Channel Myanmar

Action

Zorro (2024) 5.5
Zorro (2024) Zorro (2024) ===========အမေရိကန်ရဲ့ ပထမဆုံး စူပါဟီးရိုးဖြစ်တဲ့ ဇောရိုး စီးရီး ထွက်လာပါပြီ။ 1920 ကတည်းက ကျော်ကြားခဲ့တဲ့ စပိန် မျက်နှာဖုံးစွပ် သူရဲကောင်း ဇောရိုးအကြောင်းကို စီးရီးအနေနဲ့ အသစ်ရိုက်ကူးထားတဲ့ စပိန်ဇတ်လမ်း တွဲအသစ်ဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။ ဇောရိုးဟာ စပိန် ဘာသာနဲ့ဆိုရင်မြေခွေးလို့အဓိပ္ပါယ်ရပါတယ်။ ဇောရိုးဟာ ယနေ့ခေတ် စူပါဟီးရိုးတွေရဲ့ ရှေ့ဆောင်လမ်းပြလိုဖြစ်ခဲ့ပြီး ဘတ်မန်းဟာ ဇောရိုးထွက် ပြီး နှစ်နှစ်ဆယ်ကြာမှထွက်ခဲ့တာပါ။ 1998 ရုပ်ရှင်ကတော့ လူသိအများဆုံး ဗားရှင်း ဖြစ်ပါလိမ့်မယ်။ မြင်းနက်ကြီးနဲ့ ဝတ်ရုံနက်ကြီး တလွှားလွှားနဲ့ ဓား တစ်ချောင်းကိုင်ရင်း ဆင်းရဲသူတွေကို ကာကွယ်ပြီး လူယုတ်မာသူဌေးတွေနဲ့ အကျင့်ပျက်အရာရှိတွေကို ဆုံးမတတ်တဲ့ သူရဲကောင်းပါပဲ။ ဇောရိုးဆိုတာ တစ်ယောက်တည်းရှိခဲ့တာမဟုတ်ဘဲ ဝတ်ရုံနောက်ကွယ်မှာ တစ်ယောက်ပြီး တစ်ယောက် ဆက်ခံသွားတဲ့ ဓလေ့ရှိခဲ့တာပါ။ ဒီစီးရီးမှာ ဇောရိုးနေရာက Elite စီးရီးရဲ့ နာမည်ကျော် Guzmán Nunier သရုပ်ဆောင် Miguel Bernardeau ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း - ------------------ ခြံရှင်သူဌေးကြီး အလက်ဟန်ဒရို ဒယ်လာဗယ်ဂို လုပ်ကြံခံရတဲ့ညမှာပဲ ဇောရိုး လည်း သေဆုံးသွားခဲ့ပါတယ်။ တရားဝင်သတင်းအရတော့ ...
5.5
TMDb: 5.5/10 2345 votes
tv

Zorro (2024)

2024
Indian Police Force (2023) Complete 9
Indian Police Force (2023) Complete Indian Police Force (2024) "အိန္ဒိယရဲတပ်ဖွဲ့" IMDb - 7.0/10အားလုံးစောင့်မျှော်နေကြတဲ့ အိန္ဒိယရဲတပ်ဖွဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီဗျ။ Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်း၇ပိုင်း ပါဝင်ပါတယ်။ မင်းသားက Shershaah (2021)မှာ ပရိသတ်ကြီးအသဲနှလုံးကို သိမ်းပိုက်သွားခဲ့တဲ့ မင်းသားချော ဆစ်ဒါးမယ်လ်ဟိုတရာပဲဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဒီစီးရီးကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာကတော့ Cop Universe franchiseဖြစ်တဲ့ ဆင်းဂမ်းရုပ်ရှင်တွေနဲ့ ဆင်ဘာရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ရိုဟစ်ရှက်တီပဲဖြစ်ပါတယ်။ ဆစ်ဒါးက ဒေလီအထူးတပ်ဖွဲ့က ရဲအရာရှိကဘီးရ်အဖြစ် ပါဝင်ထားပါတယ်။ဒေလီရဲတပ်ဖွဲ့ စတင်တည်ထောင်တဲ့နေ့အတွက် ဂုဏ်ပြုပွဲလုပ်မဲ့နေ့မှာပဲ ဒေလီမြို့တစ်နေရာမှာပေါက်ကွဲမှုဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဆက်တိုက်ဆိုသလိုပဲ တခြားနေရာတွေမှာလည်း ဗုံးတွေ့တဲ့သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ အိန္ဒိယမူဂျာဟီဒင်လို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက အဲဒီဖောက်ခွဲမှုတွေက သူတို့လက်ချက်ဖြစ်ကြောင်း တီဗီချန်နယ်လ်တစ်ခုကို အီးမေးလ်ပို့ပါတယ်။ စုစုပေါင်း ပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။(function(f,b,n,j,x,e){})();ဒီတော့ အထူးရဲတပ်ဖွဲ့ဖြစ်တဲ့ ကဘီးရ်တို့တွေ ဒီဖောက်ခွဲမှုတွေကို လုပ်ဆောင်တဲ့ အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေရပါတော့တယ်။ အထူးရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်သမားတို့ ဘတပြန်ကျားတပြန် အားပြိုင်ကြပုံကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
9
TMDb: 9/10 1 votes
tv

Indian Police Force (2023) Complete

2024
Reacher (2022) Season 1 + 2 8.3
Reacher (2022) Season 1 + 2 Reacher (2022) Season 1 +2(function(f,b,n,j,x,e){})();အမေရိကန်ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးတွေအတွက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ပူပူနွေးနွေး ထွက်ရှိထားတဲ့ မှုခင်းစုံထောက် အက်ရှင် စီးရီး ကို Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ဒီစီးရီးက စာရေးဆရာကြီး Lee Childရဲ့ နာမည်ကျော် လူကြိုက်များခဲ့တဲ့ Jack Reacher စာအုပ်တွဲတွေထဲက Killing Floorဆိုတဲ့ ပထမဆုံး စာအုပ်ကို အသက်သွင်းထားတဲ့ စီးရီးပါ။ မင်းသားကြီး Tom Cruise နဲ့ Jack Reacher နှစ်ကား ထွက်ထားပေမယ့်လဲ PG 13ဆိုတော့ တချို့တွေ အားမရခဲ့ကြဘူးပေါ့ဗျာ။(function(f,b,n,j,x,e){})();အခုတော့ The Boys ၊Invicible ၊ Carnival Rowတို့လို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ စီးရီးတွေ ထုတ်ခဲ့တဲ့ Amazon Prime Videoကနေ အပိုင်း ၈ပိုင်းပါတဲ့ Reacher စီးရီးအဖြစ် ပြန်အသက်သွင်းလိုက်ပါပြီ။ စီးရီးဖြစ်လို့ ဇာတ်အိမ်ကလဲ အသေးစိတ် ကျယ်ပြန့်ပြီး၊ အရွယ်ရောက်ပြီးသူများသာ ကြည့်ရမယ်ဆိုတဲ့ TV-MA ...
8.3
TMDb: 8.3/10 18 votes
tv

