Channel Myanmar

Adventure

Song of the Bandits(2023)[Complete] 10
Song of the Bandits(2023)[Complete] Song of the Bandits(2023)*************************အပိုင်း( ၁ မှ၉) ထိ စ/ဆုံး( Islandမှာ ဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ Kim Nam Gilနဲ့ Girl Generationအဖွဲ့ဝင် Seohyunတို့အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်)1920ခုနှစ် ဂျပန်ကိုလိုနီခေတ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်..အဲဒီခေတ်ကာလများမှာတော့ ဂျပန်တွေဟာ နိုင်ငံရေးအမြင်နည်းပါးတဲ့ကိုရီးယားလူမျိုးတွေကို ကောင်းကောင်းနှိပ်ကွပ်ခဲ့တဲ့ကာလပေါ့...ငဲ့ရမဲ့ မိသားစုတွေရှိလို့ ဂျပန်ရန်ကကာကွယ်ဖို့အရေးအလိုက်အထိုက်နေတဲ့သူတွေ ဂျပန်နဲ့ပေါင်းပြီး လူမျိုးချင်းပြန်ဖိနှိပ်တဲ့သူတွေ အများအပြားရှိတဲ့အတွက်ကြောင့်ကိုရီးယားတွေရဲ့ နင်းပြားဘဝဟာ ဆိုးပြီးရင်းဆိုးရင်းပေါ့...ဒီအခြေအနေတွေကိုပြောင်းပြန်လှန်ဖို့အဖွဲ့အစည်းတစ်ခုပေါ်လာတယ်...ရိုင်ဖယ်တစ်လက်ကို ပခုံးပေါ်ထမ်းပြီးခပ်ကြမ်းကြမ်း ဂျပန်အဖွဲ့တွေကို ပြောက်ကျားနည်းနဲ့သမနေတဲ့တောပုန်းဓားပြအဖွဲ့ပေါ့..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါ....Episodes: 9 Aired: Sep 22, 2023  Aired On: :  Friday Original Network: Netflix Duration: 45min. Genres: Action & Adventure Subtitle__Myanmar Subtitle (Hardsub) Translated by  Stary , Windi, Htoo Htoo Aung , Hnin Wai Oo& Toe Toe ...
10
TMDb: 10/10 1 votes
tv

Song of the Bandits(2023)[Complete]

2023
Bard of Blood (2019) (Complete) 7
Bard of Blood (2019) (Complete) ဒီတခေါက်တင်ဆက်ပေးမယ့် စီးရီးကတော့ ဘောလိဝုဒ်ပရိသတ်တို့အကြိုက် အက်ရှင်ဇာတ်ကြမ်းပဲဖြစ်ပြီး ၇ပိုင်းနဲ့ netflix ကနေ တင်ဆက်ပေးထားပါတယ်...ရိတ်တင်မှာဆိုရင်လဲ 6.8/10ကို voting users 12kကပေးထားတာဖြစ်ပြီး ဘောလိဝုဒ်နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ အင်မရန်းဟရှ်မီက ခေါင်းဆောင်းမင်းသားအဖြစ် ပါဝင်ထားပြီး Night Manager စီးရီးတည်းက အတော်လန်းတဲ့မင်းသမီးဆိုဘီသာကပါ ပါဝင်အားဖြည့်ထားတာကြောင့် တပိုင်းပြီးတပိုင်း ဆက်ကြည့်ချင်မယ့်စီးရီးမျိုးဆိုလဲ မမှားပါဘူး...အညွှန်း ------- အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဗစ်ကရမ်နဲ့ အဘီရ်နှစ်ဦးသားဟာ ဘာလိုချီစတန်မြို့ကို မစ်ရှင်တခုရှိတာကြောင့် သွားရင်း မထင်မှတ်ထားပဲ လမ်းမှာ တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်...ကြိုတင်ပြင်ဆင်မထားပဲ တိုက်ခိုက်ရတာကြောင့် အဘီရ်ကိုဆုံးရှုံးလိုက်ရပြီး ဌာနချုပ်ကလဲ မသေတဲ့ ဗစ်ကရမ်ကို ရာထူးဖြုတ်ချ ကြိုးစားခဲ့သမျှကို အသိအမှတ်တောင်မပြုပဲ အေဂျင်စီကနေ ထုတ်လိုက်တဲ့အခါ....သူငယ်ချင်းဖြစ်သူကိုလဲ ဆုံးရှုံးရ ရာထူးလဲဖြုတ်ချခဲ့ရတဲ့ ဗစ်ကရမ်ဟာ စိတ်ထိခိုက်ပြီး ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးရင်း အတိတ်ကဒဏ်ရာတွေကို ကုစားနေတုန်း သူ့ရဲ့ဆရာဟောင်းဆာဒစ် ရောက်လာပြီး မစ်ရှင်တခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အခါဒီမစ်ရှင်ကရော ဘာများလဲ .....သူ့သူငယ်ချင်းသေဆုံးမှုကရော သွေးရိုးသားရိုးဟုတ်ရဲ့လား...စတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေနဲ့ တပိုင်းပြီးတပိုင်း ဆက်လက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းတခုပဲဖြစ်ပါတယ်Quality : 1080p WEB DL  / 720pTotal Episodes : 7EpsFormat : mp4Genres ...
7
TMDb: 7/10 27 votes
tv

