယ်အထိ ချစ်သူမရှိ၊ အိမ်ထောင်မရှိအောင် ယင်ဖိုတောင်မသန်းရဲလောက်တဲ့ ဂင်ဟန်အာနဲ့ လူ့ပေါ်ကြော့မင်းသား လီဂျယ်ဟာတို့ တာဝန်အတူထမ်း‌ဆောင်တဲ့အခါမှာတော့ အလွဲလေးတွေ တသီသီ စတင်လာပါတော့တယ်။တောင်မြောက်ချစ်ကြည်ရေးကို ဖော်ဆောင်ကြမယ့်သူတို့နဲ့ လက်နက်ရောင်းဝယ်ပြီး အမြတ်ထုတ်ကြမယ့် နောက်ကွယ်က အဖွဲ့အစည်းတွေရဲ့ အဖျက်အမှောက်နှောက်ယှက်မှုတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့အပြင် Ha Ji Won ရဲ့ မြောက်ပိုင်းသူဆန်ဆန် အက်ရှင်တွေကိုလည်း ချစ်ချင်စရာမြင်တွေ့ရဦးမှာမို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုဖို့ရာ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဟာဂျီဝန်း နဲ့ လီဆောင်ဂီတို့ရဲ့ ...
7.4
TMDb: 7.4/10 15 votes
tv

The King 2 Hearts (2012) [Complete]

2012
Terius Behind Me (2018)[Complete] 8.252
Terius Behind Me (2018)[Complete] Terius Behind Me (2018)Ep1 To 16********************************အမည်ဝှက်Teriusလို့ အမည်ရတဲ့ဂင်ဘွန်ဟာ အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(NIS)ရဲ့ ထူးချွန်တဲ့အေးဂျင့်ဟောင်းတစ်ဦးဖြစ်ပြီး သူ့ကို မည်သူမှ ခြေရာခံ၍မရအောင်လျှို့ဝှက်၍နေထိုင်သူဖြစ်ပါတယ် ...လွန်ခဲ့သော၃နှစ်ခန့်က မအောင်မြင်ခဲ့တဲ့လျှို့ဝှက်စစ်ဆင်ရေးတစ်ခုမှာ သူ့ချစ်သူမိန်းကလေးကို ဆုံးရှုံးခဲ့ရတယ်... အဲဒီအချိန်ကစပြီး ဂင်ဘွန်ဟာ ဂိုအယ်ရင်ရဲ့တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့တိုက်ခန်းမှာလျှို့ဝှက်နေထိုင်ပြီး ယခင်က မအောင်မြင်ခဲ့တဲ့စစ်ဆင်ရေးရဲ့နောက်ကွယ်မှာရှိတဲ့ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ကြိုးစားနေပါတယ်...ဒါပေမယ့်လည်း အဲဒီမသမာမှုမှာ ထင်မှတ်မထားတဲ့(NIS)ရဲ့ ထိပ်တန်းအရာရှိကြီးတစ်ဦး ပါဝင်ပတ်သက်နေတဲ့အခါမှာ . . .ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့................အက်ရှင်စပိုင်စီးရီးဖြစ်လို့ ကြည့်ရတာပျင်းဖို့မကောင်းသလိုချစ်စရာကလေးတွေလည်းပါဝင်တဲ့အတွက်ရယ်လည်းရယ်ရပါတယ်..    -Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Action, Adventure & MysteryTranslated by  Phyu Phyu Thein , Hnin Wai Oo  ,  Windi,  Mayphoo Pone   & TiffEncoded by  Phyo Pyae Complete Zip File-(1080P) EP1-16_       Yoteshihin    ...
8.252
TMDb: 8.252/10 111 votes
tv

Terius Behind Me (2018)[Complete]

