Channel Myanmar

Animation

My Adventures with Superman (2023) Complete 9.4
My Adventures with Superman (2023) Complete My Adventures with Superman (2023) Season 01 Complete ~ IMDb - 7.8/10, Rotten Tomatoes - 100% ~ "Is it a bird?" "Is it a plane?" "It's Superman!" စူပါဟီးရိုးဆိုတာ ဘာမှန်း မသိခင် အချိန်ကတည်းကကျွန်တော်တို့ရဲ့ ငယ်ဘ၀ကို စူပါမန်းဆိုတဲ့ စူပါလူစွမ်းကောင်း တစ်ယောက်က လွှမ်းမိုးခဲ့ပါတယ်။ စူပါမန်း မဖြစ်ချင်ခဲ့တဲ့ ကလေးဆိုတာ မရှိသလောက်ကို ရှားပြီး ကလေးတိုင်း ပုဆိုးကို လည်ပင်းမှာ ၀တ်ရုံလို စည်းပြီး စူပါမန်း လုပ်တတ်ကြသေးကိုးဗျ။ ဒီ Series လေးကတော့ ကျွန်တော်တို့ ဟီးရိုးကြီး စူပါမန်းရဲ့ ဆယ်ကျော်သက်ဘ၀ကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ကလာ့ခ်ကန့်ထ် ဆိုတဲ့ သူမတူ စွမ်းရည်တွေရှိတဲ့ ကောင်လေးတစ်ယောက် ဒေလီပလန်နက် သတင်းစာတိုက်မှာ သူငယ်ချင်း ဂျင်မီနဲ့ ...
9.4
TMDb: 9.4/10 20 votes
tv

My Adventures with Superman (2023) Complete

2023
My Dad the Bounty Hunter Season2 8.4
My Dad the Bounty Hunter Season2 ဒီကားလေးက စွန့်စားခန်းဆန်ဆန် မိသားစုလိုက်ကြည့်လို့ရတဲ့ ချစ်စရာကောင်းတဲ့ animation series လေးဖြစ်ပါတယ်။ Season 1 တုန်းက စကြာဝဠာတခွင် လူဆိုးဖမ်းတဲ့ ဆေဘိုဘရာ့ခ်ရဲ့ သားနဲ့သမီးက သူ့‌အဖေ နောက်‌‌လိုက်ရင်း စွန့်စားခန်းဖွင့်ခဲ့ကြတာ မှတ်မိကြမယ်ထင်ပါတယ်။Season 1ကိုတော့ ဒီလင့်ကိုနိုပ်ပြီး ကြည့်ပါ CLICK HERE!ခု Season 2မှာတော့ကလေးတွေဟာ သာမန်ဘဝမှာပဲ ကျင်လည်ရင်း သူတို့ရဲ့ စွန့်စားခန်းဖွင့်ချင်စိတ်တွေကို သူတို့နည်းသူတို့ဟန်နဲ့ ဖွင့်ထုတ်ရင်း ပြဿနာကိုယ်စီတက် နေကြပါတယ်။ အဲ့မှာ သူတို့အဖေဖြစ်သူဟာ ရုတ်တရက် ပျောက်သွားတာကြောင့် လီဆာနဲ့ ရှောင် မောင်နှမ၂ ယောက် ဘယ်လို စွန့်စားခန်း တွေ ဖွင့်ကြမှန်း‌‌ဆိုတာ ကြည့်ရှုလိုက်ကြပါဦးဗျာ။Quality – 1080p NF WEB DL / 720pDuration – 45minsTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Comedy, Animation, FamilyTranslator ...
8.4
TMDb: 8.4/10 23 votes
tv

My Dad the Bounty Hunter Season2

2023
Sonic Prime (2022) – Season (01),(02) 7.3
Sonic Prime (2022) – Season (01),(02) Sonic Prime (2022) - Season (01),(02) ============== IMDb Rating - 7.3/10Netflix ကနေ ထွက်ရှိလာတဲ့ အများကြိုက်ကြတဲ့ နာမည်ကြီး ဆိုးနစ်ကာတွန်းဇာတ်လမ်းတွဲဖြစ်ပါတယ်။ Rating တွေလည်း 7.3 လောက်အထိရထားပြီး storyline ကောင်းကောင်းနဲ့အရင်ထွက်ခဲ့ ပြီးသား red sonic တို့နဲ့ ချိတ်ဆက်နေမယ့် animation ဇာတ်လမ်း ကောင်းဖြစ်ပါတယ်။အပြာရောင်ဖြူကောင် speedster လေး ဆိုးနစ်တို့ သူငယ်ချင်းတစ် သိုက်ဟာ ဂရင်းဟေးနယ်မြေမှာ ပျော်ရွှင်စွာနေထိုင်ခဲ့ရင်း သူ့ရဲ့ရန်သူ ပေါင်းများစွာကို တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မဟာ ရန်သူကြီး ဒေါက်တာ အက်ဂ်မန်းရဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့အတူ ဂရင်းဟေးရဲ့ ပင်မအရင်းအမြစ် ဝိရောဓိဖန်သားကျောက်ကို လုယူ သိမ်းပိုက်ပြီး ဆိုးနစ်တို့ကိုအနိုင်ယူလိုက်ကာ အချိန်စီးကြောင်းပြောင်း သွားပါတယ်။ဆိုးနစ်က မတူတဲ့ အနာဂတ်တိုင်းလိုင်းတစ်ခုကိုရောက်သွားပြီး ဒေါက် တာအက်ဂ်မန်းကို ပြန်လည်တားဆီးပုံကို စွန့်စားခန်းများစွာနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(650 MB) Quality...............WEB-DL 1080p Duration............25Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Animation, Action, ...
7.3
TMDb: 7.3/10 2912 votes
tv

Sonic Prime (2022) – Season (01),(02)

