Channel Myanmar

Animation

Ultraman – Season (02) 7.047
Ultraman – Season (02) Ultraman season 2 (2022) ====================== IMDb Rating - 6.8/10Netflix ရဲ့ Anime ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ Ultraman season 2 ဖြစ်ပါတယ်။ အာထရာမန်း fan တွေဆိုရင် ဒီ series က season 1 မှာထဲက လက်ရာဘယ်လောက်ကောင်းလဲသိပါတယ်။ အခု season 2 မှာလည်း စိတ်ပျက်မိစေမှာမဟုတ်ပါဘူး။ဇာတ်လမ်းအညွှန်းကတော့ နယူးယောက်မှာ ရုတ်တရက် နေ့ခင်း ကြောင်တောင် လူသွားလမ်းကြီးမှာ လူအုပ်လိုက် ပျောက်ဆုံးမှုဖြစ်သွား ပါတယ်။ ဒါကို သက်ဆိုင်ရာအာဏာပိုင် သတင်းထောက်တွေကလည်း အဖြေရှာနေကြပြီး မစဉ်းစားတတ်နိုင်အောင်ဖြစ်နေပါတယ်။ လျှို့ဝှက် အဖွဲ့အစည်းတွေကတော့ ဒီကိစ္စက ဂြိုလ်သားသက်ရှိတွေပါဝင်ပတ်သက် နေရမယ်ဆိုပြီးပြောထားပါတယ်။ဒီလိုနဲ့ ဒုတိယအကြိမ်အဖြစ် ဂျပန်မှာလည်း လူတွေပျောက်သွားပြန်ပါတယ်။ ဒီအခါမှာတော့ ကမ္ဘာကြီးကို ပါဝင်မယ့် အာထရာမန်းတွေပါဝင်လာခဲ့ပြီး၊ နောက်ကွယ်က တရားခံကို စုံစမ်းနိုင်ခဲ့ပါတယ်။ ဝါဒိုရန်ဆိုတဲ့ ဂြိုလ်သားမျိုးစိတ် တွေဟာ မျိုးတုံးခါနီးအခြေအနေနဲ့ရင်ဆိုင်ရတဲ့အတွက် လူသားတွေကိုပြန်ပေး ဆွဲပြီး ကပ်ပါးကောင်အနေနဲ့ နေထိုင်တာဖြစ်ပါတယ်။ နောက်ကွယ်က Villainကြီး ကလည်း တစ်ကမ္ဘာလုံးက လူတွေမပျောက်ချင်ရင် ကမ္ဘာမြေတစ်ဝက် သူ့လက်ထဲ ထည့်ပါဆိုပြီးခြိမ်းခြောက်လာပါတယ်။ ဒါကို ...
7.047
TMDb: 7.047/10 2100 votes
tv

Ultraman – Season (02)

2019
Abominable and the Invisible City (2022)
Abominable and the Invisible City (2022)  ဒီ ကာတွန်းစီးရီးလေးကတော့ Abominable 2019 ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဆယ်ပိုင်းပါဝင်ပြီး တစ်ပိုင်းကို နာရီဝက်စီလောက်ကြာတာမို့ အဝကြည့်လို့ရမယ့် ကာတွန်းလေးပါပဲ။ မူရင်းဇာတ်လမ်းအတိုင်းပဲ ယီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ကျင်းဆိုတဲ့ ဆရာဝန်လောင်းလေးတစ်ယောက်ရယ် ဖန်းဆိုတဲ့ ငပေါကောင်လေးတစ်ယောက်ရယ်နဲ့ သူငယ်ချင်းကောင်းတွေပါပဲ။ ယီမှာ မေဆိုတဲ့ အမေနဲ့ နိုင်နိုင်းအဘွားတစ်ယောက်ရှိပါတယ်။ သူတို့တွေဟာ ရုပ်ရှင်ထဲမှာတုန်းက သူတို့အိမ်အပေါ်ထပ်ကို လာပုန်းနေတဲ့ အဲဗရက်စ်ဆိုတဲ့ မှော်အစွမ်းရှိတဲ့ နှင်းလူလေးတစ်ကောင်ကို အိမ်ပြန်နိုင်အောင်ကူညီခဲ့ပါတယ်။ အခုစီးရီးမှာတော့ အဲဗရက်စ်ဟာ သူ့ရဲ့နှင်းတောင်ကနေ ယီတို့ဆီကိုပြန်လာပြီး ယီတိုနဲ့အတူ မှော်သတ္တဝါမျိုးစုံရဲ့ အခက်အခဲတွေကို လိုက်ပြီးကူညီဖြေရှင်းပေးကြတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရယ်ရသလို ချစ်ဖို့လည်းကောင်းတဲ့ ကာတွန်းစီးရီးလေးဖြစ်တာကြောင့် ကလေးလူကြီးမရွေးကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။File size…(240Mb) / (452Mb) Quality….Webrip 720 / 1080p Format…mp4 Duration….50 Min Genre...Action & Adventure,Animation, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.AndersonDownload ...