Bard of Blood (2019) (Complete)

2019
Prehistoric Planet (2022) 8.4
Prehistoric Planet (2022) ၂၀၂၂ ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ သဘာဝ မှတ်တမ်းတင် ရုပ်ရှင်အမျိုးအစားပါ။production ကို apple က တာဝန်ယူ ထုတ်လုပ်ခဲ့တာပါ။ ဇာတ်ကားရဲ့နောက်ခံစကားပြောသူကတော့ David Attenborough ဖြစ်ပါတယ်။ ဒေးဗစ် အက်တန်ဘောရိုးကိုတော့nature documentary အမျိုးအစားကြည့်ဖူးသူတွေအနေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။အသက်ကိုးဆယ်ကျော်ပြီဖြစ်တဲ့ ဆရာကြီး အက်တန်ဘောရိုးဟာ နာမည်ကြီး Our planet , A life on our planetမှတ်တမ်းတင်ရုပ်ရှင်စီးရီးတွေမှာ နောက်ခံစကား ပြောလုပ်ခဲ့သူပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာရှင်သက်သက်မဟုတ်ဘဲဖျော်ဖြေရေးဘက်မှာ သိပ္ပံနည်းကျ သဘာဝတရားအကြောင်းကို လူတွေသိလာအောင် ကြိုးစားလျက်ရှိတဲ့ ဇီဝဗေဒသိပ္ပပညာရှင်နဲ့သဘာဝထိန်းသိမ်းရေး ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ကျနော်ကတော့ သဘာဝသမိုင်း မှတ်တမ်းတင်ရုပ်ရှင်တွေမှာဆရာကြီး အက်တန်ဘောရိုး အသံမှ မဟုတ်ရင် နားမထောင်ချင် မကြည့်ချင်တော့တဲ့ အထိ ဖြစ်ရအောင် သူ့နောက်ခံစကားပြောဟန်ကို အတော်လေး အားကျနှစ်ခြိုက်ရသူပါ။ ဒီဇာတ်လမ်းမှာ သိပ္ပံအချက်အလက်တွေအပေါ်အခြေခံပြီး ...
8.4
TMDb: 8.4/10 331 votes
tv

Prehistoric Planet (2022)

2022
One Piece (2023) 8.4
One Piece (2023) Anime fan ဟုတ်ဟုတ် မဟုတ်ဟုတ် One Piece ကိုတော့ လူတိုင်း ကြားဖူးကြမှာပါ။ ဒါကတော့ anime ကို live action အဖြစ် ပြန်လည် ဆန်းသစ်ထားတဲ့ စီးရီးလေးပါပဲ။ဇာတ်လမ်းကတော့ လူတိုင်း သိနေပြီးသားမို့ အထူးတလည် ပြောနေစရာ လိုမယ်မထင်ပါဘူး။ ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ လောကကြီးမှာ အကြမ်းဆုံးဖြစ်ပြီး ပင်လယ်ဓားပြ ဘုရင်ကြီးလို့ ခေါ်ရတဲ့ Gol D. Roger ရဲ့ ရတနာသိုက်ကို ရှာပုံတော် ဖွင့်မဲ့ Monkey D Luffy နဲ့ သူ့ရဲ့ Strawhat crew တို့ရဲ့ စွန့်စားခန်းပေါ့။ ပင်လယ်ဓားပြတွေနဲ့ ရေတပ်တွေရဲ့ အားပြိုင်မှုတွေပါမယ်၊ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ နတ်ဆိုးသစ်သီး (devil fruit) စားသုံးသူရဲ့ အစွမ်းတွေ မြင်ရမယ်။ battle ခပ်ကြမ်းကြမ်းတွေ ကြည့်ရမယ်။ ...
8.4
TMDb: 8.4/10 373 votes
tv

One Piece (2023)

2023
My Adventures with Superman (2023) Complete 9.4
My Adventures with Superman (2023) Complete My Adventures with Superman (2023) Season 01 Complete ~ IMDb - 7.8/10, Rotten Tomatoes - 100% ~ "Is it a bird?" "Is it a plane?" "It's Superman!" စူပါဟီးရိုးဆိုတာ ဘာမှန်း မသိခင် အချိန်ကတည်းကကျွန်တော်တို့ရဲ့ ငယ်ဘ၀ကို စူပါမန်းဆိုတဲ့ စူပါလူစွမ်းကောင်း တစ်ယောက်က လွှမ်းမိုးခဲ့ပါတယ်။ စူပါမန်း မဖြစ်ချင်ခဲ့တဲ့ ကလေးဆိုတာ မရှိသလောက်ကို ရှားပြီး ကလေးတိုင်း ပုဆိုးကို လည်ပင်းမှာ ၀တ်ရုံလို စည်းပြီး စူပါမန်း လုပ်တတ်ကြသေးကိုးဗျ။ ဒီ Series လေးကတော့ ကျွန်တော်တို့ ဟီးရိုးကြီး စူပါမန်းရဲ့ ဆယ်ကျော်သက်ဘ၀ကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ကလာ့ခ်ကန့်ထ် ဆိုတဲ့ သူမတူ စွမ်းရည်တွေရှိတဲ့ ကောင်လေးတစ်ယောက် ဒေလီပလန်နက် သတင်းစာတိုက်မှာ သူငယ်ချင်း ဂျင်မီနဲ့ ...
9.4
TMDb: 9.4/10 20 votes
tv