2022
Record of Ragnarok – Season (01)(02) 6.4
Record of Ragnarok – Season (01)(02) Record of Ragnarok - Season (01)(02) ==============================="Record of Ragnarok"ကို Anime fan အတော်များများသိပြီး ဖြစ်ပါလိမ့်မယ်။ မသိသေးသူများအတွက် ပြောပြရမယ်ဆိုရင်တော့ ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေ (ဥပမာ-Thor,Zeus, Shiva, Buddha,etc...)နဲ့ လူသားတွေကြားကတိုက်ပွဲဖြစ်ပါတယ်။ ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေဖြစ်တဲ့အတွက် universe တွေကိုတစ်နေရာတည်းအကုန်စုကြည့်နေရသလိုပါပဲ။ အဲ့တစ်ချက် နဲ့တင် ဇာတ်လမ်းကအတော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဘာလို့လူသားတွေနဲ့ တိုက်ပွဲဖြစ်ရသလဲဆိုရင်ဖြင့် အဲ့လိုဘာသာရေး နယ်ပယ်အစုံက နတ်ဘုရားတွေဟာ နှစ်၁၀၀၀မှာတစ်ခါ သူတို့ဖန်ဆင်း ခဲ့တဲ့လူသားမျိုးနွယ်ကို ဆက်ရှင်သန်ခွင့်ပေးရမလား၊ မျိုးဖြုတ်ပစ် ရမလားဆိုပြီး မဲခွဲတဲ့အစည်းအဝေးထိုင်တတ်ကြပါသတဲ့။ အဲ့လိုနဲ့ နှစ်(၁၀၀၀)ရောက်တိုင်းတစ်ခါ မဲခွဲလာလိုက်တာ လူသားမျိုးနွယ် သက်တမ်းက အနှစ်(၇)သန်းအရောက်မှာတော့ ကမ္ဘာကြီးဟာ ယိုယွင်း ပျက်စီးလာလို့ ဘယ်နတ်ဘုရားမှ လူသားမျိုးနွယ်ကိုဆက်ထားချင်စိတ် မရှိတော့ပါဘူး။ အဲ့မှာတင် မျိုးဖြုတ်ကြမယ်အလုပ် Valkyrie ညီ အစ်မ(၁၃)ဖော်ထဲက အကြီးဆုံးအစ်မတော် Brunhild က "Ragnarok" စီးချင်းပွဲကို အဆိုပြုခဲ့ပါတယ်။"Ragnarok"စီးချင်းပွဲဆိုတာက နတ်ဘုရားတစ်ပါးနဲ့ လူသားတစ်ယောက် အသေအကြေစီးချင်းတိုက်တဲ့ပွဲပါ။ "Ragnarok"မှာ (၁၃)ချီပါဝင်မှာ ဖြစ်ပြီး အရင်ဆုံး(၇)ချီနိုင်တဲ့ဘက်က အနိုင်ရမှာပါ။ နတ်ဘုရား၁၃ပါးနဲ့ လူသားမျိုးနွယ်ရဲ့အသန်မာဆုံးလူ(၁၃)ယောက်တို့ စီးချင်းတိုက်ကြရင်း နောက်ဆုံးအဆုံးသတ်ရလဒ်က ဘယ်လိုဖြစ်လိမ့်မလဲ၊ လူသားမျိုးနွယ်ဟာ သုတ်သင်ခံရမှာလား၊ ဆက်လက်ရှင်သန်ခွင့်ရရှိမှာလားဆိုတာကို ကြည့် ရှုရမှာဖြစ်ပါတယ်။လက်ရှိမှာ Netflix ကနေ ...
6.4
TMDb: 6.4/10 6700 votes
tv

Record of Ragnarok – Season (01)(02)