Abominable and the Invisible City (2022)

Cyberpunk: Edgerunners (2022) Complete 8.7
Cyberpunk: Edgerunners (2022) Complete Gamer​တွေကြား အ​မျှော်လင့်ကြီး ​မျှော်လင့်ထားသလို မသိသူ မရှိ​လောက်တဲ့ Cyberpunk : Edgerunners ကို တင်ဆက်​ပေး လိုက်ပါပြီ။ ဒီAnimeက Cyberpunk 2077 မတိုင်ခင် တစ်နှစ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စ​တွေကို Prequel အ​နေနဲ့ ရိုက်ကူးထားတာပါ။ IMDB 8.6နဲ့ RT 100% အပြည့် ရထားပါတယ်။ Animationနဲ့ Effect​တွေကလည်း ​ပြော​စရာမလို​အောင် ရှယ်လှပါတယ်။​​ခေတ်​ရှေ့​ပြေးလွန်းပြီး ​သိပ္ပံနည်းပညာ​တွေ ထွန်းကားလွန်းသလို ​ငွေနဲ့ပဲ အရာရာလည်ပတ်နေတဲ့ အနာဂတ် မြို့​တော်ကြီးတစ်ခုမှာ ​ဒေးဗစ်လို့​​ခေါ်တဲ့ ဂျစ်ကန်ကန်​ကောင်​လေးဟာ ​​ဆင်းရဲနွမ်းပါးမှု ​ကြောင့် လူရာသွင်းမခံရသလို ဘယ်​လောက်ပဲ ကြိုးစားကြိုးစား အရှုံးနဲ့ ရင်ဆိုင်​ရတဲ့ ဘဝပိုင်ရှင်လို့ပဲ ​ပြောရမှာပါ။ကံအ​ကြောင်းမလှရတဲ့အထဲ တစ်​​နေ့မှာသူ့ဘဝတစ်ခုလုံးကို ​ဇောက်ထိုးမိုး​မျှော် ဖြစ်စေမယ့် ဖြစ်ရပ်ဆိုးကြီးဖြစ်လာတဲ့အခါ ဘဝ​ပေးကံကြမ္မာကို ​ခြေစုံကန်ပြီး ​ငွေရဖို့အတွက် ဘာမဆိုအကုန်လုပ်မယ့် ​ဝရမ်း​ပြေး ​ကြေးစား Edgerunnerဘဝကို ​ရောက်သွားပါ​တော့တယ်။File Size – 400MB / 200MBQuality – 1080p NF WEB DL /  ...
8.7
TMDb: 8.7/10 231 votes
tv

Cyberpunk: Edgerunners (2022) Complete

2022
Ranking of Kings (2021) 8.195
Ranking of Kings (2021) Ousama Ranking ............................ Myanimelist 8.6/10 IMDb 8.6/10ကျ​နော်တို့ငယ်ငယ်တုန်းကဆိုရင် လူတိုင်း အိပ်ခါနီးတိုင်း ပုံပြင်​ပြောပြလုပ်ဖူးခဲ့ကြမှာ​သေချာပါတယ်။ ပုံပြင်​ကောင်း​ကောင်းတပုဒ်ကို​နား​ထောင်ရတဲ့ည​တွေဆိုရင် အိပ်ကိုမအိပ်​တော့ပဲ ပုံပြင်ဆုံးတဲ့အထိစိတ်ဝင်တစားနား​ထောင်ဖူးကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုဒီကားတွန်း​လေးဟာလည်း ငယ်ငယ်ကအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကိုနား​ထောင်ရတဲ့အလား ဖြစ်​စေတယ်ဗျ။ ကာတွန်းဆန်တဲ့ရုပ်ထွက်​ပေမဲ့ သမာရိုးကျဇာတ်လမ်း​တွေနဲ့မတူတဲ့ ပုံပြင်​ကောင်း​လေးတစ်ပုဒ်လို့ပဲ ကျ​နော်က​တော့ဆိုချင်ပါတယ်။ ဒီစီးရီးကိုကြည့်တုန်းကဆိုရင် ဘာဖြစ်​တော့မယ်လို့ထင်ထားတာ​တွေလည်း တစ်ခုမှကိုမမှန်တဲ့အထိ ဇာတ်လမ်းအသွားအလာက လုံးဝခန့်မှန်းလို့မရပါဘူး။ ​သေချာတာတခုက​တော့ ဒီစီးရီးကိုကြည့်ရင် စိတ်ဝင်စားဖို့လုံးဝ​ကောင်း​စေရမယ်။ ဆန်းကြယ်တဲ့စိတ်ကူးယဥ်စွန့်စား​ရေးခရီးတခုကိုထွက်​နေရတဲ့အလား ဖြစ်​စေရမယ်လို့ အာမခံပါတယ်။ ဇာတ်လမ်းအမြည်း​လေးကို​ပြောပြရရင်​တော့....ဟိုး​ရှေး​ရှေးတုန်းက ​ဘော့စ်တိုင်းပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်ပါတယ်။ အဲ့ဒီဘုရင်ကြီးမှာ သား​တော်နှစ်ပါးရှိပြီး ပထမသား​တော်ကြီးက​တော့ ​မွေးကတည်းက ဆွံ့အနားမကြားပဲ အားအင်လည်းမရှိသူဖြစ်ပါတယ်။ သား​တော်အငယ်​လေးက​တော့ တိုက်ရည်ခိုက်ရည်ပါရမီရှိတာမလို့ သက်ဦးဆံပိုင်ဘုရင်​ခေတ်မှာ သား​တော်အငယ်က ထီးနန်းဆက်ခံဖို့​​ရေပန်းစားပါတယ်။ အဲ့လိုနဲ့ တ​နေ့မှာ​တော့ ဘုရင်ကြီးဟာ နာမကျန်းဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ကိစ္စကြီးတခုလည်းဖြစ်လာခဲ့ကာ တခါမှမမြင်ဖူးတဲ့စွန့်စား​ရေးခရီးရှည်ကြီးဟာလည်း ပရိသတ်​ရှေ့​​မှောက်ကို​ရောက်လာခဲ့ပါ​တော့တယ်။File Size – 300MBQuality – 1080p WEB DL AAC2.0CHDuration –23m Total Episodes: 23EpisodeSubtitle – Myanmar HardsubFormat – Mp4Genre : Animation , Action , AdventureTranslator ...
8.195
TMDb: 8.195/10 141 votes
tv