Reacher (2022) Season 1 + 2

2022
My Daemon (2023) 8.345
My Daemon (2023) My Daemon (2023)IMDb - 8/10(function(f,b,n,j,x,e){})();ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ထိုင်းအခြေစိုက်ကုမ္ပဏီကနေ ထုတ်လုပ်ပြီး Netflix ကနေ ထုတ်လွှင့်ထားတဲ့ အပိုင်း(၁၃)ပိုင်းပါဝင်တဲ့ Fantasy, Science Fiction အမျိုးအစား Anime စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။နယူကလီးယားထုတ်လုပ်ရာနေရာကနေ ပျံ့လွှင့်လာတဲ့ ဒေးမိုးနီးယန်းအမှုန်လေးတွေကြောင့် လူသားတွေဟာ ဒေမွန်ရောဂါကို ခံစားနေကြရပါတယ်။ အဲဒီရောဂါဖြစ်ပြီးတဲ့သူတိုင်းဟာ ကင်ဆာလိုပဲ အသက်ရှည်ရှည်မနေရတော့ပါဘူး။ ဒေးမိုးနီးယန်းအမှုန်လေးတွေကနေတစ်ဆင့် ဒေမွန်တို့တဲ့ မကောင်းဆိုးဝါးတွေလည်း ပေါက်ဖွားပြီးတော့ လူသားတွေက ဒေမွန်တွေကို လူသားကမ္ဘာကို ပျက်စီးခြင်းတွေ ယူဆောင်လာတယ်ဆိုပြီးတော့ မြင်တာနဲ့ မြင်တဲ့နေရာမှာ သတ်ပစ်ရမယ်လို့ သတ်မှတ်ထားကြပါတယ်။ကန်တိုဆိုတဲ့ ကောင်လေးဟာလည်း ဒေမွန်ရောဂါကို ခံစားနေရသူဖြစ်ပြီး မိခင်ဖြစ်သူမှ အလိုလိုက်ချင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။ တစ်ရက် ကျောင်းက ပရောဂျက်တစ်ခုကြောင့်နဲ့ လမ်းမှာတွေ့တဲ့ ဒေးမိုးနီးယန်းအမှုန်လေးကို ကောက်ယူလာရာကနေ အန်နာဆိုတဲ့ ဒေမွန်လေးပေါက်ဖွားလာပါတော့တယ်။သူငယ်ချင်းမရှိတဲ့ ကန်တိုလေးဟာ အန်နာလေးကိုပဲ အဖော်ပြုရင်းနေလာရာကနေ ဒေမွန်နဲ့ လူသားအတူတူနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းမှုတွေကြောင့် အန်နာလေးကို ဒေမွန်သခင်တွေက လိုက်ဖမ်းတာကိုခံရရင်းနဲ့ အန်နာကိုလိုက်ဖမ်းတဲ့ ဒေမွန်သခင်နဲ့ ကန်တိုတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်း ကန်တိုလေးကို ...
8.345
TMDb: 8.345/10 29 votes
tv

My Daemon (2023)

2023
Monarch: Legacy of Monsters (2023) 7.8
Monarch: Legacy of Monsters (2023) (function(f,b,n,j,x,e){})();  ဂေါ်ဇီလာနဲ့ ကင်းကောင်တို့ ပါဝင်နေတဲ့ ရုပ်ရှင်တွဲတွေကို Monsterverse လို့ ခေါ်ပါတယ်။ ဒီစီးရီးကတော့ အဲဒီ Monsterverse မှာ ပါဝင်နေတဲ့ စီးရီးပဲဖြစ်ပါတယ်။ စီးရီးစတင်ချိန်ကတော့ လူတွေ G-day လို့ခေါ်ကြတဲ့ ၂၀၁၄ ဂေါ်ဇီလာတိုက်ခိုက်မှုအပြီး တစ်နှစ်အကြာပဲ ဖြစ်ပါတယ်...ပဟေဠိဆန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ မိန်းမနှစ်ယောက်က မွေးတဲ့ ကလေးတစ်ယောက်စီ ပြန်ဆုံကြပြီး သူတို့အဖေနဲ့ တိုက်တန်သတ္တဝါကြီးတွေကို လေ့လာစောင့်ကြည့်တဲ့ မိုနာ့အဖွဲ့အစည်းကြားက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိကြပုံကို ဇာတ်လမ်းဆင်ထားတာပါ။Apple TV ရဲ့ နာမည်ကျော် Severance ဇာတ်လမ်းတွဲရဲ့ ပရိုဂျူဆာ Chris Black ကပဲ ဒီ ရှိုးကို တာဝန်ယူထားပါတယ်။ စီဂျီအိုင်ကောင်းကောင်း ဆက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းပြီး မင်းသမီးလေးတွေလည်း လန်းတာမို့ နိုဝင်ဘာလအတွက် စောင့်ကြည့်စရာ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.8 GB)/(900Mb/ 480 Mb) Quality….Webrip 4K/1080p/ ...
7.8
TMDb: 7.8/10 4 votes
tv

Monarch: Legacy of Monsters (2023)

2023
Blood Coast (2023) 7.5
Blood Coast (2023) Blood Coast (2023) Complete(function(f,b,n,j,x,e){})(); ~ IMDb - 7/10, Rotten Tomatoes - 76% ~ ဒီတစ်ခါမိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားပြီး အပိုင်း ၆ပိုင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ကူးထားတဲ့ အက်ရှင်ကြိုက်ပရိသတ်​တို့ သ​ဘောကျ​လောက်မယ့် မှုခင်းအက်ရှင်စီးရီး Blood Coast ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မာဆယ်မြို့ မူးယစ်​ရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်​နေရာယူထားတဲ့ ဆာဒီဂိုဏ်း​​ခေါင်း​ဆောင် အယ်လီဆာဒီနဲ့ မူးယစ်​ဆေးသစ် နည်းအသစ်​တွေနဲ့ ဆာဒီဂိုဏ်း​နေရာကိုဝင်​ရောက်​နေရာယူဖို့ကြိုးစားတဲ့ အင်ဒီးယန်းနဲ့မူရီလိုတို့အဖွဲ့တို့ကြား ​အားပြိုင်ရာက​နေ မြို့​ပေါ်​သွေး​ချောင်းစီးမှာကို လိုက်ကာကွယ်​ပေး​နေတဲ့ ယက်စ်ဦး​ဆောင်တဲ့မူးယစ်ကာကွယ်​ရေးရဲအဖွဲ့... အဲဒီသုံးဖွဲ့ကြားက အားပြိုင်မှုတွေ ကြိုးပမ်းမှုတွေ ကို အက်ရှင်ဆန်ဆန်ကြည့်ရှုရ​အောင် ရိုက်ကူးပြသထားတဲ့ စပိန်အက်ရှင်ဒရာမာစီးရီး​လေးပဲဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)Size ~ 850MB+ Total - 6 Episodes Quality – 1080p Duration ~ 50min+ (@Episode) Subtitle – Myanmar ...
7.5
TMDb: 7.5/10 34 votes
tv