My Adventures with Superman (2023) Complete

2023
Commando (2023) Season1 Complete 8
Commando (2023) Season1 Complete Commando (2023)(TV Series) IMDb-6.1/10အရင်လကပဲ Disney+Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ | ကွန်မန်ဒိုဆိုတဲ့ဘောလိဝုဒ်စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းလေးပိုင်းပဲပါပြီး စုစုပေါင်းကြာချိန် နှစ်နာရီကျော်အတွင်းမှာ အပစ်အခတ် အတိုက်အခိုက်ကြမ်းကြမ်းရမ်းရမ်းတွေကို မြင်တွေ့ခံစားကြရမှာပါ။ထုံးစံအတိုင်းပဲ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံကြားကပြဿနာနဲ့အစပြုထားပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးကို တစ်ရက်အတွင်းမှာပဲ သုသာန်တစပြင်အဖြစ်ပြောင်းလဲသွားစေနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ပါကစ္စတန်ကဖန်တီးနိုင်ခဲ့ပါတယ်။ဖန်တီးပြီး ကိစ္စအထမြောက်အောင် ဗိုင်းရပ်စ်ကိုအိန္ဒိယနိုင်ငံထဲသွင်းတဲ့အချိန်မှာပဲ RAWအဖွဲ့က သတင်းကြိုရပြီးတားဆီးနိုင်ခဲ့ပါတယ်။ဒီမှာပဲ ပါကစ္စတန်ဘက်ကသူတို့ဘက်မှ သူလျှိုရှိမှန်းသိသွားတဲ့အချိန် အဲဒီသူလျှိုကလည်း မင်းသားရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတော့ သူငယ်ချင်းဖြစ်သူကို ပါကစ္စတန်ထဲကိုဝင်ကယ်တင်တဲ့ အက်ရှင် ဇာတ်လမ်းခပ်ကြမ်းကြမ်းနဲ့ မလွတ်တမ်းကြည့်ချင်သွားစေမယ့်စီးရီးလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ပဲဖြစ်ပါတယ်။)Quality – 1080p WEB DL / 720pDuration – 37minsTotal Episodes: 4EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & AdventureTranslator – V~BpL~Zwe~YunniEncoder – YK 720p Episode 1 - Yoteshin | Userdrive | Megaup | Streamvid Episode 2 - Yoteshin ...
8
TMDb: 8/10 1 votes
tv

Commando (2023) Season1 Complete

2023
Who Is Erin Carter? (2023) 6.5
Who Is Erin Carter? (2023) Who Is Erin Carter? (2023) ===================One Man , Two Life ဆိုတဲ့ စကားကိုကြားဖူးကြမယ်ထင်ပါတယ်။ လူတစ်ကိုယ် ဘဝနှစ်ခုပေါ့..လူတော်တော်များများမှာ အများမသိစေ ချင်တဲ့ ကိုယ့်ရဲ့ အမှောင်ခြမ်းဆိုတာ ရှိကြပါတယ်။ ဒါဆို အယ်ရင်ကာ တာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာရော၊ သူ(မ)မှာလည်း သေချာ ပေါက်ရှိနေပါတယ်။ ဒါပေမဲ့ ချစ်ရတဲ့ သမီးလေးကို ပိုင်ဆိုင်လာရတဲ့ အချိန်မှာတော့ ဒါတွေ အကုန်လုံးကို ပြည်ဖုံးကားချပြီး အကုန်လုံးကို ကျောခိုင်းထွက်လာပြီး နေရာအသစ် အလုပ်အသစ်နဲ့ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ တစ်ရက်မှာတော့ သမီးဖြစ်သူနဲ့ ရှော့ပင်းမောလ်မှာ ဈေးဝယ် နေရင်း လုယက်မှုတစ်ခုနဲ့ တိုးသွားချိန်မှာတော့ သူနဲ့ သူရဲ့ မိသားစုကြား ဝေးကွာဖို့ စတင်အကြောင်းဖန်လာပါတော့တယ်။ ဓားပြတွေလက်ထဲ ကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ ဓားပြတွေထဲက တစ်ယောက်ကို အယ် ရင် တစ်ယောက် ပစ်သတ်လိုက်တဲ့အချိန်ကစပြီး သူ့ရဲ့ အတိတ်ဆိုးတွေက သူနောက်ကို ပြန်လိုက်လာတဲ့ အခါမှာတော့ အယ်ရင်ရဲ့ အရင်ဘဝက ဘယ်လိုမျိုးဖြစ်မလဲ၊ လက်ရှိအလုပ်အကိုင်က ဆရာမဆိုပေမဲ့ တစ်ကယ့် အစစ်အမှန် ...
6.5
TMDb: 6.5/10 4900 votes
tv

Who Is Erin Carter? (2023)