2018
Zootopia+(2022) 8.1
Zootopia+(2022) Zootopia (2022)IMDb -6.9/10"I won't give up,no,I won't give in"ဒီသီချင်းလေးကြားတာနဲ့ အရင်ဆုံးပြေးမြင်မှတ်မိနေမှာကတော့ Zootopia ပဲ ဖြစ်ကြမှာပါဒီတစ်ခါကတော့ Zootopia ရဲ့ ထွက်ရှိလာတဲ့ series လေးပါပဲ အပိုင်း 1 မှာ ဂျူဒီ Zootopia ကို ပြန်တဲ့အချိန် စတူတို့ရဲ့ ဘေဘီလေးမော်လီ ရထားပေါ် မထင်မှတ်ပဲ ပါသွားလို့ စတူတို့ ပြန်လိုက်ခေါ်ကြပုံလေးနဲ့ အစပျိုးထားတယ်ယုန်တွင်းလေးကနေ ဘယ်မှမထွက်ဘူးတဲ့ စတူတို့ Zootopia မြို့ကြီးကို ရောက်သွားပုံကတော့ လမ်းခရီးတလျောက်အလွဲလေးတွေ ဟာသလေးတွေနဲ့ပေါ့ ယုန်မလေးရဲ့ တစ်ကိုယ်တော် စွန့်စားခန်းတွေမဟုတ်ပဲ ဇာတ်ကောင်အားလုံးရဲ့ ဘ၀တစ်ဖြတ်တစ်ရပ်ကို အပိုင်းလိုက် ရယ်မောပျော်ရွှင်ခံစားရမှာပါZootopia ရဲ့ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်လေးတွေရဲ့ ကိုယ်ပိုင်အပိုင်းလေးတွေထဲမှာမှ IMDb 8.4 ထိရတဲ့ အပိုင်းလေးတွေလည်း ပါတာမို့ မကြည့်မိရင် နောင်တမရကြေးနော်File Size –138MB / 98MBQuality –1080p DNSP WEB DL  / 720pDuration –11minsTotal Episodes:6EpsSubtitle ...
8.1
TMDb: 8.1/10 15 votes
tv

Zootopia+(2022)

2022
Ultraman – Season (02) 7.047
Ultraman – Season (02) Ultraman season 2 (2022) ====================== IMDb Rating - 6.8/10Netflix ရဲ့ Anime ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ Ultraman season 2 ဖြစ်ပါတယ်။ အာထရာမန်း fan တွေဆိုရင် ဒီ series က season 1 မှာထဲက လက်ရာဘယ်လောက်ကောင်းလဲသိပါတယ်။ အခု season 2 မှာလည်း စိတ်ပျက်မိစေမှာမဟုတ်ပါဘူး။ဇာတ်လမ်းအညွှန်းကတော့ နယူးယောက်မှာ ရုတ်တရက် နေ့ခင်း ကြောင်တောင် လူသွားလမ်းကြီးမှာ လူအုပ်လိုက် ပျောက်ဆုံးမှုဖြစ်သွား ပါတယ်။ ဒါကို သက်ဆိုင်ရာအာဏာပိုင် သတင်းထောက်တွေကလည်း အဖြေရှာနေကြပြီး မစဉ်းစားတတ်နိုင်အောင်ဖြစ်နေပါတယ်။ လျှို့ဝှက် အဖွဲ့အစည်းတွေကတော့ ဒီကိစ္စက ဂြိုလ်သားသက်ရှိတွေပါဝင်ပတ်သက် နေရမယ်ဆိုပြီးပြောထားပါတယ်။ဒီလိုနဲ့ ဒုတိယအကြိမ်အဖြစ် ဂျပန်မှာလည်း လူတွေပျောက်သွားပြန်ပါတယ်။ ဒီအခါမှာတော့ ကမ္ဘာကြီးကို ပါဝင်မယ့် အာထရာမန်းတွေပါဝင်လာခဲ့ပြီး၊ နောက်ကွယ်က တရားခံကို စုံစမ်းနိုင်ခဲ့ပါတယ်။ ဝါဒိုရန်ဆိုတဲ့ ဂြိုလ်သားမျိုးစိတ် တွေဟာ မျိုးတုံးခါနီးအခြေအနေနဲ့ရင်ဆိုင်ရတဲ့အတွက် လူသားတွေကိုပြန်ပေး ဆွဲပြီး ကပ်ပါးကောင်အနေနဲ့ နေထိုင်တာဖြစ်ပါတယ်။ နောက်ကွယ်က Villainကြီး ကလည်း တစ်ကမ္ဘာလုံးက လူတွေမပျောက်ချင်ရင် ကမ္ဘာမြေတစ်ဝက် သူ့လက်ထဲ ထည့်ပါဆိုပြီးခြိမ်းခြောက်လာပါတယ်။ ဒါကို ...
7.047
TMDb: 7.047/10 2100 votes
tv

Ultraman – Season (02)