Ranking of Kings (2021)

2021
DOTA: Dragon’s Blood – Season (01), (02), (03) 7.8
DOTA: Dragon’s Blood – Season (01), (02), (03) DOTA: Dragon's Blood - Season (01), (02), (03)==================================IMDb Rating - 7.8/10ကမ္ဘာကျော် ဂိမ်းတစ်ခုဖြစ်တဲ့ DOTA ထဲက ဟီးရီုးတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကာတွန်းစီးရီးတစ်ခု နက်ဖလစ်ကနေ ပြသလိုက်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ Dragon Knight ဒေဗီယံ ပဲဖြစ်ပြီး၊ သူ့ရဲ့ စွန့်စားခန်းတွေနဲ့ အခြားသော ဟီးရိုးတွေနဲ့ ပတ် သတ်မှုတွေကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ ရုပ်ထွက်တွေရော ဇာတ်လမ်းရော ကောင်း မွန်တာမို့ ဘာသာပြန်ပြီး တင်ဆက်ပေးထားပါတယ်။ အားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(400 MB) Quality...............WEBDL 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Animation, Action, Adventure Translator..........Mr.Anderson, d3mon Encoder..............SWM============================ CM VIP - LINK ============================= Zip File------------S1 - Yoteshin / Megaup / VIP  S2 - Yoteshin / ...
7.8
TMDb: 7.8/10 18000 votes
tv

DOTA: Dragon’s Blood – Season (01), (02), (03)

2021
Baymax! (2022) 7.4
Baymax! (2022) Babymax! (2022)ကျွန်တော်တိုရဲ့အချစ်တော် Big Hero 6 ကို ကာတွန်းတိုလေးတွေအဖြစ် ဇာတ်လမ်းအသစ်လေးတွေ တင်ဆက်လိုက်ပါပြီ။ စုစုပေါင်း ၆ ပိုင်းရှိပြီး အပိုင်းတိုင်းက ချစ်စရာပျော်စရာလေးတွေပါပဲ။ ကလေးတွေကို ပြဖို့လည်းသင့်တော်သလို လူကြီးတွေလည်းအပမ်းဖြေဖို သင့်တော်ပါတယ်။ ဒီထဲမှာတော့ ဘေးမက်စ် စက်ရုပ်ကြီးဟာ ပတ်ဝန်းကျင်မှာရှိတဲ့လူအားလုံးရဲ့ ကျန်းမာရေးပြဿနာတွေကို လိုက်ဖြေရှင်းပေးရင်း သူတိုဘဝတွေကိုပါ လမ်းမှန်ပေါ်ပိုပေးနေခဲ့ပါတယ်။ ဒီလိုနဲ့ ဘေးမက်စ်လည်း ဒုက္ခရောက်သွားတဲ့အချိန်မှာတော့ သူ ကူညီခဲ့ဖူးတဲ့လူအားလုံးပေါင်းပြီး ဘေးမက်စ်ကို ပြန်ကယ်တင်ဖိုကြိုးစားကြတဲ့အကြောင်းလေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော​့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Action & Adventure, Comedy, Kids Quality…. 1080p File size… 100 MB Format… mp4 Episodes ...6 Episodes Duration…. 8 min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... AugustVIP Link - Click Here!Episode 01 - Userdrive | ...
7.4
TMDb: 7.4/10 20 votes
tv

Baymax! (2022)

2022
The Boss Baby: Back in the Crib (2022) 6.9
The Boss Baby: Back in the Crib (2022) The Boss Baby: Back in the Crib (2022) ============================ IMDb Rating - 6.9/10အားလုံး ချစ်ကြတဲ့ Boss Baby ပြန်လာပါပြီ။ ဒီတစ်ခါမှာတော့ movie အနေနဲ့ မဟုတ်ဘဲ Series အနေနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ အပိုင်း (၁၂) ပိုင်း ပါဝင်မှာ ဖြစ်လို့ Boss Baby ရဲ့ စွန့်စားခန်းတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာပါ။ သီယိုဒို တန်ပယ်တင် ဟာ အရွယ်ရောက်ပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ ‌ငွေအလွဲသုံးစားမှုနဲ့ ချောက်ချခံလိုက်ရပြီး အက်ဖ်ဘီအိုင်ရဲ့ လိုက်လံ ဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ ကြံရာမရဖြစ်ပြီး ကလေးပြန်ဖြစ်စေတဲ့ ဖော်မြူလာကို သောက်ပြီး ကလေးအဖြစ် ပြန်လည်နေထိုင်ပါတော့တယ်။ ဒါ့အပြင် သီယိုဒိုတစ်ယောက် သူ့ အစ်ကိုဖြစ်သူ တင်မ်ရဲ့ အိမ်ကို ရောက်လာပြီး အတူတူ နေထိုင်ခွင့်တောင်းပါတယ်။ သို့သော် သီယိုဒိုဟာ အလွှဲသုံးစားမှုကို မဖြေရှင်းနိုင်သေးတဲ့ အချိန်ထိ ကလေးဘဝအဖြစ် နေဖို့အတွက် ...
6.9
TMDb: 6.9/10 1070 votes
tv

The Boss Baby: Back in the Crib (2022)