2023
The Chosen One (2023) 5.6
The Chosen One (2023) The Chosen One (2023) ==================ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့အတွက် သဘာဝလွန်စွမ်း အားတွေပါတဲ့ စပိန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုဒီဆိုတဲ့ ငယ်ငယ်ကတည်းကသဘာဝလွန်စွမ်းအားတွေပိုင်ဆိုင် ထားတဲ့ ကောင်လေးနဲ့ သူ့ဘေးနားက ဗရုတ်‌ဗရက်သူငယ်ချင်းလေး တွေရဲ့ အရှုပ်ထုပ်ပေါင်းသောင်းခြောက်ထောင်ပေါ့။ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိတယ်ဆိုတာကို အသက်၁၂နှစ်ရောက် တဲ့အထိ မသိခဲ့ပါဘူး။ တစ်နေ့ကျ သူ့သူငယ်ချင်းတူကာဟာ သူ့ဦးလေး လှော်လက်နဲ့ရိုက်ချခဲ့တဲ့ ဒဏ္ဍာရီလာဆိုင်ရန်သတ္တဝါကို သွားရှာကြမယ်၊ ရှာတွေ့ရင် သူတို့ကျော်ကြားလို့ ချမ်းသာပြီဆိုပြီး ဂျိုဒီကို အပါခေါ်၊ သူ ငယ်ချင်းတစ်အုပ် မိဘတွေကိုညာ၊ သဲကန္တာရကိုတောင်ဖြတ်ပြီး ပင်လယ် ဆီခရီးထွက်ခဲ့ကြပါတယ်။ စိတ်ကူးနဲ့အရူးထခဲ့တဲ့ သူငယ်ချင်းတစ်အုပ် ဘယ်ပြောကောင်းမလဲ သဲကန္တရာထဲ မသေရုံတမယ်ပါပဲ။အဲဒီခရီးကအပြန်မှာ ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိနေမှန်းသိသွားခဲ့ပြီး သူ့အကြောင်းကလည်း ဟိုးလေးတကျော်ဖြစ်လာပါတယ်။ ဘုရားလို ကိုးကွယ်တဲ့သူတွေတောင်ရှိလာတာမို့ ငယ်သေးတဲ့ဂျိုဒီလေးတစ်ယောက် အဲဒီဒဏ်တွေကို ဘယ်လိုကျော်ဖြတ်ရပါ့မလဲ။ သူ့မှာ ဘာလို့အစွမ်းတွေရှိ နေရတာလဲ။ သူ့အစွမ်းတွေကရော ရိုးစင်းရဲ့လား။ သူဘာတွေဆက်ပြီး ကြုံတွေ့ရဦးမလဲဆိုတာ "The Chosen One"ဆိုတဲ့စီးရီးထဲမှာ အဖြေရှာ လိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Ngwe Zin, EL ဖြစ်ပါတယ်။)File Size.............(300 Mb) ...
5.6
TMDb: 5.6/10 1100 votes
tv

The Chosen One (2023)

2023
My Dad the Bounty Hunter Season2 8.4
My Dad the Bounty Hunter Season2 ဒီကားလေးက စွန့်စားခန်းဆန်ဆန် မိသားစုလိုက်ကြည့်လို့ရတဲ့ ချစ်စရာကောင်းတဲ့ animation series လေးဖြစ်ပါတယ်။ Season 1 တုန်းက စကြာဝဠာတခွင် လူဆိုးဖမ်းတဲ့ ဆေဘိုဘရာ့ခ်ရဲ့ သားနဲ့သမီးက သူ့‌အဖေ နောက်‌‌လိုက်ရင်း စွန့်စားခန်းဖွင့်ခဲ့ကြတာ မှတ်မိကြမယ်ထင်ပါတယ်။Season 1ကိုတော့ ဒီလင့်ကိုနိုပ်ပြီး ကြည့်ပါ CLICK HERE!ခု Season 2မှာတော့ကလေးတွေဟာ သာမန်ဘဝမှာပဲ ကျင်လည်ရင်း သူတို့ရဲ့ စွန့်စားခန်းဖွင့်ချင်စိတ်တွေကို သူတို့နည်းသူတို့ဟန်နဲ့ ဖွင့်ထုတ်ရင်း ပြဿနာကိုယ်စီတက် နေကြပါတယ်။ အဲ့မှာ သူတို့အဖေဖြစ်သူဟာ ရုတ်တရက် ပျောက်သွားတာကြောင့် လီဆာနဲ့ ရှောင် မောင်နှမ၂ ယောက် ဘယ်လို စွန့်စားခန်း တွေ ဖွင့်ကြမှန်း‌‌ဆိုတာ ကြည့်ရှုလိုက်ကြပါဦးဗျာ။Quality – 1080p NF WEB DL / 720pDuration – 45minsTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Comedy, Animation, FamilyTranslator ...
8.4
TMDb: 8.4/10 23 votes
tv