2021
Mobile Suit Gundam: The Witch from Mercury 7.603
Mobile Suit Gundam: The Witch from Mercury   MyAnimeList 8.1/10 IMDb 8.3/10 ဒီanimeဟာ လက်ရှိထွက်​နေဆဲ animeဖြစ်ပြီးမထွက်ခင် prologueပြကတည်းက Gundamဖန်​တွေရဲ့စိတ်ဝင်စားမှုကိုရခဲ့တာပါ။ အခုထွက်လာချိန်မှာလည်းဇာတ်လမ်းပိုင်းစိတ်ဝင်စားဖို့​ကောင်းမှု၊ ရုပ်ထွက်လှပမှု​တွေ​ကြောင့်rating​တွေလည်း ​တော်​တော်ကို​ကောင်း​နေပါတယ်။ ဒီanimeကိုကြည့်မယ်ဆိုရင် အရင်ကထွက်ခဲ့တဲ့ Gundamစီးရီး​တွေကိုကြည့်ထားဖိူ့လိုကိုလိုလားဆိုရင် မလိုဘူးလို့ပဲ​ပြောပါရ​စေ။တခု​တော့ရှိတယ်။ Gundamနည်းပညာဆိုင်ရာအသုံးအနှုန်း​တွေကို​တော့သိထားဖို့လို​ပေမဲ့ ဘာသာပြန်​ပေးဖို့မှာတခါထဲထည့်ဖို့မလွယ်လို့ဒီအညွှန်းအဆုံးမှာ အနီးစပ်ဆုံးရှင်းပြချက်​လေး​တွေ​ရေး​ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့မာကျူရီဂြိုဟ်သူ(ဗုဒ္ဓဟူးဂြိုဟ်သူ)​လေးဖြစ်တဲ့ ဆုလာဘ်တာဟာAsticassiaနည်းပညာ​ကျောင်းကိုလာတက်ရင်း မီအိုလွင်ရဲ့သတို့သား​လောင်းဖြစ်သူ ဂူအဲလ်ကို ရန်စမိသလိုဖြစ်သွားပါတယ်။ဂူအဲလ်ဟာ​ကျောင်းတွင်း စက်ရုပ်တိုက်ပွဲ​တွေမှာ အမြဲနိုင်​​လေ့ရှိပြီးHolderတံဆိပ်ပါရထားသူပါ။ အဲ့လိုနဲ့ ဂူအဲလ်နဲ့ ဆုလာဘ်တာတို့စက်ရုပ်ချင်း စီးချင်းထိုးဖို့ဖြစ်လာတဲ့အခါမှာ​တော့ မထင်မှတ်ထားတာ​တွေဖြစ်လာခဲ့ပါတယ်။ဒီanimeကိုအပတ်စဥ်တနင်္ဂ​နွေညတိုင်း အပိုင်းသစ်ထွက်တာနဲ့တင်ဆက်သွားမှာဖြစ်​ပါတယ်။ ​အောက်မှာ​ဆက်​ရေးမှာက​တော့နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်း​တွေနဲ့Gundam animeထဲကအသုံးအနှုန်း​တွေကိုရှင်းပြ​ပေးမှာပါ။ နည်းပညာသမားမဟုတ်​ပဲကွကိုရှာဖတ်ထားတာ ဖြစ်တော့ အမှားပါရင်သည်းခံ​ပေးကြပါ။Earthianဆိုတာက ကမ္ဘာသူကမ္ဘာသား​တွေကို​ပြောတာပါ။Spacianဆိုတာက အာကာသထဲမှာ​မွေးဖွား​နေထိုင်ခဲ့သူ​တွေကို​ပြောတာပါ။Coriolis forceဆိုတာဟာ ကမ္ဘာလည်တဲ့အရှိန်​ကြောင့် ​ရွေ့လျား​နေတဲ့​လေလမ်း​ကြောင်း​ကွေးညွတ်သွား​စေတဲ့အားကို​ပြောတာပါBlade antennaဆိုတာက​တော့ mobile suitကိုယ်​ပေါ်က အင်တာနာတိုင်လိုအချွန်အ​ချောင်းကို​ပြောတာပါ။ Eliteဆိုတာက အရင်Gundamစီးရီး​တွေမှာပါခဲ့တဲ့Arianတိုင်းပြည်က လှုတ်ရှားမှုကြီးအပြီးမှာ ​ပေါ်​ပေါက်လာခဲ့တဲ့ Eliteတပ်ဖွဲ့ပါ။Frontဆိုတာက​တော့ လူလုပ်နယ်​မြေကြီးတခုရဲ့နာမည်ပါ။Thrallက​တော့ အကြမ်းဖြင်း​ပြောရရင် mobile suit​တွေကိုစမ်းသပ်တဲ့​နေရာမှာ စစ်​ဆေး​ပေးရတဲ့သူပါ။Permet linkကိုစွမ်းအင်ချိတ်ဆက်ခြင်းလို့ပဲ အကြမ်းဖြင်းဘာသာပြန်ရမည်ထင်ပါတယ်။ permetက​တော့ သိသ​လောက် Gundamစီးရီးမှာ အာကာသထဲက သတ္တုတစ်မျိုးကို​ခေါ်တာပါ။Permet ...
7.603
TMDb: 7.603/10 29 votes
tv

Mobile Suit Gundam: The Witch from Mercury

2022
Hell’s Paradise(2023) 9.4
Hell’s Paradise(2023)  Hell's paradiseဆိုတဲ့လူကြိုက်များ နာမည်ကြီးတဲ့ မန်ဂကို Senpai Yuji Kakuက ၂၀၁၈ခုနှစ်မှာ စတင် တင်ဆက်ခဲ့ပြီး အတွဲ​ပေါင်း၁၃တွဲထိထွက်ရှိထားပါတယ်။ ဒီလိုနာမည်​ကြီးမန်ဂတစ်ခုကို animeထုတ်​တော့မယ်ဆို​တော့ အရင်ဆုံးရှာကြည့်မိတာက ဘယ်studioကကိုင်မှာလဲဆိုတာပါ။ အခု​နောက်ပိုင်း ပ​ရောဂျက်​တွေအများကြီး​တောက်​လျောက်ကိုင်ကာ လက်စွမ်းပြ​နေတဲ့ MAPPAက ကိုင်မှာပါတဲ့။ ဒါတင်မက​သေးဘူး။ OPENING THEMEကိုလည်း နာမည်ကြီး Belle anime movieရဲ့ဇာတ်ဝင်​တေး Uကိုသီဆို​ပေးခဲ့တဲ့ millienium paradeအဖွဲ့က တင်ဆက်​ပေးမှာပါတဲ့။ ဇာတ်လမ်းအမြည်း****************လုပ်ကြံသတ်ဖြတ်​ရေးစစ်ဆင်​ရေးတစ်ခုလုပ်​နေရင်းနဲ့ ဖမ်းဆီးတာကိုခံခဲ့ရတဲ့ ဂဘိမာရုဟာ ​သေဒဏ်​ပေးခံခဲ့ရ​ပေမဲ့ သူ့ရဲ့သဘာဝလွန်အစွမ်းရှိတဲ့ခန္ဓာကိုယ်​​ကြောင့်သတ်မရဖြစ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ရှိုဂန်ကြီးအတွက် မ​သေ​ဆေးရှိတယ်လို့နာမည်ကြီး​နေတဲ့ကျွန်း​ပေါ်က​နေရှာ​ပေးနိုင်မယ်ဆိုရင် အပြစ်အားလုံးကိုခွင့်လွှတ်​ပေးမယ်လို့အ​ပေးအယူလုပ်လာခဲ့တာ​ကြောင့် အဆိုပါကျွန်းကြီးဆီကိုသွားရဖိူ့ဖြစ်လာခဲ့ပါတယ်။ ဒါ​ပေမဲ့ ဂဘိမာရုမသိ​သေးတာက သူ့အရင်ကလည်း အဖွဲ့ငါးဖွဲ့​စေလွှတ်ခဲ့​ပေမဲ့မ​အောင်မြင်ခဲ့တာကိုပါ။ ဒီလိုနဲ့ကျွန်းကြီး​ပေါ်​ရောက်သွားချိန်မှာ​တော့ မထင်မှတ်ထားတဲ့ကိစ္စ​တွေနဲ့​တောက်​လျောက်ကြုံရပါ​တော့တယ်။ File Size –  326.8MB  @EpisodeQuality – 1080pDuration – 24 minute (@Episode)Total Episodes: 13 EpsSubtitle – ...
9.4
TMDb: 9.4/10 7 votes
tv