Blood Coast (2023)

2023
Jujutsu Kaisen (2020) 8.548
Jujutsu Kaisen (2020)  (function(f,b,n,j,x,e){})();IMDb 8.5/10 MyAnimeList 8.6/10 ဒီဂျပန်ကာတွန်းကိုစကြည့်​တော့ ​ပေါက္ကံပြည်ကိုအိန္ဒိယက​နေ(မ​လေးနိုင်ငံ ပီနန်ကျွန်းလို့လည်းတချို့က​ပြောကြတယ်) သ​င်္ဘောပျက်လို့ ပျဥ်ပြားဖက်ပြီး​ရောက်လာတဲ့ ဗျတ်ဝိ၊ ဗျတ္ထပဲ​ပြေးမြင််တယ်ဗျ။နိုင်ငံခြားသားဆို​ပေမဲ့ ဘုန်းကြီး​ကျောင်းက ​ဇော်ဂျီဖိုဝင်သားခိုးစားရာက​နေ အစွမ်းရသွားလိုက်တာ အငယ်​ကောင်ဖြစ်တဲ့ဗျတ္ထရဲ့သား​​တွေအထိ အစွမ်း​တွေရခဲ့တယ်လို့ဆိုကြတယ်။ ဗျတ္ထသား​တွေဖြစ်တဲ့ ​ရွှေဖျင်းကြီး၊ ​ရွှေဖျင်း​လေးတို့နှစ်​ကောင် ဘယ်​လောက်ကြမ်းလဲဆိုရင်တရုတ်ပြည်က ဗိုက်ပူမြို့စားရဲ့ဗိုက်ကို ရန်သူ​ပေါင်း​သောင်း​ခြောက်​ထောင်မကရှိ​နေတဲ့ကြားက ထုံးသွားကွင်းပြီး "ဖတ်၊ ဖတ်၊ ဖတ်"ရိုက်ကာခြိမ်း​ခြောက်ခဲ့တဲ့အထိပါပဲ။ စွမ်းလွန်းလို့ ​သေသွားတာ​တောင် မင်းကြီး၊မင်း​လေးဆိုပြီး မြန်မာတနိုင်ငံလုံးက နတ်ကိုးကွယ်တဲ့သူ​တွေဖင်ဘူး​ထောင်း​ထောင်ပြီး ထိုင်ကန်​တော့ခဲ့ကြတာ အခုအချိန်အထိပဲဗျ။ ဒီစီးရီးရဲ့ဇာတ်လမ်းမှာလည်း ဇာတ်လိုက်မင်းသားဟာ ဆုခုနဆိုတဲ့ကျိန်စာ​ကောင်ရဲ့လက်​ချောင်းကိုစားမိလိုက်တာက​နေ ​သောက်ကြမ်းကြီးဖြစ်သွားပါတယ်။ (မြန်မာမှာဆိုရင် နတ်ကွန်းပဲတင်ပြီး ဂျပန်ဆာ​ကေးအရက်တိုက် ထိုင်ကန်​တော့​​နေကြ​လောက်ပြီ)။ ဒါ​ပေမဲ့လည်းသူ့ထက်သူ​သောက်ကြမ်း​တွေရှိ​​နေ​တော့ ပိုပြီး​သောင်းကြမ်းဖြစ်​အောင်ကြိုးစားတယ်​ပေါ့ဗျ။ ဒါက ဇာတ်လမ်းအကျဥ်း။နည်းနည်းဖြည့်​ပြောချင်တာ​လေး​တွေဆက်​ပြောပါမယ်။Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleachရဲ့ပရိသတ်အကြီးစားပါ။ ဒါ​ကြောင့် ဒီစီးရီးကိုကြည့်​နေရင်းနဲ့bleachအ​ငွေ့အသက်မျိုးရပါလိမ့်မယ်။ (​ကော်ပီကူးတာမဟုတ်ဘူး​နော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting style​တွေလည်းမတူဘူး)။ ပြီး​​တော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်ကဘတ်ဂျက်ဗျ။ တပိုင်းကို ​အ​မေရိကန်​ဒေါ်လာတသိန်းခွဲသုံးခဲ့တာဆို​တော့ သူ့ထက်ပိုများတာ dragon ball ...
8.548
TMDb: 8.548/10 2565 votes
tv

Jujutsu Kaisen (2020)

2020
SPY x FAMILY 8.6
SPY x FAMILY Spy X Family (2022)==============(function(f,b,n,j,x,e){})();သိပ်မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ Anime စီးရီးတခုပါပါ IMDB Rating အနေနဲ့ 9.1/ 10ကို User 1.5kထိပေးထားပြီး အတော်လေးခွီရတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ....ဇာတ်လမ်းအကျဉ်းကတော့ သိပ်ကိုတော်တဲ့ စပိုင်တစ်ယောက်ဟာ ရုပ်ပေါင်းများစွာဖျက်ပြီး မစ်ရှင်တွေကို တခုပြီးတခုအောင်မြင်စွာ ဆောင်ရွက်နေနိုင်ခဲ့ပါတယ် သူ့နာမည်ဝှက်ကတော့ "ဆည်းဆာ"ပါ.... တနေ့တော့ သူ့အတွက်မစ်ရှင်ကို ကုတ်ဖော်ပြီး သူရလိုက်တဲ့မစ်ရှင်က စောင်တလွဲဆိုတာသိလိုက်ရပါတယ်အဲ့ဒီမစ်ရှင်က သူကလေးတစ်ယောက်ကို တပတ်အတွင်းမွေးပြီး သူစပိုင်လုပ်ရမယ့် လူကြီးတစ်ယောက်ပိုင်တဲ့ကျောင်းမှာ သတင်းသွားယူဖို့ပါပဲ....အမြဲတမ်းကမ္ဘာကြီးကိုလျှို့ဝှက်စွာကယ်တင်နေတဲ့ ဆည်းဆာတစ်ယောက် မိဘမဲ့ဂေဟာကနေ ကလေးတစ်ယောက်ကို အလွယ်တကူမွေးစားလိုက်ပြီး အဲ့ဒီကလေးက သာမန်မဟုတ်တဲ့အခါမှာတော့ ဘယ်လိုဘယ်ပုံ အလွဲအချော်တွေနဲ့ ဇာတ်အိမ်တည်ဆောက် သွားဦးမလဲဆိုတာကို Action / Comdeyအပြည့်နဲ့ ကြည့်ရှုရမှာမို့ တင်ဆက်ပေးလိုက်ပါတယ်........... File Size –300MB / 150MB @EpisodeQuality –1080p / 720pDuration – minute (@Episode)Total Episodes: 38Subtitle – Myanmar HardsubFormat – Mp4Genre : Animation / Action / ComedyTranslator – Venti / Thura AungEncoder ...
8.6
TMDb: 8.6/10 1479 votes
tv