2019
Bad Prosecutor (2022) 10
Bad Prosecutor (2022)  EXO ရဲ့ ACE တစ်ဦးဖြစ်တဲ့ Doh KyungSoo နဲ့ Lee SeHee တို့ရဲ့ အကြမ်းအရမ်း Law ကားလေးလာပါပြီ ။Jin Jung (Doh KyungSoo)ဆိုတဲ့ တရားမျှတမှုရဲ့ ဘက်တော်သား အမှုစစ်ဟာ အားနည်းပြီးအနိုင်ကျင့်ခံရသူတွေအတွက်ကြင်နာမှု ၊ လူမဆန်တဲ့သူတွေအတွက် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းနဲ့အပြစ်ပေးတတ်သူဖြစ်ပါတယ် ။Shin Ah Ra (Lee SeHee) ကတော့ ခေါင်းအေးအေးထားပြီး တရားဥပဒေဘောင်ထဲက လုပ်ကိုင်တတ်တဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ် ။မတူညီတဲ့အကျင့်စရိုက်တွေနဲ့ သူတို့နှစ်ဦးဟာ တူညီတဲ့ရန်သူအတွက်အလုပ်အတူတူတွဲလုပ်ဖို့ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ?KBS ကထုတ်လွှင့်ရိုက်ကူးသွားမှာဖြစ်ပြီး အပိုင်း 12ပိုင်းပါဝင်ပါမယ် ။Native Title: 진검승부v Episodes: 12 Aired: Oct 5, 2022 - Nov 10, 2022 Aired On: Wednesday, Thursday Original Network: KBS2, Netflix Duration: ...
10
TMDb: 10/10 2 votes
tv

Bad Prosecutor (2022)

2022
DC’s Stargirl – Season(03) 7.2

DC’s Stargirl – Season(03)

2022
Kamen Rider BLACK SUN (2022) Complete 9.667
Kamen Rider BLACK SUN (2022) Complete Kamen Rider BLACK SUN (2022) Complete ~ IMDb - 8.8/10, MyDramaList - 8.8/10 ~ Kamen Rider နှစ်ငါးဆယ်ပြည့်နဲ့ Black ရဲ့ ၃၅နှစ်ပြည့်အတွက် အထူးတလည် ထုတ်လိုက်တဲ့ ဇာတ်လမ်းတွဲပါ။ Kamen Rider တွေ အများကြီးရှိတဲ့အထဲကမှ ငယ်ငယ်က နှံကောင်ပါဝါရိန်းဂျားလို့ လူသိများခဲ့တဲ့၊ ကလေးကြည့်ကားနဲ့မတူဘဲ ရုပ်ထွက်တွေ ချကွက်တွေ နည်းနည်းပြင်းတဲ့ Kamen Rider Black ရဲ့ အဆက်ဇာတ်လမ်းပါပဲ။ အများစုကတော့ Kamen Rider တွေထဲမှာ Black ရဲ့ ဇာတ်လမ်းက အကောင်းဆုံးလို့ ဆိုကြပါတယ်။ ချခန်းတွေကောင်းသလို အငွေ့အသက်ကလည်း ဒတ်သလို မိန်းစတိုရီလိုင်းကလည်း ခိုင်မာလို့ပါပဲ။ မူလကလည်း ကလေးကြည့်ကားနဲ့ မတူခဲ့သလို အခုပြန်ထုတ်တဲ့အခါမှာလည်း R rated ပေးထားရလောက်တဲ့အထိ သတ်တာဖြတ်တာတွေကြမ်းပါတယ်။ အူဆွဲထုတ်တာတွေ ...
9.667
TMDb: 9.667/10 15 votes
tv