Hell’s Paradise(2023)

2023
Avatar: The Last Airbender 8.693
Avatar: The Last Airbender Avatar: The Last Airbender (Series)3 Seasons, 61 Episodes, 24mins/EpisodeIMDb Rating - 9.2/10ဒီဇာတ်လမ်းထဲက ကမ္ဘာကြီးမှာ "ရေ၊ မြေ၊ လေ၊ မီး" ဆိုပြီး နိုင်ငံကြီး (၄) နိုင်ငံ ပိုင်းပြီး နေကြပါတယ်။ နိုင်ငံအားလုံး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပါ။ ဒါပေမယ့် မီးနိုင်ငံက ကျူးကျော်စစ် စ,လိုက်တဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို တားဆီးနိုင်တဲ့သူက ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး(၄)ပါးကို ထိန်းချုပ်နိုင်တဲ့ Avatar ပါပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တလောကလုံးက လိုအပ်နေတဲ့အချိန်မှာ သူ ပျောက်သွားခဲ့ပါတယ်။နှစ်ပေါင်း (၁၀၀) လောက် အကြာမှာတော့ ကတာရာ နဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမ (၂) ယောက်ဟာ Avatar ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ...
8.693
TMDb: 8.693/10 3334 votes
tv

Avatar: The Last Airbender

19892005
Skull Island (2023) Season 01 (Complete) 8.2
Skull Island (2023) Season 01 (Complete) Skull Island (2023) Season 01 Complete MonsterVerse ရဲ့ ပရိသတ်များအတွက် Skull Island Animated Series Season 1 ထွက်ရှိလာပါပြီ။ Kong: Skull Island (2017) ရဲ့ Sequel ဖြစ်ပြီးတော့ King Kong ဘဝနဲ့ Skull Island မှာ ထီးနန်းစိုးစံစဉ်ကာလတွင်းကို အခြေတည်ရိုက်ကူးထားတာပါ။ King Kong (2005) ရဲ့ အငွေ့အသက်လေးတွေကိုလည်း ခံစားမိစေမှာပါ။ လေ့လာစူးစမ်းရှာဖွေသူတစ်စုက ပင်လယ်ပြင်မှာ ရွက်လွှင့်ရင်း လက်နက်ကိုင်လူတစ်စုကိုတင်ဆောင်လာတဲ့ တခြား သင်္ဘောတစ်စင်းက‌နေ ထွက်ပြေးလာတဲ့ ဆယ်ကျော်သက်ကောင်မလေးကို ကယ်ထားလိုက်ပါတယ်။ အဲဒီကောင်မလေးထွက်ပြေးလာတဲ့ သင်္ဘောက ကြည့်နေရင်းတင် မြင်ကွင်းကပျောက်သွားပြီး သူတို့ရဲ့ စူးစမ်းရှာဖွေရေးသင်္ဘောလေးကပါ အဲဒီ သင်္ဘောလို ကံကြမ္မာမျိုးနဲ့ ကြုံသွားရရှာပါတယ်။ အဲဒီလိုနဲ့ ရေမျောကမ်းတင် အသက်ရှင်ကျန်သူတစ်စုတင်တဲ့ကမ်းကတော့ ရေဒါပေါ်မှာ ရှာမတွေ့တဲ့ Skull Island ...
8.2
TMDb: 8.2/10 4 votes
tv

Skull Island (2023) Season 01 (Complete)

2023
Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete 8.7
Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete ပြီးခဲ့တဲ့ အတွဲ ( ၂ ) မှာတော့ တန်ဂျီရိုတို့ဟာ အထက်မိစ္ဆာ ဂယူတာရိုနဲ့ အသေအကြေတိုက်ခိုက်ခဲ့ကြပြီး နဲဇူကိုရဲ့ သွေးမိစ္ဆာအစွမ်းကြောင့် အနိုင်ရခဲ့ကြပေမဲ့ တိုက်ပွဲဒဏ်ရာတွေကြောင့် သေကောင်ပေါင်းလဲ ဖြစ်ကုန်ကာ ဆရာ့ဆရာကြီး အသံဟာရှီရာ တန်ဂန်က သူ့ရဲ့ မဟေသီလေးယောက်နဲ့အတူ အဝေးကိုထွက်ပါတယ်။အခု အသစ်စက်စက် အတွဲ ( ၃) မှာတော့ ကိုမာဝင်နေကြတဲ့ တန်ဂျီရိုတို့ သတိပြန်ရလာကြပြီး ဒဏ်ရာနည်းတဲ့ ဇဲနစ်စုနဲ့အီနိုဆူခဲတို့က မစ်ရှင်ကိုယ်စီနဲ့ ခရီးထပ်ထွက်ကုန်ကြပါတယ်။ ဒဏ်ရာပြင်းတဲ့ တန်ဂျီရိုကတော့ တစ်ယောက်တည်းကျန်ခဲ့ပြီး ဒဏ်ရာပြန်ကောင်းလာတဲ့အချိန် သူ့မှာ ဓားမရှိတော့တဲ့အတွက် ဓားအသစ်တစ်ချောင်းထပ်ယူဖို့ နီချီရင်ဓားတွေထွက်တဲ့ ဓားသွန်းရွာကို တစ်ယောက်တည်းထွက်သွားခဲ့ရင်း ဓားသွန်းရွာမှာ စွန့်စားခန်းတွေ ထပ်ကြုံရပါတော့တယ်။ဒီ မိစ္ဆာနှိမ်နင်းသူ အတွဲ ( ၃ ) ဟာဆိုရင် မူရင်း မန်းဂထဲက ဓားသွန်းရွာ ဇာတ်ကြောင်းပိုင်းကို ဖန်သားပြင်ပေါ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်လို့ ထွေထွေထူးထူး ထပ်မညွှန်းတော့ဘဲ ပရိသတ်များ ကြည့်ရှုခံစားရန်အလို့ငှာ စီအမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အားပေးကြပါကုန်...။File ...
8.7
TMDb: 8.7/10 4976 votes
tv