SPY x FAMILY

2022
Berlin (2023) 9
Berlin (2023) IMDB 9.8 ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ အဲလက်စ် ပင်ညာက ရိုက်ကူးထားပြီး မင်းသား ပက်ဒရို အလွန်ဆိုက အဓိက ဇာတ်ကောင်အဖြစ် ရိုက်ကူးထားပါတယ်။(function(f,b,n,j,x,e){})();ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းနဲ့ သိပ်မစိမ်းတဲ့ Money Heist ဆိုတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲထဲက ဘာလင်လို့ခေါ်တဲ့ အန်ဒရက်စ် ဒီ ဖိုနိုလိုဆာ ဇာတ်ကောင်ရဲ့ Money Heist မတိုင်ခင် ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Money Heist S2 မှာ နိဂုံးချုပ်သွားရတဲ့ ဘာလင် ရဲ့ ဇာတ်ကောင်ကို ဒီဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ကောင်အဖြစ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ပိုက်ဆံအများကြီးနဲ့ အချစ်ကသာ ယောက်ျားတစ်ယောက်ရဲ့ နေ့ဆိုးတစ်ခုကို ပြောင်းလဲပေးနိုင်တယ်လို့ ခံယူထားတဲ့ ဘာလင်ဟာ ပဲရစ်မြို့မှာ ဖောက်ထွင်းမှု တစ်ခုကို စီစဉ်တဲ့အကြာင်းကို Money Heist ဇာတ်လမ်းတွဲထဲက အရသာအတိုင်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဖောက်ထွင်းမှုကို စီစဉ်နေရင်း သူတို့ ဖောက်ထွင်းမယ့်သူရဲ့ ...
9
TMDb: 9/10 2 votes
tv

Berlin (2023)

2023
What If…? – Season (01), (02) 8.7
What If…? – Season (01), (02) What If...? - Season (01), (02) ====================== IMDb Rating - 7.4/10(function(f,b,n,j,x,e){})();Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဒီတစ်ခါတော့Animatio အနေနဲ့ထွက်လာတာပါ။ ကမ္ဘာဒီဘက်ခြမ်းက လိပ်ပြာ​​လေးက ​တောင်ပံ​လေး တစ်ချက် ခတ်လိုက်တာ​ပဲ...ဒါ​ပေမယ့် ကမ္ဘာဟိုဘက်ခြမ်းမှာ​တော့ ​လေဆင် နှာ​မောင်းပါ တိုက်သွားတယ်ဆိုတဲ့ "Butterfly effect"ဆိုတာကို ကြားဖူးကြ သလားဗျ။ "အကယ်၍များ" ဒီလိပ်ပြာ​လေး ​တောင်ပံမခတ်ခဲ့ရင်၊ "အကယ်၍ များ" ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိရင် စသဖြင့် ကိုယ့်ရဲ့လုပ်​ဆောင်မှု​​​သေး​​သေး လေး တစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ​ပြောင်းလဲသွားနိုင်တဲ့အဖြစ်မျိုး လူတိုင်းကြုံဖူး၊ ကြုံလာရမှာပါ။ "အကယ်၍များ" ​ဆုံးဖြတ်ချက်တစ်ခု​ကြောင့် Marvel Universe တစ်ခုလုံး က​ပေါက်တိက​ပေါက်ချာဖြစ်သွားခဲ့ရင် ပရိတ်သတ်​ တွေနဲ့ရင်းနှီးပြီးသား ဇာတ်​ကောင်​တွေပြောင်းလဲကုန်​ရင်၊ အပြိုင် World​အသစ် တွေ၊ Multiverse အသစ်​တွေ ထွက်​ပေါ်လာရင်....စသဖြင့် မ​ရေမတွက်နိုင်တဲ့ ဖြစ်နိုင်​​ခြေ​တွေ၊ Timelineအသစ်၊ Universeအသစ်​တွေကို ချပြသွားမယ် Marvelရဲ့ Brand New Animation seriesအသစ် " What if....? " ...
8.7
TMDb: 8.7/10 298 votes
tv

What If…? – Season (01), (02)

2023
Suburræterna (2023) 6.742
Suburræterna (2023)  အတိတ်ကာလ ရောမမြို့..(function(f,b,n,j,x,e){})(); မြူနီစပယ်နိုင်ငံရေးနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့အုပ်ချုပ်မှုတွေကြားမှာရောမမြို့ဟာ ပဋိပက္ခတွေထဲ နစ်မွန်းနေခဲ့တဲ့ကာလ..လူတွေက မြို့တော်ကောင်စီရဲ့အုပ်ချုပ်ရေးပုံစံကို မကျေနပ်လို့ လမ်းမတွေပေါ်မှာဆန္ဒပြရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့အချိန်..မြို့တော်ကောင်စီနဲ့ ဗာတီကန်တွေ အရေးအခင်းတွေဖြစ်နေကြတဲ့အချိန်မှာမြေအောက်လောကကိုအပိုင်စိုးထားကြတဲ့ ရောမမြို့ရာဇဝတ်ဂိုဏ်းတွေရဲ့ပဋိပက္ခတွေကလည်း စတင်လာပါတော့တယ်။“အာဏာဆိုတာ ပျက်စီးစေတဲ့အရာပဲ။ အကြွင်းမဲ့အာဏာဆိုတာအကုန်လုံးကိုဖျက်ဆီးပစ်နိုင်တယ်။”ဒီဇာတ်ကားမှာ အဖြစ်အပျက်တော်တော်များများက အော်စတီယာဆိုတဲ့ပြည်နယ်လေးမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အော်စတီယာဆိုတဲ့ပြည်နယ်ကိုထိန်းချုပ်တာက မူးယစ်ဆေးတရားမဝင်ရောင်းဝယ်နေတဲ့ အန်နာလဲတစ်ဆိုတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ သူတို့က နိုင်ငံရေးမှာလည်း ပါဝင်ပတ်သက်နေကြပြီးတော့ နိုင်ငံရေးသမားတွေရဲ့လက်ပါးစေလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့အန်နာလဲတစ်ဂိုဏ်းက လုပ်ကြံခံရပြီး အန်နာလဲတစ်ဂိုဏ်းရဲ့သခင်မနဲ့ အခြားမိသားစုဝင်တစ်ချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့စံအိမ်တွေနဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်း လုယူခံလိုက်ရပါတယ်။ အန်နာလဲတစ်ဂိုဏ်းရဲ့ဆက်ခံသူဖြစ်တဲ့ စပါဒီနိုက အဲဒီအဖြစ်အပျက်ကြောင့် သူ့မိသားစုအတွက်လက်စားပြန်ချေဖို့ကြိုးစားရာကနေ အစချီပြီး နိုင်ငံရေးလောကမတည်ငြိမ်မှုတွေ၊ရောမမြို့ရဲ့လူတန်းစားမျိုးစုံတွေကြားက အငြင်းပွားမှုတွေကို ရိုက်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ပြိုင်ဘက်ကိုရှုံးနိမ့်အောင်လုပ်ဖို့အတွက် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့လူတွေအာဏာအတွက် သံယောဇဥ်ကိုစတေးခဲ့တဲ့လူတွေ၊ လောဘရမ္မက်မီးအောက်မှာကျေးကျွန်ဖြစ်သွားကြတဲ့သူတွေစတဲ့ လူတန်းစားမျိုးစုံကိုရိုက်ကူးပုံဖော်ထားတဲ့အတွက် ကြည့်ရင်းနဲ့မွန်းကြပ်လာနိုင်ပေမဲ့ ဘဝအတွက် အသိတစ်ခုတော့ရသွားစေမယ့်စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းပါဝင်ပြီးတော့ မကြာသေးခင်ကမှ Netflix က ထွက်ရှိထားတာဖြစ်ပါတယ်။ ( ဒီစီးရီးအတွက်  Yee Wai နဲ့ Thinn တို့က ဘာသာပြန်ပေးထားပြီးအညွှန်းကိုတော့ Yee ...
6.742
TMDb: 6.742/10 33 votes
tv