My Dad the Bounty Hunter Season2

2023
Lost You Forever ( 2023 )
Lost You Forever ( 2023 ) ခုတစ်ခါမှာတော့ အားလုံးစိတ်ဝင်စားပြီး သဘောကျလောက်မယ့် တရုတ်ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် လူ နတ် မကောင်းဆိုးဝါးတို့အတူ ယှဉ်တွဲနေထိုင်ကြတဲ့ရှေးခေတ်မှာ ရှန်နုန် ရွှမ်းယွမ် ကောင်းရှင်းဆိုတဲ့ တိုင်းပြည်၃ခုက ကြီးစိုးနေတဲ့အချိန် ဝေးလံတဲ့အရပ်ကို ခရီးနှင်နေတဲ့ ကောင်းရှင်းပြည်ရဲ့မင်းသမီး ကျိုယောင် (ရှောင်ယောင်း)ဟာ အခက်ခဲဒုက္ခတွေနဲ့ကြုံတွေ့ပြီးနောက်မှာတော့သူမရဲ့ ရာထူး အသွင်အပြင်တွေပါ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့နောက်မှာတော့ ချင်းရွှေမြို့ကိုရောက်လာခဲ့ပြီး ဝိန်းရှောင်လျို့အဖြစ် ဆက်လက်နေထိုင်ခဲ့ရင်း သူမရဲ့အစ်ကိုဝမ်းကွဲဖြစ်သူ ရွှမ်းယွမ်ပြည်မင်းသား ချန်ရွှမ်းက သူမကိုလိုက်ရှာနေရာကနေ ချင်းရွှေမြို့ကို ရောက်လာခဲ့ပါတယ် စစတွေ့ချင်းမှာတော့ ရှောင်ယောင်းက သူ့အစ်ကိုဝမ်းကွဲကို မမှတ်မိဘဲ တစ်ဖက်မှာလည်း ချင်းချိုးသခင်လေး ထူရှန်းကျင်ကို အန္တာရာယ်ကြားမှ ကယ်တင်ပေးခဲ့ရာက‌နေ နောက်ပိုင်းမှာ နှစ်ဦးမေတ္တာမျှခဲ့ကြပြီးတော့မှ ရေစက်ကုန်လို့ဝေးခဲ့ရပြန်ပါတယ်အဲ့နောက်မှာတော့ ရှန့်လျိုနဲ့ဆုံတွေ့မိပြီး နှစ်ဦးက သဘောထားချင်းကိုက်ညီကြရာကနေ ခင်မင်ရင်းနှီးသွားခဲ့ကြပါတယ် လောကဓံအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ ရှောင်ယောင်းနဲ့ သူ့အစ်ကိုတို့ အချင်းချင်းပြန်မှတ်မိသွားခဲ့ပါတယ်ဒီကားလေးရဲ့ Main Cast တွေကတော့ ရှောင်‌ယောင်း ဝိန်ရှောင်လျို့ အဖြစ် Yang Zi ရွှမ်းဟွမ်းမင်းသားချန်ရွှမ်း အဖြစ် Zhang Wanyi ချင်းချိုးသခင်လေးထူရှန်းကျင် အဖြစ်Deng Wei ရှန်နုန်ပြည်စစ်သူကြီး ရှန့်လျိုအဖြစ် Tan Jianciတို့က အဓိကပါဝင်ထားတာဖြစ်ပါတယ်မတူညီတဲ့ ဇာတ်ကောင်လေးခုရဲ့ အချစ်အပေါ်ခံယူချက်နဲ့ ဖော်ပြပုံတွေကို ရှုထောင့်မျိုးစုံကနေ အသွင်မျိုးစုံနဲ့ ...

Lost You Forever ( 2023 )

2023
The Hardy Boys – Season (03) 7.0
The Hardy Boys – Season (03) The Hardy Boys - Season (03) ===================== IMDb Rating - 7.0/10IMDB Rating မှာလည်း 7 လောက်ရထားတဲ့ Hardy Boys season 3 ပြန်‌လာပါပြီ။ Season 2 မှာ ဖရန့်ရဲ့ ခန္ဓာကိုယ်ထဲကို သူ့ရဲ့အဘိုးဖြစ်သူ ဂျော့ဂ်အက်စတာ ဘွတ်ခ်က သည်အိုင်းရဲ့ အစွမ်းကိုသုံးပြီး ၀င်နေပါတယ် ။ ဒါကိုမရိပ်မိတဲ့ ဂျိုးနဲ့ သူငယ်ချင်းတစ်သိုက်ကလည်း ဖရန့်ပဲ ထင်ပြီး ဆက်နေလာလိုက်တာ သူတို့ ရှေးဟောင်းလက်ရေး မူနဲ့ စာလိပ်တွေကို ပြန်ရယူဖို့ကြိုးစားမှသိသွားပါတယ်။ဖရန့်ဟန်ဆောင်နေတဲ့ ဂျော့ဂ်ကို တိုက်ထုတ်ရင်း ‌သဘာ၀ လွန်စွမ်းအားတွေရှိနေတဲ့ သည်အိုင်းကြောင့်မထင်မှတ်ထား တာတွေဖြစ်လာပါတော့တယ် ။ Hardy Boys series ရဲ့ ထုံးစံအတိုင်း လှည့်ကွက်တွေ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေဆဲပါ ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(300 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............45Mins(@Episode) Subtitle..............Myanmar ...
7.0
TMDb: 7.0/10 3100 votes
tv

The Hardy Boys – Season (03)