Demon Slayer: Kimetsu no Yaiba(2023) Season 3 Complete

2023
Avatar: The Last Airbender(2005) 8.691
Avatar: The Last Airbender(2005) Avatar: The Last Airbender (Series)3 Seasons, 61 Episodes, 24mins/EpisodeIMDb Rating - 9.2/10ဒီဇာတ်လမ်းထဲက ကမ္ဘာကြီးမှာ "ရေ၊ မြေ၊ လေ၊ မီး" ဆိုပြီး နိုင်ငံကြီး (၄) နိုင်ငံ ပိုင်းပြီး နေကြပါတယ်။ နိုင်ငံအားလုံး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပါ။ ဒါပေမယ့် မီးနိုင်ငံက ကျူးကျော်စစ် စ,လိုက်တဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို တားဆီးနိုင်တဲ့သူက ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး(၄)ပါးကို ထိန်းချုပ်နိုင်တဲ့ Avatar ပါပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တလောကလုံးက လိုအပ်နေတဲ့အချိန်မှာ သူ ပျောက်သွားခဲ့ပါတယ်။နှစ်ပေါင်း (၁၀၀) လောက် အကြာမှာတော့ ကတာရာ နဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမ (၂) ယောက်ဟာ Avatar ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ...
8.691
TMDb: 8.691/10 3304 votes
tv

Avatar: The Last Airbender(2005)

2005
Avatar: The Last Airbender (2005) 8.692
Avatar: The Last Airbender (2005) Avatar: The Last Airbender (Series)3 Seasons, 61 Episodes, 24mins/EpisodeIMDb Rating - 9.2/10ဒီဇာတ်လမ်းထဲက ကမ္ဘာကြီးမှာ "ရေ၊ မြေ၊ လေ၊ မီး" ဆိုပြီး နိုင်ငံကြီး (၄) နိုင်ငံ ပိုင်းပြီး နေကြပါတယ်။ နိုင်ငံအားလုံး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေနေကြတာပါ။ ဒါပေမယ့် မီးနိုင်ငံက ကျူးကျော်စစ် စ,လိုက်တဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို တားဆီးနိုင်တဲ့သူက ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး(၄)ပါးကို ထိန်းချုပ်နိုင်တဲ့ Avatar ပါပဲ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တလောကလုံးက လိုအပ်နေတဲ့အချိန်မှာ သူ ပျောက်သွားခဲ့ပါတယ်။နှစ်ပေါင်း (၁၀၀) လောက် အကြာမှာတော့ ကတာရာ နဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမ (၂) ယောက်ဟာ Avatar ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ...
8.692
TMDb: 8.692/10 3267 votes
tv

Avatar: The Last Airbender (2005)

2005
The Legend of Vox Machina – Season (01),(02) 8.6
The Legend of Vox Machina – Season (01),(02) The Legend of Vox Machina - Season (01),(02)=================================IMDb Rating - 8.4/10 Rotten Tomatoes- 100% IMDB rating ကလည်းအလန်း၊ခရမ်းချဉ်သီးက အလုံး ၁၀၀ လောက်ရထားတဲ့ Adventure Series လေးကိုတင်ဆက်ပေးလိုက်ပါတယ်၊ဇာတ်လမ်းအကျဉ်းကတော့ ... တယ်လ်ဒိုရီဆိုတဲ့မှော်တိုင်းပြည်ဟာအရင်က သာယာခဲ့သလောက် အခုချိန်မှာတော့ သားရဲတစ်ကောင်ကြောင့် ရွာတွေလည်းပျက်စီး၊အပြစ်မဲ့ပြည်သူတွေလည်းသေကြေ နေကြရတယ်။ ဒီသားရဲကိုသတ်ဖို့အတွက် တိုင်းပြည်ရဲ့ရှင်ဘုရင်ဟာ သူရဲ့စစ်တပ်တွေ ကိုစေလွှတ်ပေမယ့်လည်း တစ်ခါမှအောင်မြင်တယ်ဆိုတာမရှိပါဘူး၊ ပိုဆိုးတာက သူတို့ ရင်ဆိုင်နေရတဲ့သားရဲကောင်က ဘယ်ကောင်ဘယ်ဝါမှန်းတောင်မသိလိုက်ရဘူး၊ သူ့စစ်တပ် တင်မကနာမည်ကြီးကြေးစားလူမိုက်တွေပါလွှတ်ပါပေမ့ယ်လည်း လွှတ်လေသေလေဖြစ်နေပါ တော့တယ်၊ ဒီလိုနဲ့ ရှင်ဘုရင်ဟာ ဒီသားရဲကောင်သတ်နိုင်ရင် ဆုငွေဘယ်လောက်ပေးမယ်ဆိုပြီး ကြေညာ လိုက်တယ်၊ ဒီအချိန်မှာ ဗောက်စ်မက်ဒီနာဆိုတဲ့ မထင်မရှား ကြေးစားလူမိုက်အဖွဲ့ကဘုရင်ရဲ့ ကြေညာစာတမ်းကို တွေ့လိုက်တယ်၊ သူတို့တွေလည်းရွှေငွေဆိုငမ်းငမ်းတက်လိုချင်နေတာဆိုတော့ ဘာသားရဲကောင်လည်းဆိုတာသေချာ တောင်မသိဘဲနဲ့ ဘုရင့်ဆီသွားပြီးတော့ သူတို့သတ်မယ် နိုင်ရင်ဆုလာဒ်ပေးဆိုပြီးသွားတောင်းတယ်။ ဘုရင်ကလည်း သတ်နိုင်ရင်ဆုလာဒ်ယူဆိုပြီး စေလွှတ်လိုက်တယ်၊ ဘုရင့်စစ်တပ်တွေနာမည်ကြီးကြေးစားလူမိုက်တွေတောင် အစအနပျောက်သွား အောင်လုပ်နိုင်တဲ့ ဒီသားရဲကောင်ကြီးကို ဗောက်စ်မက်ဒီနာအဖွဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူပေးပါဦး ။(ဒီစီးရီးရဲ့ အညွှန်းကို Tin Myo Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Tin ...
8.6
TMDb: 8.6/10 13000 votes
tv