2022
Love, Death & Robots. 2019-2022 Season 1+2+3 Complete 8.2
Love, Death & Robots. 2019-2022 Season 1+2+3 Complete Love, Death and Robots (2019) (2021)သင်ဟာ Animation Crazyတစ်ယောက်လား။Spiderman; Into the Spiderverse ကို အရူးအမူးကြိုက်ခဲ့သူလား။ဒါဆိုရင်တော့ အခု နာမည်ကြီးနေတဲ့ Netflix က လွှင့်တဲ့Love, Death and Robots ဆိုတဲ့ Seriesလေးကို မဖြစ်မနေကြည့်သင့်ပါတယ်။Imdb Rating 9\10 ရထားတဲ့ Seriesပါ။တစ်ပိုင်းနဲ့တစ်ပိုင်းက ဇာတ်လမ်းတစ်မျိုးစီဖြစ်သလို ကြာချိန်တွေလည်း မတူညီကြပါဘူး။ခံစားစေရတဲ့ ရသတွေလည်း မတူညီကြပါဘူး။ဘယ်လိုဇာတ်လမ်းမျိုးတွေပါမလဲဆိုတာကတော့ နာမည်ထဲကအတိုင်းချစ်ခြင်းမေတ္တာတွေ သေဆုံးမှုတွေနဲ့ စက်ရုပ်တွေကိုအခြေခံထားတဲ့ ဇာတ်လမ်းမျိုးတွေပါ။တချို့အပိုင်းတွေဆိုရင် Gameဆော့နေရသလိုမျိုး ခံစားချက်ကိုပါ ပေးစေပါတယ်။အရမ်းညွှန်းနေရင် ပေါ့သွားမှာဖြစ်တဲ့အတွက် ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။Animationဆိုပေမဲ့ အသုံးအနှုန်းအကြမ်းတွေသွေးထွက်သံယိုအခန်းတွေ တစ်ပြုံကြီးပါတဲ့အတွက်ကလေးသူငယ်တွေကို မပြသင့်ပါဘူး။Animationကြိုက်တဲ့ပရိသတ်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ Seriesပါ။မသေခင်ကြည့်သွားသင့်သော Animation List သာရှိရင်ဒီ seriesက အဲဒီlistထဲပါမှာ ကျိန်းသေပါတယ်။Translator : Ye Man Aung , Mr.Anderson, ...
8.2
TMDb: 8.2/10 106 votes
tv

Love, Death & Robots. 2019-2022 Season 1+2+3 Complete

2019
Samurai Rabbit: The Usagi Chronicles (2022)
Samurai Rabbit: The Usagi Chronicles (2022) Samurai Rabbit: The Usagi Chronicles (2022)တရုတ်နောက်ခံ နာမည်ကြီးကာတွန်းကားလေးတွေ ထွက်ရှိပြီးနောက်ဒီတစ်ခါမှာတော့ Netflix ကနေ ဂျပန်နောက်ခံ ကာတွန်းစီးရီးလေးတစ်ခု ထွက်ရှိလာပြန်ပါပြီ။ဂျပန်နိုင်ငံကိုနောက်ခံထားပြီး ချစ်စရာတိရစ္ဆာန်လေးတွေနဲ့ ပုံဖော်ထားတဲ့ ဒီစီးရီးလေးမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က Yokai ဆိုတဲ့ မကောင်းဆိုးဝါးတွေထဲကအကြမ်းဆုံးတစ်ကောင်ကို MC Yuichi ရဲ့ ဘိုးဘေးဖြစ်သူ ဆာမူရိုင်း Miyanoto Usagi က သတ်ပစ်နိုင်ခဲ့ပါတယ်။  ဒီလိုနဲ့ Yuichi ဆိုတဲ့ ၁၆ နှစ်အရွယ် ယုန်ကလေးကဘိုးဘေးဆာမူရိုင်းရဲ့ လုပ်ဆောင်ချက်ကို အားကျလေးစားပြီးဆာမူရိုင်းဖြစ်လာဖို့အတွက် အိပ်မက်မက်နေပါတော့တယ်။ ဖြစ်ချင်တော့ Yuichi က စိုက်ပျိုးရေးရွာလေးတစ်ခုမှာ အန်တီနဲ့အတူ နေထိုင်ရတော့ ဆာမူရိုင်းဖြစ်ဖို့ဘာမှကြိုးစားခွင့်မရတဲ့အတွက် Neo Edo မြို့တော်ကိုသွားရဖို့ အန်တီကို ခွင့်တောင်းပါတော့တယ်။အန်တီဖြစ်သူက ဆာမူရိုင်းဖြစ်ချင်ရင် ဆရာရှာဖို့ မှာပြီး လွှတ်ပေးလိုက်ပေမဲ့လည်းYuichi တစ်ယောက် ကိုယ့်ကိုယ် အတော်ဆုံးလို့ ထင်မှတ်ပြီး ဆရာ မရှာတဲ့အခါ....မြို့တက်သွားပြီးတော့ ဘယ်လိုအရာတွေ ကြုံရမလဲ၊ ဘယ်လိုတလွဲတွေ ...