Kamen Rider BLACK SUN (2022) Complete

2022
All In(2003) 8.2
All In(2003) All In(2003) ဇာတ်လမ်းတွဲအညွှန်း******************************အပိုင်း(၁ မှ ၂၄ ) ထိ စ/ဆုံးလီဗြောင်ဟွန်းကို ကျွန်တော်တို့ မြန်မာလူငယ်တွေအထူးသတိထားမိတဲ့ စီးရီးဆိုလည်းမမှားပါဘူး..All In ဆိုတာကျွန်တော်တို့ ငယ်ဘဝကို အတော်လွှမ်းမိုးမှုရှိခဲ့တဲ့စီးရီးတစ်ခုပါ..အခွေခေတ်က ဝိုးတဝါးနဲ့တောင် မက်မက်မောမော ကြည့်ခဲ့ရသလိုဖဲဝိုင်းတွေမှာ ဂင်အင်ဟာကွဆိုပြီး ကိုယ့်ကိုကိုယ် နာမည်ပေးတဲ့အထိဖြစ်ခဲ့သလိုဆိုးတူ ကောင်းဘက် သူတို့သူငယ်ချင်း Squad ကြီးကိုလည်း အားကျခဲ့ရပါတယ်..ဒီစီးရီးက ၂၄ ပိုင်းရှိပြီး ဇာတ်လမ်း ဇာတ်အိမ် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်..အင်ဟာတို့ ကာစီနိုကြီးကိုရောက်တဲ့အချိန်ကစလို့ပေါ့..လောင်းကစားတွေနဲ့ပတ်သက်တာတွေအသေးစိတ်ပါသလိုကလေးဘဝကတည်းက ဒီလောင်းကစားတွေနဲ့ရင်းနှီးကြိုးစားပြီးပါရမီပါတဲ့ ဂင်အင်ဟာရဲ့  စွန့်စားခန်းတွေကလည်း ဒီဘက်ခေတ်ဇာတ်လမ်းတွဲတွေကို အေးဆေးယှဉ်လို့ရပါတယ်..၂၀၀၃ ခုနှစ်ကဖြစ်လို့ အခုချိန်ပြန်ကြည့်အဆင်ပြေမလားဆိုပြီးစိုးရိမ်မနေပါနဲ့..တကယ်ကြည့်ရတာတန်ပါတယ်..အကြည်ဆုံးလေးဖြစ်အောင်လည်း တင်ဆက်ထားပါတယ်...Episodes: 24File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Action ,Drama, AdventureTranslated by  Yumeko, A Htet, Estel, Kit, Mayphoo Pone  &  Thynn Nu SweEncoded by  ...
8.2
TMDb: 8.2/10 5 votes
tv

All In(2003)

2003
House of the Dragon Season 1 (2022) 7.4
House of the Dragon Season 1 (2022) Game of Thrones စီးရီးရဲ့ ခေတ်ကာလ မတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့ တာဂေးရီးယန်းအိမ်တော်ဇာတ်လမ်းအကြောင်း စီးရီးအသစ် ထွက်ရှိလာပါပြီ။ Game of Thrones ကို မကြည့်ဖူးရင်တောင် ဒီကနေ စကြည့်လို့ရပြီး အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကဘာခေတ်လဲဆိုတာသိဖို့ ဒီစိတ်ကူးယဉ်လောကကြီးရဲ့ သမိုင်းကိုအကြမ်းဖျဉ်းသိဖို့လိုအပ်ပါတယ်။ အရင်ဆုံး ခုနှစ်တွေကို BAC နဲ့ AC ဆိုပြီး နှစ်မျိုးရှိတာ သိဖို့လိုပါတယ်။ BAC ဆိုတာကတော့ အေဂွန်ရဲ့ သိမ်းပိုက်မှုမတိုင်ခင် (Before Aegon's Conquest) ဖြစ်ပြီး AC ဆိုတာကတော့ (After Conquest) ၇ ပြည်ထောင်ကိုသိမ်းပြီးနောက်ပိုင်းခုနှစ်တွေပဲဖြစ်ပါတယ်။BAC 12000 (အေဂွန်မလာခင် နှစ်ပိုင်း ၁၂၀၀၀) မှာ အနောက်တိုင်းကို ရှေးဦးလူတွေ လာရောက်အခြေချခဲ့ပါတယ်။ အဲဒီမှာ ယခင်ရှိနေပြီးသားဖြစ်တဲ့ သစ်တောရဲ့ကလေးငယ်များဆိုတဲ့ မျိုးနွယ်တွေနဲ့ လူ့ဘီလူးကြီးတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ သစ်တောကလေးငယ်တွေက ရှေးဦးလူတွေကို အနိုင်ယူဖို့ ...
7.4
TMDb: 7.4/10 17 votes
tv

House of the Dragon Season 1 (2022)

2022
The Lord of the Rings: The Rings of Power (Season 1) 6.7
The Lord of the Rings: The Rings of Power (Season 1) The Lord of The Rings ရုပ်ရှင်တွေဟာ စာရေးဆရာကြီး ဂျေ အာ အာ တိုကင်းန်ရဲ့ ကမ္ဘာကျော်ဂန္ဓဝင်ဝတ္ထုတွေကနေ ရိုက်ကူးထားပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်တွေထဲမှာ အပါအဝင်ပါပဲ။ အခုတော့ ဒီရုပ်ရှင်တွေရဲ့ ခေတ်မတိုင်ခင် ရှေးတုန်းက ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေကို စီးရီးအဖြစ် ပြန်လည်ရိုက်ကူးလိုက်ပါပြီ။ အတွဲ ၅ တွဲ ထွက်ရှိမှာဖြစ်ပြီး တစ်တွဲကို ၈ ပိုင်းစီပါဝင်မယ်လို့သိထားရပါတယ်။LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက ဒုတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur ...
6.7
TMDb: 6.7/10 34 votes
tv