The Legend of Vox Machina – Season (01),(02)

2022
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
My Dad the Bounty Hunter (2023) 9.2
My Dad the Bounty Hunter (2023) My Dad the Bounty Hunter (2023)အခု animation series လေးကတော့ Netflix မှာ ပြသနေတဲ့ စိတ်ဝင်စားစရာလည်းကောင်း ချစ်စရာလည်းကောင်းတဲ့ Sci-Fi လေးပါ။ဇာတ်လမ်း အကျဥ်းချုပ်ကတော့ လူဆိုးတွေကိုလိုက်ဖမ်းတဲ့သူရဲ့ သားနဲ့သမီးဟာ သူ့အဖေနောက် ခိုးလိုက်ရင်း အာကာသထဲ မတော်တဆ ရောက်ရှိသွားပြီး သူအဖေနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ကြတာပါပဲ။ သူ့အဖေဟာ ဂြိုလ်သားတွေနဲ့တိုက်ခိုက်တာကို သိသွားတဲ့ အချိန်မှာတော့ သူ့အဖေရဲ့အလုပ်က စိတ်ဝင်စားစရာကောင်းမှန်း သိသွားကြပါတယ်။ အဲ့မှာ သူတို့ရဲ့ အရင်က အဆင်သိပ်မပြေတဲ့ ဆက်ဆံရေးတွေက အဲ့လို စွန့်စားခန်းတွေ ဖွင့်ပြီးတဲ့ နောက်မှာတော့ ဘာဆက်ဖြစ်မယ်ဆိုတာ ကြည့်ရူလိုက်ကြပါဦးဗျို့။စဆုံး ၁၀ ပိုင်း ရှိမှာ ဖြစ်ပြီးတော့ ဆက်တိုက်ဆိုသလို တက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Action & Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… ...
9.2
TMDb: 9.2/10 8 votes
tv

My Dad the Bounty Hunter (2023)

2023
The Way of the Househusband – Season (01), (02) 7.3
The Way of the Househusband – Season (01), (02) The Way of the Househusband - Season (01), (02) =================================== IMDb Rating - 7.3/102018မှာ စထုတ်ပြီး နာမည်ကြီးလာတဲ့ ဒီManga seriesကို Netflix ကနေ Animeအဖြစ် အသက်သွင်းလိုက်ပါတယ်။ Season 1မှာ စုစုပေါင်း အပိုင်း(၅)ပိုင်းပါပါတယ်။ Trailer စထုတ်တဲ့မနှစ်ကတည်းက လူစိတ် ဝင်စားများနေတဲ့ anime ဖြစ်သလို ထွက်လာတဲ့အချိန်မှာလည်း စိတ်ကျေ နပ်မှုကို တော်တော်လေးပေးနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းက... မြေအောက်လောကမှာ နှစ်တော်တော်ကြာကျင်လည်ခဲ့တဲ့ ယာကူဇာဘော့စ် တစ်ယောက် ဒုစရိုက်လောကကနေ အနားယူလိုက်ပြီးတဲ့နောက်မှာတော့ အိမ်ထောင်ကျပြီး အိမ်ရှင်ထီးတစ်ယောက်ဖြစ်လာပါတော့တယ်။ အိမ်ရှင်ထီး ဘဝက အလွဲတွေ၊ ဟာသတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ဆက် ထားတာကြောင့် စိတ်ညစ်စရာကာလမှာ တစ်ခါလောက်ပြုံးချင်ကြတဲ့လူတွေ တော့ အကြိုက်တွေ့ကြမှာပါ။P.S ဒီAnimeကို Animeဖန်အများစုကတော့ မန်ဂါနဲ့ယှဉ်ပြီး သိပ်အကြိုက် မတွေ့ပါဘူး။ Animeတစ်ခုအနေနဲ့ ကြည့်ကြမယ့်လူတွေအတွက်တော့ မပြေ လှပါဘူး။ ဒါပေမဲ့ ဒီAnimeဟာ ကျွန်တော်တို့ကို တစ်ခါမကတော့ပြုံးစေမှာပါ။ ကျွန်တော့်အနေနဲ့ အာမခံလို့ရတာကတော့ ဒီဇာတ်လမ်း‌လေးဟာ အရင်က အကြည်တော်၀တ္တုတွေလို ရယ်ရပြီး ဒီရုပ်ရှင်ထဲက မိခုနဲ့တဆုအတွဲကလေးဟာ လက်တွေ့ဘ၀‌အတွဲတွေလို ...
7.3
TMDb: 7.3/10 5508 votes
tv

The Way of the Househusband – Season (01), (02)