Samurai Rabbit: The Usagi Chronicles (2022)

2022
Pacific Rim: The Black (2022) Season 2 8.4
Pacific Rim: The Black (2022) Season 2 ကမ္ဘာမြေဟာ ခိုင်းဂျူး လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေရဲ့ ကျူးကျော်ခြင်းကို ခံနေရပါတယ်။လူသားမျိုးနွယ်ဟာ ခိုင်းဂျူးတွေကိုတိုက်ခိုက်ဖို့ ယေးဂါ လို့ခေါ်တဲ့လူပုံစံလက်နက်ကြီးတွေကို တီထွင်ခဲ့ကြပါတယ်။ ခိုင်းဂျူးနဲ့ ယေးဂါတို့ကြားက တိုက်ပွဲတွေကြောင့် မြို့တွေ တစ်မြို့ပြီးတစ်မြို့ပျက်စီးလာပြီးယေးဂါတွေလည်း တစ်စီးပြီးတစ်စီး ကျဆုံးလာတာကြောင့် မြို့ပျက်ကြီးမှာ ကျန်ရစ်ခဲ့တဲ့သူတွေကို ကူကယ်ဖို့ရာလဲ မတတ်နိုင်ကြတော့ပါဘူး။ တေလာနဲ့ ဟေလီတို့ မောင်နှမနှစ်ယောက်ဟာလည်း ကျန်ရစ်သူအချို့နဲ့အတူ ယေးဂါပိုင်းလော့တွေဖြစ်တဲ့မိဘနှစ်ပါးပြန်အလာကို စောင့်မျှော်နေကြပါတယ်။ တစ်နေ့မှာ "အက်လက်စ် ဖျက်ဆီးသူ" လို့ခေါ်တဲ့လေ့ကျင့်ရေးယာဉ်ကို ရှာတွေ့ပြီး မိဘနှစ်ပါးကို ရှာပုံတော် ထွက်ခဲ့ပါတယ်။ လမ်းခရီးမှာ ထူးဆန်းတဲ့ကလေးငယ်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ခရီးတစ်လျှောက် အတူခေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ဆုံပြီး ခိုင်းဂျူးတွေကို ပြန်လည်တိုက်ခိုက်နေချိန်မှာ ထူးဆန်းတဲ့ကလေးငယ်လေးဟာခိုင်းဂျူးအသွင်ကို ပြောင်းသွားခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့Pacific Rim: the Black Season 2 မှာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်း၊ ဇာတ်ကောင်ပိုင်းနဲ့ အက်ရှင်အခန်းတွေဟာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပြီးရင်တမမနဲ့ ကြည့်နေရမယ့်အပြင် rating ကလဲ IMDB ...
8.4
TMDb: 8.4/10 311 votes
tv

Pacific Rim: The Black (2022) Season 2

2021
The Croods: Family Tree Season 2 (2022) 7
The Croods: Family Tree Season 2 (2022) The Croods ; Family Tree (2022)Hulu က​နေ 2021 ခုနှစ် စက်တင်ဘာမှာထွက်ရှိထားတဲ့ The Croods : Family Tree ရဲ့ တိုက်ရိုက်အဆက်ပဲဖြစ်ပါတယ်။ တစ်ပိုင်းကို မိနစ် ၂၀ ကျော်ကြာမြင့်မှာဖြစ်ပြီး ၇ ပိုင်းတိတိ ထွက်ရှိထားပါတယ်။ခရုဒ်မိသားစုနဲ့ ဘတ်တာမန်းမိသားစုဟာ အခုဆိုရင် Farmဆိုတဲ့ ဘတ်တာမန်းမိသားစုပိုင်ခြံထဲက Tree Houseမှာ တူတူ​နေထိုင်ကြပါပြီ၊ အိမ်နီးချင်း​​တွေ တကျက်ကျက် ဖြစ်ရင် ခွီရတဲ့ထုံးစံအတိုင်း လူရိုင်းအကျင့်စရိုက်၊ အမူအကျင့်​တွေနဲ့ပဲ အသားကျ​နေ​သေးတဲ့ ခရုဒ်မိသားစုဝင်တို့ ဒီ​နေ့​​ခေတ်အသိဉာဏ်နဲ့ ယဉ်​ကျေးတဲ့စရိုက်ရှိတဲ့ဘတ်တာမန်းမိသားစုနဲ့မှ တူတူတွဲ​နေရတဲ့အခါမှာ​တော့ ​ ရေနဲ့ဆီလိုကွာ​နေတဲ့ ယဉ်​ကျေးမှုတွေကို​ ပြောင်းလဲညှိယူရင်း ပဋိပက္ခ​​ပေါင်းစုံဖြစ်လာပါ​​တော့တယ်....Croods Franchise ရဲ့ထုံးစံအတိုင်း ​​တောရိုင်းသဘာဝအလှအပနဲ့သားရဲ​ကောင်​ အထူးအဆန်းတွေပါမယ်၊ အ​ရေးကြီးရင် ​သွေးထက်ပျစ်တဲ့ မိသားစု​မေတ္တာ​တွေ၊ သူငယ်ချင်းသံ​ယောဇဉ်​တွေပါမယ်၊ ပြဿနာ​ပေါင်းစုံ​ကြောင့် ခွီလည်းခွီရမယ်၊ ရယ်လည်းရယ်ရမယ်၊ တစ်ပိုင်းချင်းစီမှာပေးချင်တဲ့ Message​တွေပါမယ်၊ Dreamwork ကုမ္ပဏီကပဲ ရိုက်ကူး​ပေးထားတယ်၊ ဒီ​လောက်ဆို Animationကြိုက်တဲ့ Cmပရိတ်သတ်​တွေ အဖို့ လက်မလွတ်သင့်တဲ့ Seriesဆိုတာ ​သေချာပါတယ်၊ Croodsမိသားစုရဲ့ ...
7
TMDb: 7/10 439 votes
tv

The Croods: Family Tree Season 2 (2022)