2020
The Hardy Boys – Season 01 (2020) 7.0
The Hardy Boys – Season 01 (2020) The Hardy Boys - Season 01 (2020)==========================IMDb Rating - 7.0/10The Hardy Boys ဆိုတာက 2020 မှာ ထွက်ခဲ့တဲ့ mini-series တစ်ခုပါ။ ဒီနှစ် 2022 မှာလည်း Season 02 ကထပ်မံထွက်လာပြီမို့ စီးရီးကောင်းကောင်း ကြည့်ရှုမယ့် ပရိတ်သတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . ပင်လယ်ပြင်မှာ ငါးဖမ်းထွက်လာတဲ့ သင်္ဘောတစ်စင်းက ကပ္ပတိန်ဟာ ငါးဖမ်းရင်း ပစ္စည်းတစ်ခု ပါလာတာကို တွေ့လိုက်ရပါတယ်။ သို့သော် ထိုပစ္စည်းကို အရောင်းအဝယ်လုပ်ရင်း ကပ္ပတိန်နဲ့ အဖွဲ့သားအားလုံး သေဆုံးသွားခဲ့သလို သင်္ဘောဟာလည်း နစ်မြှုပ်သွားခဲ့ပါတယ်။Frank နဲ့ Joe ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ သူတို့အ‌မေ ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့အဖေရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘရစ်ချ်ပို့တ် မြို့လေးကို ခေတ္တခဏ ပြောင်းရွေ့ လာခဲ့ပါတယ်။ ထိုမြို့မှာ သူတို့နှစ်ယောက် နေထိုင်ကြရင်း သူငယ်ချင်းအသစ်များလည်း ရလာခဲ့ကြတာပေါ့။ မကြာခင်မှာပဲ အဆိုပါ နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ ...
7.0
TMDb: 7.0/10 2100 votes
tv

The Hardy Boys – Season 01 (2020)

2020
The Hardy Boys – Season 02 (2022) 8.3
The Hardy Boys – Season 02 (2022) The Hardy Boys - Season 02 (2022)=========================IMDb Rating - 7.0/10Hardy Boys Season 2 ပြန်လာပါပြီ။ Season 1 အပြီး ၆ လအကြာမှာ ဇာတ်လမ်း ပြန်ဆက်ထားပါတယ်။ ဒီတစ်ခေါက်မှာရော ဟာဒီကောင်လေးတို့ ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တာတွေ ကြုံရဦး မလဲဆိုတာကတော့......ဒန်းနစ်ဆိုတဲ့ ကောင်လေးတစ်ယောက် မှတ်တမ်းရုပ်ရှင် ရိုက်ရင်း ဒီမွန်ပေါ တောင်ကုန်းက တောအုပ်ထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဂျိုးကတော့ အမှုမလိုက်ရတာကြာပြီဖြစ်လို့ ထိုအမှုကိုလိုက်ဖို့ စိတ်အားထက်သန် နေပေမယ့် ဖရန့်ကတော့ သာမန်ဘဝမှာပဲ အေးဆေးပဲ နေချင်တော့ တာပါ။ သို့သော် ညီဖြစ်သူ ဂျိုးကို တားမရ၍ ကိုယ်တိုင် ကားနဲ့လိုက်ပို့ရင်း ဒီမွန်‌ပေါတောင်ကုန်းဆီ လိုက်လာပါတယ်။ တောင်ကုန်းဆီ ရောက်သော အခါ စထွာတိမိုင်ယာဆိုတဲ့ ကုမ္ပဏီတစ်ခုက ထိုမြေနေရာများကို ဝယ်ယူပြီး မိုင်းတွင်းဟောင်းများကို ပြန်လည်ပြင်ဆင်နေတာကို သိလိုက်ရပါတယ်။ဒါကြောင့်လည်း ဂျိုးတို့သူငယ်ချင်းတစ်စု ထိုနေရာမှ နှင်ထုတ်ခံလိုက် ရပါတယ်။ ဒါပေမယ့်စုံထောက်လုပ်ရတာကို ဝါသနာပါတဲ့ ဂျိုးကတော့ လက်မလျှော့ဘဲ ဒန်းနစ်ကို ဆက်လက်ရှာဖွေဖို့ ကြိုးစားနေဆဲပါ။ ...
8.3
TMDb: 8.3/10 2100 votes
tv

The Hardy Boys – Season 02 (2022)