2021
Lookism (2022) 8.646
Lookism (2022) Lookism (2022)အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Lookism လို့ခေါ်တဲ့ Korean Animated Series လေးတစ်ပုဒ်ပဲဖြစ်ပါတယ် Webtoon ကနေ ပြန်လည်ပုံဖော်ထားတဲ့ Animation လေးမို့ ဆန်းလည်း ဆန်းသစ်သလို ပိုလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ရုပ်ချော ၊ ကြည့်ကောင်းမှ ဂုဏ်တွေငွေတွေရှိမှ လူ့အသိုင်းအဝိုင်းမှာ အရာဝင်တယ်လို့ သတ်မှတ်ထားတဲ့သူတွေကြား ဟျောင်းဆော့ဆိုတဲ့ ငွေကြေးလည်း မပြည့်စုံ ခန္ဓာကိုယ်ကလည်း ဝတဲ့ ကျောင်းသားလေးဟာ ဓားစားခံထဲက တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ကျောင်းသားဆိုးတွေ အကြမ်းဖက်အနိုင်ကျင့်တာကို ခံနေရတဲ့ဟျောင်းဆော့ဟာ တစ်နေ့မှာတော့ အိပ်ပျော်သွားရာက နိုးလာတဲ့အခါ အရပ်ရှည်ရှည် ရုပ်ချောချောကောင်လေးခန္ဓာကိုယ်နဲ့ ဖြစ်နေပါတော့တယ် နောက်ကိုလှည့်ကြည့်တဲ့အခါ သူ့ရဲ့အရင်ပုံစံအတိုင်း ဟျောင်းဆော့က အိပ်နေတာကို တွေ့လိုက်ရတယ် ။ အစကတော့ အိပ်မက်ထင်နေခဲ့ပေမယ့်တကယ်ဖြစ်နေတဲ့အခါ ဟျောင်းဆော့ တစ်ယောက် ရုပ်ချောချောကျောင်းသားလေးအဖြစ် ကျောင်းအသစ်မှာ ဘဝသစ်စတင်ဖို့ လုပ်ခဲ့ပါတော့တယ် ။ဘယ်လိုအဖြစ်တွေဆက်ကြုံဦးမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပေးပါနော်စဆုံး ၈ ပိုင်းကို တစ်ခါတည်း တင်ဆက်ပေးထာတာမို့ တစ်ထိုင်တည်း ကြည့်လိုက်ကြပါဦး။အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီတော့ ဘာသာပြန်ထားတာကတော့ Shin Shin, ...
8.646
TMDb: 8.646/10 130 votes
tv

Lookism (2022)

2022
The Dragon Prince – Season (01)(02)(03)(04) 8.3
The Dragon Prince – Season (01)(02)(03)(04) The Dragon Prince - Season (01),(02),(03),(04) ================================= IMDb Rating - 8.3/10Rating ကောင်းတွေအများကြီးရထားပြီး Netflix ရဲ့ နာမည်ကြီး အန်နီမေးရှင်းဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်တဲ့ The Dragon Prince ‌ကိုတင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေးတုန်းက နေ၊လ၊ကြယ်များ၊ကမ္ဘာမြေကြီး၊ကောင်းကင်နှင့် သမုဒ္ဒရာဆိုတဲ့ မူလစွမ်းအင်အရင်းအမြစ်တွေကနေတစ်ဆင့် မှော်ပညာ တွေ ထွန်းကားခဲ့တဲ့ ဇေဒီယာဆိုတဲ့ ကုန်း‌မြေကြီးတစ်ခုရှိသတဲ့။ နောက်တော့ လူသားတွေဟာ ခုနှစ်ခုမြောက်စွမ်းအင်ဖြစ်တဲ့ အမှောင်မှော်ပညာကို ရှာတွေ့သွားပြီး ထိုမှော်ပညာကိုသုံးဖို့အတွက် အဲဒီမှာနေတဲ့ မှော်သတ္တဝါ ကောင်လေးတွေကိုဖမ်းဆီးတာတွေလုပ်တော့ နတ်သူ‌ငယ်တွေနဲ့ နဂါးတွေ ပေါင်းပြီး လူသားတွေကို ဇေဒီယာကနေ နှင်ထုတ်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးဟာလည်းနှစ်ခြမ်းကွဲသွားလေရဲ့ ။နောက်နှစ်ပေါင်းရာစုနှစ်နဲ့ချီကြာပြီးနောက် လူသားတိုင်းပြည်နဲ့ဇေဒီယာ နယ်စပ်ကိုစောင့်ကြပ်နေတဲ့နဂါးကို လူသား‌တွေက အင်အားအလုံးအရင်းနဲ့ သတ်ပစ်လိုက်တယ်။ ဒါနဲ့မလုံလောက်သေးလို့ အဲဒီနဂါးရဲ့ အမွေဆက်ခံသူ လေးလည်းဖြစ် သူ့ရဲ့တစ်ခုတည်းသော နဂါးဥလေးလည်းဖြစ်တဲ့ နဂါးမင်းသား လေးကိုပါ တစ်ပါတည်း တမလွန်ပို့ပေးလိုက်ကြတယ်။ အဲဒါကြောင့် ကမ္ဘာ ကြီးမှာ နတ်သူငယ်တွေနဲ့ လူသားတို့ကြား မီးကုန်ယမ်းကုန်တိုက်ကြမယ့် တိုက်ပွဲကြီးဖြစ်လာမှာမလွဲဧကန်ပါပဲ၊ ကိုင်း ဒီလောက်ဆို ဇာတ်လမ်းနိဒါန်း လေးလည်းသိသွားပြီဆိုတော့ ကိုယ်တိုင်ဆက်လက်ကြည့်ရှုခံစားပေးလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန် ...
8.3
TMDb: 8.3/10 447 votes
tv

The Dragon Prince – Season (01)(02)(03)(04)