2021
Supernatural Academy (2022) 9
Supernatural Academy (2022) Supernatural Academy (2022)ဟယ်ရီပေါ်တာဇာတ်လမ်းမတိုင်ခင်ထဲက မှော်ကျောင်းတွေ၊မှော်ပညာတွေကိုအခြေခံတဲ့ ဇာတ်လမ်း၊ဝတ္ထုတွေဟာလူတွေကြားမှာခေတ်စားနေခဲ့တာပါ။ ခေတ်တွေအဆက်ဆက်ပြောင်းလာတာနဲ့အမျှ ဖန်တီးသူတွေကလည်းပရိသတ်တွေကိုအသစ်အဆန်းတွေချပြဖို့အမြဲကြိုးစားလေ့ရှိပါတယ်။Chilling Adventures of Sabrina, The Owl House, Fate: The Winx Saga စသဖြင့်မှော်အစွမ်းတွေ၊ မှော်ပညာတွေကိုအခြေခံတဲ့ Live action ရော Animated Series တွေကိုပါအမြဲဖန်တီးနေကြပေမယ့်လည်း လူငယ်တွေအကြိုက် မှော်ကျောင်းတော်ကြီးတွေနဲ့အဲဒီကကျောင်းသားလေးတွေရဲ့စွန့်စားခန်းတွေအကြောင်း ကာတွန်းဖြစ်စေ၊ တကယ့်ရုပ်ရှင်ဖြစ်စေ အခုထိရိုးမသွားသေးတာတော့အမှန်ပါပဲ။ဒီတစ်ခါ Supernatural Academy ဆိုတဲ့ ကာတွန်းဇာတ်လမ်းတွဲလေးကတော့ ယခုနှစ်မှ Season(1)ထွက်ရှိထားတာဖြစ်ပြီး အပိုင်း(16) ပိုင်းပါဝင်ပါတယ်။ နာမည်မှာထဲက အကယ်ဒမီဆိုတဲ့အတိုင်းပဲမှော်ကျောင်းကြီးတစ်ခုကိုအခြေခံထားပါတယ်။ တခြားဇာတ်လမ်းတွေနဲ့မတူတာကတော့သူတို့ကျောင်းဟာ မှော်ဆရာတွေ၊ စုန်းမတွေသက်သက်မဟုတ်ပဲ တခြားမှော်ဆန်တဲ့သတ္တဝါတွေပုံစံပေါင်းစုံနဲ့ပါဝင်နေတာပါ။ ပထမဆုံးအပိုင်းကိုကြည့်လိုက်ရင်တော့ ဇာတ်ကောင်တွေရဲ့ပုံစံတွေကကြည့်ရတာရိုးနေသလို ကလေးဆန်သလိုလိုထင်ရပေမယ့် တကယ်တမ်းဇာတ်လမ်းဇာတ်အိမ်ကခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာတော့လောလောဆယ် ဝက်ဝက်ကွဲအောင်မြင်တဲ့အနေအထားမျိုးမရောက်သေးပေမယ့် တစ်ချိန်မှာလူတွေပါးစပ်ဖျားရောက်လာမယ့်မှော်ကာတွန်းဇာတ်လမ်းတစ်ခုဖြစ်လာမယ်လို့ ပြောနိုင်တဲ့အဆင့်တစ်ခုမှာရှိပါတယ်။စာရေးဆရာမ Jaymin Eve ရဲ့ဝတ္ထုတွဲကိုကာတွန်းစီးရီးအဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပြီးစာအုပ်အနေနဲ့ကတော့ ငါးအုပ်ထွက်ရှိထားပါတယ်။ ဝတ္ထုကလည်းအထိုက်အလျောက်အောင်မြင်ပြီးသားဖြစ်တာကြောင့် ဇာတ်လမ်းကတော့မညံ့တာ အသေအချာပါ ။ ...
9
TMDb: 9/10 2 votes
tv

Supernatural Academy (2022)

2022
Arcane(2021) Complete 9.7
Arcane(2021) Complete နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကိုပရိသတ်တော်တော်များများ သိကြမှာပါ... ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်...ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ...ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်...အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်...ဒါကတော့ အခုတင်ဆက်ပေးမယ့် 'Arcane' ဆိုတဲ့ စီးရီးပါ... LOL အခြေတည်ရာကမ္ဘာကတော့Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်... ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ...ဒီ universe ကြီးကို ...
9.7
TMDb: 9.7/10 6 votes
tv

Arcane(2021) Complete

2021
Demon Slayer: Kimetsu no Yaiba (Season 2) 8.8
Demon Slayer: Kimetsu no Yaiba (Season 2) အညွှန်း -------------------Season 2 မှာတော့ လူသားစားတယ်လို့ နာမည်ကြီးနေတဲ့ Mugen ရထားကြီးဆီကို မစ်ရှင်လုပ်ဖို့ထွက်လာကြတဲ့ Tanjiro တို့အဖွဲ့ဟာ Flame Hashira ဖြစ်တဲ့ Rengokuနဲ့တွေ့ဆုံပြီး သူတို့အရင်ကတိုက်ခဲ့ဖူးတဲ့ မိစ္ဆာတွေထက်အဆင့်ပိုမြင့်တဲ့မိစ္ဆာနဲ့တိုက်ရမှာပဲဖြစ်ပါတယ် သားကောင်ကို အိပ်မောကျစေပြီးမှ တိုက်ခိုက်တဲ့မိစ္ဆာရဲ့လက်ကနေ Tanjiro တို့တစ်တွေဘယ်လို လွတ်မြောက်အောင်လုပ်ပြီး တိုက်ခိုက်ကြမလဲဆိုတာ....  Note:အဆုံးမဲ့ရထား အခန်း ရဲ့ ပြန်နွှေးတဲ့ အပိုင်းတွေကို ထပ်ပေါင်းထည့်ထားတဲ့ဇတ်ကွက်အသစ်တွေ သီချင်းသစ်တွေနဲ့အတူ တနင်္ဂနွေနေ့တိုင်းထုတ်လွင့်သွားမှာဖြစ်ပါတယ်။ အပိုင်း ၁-၂-၃ ကိုတော့ ဆက်တိုက်ထွက်ရှိထားပြီး အပိုင်း ၄ ကတော့ November 7 ကျမှထွက်ပါမယ် အဲဒီနောက်ကိုတော့ တစ်ပါတ်တစ်ပိုင်းနှုန်းနဲ့ဆက်လွှင့်ပါမယ်။ Recap အနေနဲ့ စုစုပေါင်း 7 ပိုင်းထိ ထွက်ရှိမှာဖြစ်ပြီး 8 ပိုင်းမြောက်ကို‌တော့ ဒီဇင်ဘာ 5 ရက်မှာလွှင့်မယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထွက်မဲ့အပိုင်းသစ်ကတော့ တစ်နာရီကျော်ကြာ အခန်းသစ် အပိုင်းသစ်နဲ့အနေနဲ့ စထွက်လာမှာဆိုတော့ စောင့်ကြည့်ရတာတန်မှာပါ။ အဲဒီနောက် အပိုင်းသစ်တွေကိုတော့ ဒီဇင်ဘာကနေစပြီး ဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး 2022 ထိရောက်သွားပါမယ်။ စီစင် ၂ အတွက်ကိုတော့ မန်းဂ ထဲက ‘ဆောင်ကြာမြိုင်ဝန်း’ အခန်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။  File Size ...
8.8
TMDb: 8.8/10 2904 votes
tv