2022
Outer Banks (2020) 8.48
Outer Banks (2020) ဒီတစ်ခါ ပရိသတ်ကြီးကို IMDb 7.6 အထိရထားတဲ့ အမေရိကန် ကျွန်းပေါ် ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် သူတို့ကျွန်းမှာ ထူးဆန်းတာက လူတန်းစား ၂မျိုးကွဲနေတာပါပဲ အရမ်းချမ်းသာကြတဲ့ ကွတ် တွေနဲ့ သူတို့ဆီမှာအလုပ်လုပ်ရင်း အသက်မွေးကြရတဲ့ ပို့ချ်တွေပါ ဒီကားလေးထဲမှာတော့ ပို့ချ်တွေဖြစ်တဲ့ ဂျွန်ဘီရယ် ဂျေဂျေရယ် ပုပ်ရယ် နဲ့ ကွတ် ဖြစ်တဲ့ ကီယာရာတို့ သူငယ်ချင်း ၄ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ထားတာပါ သူတို့သူငယ်ချင်းတွေ နွေရာသီမှာ အပြတ်ကဲဖို့‌မောင်းတင်ထားပေမဲ့ ဟာရီကိန်း မုန်တိုင်းတိုက်လို့ မကဲလိုက်ရတော့တာပါ မုန်တိုင်းတိုက်ပြီးနောက်ရက်မှာတော့ သူတို့တွေ ၄ယောက်သား လျှောက်လည်ကြရာကနေ လှေတစ်စီးမြုပ်နေတာကို တွေ့လို့ လိုက်စုံစမ်းရာကနေ တဆင့်ပြီး တဆင့် အဲဒီအမှုထဲကိုရောက်သွားခဲ့တာပေါ့ အဲဒီအချိန်မှာ ဂျွန်ဘီရဲ့ အဖေကလည်းပျောက်နေတာ ၈လလောက်ကိုရှိနေပါပြီ လှေနစ်တာကိုရှာရင်းနဲ့ သူတို့ဘာတွေဆက်တွေ့ကြမလဲ နစ်သွားတဲ့လှေကရော ဘယ်သူ့လှေဖြစ်မလဲ ဂျွန်ဘီရဲ့ အဖေနဲ့ရော ဆက်စပ်နေမှာလားဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပါ......... File size…(1.5 ...
8.48
TMDb: 8.48/10 606 votes
tv

Outer Banks (2020)

2020
Twisted Metal – Season (01) 7.5
Twisted Metal – Season (01) Twisted Metal - Season (01) ==================== IMDb Rating - 7.8/10Anthony Mackie(New Captain America မင်းသား) ရဲ့ စီးရီးသစ်လာပါပြီ။ Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်း တွေ ကာလိုက်ကြပါတယ်။ အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင် လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။ ကိုယ်တွေရဲ့ ဇာတ်လိုက် ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့ Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂို ကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေး အယူလုပ်လာပါတယ်။ သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ် စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းက ဘဝကို လောဘတက်မိပါတယ်။ ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက်ဘာ တွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)(ဒီစီးရီးရဲ့အညွှန်းကို ...
7.5
TMDb: 7.5/10 1874 votes
tv

Twisted Metal – Season (01)

2023
The Witcher (2019-2021) Season 1+ 2+3 9.3
The Witcher (2019-2021) Season 1+ 2+3 စူပါမန်းမင်းသား ဟင်နရီကဗေး ပါဝင်ထားတဲ့ နက်ဖလစ်ရဲ့ ဝစ်ချာ စီးရီးလာပါပြီနာမည်ကျော်စာအုပ်နဲ့ ဂိမ်းတွေကို အခြေခံထားတာမို့ အတော်ကောင်းမှာပါတိုက်ခိုက်ခန်းတွေက game of thrones ထက် ကြမ်းတမ်းတာကိုတော့ သတိပြုပါဝစ်ချာဆိုတာ မှော်ပညာနဲ့ ပြောင်းလဲခံထားရတဲ့လူသားတွေပါတိုက်ရည်ခိုက်ရည်ကောင်းပြီး အေးစက်စက် လူသားတွေပါပဲမှော်ပညာ အသေးစားနဲ့ဆေးရည်တွေကိုလည်း အသုံးချနိုင်ပါတယ်အောက်လမ်းနည်းနည်းဆန်လို့ လူတွေမုန်းတီးခံရပါတယ်သူတို့က သူရဲကောင်းမဟုတ် လူဆိုးမဟုတ်တွေပါပဲမိစ္ဆာကောင်တွေကို ကြေးစားလိုက်သတ်ပြိး အသက်မွေးပါတယ်ဒီစိးရီးမှာတော့ မိစ္ဆာတွေ စုန်းတွေ နတ်ဘုရားတွေ တိုင်းပြည်ကိစ္စတွေနဲ့ ဇာတ်လမ်းဖွဲ့ထားပဲ ဖြစ်ပါတယ်စုစုပေါင်း ၈ပိုင်းရှိပြီး ဆက်တိုက် တင်ပေးသွားပါ့မယ်(ဘာသာပြန်တင်ဆက်ထားသူတွေတော့ CM Team ပဲ ဖြစ်ပါတယ်)Quality – 720p / 1080 NF WEB-DLDuration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, DramaTranslator – CM TeamEncoder ...
9.3
TMDb: 9.3/10 7 votes
tv