Suburræterna (2023)

2023
Air City (2007)  [Completed] 6
Air City (2007) [Completed] Air City (2007)*****************အပိုင်း (၁ မှ ၁၆) စ/ဆုံး လေကြောင်းမြို့တော်ဒီလအတွက်တော့ "လေကြောင်းမြို့တော်"ဆိုပြီး မြန်မာပရိသတ်တွေ သိခဲ့ကြတဲ့ အချစ်၊အလွမ်း၊ဟာသ၊အက်ရှင် ရသမျိုးစုံကို ခံစားနိုင်မယ့် ဇာတ်လမ်း‌တွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Squid Game ဇာတ်လမ်းတွဲထဲက မင်းသားကြီး Lee Jung Jaeနဲ့ Stairway to Heaven (အချစ်လှေကားဓာတ်လေးများ)ဇာတ်လမ်းတွဲထဲက မင်းသမီးကြီး Choi Ji Wooတို့ အဓိကပါဝင်ထားပါတယ်။NISရဲ့ အေးဂျင့်ဖြစ်တဲ့ ဂင်ဂျီဆောင်းကတော့ တိုင်းပြည်လုံခြုံရေးအတွက်ဆိုရင် ချမှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေကို ချိုးဖောက်သင့်ရင်ချိုးဖောက်ပြီး ရာဇဝတ်ကောင်နောက်ကို ကျားကုတ်ကျားခဲလိုက်တတ်တဲ့‌ အေးဂျင့်တစ်ယောက်ပါ။တစ်ဖက်မှာတော့ Incheonအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ မန်နေဂျာဖြစ်တဲ့ ဟန်ဒိုဂယောင်းဟာ အသက်ငယ်ပေမဲ့ အဆိပ်ပြင်းသူတစ်ယောက်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်အောင် ဆင်ခြင်တွေးခေါ်တတ်သူပေါ့။စရိုက်မတူသူ နှစ်ဦးကြား ကတောက်ကဆ ဖြစ်ပေါ်တတ်တာ သဘာဝဆိုသလိုပဲ NISအေးဂျင့် ဂင်ဂျီဆောင်းနဲ့ Incheon လေဆိပ်ရဲ့ မန်နေဂျာ ဟန်ဒိုဂယောင်းတို့ ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့အတွက် ပူးပေါင်းလုပ်‌ဆောင်ကြတဲ့အချိန်မှာ အမြီးအမောက် မတည့်ဖြစ်တာမျိုးတွေ ရှိလာပါတယ်။ကတောက်ကဆတွေကြားကနေ ရာဇဝတ်မှုတွေ ဘယ်လိုပူးပေါင်းဖြေရှင်းသွားကြမလဲဆိုတာကိုတော့ ...
6
TMDb: 6/10 2 votes
tv

Air City (2007) [Completed]

2007
The Artful Dodger (2023) 8.833
The Artful Dodger (2023)  ဒီကားလေးကတော့ ၁၈၀၀ပြည့်နှစ်ကို အခြေခံရေးထားတဲ့ Oliver Twist ဝတ္ထုလေးကို မှီခြမ်းပြီးရိုက်ကူးထာတဲ့ ကားကောင်းလေးတစ်ကားပါ.....ဇာတ်လမ်းလေးထဲမှာတော့ ဒေါ့ချ်ဟာ ခါးပိုက်နှိုက်ဂိုဏ်းက ခါးပိုက်နှိုက်လေးပါ သူ့ကို ခါးပိုက်နှိုက် ခေါင်းဆောင်ကြီး ဖာဂင်က ခေါ်ယူမွေးစားထားတာပါ။ ဒီလိုနဲ့ ခါးပါးနှိုက်ရင်း ထောင်ကျရာကနေ ဖာဂင်က ထောင်ဖောက်ပြေးရင်း သူ့ကို ထောင်ထဲမှာ ထားခဲ့ရာကနေ မထင်မှတ်ဘဲ ဗြိတိသျှရဲ့ ကိုလိုနီမြို့လေးတစ်မြို့မှာ ပြန်ဆုံကြပါလေရော.....အဲဒီအချိန် ဒေါ့ချ်က ခါးပါးနှိုက်မဟုတ်တော့ဘဲ ရေတပ်က ခွဲစိတ်ဆရာဝန်အရာရှိတစ်ယောက်တောင်ဖြစ်လို့နေပါပြီ.....အဲဒီ မြို့ကြီးရဲ့ မြို့စားကြီးသမီးကလည်း ခွဲစိတ်ပညာကို အင်မတန်စိတ်ဝင်စားနေတဲ့သူလေးတစ်ယောက်ပေါ့......ဒီလိုနဲ့ ခါးပါးနှိုက်ကနေ ခွဲစိတ်ဆရာဝန်ဖြစ်လာတဲ့ ဒေါ့ချ်ရယ် ခွဲစိတ်ပညာကို အရမ်းစိတ်ဝင်စားတဲ့ မြို့စားကြီးသမီးရယ် ကလေးကတည်းက မွေးစားပြီး ဒုစရိုက်သမားအဖြစ် ဒေါ့ချ်ကို ပျိုးထောင်ခဲ့တဲ့ ဖာဂင်ရယ် ကိုလိုနီမြို့လေးမှာ ဆုံကြတဲ့ခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးနဲ့ လိုက်ပါစီးမျောလိုက်ကြပါဦးလို့......အင်္ဂလိပ်တွေရဲ့ ရှေးခေတ်အသုံးအနှုန်းတွေ နေပုံထိုင်ပုံတွေနဲ့ အဲဒီခေတ်က ဆေးပညာတွေကို ပေါ့ပေါ့ပါးပါး လေ့လာချင်တယ်ဆိုရင်တော့ ဒီကားလေးကို ...
8.833
TMDb: 8.833/10 12 votes
tv