Demon Slayer: Kimetsu no Yaiba (Season 2)

2019
Olaf Presents(2021) 7.4
Olaf Presents(2021) Olaf Presents (2021)=====================(mini စီးရီး အနေနဲ့ 5ပိုင်းအဖြစ်ထွက်ရှိထားပေမယ့်တစုတစည်းတည်းကြည့်လို့ရအောင်တပိုင်းတည်းအဖြစ်တင်ဆက်ပေးထားပါတယ် )Let it go, Into the Unknown စတဲ့သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့Frozen ကားလေးကတော့ လူတိုင်း သိပြီးဖြစ်မှာပါ။ ဒီကားလေးထဲမှာမှElsa, Anna တို့အပြင် လူတိုင်း ချစ်ခင်ကြတဲ့ မုန်လာဉနီနှာခေါင်းလေးနဲ့နှင်းလူသားလေး Olaf ကတော့ဖြင့် comback လာခဲ့ပြန်ပါပြီ။ Comeback တောင်ရိုးရိုး Comeback မဟုတ်ဘဲ Disney ရဲ့ သမိုင်းဝင်ကားတွေဖြစ်တဲ့The Little Mermaid, Moana, The Lion King, Aladdin,Tangled, Frozen စတဲ့ဇာတ်လမ်းတွေကို အတိုချုံးပြန်လည်တင်ဆက်တဲ့Olaf Presents ဆိုတဲ့ Mini Series လေးအဖြစ် ပြန်လည် ထွက်ပေါ်လာတာပါ။Olaf Presents မှာ အပိုင်း ၆ ပိုင်း ပါဝင်ပြီးတော့ တစ်ပိုင်းစီက Disney ကားဟောင်းတွေဖြစ်တဲ့"The ...
7.4
TMDb: 7.4/10 90 votes
tv

Olaf Presents(2021)

2021
Star Wars: Visions (2021) 7.6
Star Wars: Visions (2021) Star Wars: Visions (2021)================IMDb Rating - 7.1/10Star warလို့ဆိုတာနဲ့ မသိသူမရှိလောက်ဘူးထင်ပါတယ်။ Monsterတွေ Alien တွေကိုသာ အသားပေးရိုက်ကူးနေတဲ့ sci-fi နယ်ပယ်မှာ sci-Space fantasy ဇာတ်လမ်းအသွားအလာနဲ့ လမ်းဖောက်ပစ်ခဲ့ပြီး ရုပ်ရှင်လောကကိုကိုင်လှုပ်သွားခဲ့တဲ့ legendary sci-fiဇာတ်ကားပါ။ အခုထွက်ရှိလာတဲ့ Star War:Vision ကလည်း Animation Studioပေါင်းများစွာက အတော်ဆုံး Animation creators တွေကနေ ဖန်တီးထားတဲ့ animation short film seriesတစ်ခုဆိုတော့.... ဖန်တီးထားတဲ့ studio တွေကလည်း Kamikaze Douga , Trigger, Studio Colorido, Kinema Citrus, Science Saru, Production I.G စတဲ့ Japanese animeလောကမှာနာမည်ကြီးတဲ့ studios တွေကပူးပေါင်းရိုက်ကူးထားပြီး Disney+ကထုတ်လွှင့်ထားတာပါ။စတူဒီယိုပေါင်းစုံရဲ့လက်ရာတွေနဲ့ နာမည်ကြီး Love Death + Robots စီးရီးလို တစ်ပိုင်းကို animation စတိုင်တစ်မျိုးစီထူးခြားနေမှာပါ။ ပိုထူးခြားတာက ...
7.6
TMDb: 7.6/10 107 votes
tv

Star Wars: Visions (2021)