The Lord of the Rings: The Rings of Power (Season 1)

‌2022
Bad Guys (2022) [Complete]
Bad Guys (2022) [Complete] Bad Guys (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ဒီတစ်ခါတော့ Korea Bad Guys လေးကို Thai remake version လေးပြန်ကြည့်ရမှာဆိုတော့ action series ကြိုက်တဲ့ သူတွေအတွက်တော့ လက်မလွှတ်တမ်းကြည့်သင့်တယ်နော်ဇာတ်လမ်းအကျဥ်း ...ရဲတွေ ဘယ်လိုမှ မလိုက်နိုင်တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုအတွက် ရဲချုပ်နမ်ချိုင်က ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ စုံစမ်းရေးမှူးဖိထက်ကို ပြန်ခေါ်ပြီး လျှို့ဝှက်တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်။ခွေးရူးဆိုပြီးနာမည် ကြီးတဲ့ စုံစမ်းရေးမှူးဖိထက်က ဒီအမှုကို စုံစမ်းဖို သူ့လို ခွေးရူး၃ကောင် ထပ်လိုအပ်တယ်ဆိုပြီး ထောင်ထဲက လူ၃ယောက်ကို သူ့အဖွဲဆီပိုပေးဖိုပြောခဲ့တယ်။သူ့ရဲ့တောင်းဆိုချက်ကြောင့်ပဲ ဘန်ကောက်ကထိပ်တန်းလူမိုက်ဂိုဏ်းတစ်ခုရဲ့ ဒုတိယခေါင်းဆောင် ယတ်၊ ထိပ်တန်း ကြေးစားလူသတ်သမား လေ့နဲ့ အသက်အငယ်ဆုံး စိတ္တဇကွင်းဆက်လူသတ်သမား စကိုင်း တို့ ၃ ယောက်ကို ထောင်အပြင်ခဏထုတ်ပေးခဲ့ရတယ်။ဖိထက်က ဘာလို ဒီ၃ယောက်ကိုရွေးချယ်ခဲ့တာလဲ? သူနဲ့ ဘယ်လိုပက်သက်မှုတွေရှိနေမလဲ? အမှုတွေဖြေရှင်းပြီး အမှန်တရားကိုဘယ်လိုဖော်ထုတ်မှာလဲ? ဆိုတာတော့ ဒီဇာတ်လမ်းတွဲလေးမှာ ...

Bad Guys (2022) [Complete]

2022
Succession (2018) Season 1+2+3+4
Succession (2018) Season 1+2+3+4  2022 ခုနှစ် အကောင်းဆုံးရုပ်ရှင်စီးရီးအဖြစ် Emmy ဆုရရှိသွားတဲ့ စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေအများကြီးရဲ့ အားပေးမှုကို ရထားတဲ့ ဒရာမ စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ နာမည်ကတော့ ဆက်ခံမှု ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီစီးရီးကိုတော့ အက်မင်က စီးပွားရေး Game of Thrones လို့ တင်စားချင်ပါတယ်။ GoT လို အတိုက်အခိုက်တွေ နဂါးတွေအစား စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ ကွက်ကျော်ရိုက်ပုံတွေ၊ နောက်ကျောဓားနဲ့ထိုးပုံတွေ ကာရိုက်တာတွေ ပြောင်းလဲလာပုံတွေနဲ့ တင်ဆက်ထားတာမို့ စီးပွားရေးဗဟုသုတရော ရသပါ အတော်လေးပြည့်စုံတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ကာရိုက်တာတွေကလည်း Game of Thrones လိုပဲ တစ်မျိုးစီထူးခြားပြီး အကြံကိုယ်စီနဲ့ ဖြစ်နေပါတယ်။ ကြားထဲမှာ အပူးအပေါင်းတွေ အကွဲအပြဲတွေ လှည့်ကွက်တွေလည်း အတော်ကို စုံပါတယ်။ဇာတ်လမ်းအကျဉ်းလိုဂန် ရွိုင်ဆိုတဲ့ အောက်ခြေကတက်လာတဲ့ ဘီလီယံနာ သူဌေးကြီးဟာ မီဒီယာ နဲ့ ...