The Artful Dodger (2023)

2023
Boyhood(2023)
Boyhood(2023) Boyhood(2023)**************အပိုင်း(၁-၁၀)စ/ဆုံး Jang Byeong Tae (Im Si Wan) ဟာ ချွန်းချောင်းခရိုင်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးကျောင်းကပျော့တိပျော့ညံ့အထက်တန်း ကျောင်းသားလေးတစ်ယောက်ပါ။သူဟာ ကျောင်းမှာအမြဲအနိုင်ကျင့်ခံနေရလို့ အရိုက်မခံရဘဲနေရဖို့ကပဲ သူ့အိပ်မက်ဖြစ်ခဲ့ပါတယ်။အနိုင်ကျင့်ခံရတာကနေ လွတ်ချင်တဲ့ကောင်လေးဟာ တစ်နေ့မှာတော့အခြေအနေတစ်ခုကြောင့် ကျောင်းပြောင်းပြီးတက်ရဖို့ ဖြစ်လာပါတော့တယ်။သူတက်ရမယ့် ကျောင်းအသစ်မှာကတော့ ၁၇ယောက် ၁ယောက်ချခဲ့တဲ့အာဆန်းရဲ့ ကျားဖြူဆိုတဲ့ လူဟာ သူတို့ကျောင်းကိုပြောင်းလာမယ်ဆိုပြီး သတင်းတွေပျံ့နေခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ကျောင်းအသစ်မှာ ပထမဦးဆုံး ကျောင်းတက်ရက်မှာပဲ Jang Byeong Tae (Im Si Wan) ကရဲကားပေါ်ကနေ ဆင်းလာတာကိုမြင်သွားလို့ ကျောင်းသားတွေက သူ့ကိုအာဆန်းရဲ့ ကျားဖြူဆိုပြီး အထင်မှားသွားကြပါတော့တယ်။ ဒီလိုနဲ့ပဲကျောင်းအသစ်မှာ ပင့်ကူအမည်းလို့ နာမည်ပြောင်ရှိတဲ့ Park Ji Young (Lee Sun Bin) ဆိုတဲ့ကျောင်းသူအပြင် ၊ အတိုက်အခိုက်တော်တယ်လို့ နာမည်ကြီးတဲ့ ကျောင်းသား Jung Kyeong Tae (Lee Si Woo) ၊ကျောင်းသားတွေကြားထဲမှာ ...

Boyhood(2023)

2023
Goblin Slayer Season 1 + Season 2 (Complete) 8.202
Goblin Slayer Season 1 + Season 2 (Complete) Goblin slayer season 1 + 2R Rated Animeဖြစ်တာကြောင့် အရွယ်ရောက်သူများသာ ကြည့်ရှုသင့်ကြောင်း သတိပေးလိုပါတယ်အခုတစ်ခါ CM anime ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာတဲ့ စီးရီးလေးကတော့ Demon Slayer မဟုတ်ပါဘူး Goblin Slayer ပါ ၂၀၁၈ က ထွက်ရှိခဲ့တာဖြစ်ပေမဲ့ ဆွဲထားတဲ့ အန်နီမေးရှင်းတွေသပ်ရပ်ပြီး အက်ရှင်ခန်းတွေလန်းတဲ့အပြင် သွေးထွက်သံယိုအခန်းတွေလဲ ဒဲ့ပဲပြထားတာမို့ ပါလာတဲ့ ချစ်စရာ character လေးတွေနဲ့မှမလိုက် ကြည့်ရတာ လန်းနေမှာပါဇာတ်လမ်းကတော့ ရှင်းပါတယ် မှင်စာတွေရှိတယ် ရွာထဲကိုမှင်စာတွေဝင်ရင်တော့ ဓားပြတွေဝင်တာထက်ဆိုးပါတယ် ရှိသမျှစားစရာအကောင်ဆိုအရှင်ပါမကျန်ဖမ်းတဲ့အပြင် မိန်းကလေးတွေကိုပါ ဖမ်းဆီး ရက်ရက်စက်စက် မုဒိမ်းကျင့်ကြပါတယ် အဲ့ကနေကံ‌ကောင်းလို့လွတ်လာတဲ့ မိန်းကလေးတွေက တစ်သက်လုံး စကားတောင်မပြောနိုင်အောင်ကို စိတ်ဒဏ်ရာရတဲ့ထိဖြစ်ပါတယ်ဂေါ်ဘလင်(မှင်စာ‌)တွေကို အရပ်ပုသလောက် တုံးတယ်လို့ အထင်မှားပြီး မနူးမနပ်နဲ့ သွားချတဲ့ စွန့်စားသူ‌ပေါက်စတွေလည်းရှိပါတယ် ကံကောင်းရင်တော့ ဘစ်ကျွတ်အောင် ပြေးရပြီး ကံဆိုးရင်တော့ မာလကီးယားတဲ့အပြင် ပါလာတဲ့ အဖွဲ့သားမိန်းကလေးတွေလဲ တခြားကောင်မလေးတွေလို ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရပါတယ်ဇာတ်လမ်းအစမှာလဲ ကျောင်းမှာနေရတာပျင်းတယ်ဆိုပြီး မှော်ဆရာမလေးက စွန့်စားသူဖြစ်ချင်လို့ သူ့လို စွန့်စားသူအဖွဲ့ကြီးထဲကလူသစ်လေးတွေနဲ့အတူ မှင်စာတွေကို ...
8.202
TMDb: 8.202/10 428 votes
tv

Goblin Slayer Season 1 + Season 2 (Complete)