The Witcher (2019-2021) Season 1+ 2+3

2019
Revenant(2023) 10
Revenant(2023) Revenant(2023)***************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံးအစိုးရအရာရှိဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဂူဆန်း‌ယောင်းဟာ နေ့ဘက်ဆိုအချိန်ပိုင်းအလုပ်လုပ်ပြီးညဘက်ဆိုစာလေ့လာရင်းအလုပ်ရှုပ်နေတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။တစ်ဖက်ကမ္ဘာမှာတော့ ဂူဆန်းယောင်းကို ပူးကပ်နေတဲ့ နတ်ဆိုးတစ်ပါးရှိပြီး တစ်နေ့မှာတော့ ဂူဆန်း‌ယောင်းရဲ့ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့အချိန်ကစပြီးဂူဆန်းယောင်းဟာတဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်ဆိုတာကို သူကိုယ်တိုင် သတိပြုမိလာပါတော့တယ်။ယောမ်ဟယ်ဆန်းကတော့ တက္ကသိုလ်မှာ ကိုရီးယားရိုးရာပုံပြင်တွေကိုသင်ကြားပို့ချတဲ့ဆရာတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းကမကောင်းဆိုးဝါးတွေကို မြင်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။အီဟုန်းဆယ်ကတော့ အကြမ်းဖက်ပြစ်မှုစုံစမ်းရေးအဖွဲ့က လက်ထောက်အဖွဲ့ဝင်ဖြစ်ပြီးရဲဌာနမှာ အလုပ်ဝင်နိုင်ဖို့အတွက် ကြိုးပမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ယောမ်ဟယ်ဆန်းဟာ ဂူဆန်း‌ယောင်းတို့ဆုံတွေပြီးနောက်မှာတော့မိခင်ဖြစ်သူရဲ့အသက်ကိုနုတ်ယူသွားတဲ့နတ်ဆိုးကိုရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။အီဟုန်းဆယ်ကလည်း သူတို့နှစ်ယောက်ကြောင့် ထူးဆန်းတဲ့ပြစ်မှုတွေထဲမှာပါဝင်ပတ်သတ်ဖို့ဖြစ်လာတဲ့အခါမှာတော့.....Aired:   Jun 23, 2023 -Jul 29, 2023 Aired On: Friday, Saturday Genres: Thriller, Mystery, Supernatural Duration: 70 mins Episodes: 12 Original Network: SBS File Size: 720p(~350MB) , 1080p(880MB) Translated by Hay Thar Oo, ,Tiff, Estel , Treasure Htet & Thinn ...
10
TMDb: 10/10 1 votes
tv

Revenant(2023)

2023
Fireworks of My Heart ( 2023 ) 8.3
Fireworks of My Heart ( 2023 ) CM ကနေတရုတ်ဇာတ်ကားလေးတွေကို တင်ဆက်ပေးလာရင်းနဲ့ ဒီတစ်ခါမှာလည်း CM ပရိသတ်တွေအတွက် Fireworks of My Heart ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။Love O2O ဇာတ်ကားနဲ့လူကြိုက်များလာတဲ့ Yang Yang ကတော့မတူညီတဲ့ ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ပြီး ပရိသတ်ကိုဖမ်းစားရင်းနဲ့ ဒီတစ်ခါမှာတော့ မီးသတ်သမားလေးအဖြစ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မီးသတ်အဖွဲ့ခေါင်းဆောင် စုန့်ယန့် (Yang Yang) နှင့်ဆေးရုံးအရေးပေါ်ဌာနရဲ့ ဒေါက်တာမလေး ရွှီချင့် (Wang CHu Ran)တို့က ကျောင်းသားငယ်ဘဝမှာ ခင်မင်ရင်းနှီးကြတဲ့အိမ်နီးနားချင်းမိတ်ဆွေတွေပေါ့။ဒီလိုနဲ့သူငယ်ချင်းကနေချစ်သူတွေဖြစ်ကြတဲ့အချိန် နှစ်ဖက်မိဘရဲ့ နှစ်ဦးကြားမှာ ကန့်ကွက်ပိတ်ပင်မှုတွေကြောင့် နှစ်ယောက်သားဝေးကွာခဲ့ရပြီး ရွှီချင့်ကတော့နိုင်ငံခြားကိုထွက်သွားခဲ့တယ်။နှစ်ယောက်သားနှစ်ပေါင်းများစွာဝေးကွာပြီး ရွှီချင့်တစ်ယောက်ပြန်လာခဲ့တဲ့အချိန် တစ်နေ့တော့ သူတို့ဌာနကို စုန့်ယန့်တို့မီးသတ်အဖွဲ့ဆေးရုံလာပြသရာ နှစ်ဦးသားပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့တယ်။ဒီလိုနဲ့ နှစ်ဦးသားအေးစက်တဲ့ ဆက်ဆံရေးကိုတဖန် ပြန်နွေးထွေးသွားအောင်လုပ်ပေးနိင်မလား။ နှစ်ဦးကြား နားလည်မှုလွဲပြီးလွဲမှားခဲ့တာကို ဘယ်လိုပြန်အဆင်ပြေအောင်ညှိယူကြမလဲ။ နှစ်ဖက်မိဘသဘောမတူတဲ့ နှစ်ယောက်ကကော ဘယ်လိုတွေလက်ခံလာအောင် ကြိုးစားယူကြမလဲ။ အစရှိတာတွေကိုတော့ ဒီဇာတ်လမ်းလေးကိုကြည့်ရူရင်းနဲ့ CM တရုတ်အဖွဲ့သားတွေနှင့်အတူတူအဖြေရှာကြရအောင် ~ ============================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Action , Adventure , Drama Runtime : 45 min Subtitle : Myanmar Subtitle ( ...
8.3
TMDb: 8.3/10 3 votes
tv

Fireworks of My Heart ( 2023 )

2023
Secret Invasion (2023) 8.6
Secret Invasion (2023) Secret Invasion (2023) Completed Mini Series ~ IMDb - 6.7/10, Rotten Tomatoes - 66% ~ ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ...
8.6
TMDb: 8.6/10 votes
tv

Secret Invasion (2023)

2023