Succession (2018) Season 1+2+3+4

Tales of the Walking Dead (2022) 7.9
Tales of the Walking Dead (2022)   Walking Dead ဆိုတာ အကောင်းဆုံးနဲ့အရှိန်အဝါအကြီးဆုံး အကျယ်ပြန့်ဆုံး ဇွန်ဘီးဇာတ်လမ်းတွဲကြီးတစ်ခုပဲဆိုမမှားပါဘူး။ ဒီစီးရီးကတော့ အဲဒီဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တွေ တစ်ကောင်ချင်းဆီကို ဇာတ်လမ်းတစ်ခုဆီ ဘောနပ်စ် သဘောမျိုး ပြသထားတာပါပဲ။ ဒီတော့ Walking Dead ကိုမကြည့်ဖူးရင်တောင် ရုပ်ရှင်တစ်ကားစီလို့ သဘောထားပြီး ဇိမ်နဲ့ကိုကြည့်လို့ရပါတယ်။ Walking Dead ဖန်တွေအတွက်တော့ ရွှေပေါ့ဗျာ။ဇာတ်လမ်းတိုင်းမှာ ကမ္ဘာပျက်ချိန် ဇွန်ဘီးတွေကြားမှာရုန်းကန်ရတဲ့ လူ့သဘာဝတွေ တွေးစရာတွေနဲ့ စွန့်စားခန်းတွေပါဝင်ပါတယ်။File size…400 Mb Quality….Webrip 720 Format…mp4 Duration….50 Min Genre...Drama, Action & Adventure, Sci-Fi & Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldDownload LinkEpisode 1 720p  - VIP / Yoteshin / Megaup / Meganz / Usersdrive / StreamsbEpisode 2 720p  ...
7.9
TMDb: 7.9/10 27 votes
tv

Tales of the Walking Dead (2022)

2022
Cyberpunk: Edgerunners (2022) Complete 8.7
Cyberpunk: Edgerunners (2022) Complete Gamer​တွေကြား အ​မျှော်လင့်ကြီး ​မျှော်လင့်ထားသလို မသိသူ မရှိ​လောက်တဲ့ Cyberpunk : Edgerunners ကို တင်ဆက်​ပေး လိုက်ပါပြီ။ ဒီAnimeက Cyberpunk 2077 မတိုင်ခင် တစ်နှစ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စ​တွေကို Prequel အ​နေနဲ့ ရိုက်ကူးထားတာပါ။ IMDB 8.6နဲ့ RT 100% အပြည့် ရထားပါတယ်။ Animationနဲ့ Effect​တွေကလည်း ​ပြော​စရာမလို​အောင် ရှယ်လှပါတယ်။​​ခေတ်​ရှေ့​ပြေးလွန်းပြီး ​သိပ္ပံနည်းပညာ​တွေ ထွန်းကားလွန်းသလို ​ငွေနဲ့ပဲ အရာရာလည်ပတ်နေတဲ့ အနာဂတ် မြို့​တော်ကြီးတစ်ခုမှာ ​ဒေးဗစ်လို့​​ခေါ်တဲ့ ဂျစ်ကန်ကန်​ကောင်​လေးဟာ ​​ဆင်းရဲနွမ်းပါးမှု ​ကြောင့် လူရာသွင်းမခံရသလို ဘယ်​လောက်ပဲ ကြိုးစားကြိုးစား အရှုံးနဲ့ ရင်ဆိုင်​ရတဲ့ ဘဝပိုင်ရှင်လို့ပဲ ​ပြောရမှာပါ။ကံအ​ကြောင်းမလှရတဲ့အထဲ တစ်​​နေ့မှာသူ့ဘဝတစ်ခုလုံးကို ​ဇောက်ထိုးမိုး​မျှော် ဖြစ်စေမယ့် ဖြစ်ရပ်ဆိုးကြီးဖြစ်လာတဲ့အခါ ဘဝ​ပေးကံကြမ္မာကို ​ခြေစုံကန်ပြီး ​ငွေရဖို့အတွက် ဘာမဆိုအကုန်လုပ်မယ့် ​ဝရမ်း​ပြေး ​ကြေးစား Edgerunnerဘဝကို ​ရောက်သွားပါ​တော့တယ်။File Size – 400MB / 200MBQuality – 1080p NF WEB DL /  ...
8.7
TMDb: 8.7/10 231 votes
tv

Cyberpunk: Edgerunners (2022) Complete

2022