2018
A Journey to Love ( 2023 )
A Journey to Love ( 2023 ) Wonderland of Love ဇာတ်သိမ်းသွားတော့ သိုင်းကားဘာကြည့်ရမလဲမသိ ယောင်ချာချာဖြစ်နေသူလေးတွေအတွက် ကိုကိုLiu Yu Ningရဲ့ သိုင်းကားသစ်လေးတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့......အန်းတိုင်းပြည်ကကိုယ်ရံတော် ရန်ရူယိ ဟာ အကြောင်းတိုက်ဆိုင်တော့ ဝူတိုင်းပြည်ရဲ့သံတမန်အဖွဲ့နဲ့အဖွဲ့လေးတစ်ဖွဲ့ဖြစ်သွားပါတယ်။ ဝူတိုင်းပြည် လျို့သောက်ဂိုဏ်းခေါင်းဆောင် နင်ယွမ်ကျိုး၊ လေလွှင့်နေပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ယွီရှီစန်း၊ မင်းသမီးလေး ယန်ရင်၊ ထက်မြက်သွက်လက်တဲ့လူငယ်လေး ယွမ်လု၊ တော်ဝင်ကိုယ်ရံတော် ချန်ကျောင်း။ နောက်ကြောင်းရာဇဝင်အမျိုးမျိုးနဲ့ သူတို့(၆)ယောက်ဟာ စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့လမ်းကိုအတူလျှောက်ရင်း အခက်အခဲတွေအတူကျော်ဖြတ်ပြီး အတူရင့်ကျက်လာကြတဲ့ခရီးစဉ်အကြောင်းပဲဖြစ်ပါတယ်။ယောင်္ကျားတွေရဲ့အချစ်ကိုမယုံပေမယ့် ဝတ္တရားအရ ကိုယ်ပိုင်ကလေးလိုချင်တဲ့ မမရန်ရူယိကြောင့် ဓားလှံတွေနဲ့တိုက်ခိုက်တဲ့ကြားကချစ်ခြင်းမေတ္တာတွေကိုလဲ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်=============================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama , Action , Adventure Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=============================Ep 1 ( ...

A Journey to Love ( 2023 )

2023
Rurouni Kenshin (2023) Season 1
Rurouni Kenshin (2023) Season 1 IMDb 9.2/10​လေလွင့်ဆာမူရိုင်းကြီးအ​ကြောင်းက​တော့ လူတိုင်းနီးပါးသိပြီးကြ​လောက်ပြီဖြစ်လို့အညွှန်းကိုမ​ရေးခင် ဇာတ်အိမ်အ​ခြေတည်ရာ​ခေတ်ကိုအကြမ်းဖြင်း​ပြောပြချင်ပါတယ်။ဘတိုစိုင်းဘဝက​နေအနားယူပြီး အသွား​ပြောင်းပြန်ဓါးကိုကိုင်ကာ ​လျှောက်သွား​နေတာက မဲဂျီ​ခေတ်ပါ။မဲဂျီ​ခေတ်ဟာ ၁၈၆၈က​နေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကိုစတင်ကျင့်သုံးကာ စက်မှု​တော်လှန်​ရေးနဲ့​စစ်တပ်ကိုလည်းခေတ်မီလက်နက်တပ်ဆင်​ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။မဲဂျီ​ခေတ်မတိုင် အဲဒို​ခေတ်က​တော့ ၁၆၀၃က​နေ ၁၈၆၈အထိနှစ်​ပေါင်း ၂၆၀​လောက်ကြာခဲ့ပြီး အဲဒို​ခေတ်တွင် ရှိုဂန်(စစ်ဘုရင်)များကကြီးစိုးခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ​တော့ ရှိုနန်တို့ရဲ့အာဏာ​လျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ပါတယ်။ မဲဂျီ​ခေတ်မှာ အ​နောက်တိုင်း ပညာရပ်နဲ့ယဥ်​ကျေးမှု​တွေလည်း အကြီးအကျယ်​နေရာယူခဲ့ပြီး ရိုးရာယဥ်​ကျေးမှုနဲ့ဆာမူရိုင်း​တွေအ​ပေါ်မှာပါ အကြီးအကျယ် သက်​ရောက်မှုရှိခဲ့တာ​ကြောင့်ဆိုင်ဂို တာခါမိုလိဦး​ဆောင်တဲ့ ဆာမူရိုင်း​တွေဟာ ဘုရင့်​တော်ဝင်တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်​ကြောင်းနဲ့ပတ်သတ်ပြီးကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ)​လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်​ကောင်စဖြစ်တဲ့​ခေတ်က​တော့ မဲဂျီ​ခေတ်အကူးအ​ပြောင်းကာလ အဲဒို​ခေတ်ပြီးဆုံးခါနီးဘခုမဆွတ်​ခေတ်(1853-1867)ပါ။ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီ​ခေတ်အ​ပြောင်းအ​ခြေအ​နေပါ။ဇာတ်လမ်းအကျဥ်းက​တော့ ဘခုမဆွတ်​ခေတ်မှာ နာမည်ကြားရုံနဲ့ကြက်သီး​တွေပါထ​စေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်​ယောက်ဇာတ်မြုတ်ပြီး​နောက်ပိုင်းအ​ခြေအ​နေ​တွေကို ရသအစုံအလင်နဲ့ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်း​​ရေးလိုက်ပါတယ်။  File Size –  286MB  @EpisodeQuality –  1080pDuration – 24 minute (@Episode)Total Episodes: ...

Rurouni Kenshin (2023) Season 1

2023
The Freelancer (2023)
The Freelancer (2023) The Freelancer (2023) IMDb 8.4/10(ဆီးရီးယားစစ်ပွဲထဲ ပါဝင်ခဲ့ရတဲ့ ကြင်စဦးအိမ်ထောင်သည် မိန်းကလေးအကြောင်းဖြစ်ရပ်မှန် ဇာတ်လမ်းတွဲ) မွမ်ဘိုင်း ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အာဗီနက်ရှ်ဟာ ဆိုးရွားတဲ့အဖြစ်တစ်ခုနဲ့ သားဖြစ်သူကို ဆုံးရှုံးရခဲ့ပြီး သူ့ရဲ့ဇနီးဖြစ်သူဟာလည်း စိတ်ကျန်းမာရေးဆေးရုံကို ရောက်သွားခဲ့ပါတယ်။ အရာရာဆုံးရှုံးလိုက်ရတဲ့အာဗီနက်ရှ်ဟာ အင်္ဂလန်မှာရှိတဲ့ ကြေးစားစစ်တပ်တစ်ခုထဲကို ဝင်ခဲ့ပြီး The Freelancer ဆိုတဲ့နာမည်နဲ့ အလွတ်တန်း ကြေးစားစစ်သားတစ်ယောက်ဖြစ်လာခဲ့တယ်။The Freelancer တဖြစ်လည်း အာဗီနက်ရှ်တစ်ယောက် ဆီးရီးယားမှာရှိတဲ့ အိုင်းစစ်မိသားစုတစ်ခုဆီရောက်နေတဲ့ တူမဖြစ်သူ အာလီယားကို ကယ်တင်ဖို့ကြိုးစားပုံတွေကို ဒီဇာတ်လမ်းထဲမှာ အရသာရှိရှိမြင်တွေ့ရမှာပါ။ဒီဇာတ်လမ်းတွဲမှာ ကြေးစားစစ်သား အာဗီနက်ရှ်အဖြစ် အသောကဇာတ်လမ်းတွဲထဲက လူကြီးအသောကနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Mohit Raina က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာဆိုရင် အာလီယားဆိုတဲ့ အမျိုးသမီးအကြောင်း ပြန်ပြောင်းရေးသားထားတဲ့ " A Ticket To Syria" ဆိုတဲ့စာအုပ်ကို ပြန်လည်အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး Disney+Hotstar ကနေ ထုတ်လွှင့်ခဲ့တာပါ။Rating ကောင်းကောင်းနဲ့ အတိုက်အခိုက်စစ်ပွဲကြိုက်သူတွေအဖို့တော့ ဒီစီးရီးက လက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...