2018
Dragon Age: Absolution (2022) 6.4
Dragon Age: Absolution (2022) Dragon Age: Absolution (2022) ======================= IMDb Rating - 6.4/10ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် Animation Series ကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ရပါတယ်။ မှော်အတတ်တွေ ဂမ္ဘီရသတ္တဝါတွေကြီးစိုးခဲ့တဲ့ ခေတ်ကာလတစ်ခုအကြောင်းသရုပ်ဖော် ထားတဲ့ Fantasy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရှေးခေတ် Tevinter နိုင်ငံတော်ကြီးမှာ သာမန်လူသားတွေနဲ့အတူ မှော်ဆရာတွေ ဝါဒဖြန့်ဂိုဏ်းတွေ နတ်မိစ္ဆာတွေ နတ်သူငယ်လေးတွေ ပါ အတူယှဉ်တွဲနေထိုင်ကြရာမှာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။ မှော်အတတ်ကသာအရေးအပါဆုံးဖြစ်နေပြီး တိုင်းပြည် ရဲ့ကာကွယ်စောင့်ရှောက်သူတွေကလည်း မှော်အစွမ်းရှိတဲ့ဘယ်လို ပုဂ္ဂိုလ် ဘယ်လိုသတ္တဝါမျိုးကိုမဆို ပစားပေးထားပြီး မတရားမှုမှန်သမျှ ကိုလည်း မျက်ကွယ်ပြုထားခဲ့ကြပါတယ်။ အထက်ဖားအောက်ဖိစနစ်နဲ့ တိုင်းပြည်မှာကျွန်ပြုခံနေရာကနေ လွတ် မြောက်လာတဲ့ Mirium ဆိုတဲ့ နတ်သူငယ်မလေးကတော့ Tevinter နိုင်ငံအပြင်ဘက်မှာပဲ ကြေးစားလုပ်ကြံသူတစ်ယောက်အနေနဲ့ ဇာတ် မြှုပ်နေထိုင်နေရာ၊ တစ်နေ့မှာတော့ ချစ်သူဟောင်း Hira ရဲ့ကမ်းလှမ်းမှု ကြောင့် လျို့ဝှက်စစ်ဆင်ရေးတစ်ခုကိုလက်ခံလိုက်တဲ့အတွက် Tevinter ကိုပြန်သွားရဖို့ဖြစ်လာခဲ့ပါတယ်။ တန်းတူအခွင့်အရေးမရရှိခဲ့လို့ နေရပ် တိုင်းပြည်ကိုမုန်းတီးနေသူ Mirium တစ်ယောက်.... တိုင်းပြည်ရဲ့မှော်ဝင် ရှေးဟောင်းပစ္စည်းတစ်ခုကို ခိုးယူပေးရဖို့ဖြစ်လာတဲ့အခါ..... ရှေ့ဆက် ရင်ဆိုင်ရမယ့်စွန့်စားခန်းတွေကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်။)File ...
6.4
TMDb: 6.4/10 2000 votes
tv

Dragon Age: Absolution (2022)

2022
Berserk: The Golden Age Arc – Memorial Edition(2022)Season 1 8.6
Berserk: The Golden Age Arc – Memorial Edition(2022)Season 1 Berserk : The Golden Age arc 2022 ===========================(သတိပေးချက်- ယခုဇာတ်လမ်း၌ ကိုယ်လုံးတီးအခန်းများ၊ ခေါင်းနှစ်ခြမ်းခွဲ၊ မျက်လုံးဖောက်ထုတ်၊လျှာဖြတ်သော ကြမ်းကြမ်းတမ်းတမ်းသတ်ဖြတ်ခန်းများနှင့် ကြမ်းတမ်းသော စကားလုံးအသုံးအနှုန်းများအပြင် လိင်ဆက်ဆံခန်းများနှင့် မုဒိန်းကျင့်ခန်းများပါသောကြောင့် ကလေးသူငယ်များနှင့် အသက်၁၈ နှစ်အောက် လူငယ်များကြည့်ရန်မသင့်လျော်ပါ။)IMDb - 7.5/10 MyAnimeList - 7.7/10ဒီစီးရီးကတော့ ဂျပန်animeတွေထဲကdark fantasy genreတွေထဲမှာ နံပါတ် ၁ လို့ကိုပြောလို့ရတဲ့ဇာတ်လမ်းဖြစ်ပြီး 1997တုန်းကလည်းanime စီးရီးထွက်ခဲ့ဖူးကာ အရမ်းကိုလည်းအောင်မြင်ခဲ့ပါတယ်။ အခုထွက်လာတဲ့စီးရီးကတော့ remake စီးရီးဖြစ်တာမလို့အရင်ထွက်တာတွေကိုပြန်မကြည့်လည်းရတဲ့အပြင် ရုပ်ထွက်တော်တော်ကိုလှတာမလို့ရုပ်ထွက်ပိုင်းနဲ့ဇာတ်လမ်းပိုင်းဦးစားပေးသူတွေကြည့်ကိုကြည့်သင့်တဲ့စီးရီးပါ။ဒီစီးရီးဟာ အင်္ဂလန်ရဲ့သမိုင်းကြောင်းထဲကTudorတိုင်းပြည်နဲ့Midlandတိုင်းပြည်တို့ရဲ့နှစ်တစ်ရာစစ်ပွဲကိုအခြေခံထားတာပါ။အဲ့ဒီစစ်ပွဲအတွင်းမှာ Griffithဆိုတဲ့သူရဲကောင်းပေါ်လာခဲ့ပြီး တိုက်ပွဲတိုင်းကိုအနိုင်ယူနိုင်ခဲ့ပြီးMidlandဘုရင်ရဲ့သူကောင်းပြုတာကိုပါခံခဲ့ရပါတယ်။ အဲ့လိုလူတိုင်းလေးစားရတဲ့Griffithဆီမှာ ထူးဆန်းတဲ့ Egg of kingဆိုတဲ့ကျောက်တုံးလေးတစ်ခုရှိပါတယ်။ အဲ့လိုနဲ့ကြမ္မာငင်တဲ့တနေ့မှာတော့ စိတ်ကူးနဲ့တောင်တွေးမထင်နိုင်လောက်တဲ့ကိစ္စကြီးဖြစ်လာခဲ့ပြီးအခြေအနေတွေဟာ တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။  Episodes : 13File Size –300MB / 150MB @EpisodeQuality –1080p / 720pDuration – 25 ...
8.6
TMDb: 8.6/10 441 votes
tv

Berserk: The Golden Age Arc – Memorial Edition(2022)Season 1

2022