The Freelancer (2023)

2023
The Rising of the Shield Hero Season 3 8.6
The Rising of the Shield Hero Season 3 ဆယ်ကျော်သက်ကျောင်းသားIwatani Naofumiဟာ အပြိုင်စကြဝဠာကိုအခြားလူ၃ယောက်နဲ့အတူ သူရဲကောင်းတွေဖြစ်လာဖို့အတွက် ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်သူတို့လေးယောက်စလုံးဟာသက်ဆိုင်ရာဒဏ္ဍာရီဝင်လက်နက်တစ်ခုစီကိုရရှိခဲ့ပြီး Iwatani Naofumiကတော့ဒိုင်းကာကိုလက်နက်အနေနဲ့ရရှိခဲ့ပါတယ်အပြင်လောကရဲ့အတွေ့အကြုံနည်းပါးမှုနဲ့သြဇာကင်းမဲ့မှုတို့ကြောင့် သူရဲကောင်း၄ယောက်ထဲမှာ အားအနည်းဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ် အစ၃ရက်မှာတင်သစ္စာဖောက်ခံရ၊ မှားပြီးအစွပ်စွဲခံရတဲ့အပြင်ပစ္စည်းလုတာပါခံခဲ့ရပြီး ဘုရင်ကအစ ကျွန်အဆုံးရဲ့မသတီခြင်းကိုပါခံခဲ့ရပါတယ်အဲ့လိုကိစ္စတွေကြောင့်Iwatani Naofumiအတွက်တော့ လက်စားချေလိုစိတ်နဲ့အမုန်းတရားကလွဲပြီးမရှိတော့ပါဘူး သူရဲ့အပြိုင်ကမ္ဘာစွန့်စားခန်းကဘယ်လိုဖြစ်သွားမလဲဆိုတာကို ကြည့်နိုင်ပါပြီ(ဘာသာပြန်ပေးထားတာတော့ DrNyanပဲဖြစ်ပါတယ်)File Size – 300MB / 150MBQuality – 1080p / 720pDuration – 24 minute (@Episode)Total Episodes: 12 EpisodesSubtitle – Myanmar HardsubFormat – Mp4Genre : Animation, Action & Adventure, Sci-Fi & Fantasy, DramaTranslator – Dr NyanEncoder – YK 1080p Episode 1 - Yoteshin| Userdrive | Megaup | Meganz Episode 2 - Yoteshin | Userdrive | Megaup | Meganz Episode ...
8.6
TMDb: 8.6/10 1169 votes
tv

The Rising of the Shield Hero Season 3

2019
Mansion 24 (2023) 5
Mansion 24 (2023) Mansion 24 (2023) "ပဟေဠိ စံအိမ်"Disney+ Hotstarကနေထုတ်လွှင့်ခဲ့ပြီး တောင်ပိုင်းမင်းသမီးချောဗာရာလက်ရှ်မီးဆာရာသ်ကူးမား အဓိကပါဝင်ထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ ဇာတ်အိမ်တစ်ခုရဲ့ နောက်မှာပဲ မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ရိုက်ကူးတင်ဆက်ထားပါတယ်။အမ်ရူသာဆိုတာ ထောက်လှမ်းရေးသတင်းထောက်တစ်ယောက်။ အိပ်ရာထဲလဲနေတဲ့ အမေဖြစ်သူကိုပြုစုရင်း စိတ်ပင်ပန်းနေရတယ်။အိပ်ရာထဲလဲရတာကလည်း အဖေဖြစ်သူ ရှေးဟောင်းသုသေတနပညာရှင်ကြီးက တန်ဖိုးရှိရှေးဟောင်းရတနာတွေနဲ့ ထွက်ပြေးသွားတယ်ဆိုပြီး မီဒီယာတွေရော ရဲတွေရော ရှေးဟောင်းသုသေတနအသိုင်းအဝိုင်းကပါ တံဆိပ်အကပ်ခံရတဲ့စိတ်နဲ့ပါ။ အမှန်တရားကိုသိရဖို့အတွက် သတင်းထောက်အမ်ရူသာတစ်ယောက် အဖေဖြစ်သူကို နောက်ဆုံးတွေ့လိုက်ရတယ်ဆိုတဲ့ စံအိမ်ကြီးဆီကိုသွားဖို့ ဖြစ်လာပါတော့တယ်။ အဲဒီစံအိမ်ကြီးရဲ့ထူးခြားချက်က ဝင်ပြီးသွားတဲ့လူတိုင်း အသက်ရှင်လျက်ပြန်ထွက်မလာကြတော့တာပဲ။ အဲဒီလို စံအိမ်ကြီးထဲကိုမှ အားလုံးတားနေတဲ့ကြားကနေ စံအိမ်ကြီးဆီကိုရောက်သွားတဲ့အခါမှာတော့...။ စံအိမ်ကြီးထဲက တဖက်လပ်အစောင့်အဘိုးကြီးနဲ့တွေ့ပြီး ပဟေဠိဆန်ဆန်ဇာတ်လမ်းတွေကို နားထောင်ရင်း အဖြေရှာရတဲ့အခါမှာ...။အမ်ရူသာတစ်ယောက် စံအိမ်ကြီးထဲမှာ ဘာကိုသတိထားမိသွားမှာလဲ။ ပျောက်ဆုံးနေတဲ့ အဖေဖြစ်သူကိုရော ရှာတွေ့မှာလား။ ဘ၀မှာ ကြုံတွေ့ရတဲ့လူတိုင်းဆီကနေ မေးခွန်းတစ်ခုနဲ့ အစပြုခဲ့ကြတယ်။တချို့မေးခွန်းတွေက အဆုံးသတ်ချိန်ထိ အဖြေရှာမတွေ့ခဲ့ရဘူး။ဒီလိုပဲ အဖြေမရှိတဲ့မေးခွန်းတစ်ခုကို ရှာနေခဲ့တာလား။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunni ~ Alex~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
5
TMDb: 5/10 3 votes
tv

Mansion 24 (2023)

2023