2021
Marvel’s Hit-Monkey (2021) 8.4
Marvel’s Hit-Monkey (2021) Marvel's Hit-Monkey (2021)====================IMDb Rating - 8.4/10Hulu ကနေ မာဗယ်ကာတွန်းတစ်ခုကို တင်ဆက်လိုက်ပါတယ်။ စုစုပေါင်း ဆယ်ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ခေါင်းစဉ်အတိုင်းပါပဲ။ မျောက်လူသတ်သမားပါ။ဆရာမျောက်ဟာ အစတုန်းကတော့ တောအုပ်ကြီးထဲက မျောက်အုပ်ထဲက ဉာဏ်ကောင်းတဲ့ မျောက်တစ်ကောင်သက်သက်ပါပဲ။ဒါပေမဲ့ သူတို့ဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာတဲ့ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားကို ကယ်တင်လိုက်မိပြီးနောက်မှာသူ့ဆီကနေ အတိုက်အခိုက်အသတ်အဖြတ် ပညာတွေ ရလာပါတယ်။ လူသတ်သမားနောက်ကို လိုက်သတ်လာတဲ့ လူတစ်စုကြောင့်သူ့ရဲ့ ဆွေမျိုးမျောက်တွေအကုန်သေပြီး လူသတ်သမားလည်း သေသွားတဲ့အခါ ဒီတာဝန်ကိုခိုင်းလိုက်တဲ့လူတွေကို ရေဆုံးမြေဆုံးကလဲ့စားချေဖို့ သေနတ်တွေဓားတွေကို ဆွဲပြီး ထွက်လာပါတော့တယ်။ မာဗယ်ကာတွန်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့အထာကျကျ ရိုက်ကူးထားတာမို့ အတော်လေးကြည့်လို့ကောင်းမှာ သေချာပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူကတော့  CM Team မှဖြစ်ပါတယ်။) Quality – 1080p Web-DL 5.1CHDuration – 30 mins (@Episode)Subtitle – Myanmar ...
8.4
TMDb: 8.4/10 1200 votes
tv

Marvel’s Hit-Monkey (2021)

2021
Maya and the Three(2021) Complete 8
Maya and the Three(2021) Complete Maya and the Three (2021)Netflix က ထွက်ရှိလာတဲ့ animation series တစ်ခု တင်ဆက်ပေးချင်ပါတယ်။Animation ဆိုပေမဲ့ ကလေးကြိုက်ဇာတ်လမ်းမျိုးမဟုတ်ဘဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာမို့သေချာပေါက် ကြည့်ရှုခံစားသင့်တဲ့ series လေးပါအညွှန်းလေးကို ဆက်လက်ဖတ်ရှုပေးပါဦး။ရှေးလူကြီးတွေ ထားခဲ့တဲ့ ဗျာဒိတ်တော်အရဧရာမလင်းယုန်ကြီးတစ်ကောင်နဲ့ ရဲရင့်သောဂျာဂွာသုံးကောင်သာလူ့လောကကြီးကို ကယ်တင်ဖို့အတွက် အမှောင်နတ်ဘုရားကိုရှင်းလင်းသုတ်သင်နိုင်ပါလိမ့်မယ်တဲ့။တက်ကာပြည်ကြီးရဲ့ မင်းသမီးတစ်ပါးဖြစ်သူ မာယာဟာထိုလင်းယုန်ကြီးအဖြစ် တိုက်ခိုက်နိုင်ဖို့ စစ်သူရဲကောင်းဖြစ်ချင်နေပါတယ်။မင်းသမီးတစ်ပါးလို မပြုမူနိုင်ဘဲ တိုက်ခိုက်ဖို့ကိုသာ စိတ်ပါနေတဲ့အတွက်မင်းသမီးအဖြစ် နန်းတက်ရမဲ့နေ့မှာပဲ မိခင်ဖြစ်သူ ဘုရင်မကြီးနဲ့ကတောက်ကဆဖြစ်ပြီး မတတ်သာတဲ့အဆုံး နန်းတက်ပွဲကို လက်ခံလိုက်ရတယ်။ပွဲတော်ကျင်းပနေတုန်းမှာပဲ အမှောင်မြေအောက်တိုင်းပြည်ကသံတမန်တစ်ယောက်ရောက်ရှိလာပြီးမင်းသမီးကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းပါတော့တယ်။ဒါကို ဘယ်လိုတားဆီးပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့CM ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုသင့်ပါတယ်။အပိုင်း ၉ ပိုင်း ပါဝင်ပြီး IMDB 8.5 ရရှိထားပါတယ်။လှပ သစ်ဆန်းလှတဲ့ animation ရိုက်ချက်တွေကြောင့်စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားထားပါတယ်။ File Size ...
8
TMDb: 8/10 1 votes
tv

Maya and the Three(2021) Complete

2021
Dug Days (2021) Complete 7.7
Dug Days (2021) Complete IMDb Rating (8.4)Up 2009 ကာတွန်းဇာတ်ကားထဲက အဘိုးကြီး Carl ရဲ့ ငယ်ချစ် Ellie အပေါ်ထားတဲ့ချစ်မေတ္တာဟာ ခုထိပြောစမှတ်ပြုစရာပဲမလားCarl အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ed Asner ကတော့ 29-8-2021 လွန်ခဲ့တဲ့လကပဲ ဆုံးသွားခဲ့ပြီ..သူဆုံးသွားပေမယ့် သူ့ဇာတ်ကောင်ရဲ့မေတ္တာတွေက Movie ချစ်သူတွေကြား ထာဝရ ရှင်သန်နေမှာပါ...ဒီစီးရီးလေးမှာ Carl တစ်ယောက် ရေတံခွန်ကခေါ်လာတဲ့ခွေးလေး dug နဲ့အတူအိမ်အသစ်လေးမှာ ဖြတ်သန်းနေတဲ့ ဘဝနေဝင်ချိန်လေးတွေကို တွေ့ရမှာပါဘယ်လောက်ကြာကြာ ချစ်ဇနီး ellie ကို မေ့မရခဲ့တဲ့ Carl အတွက်စကားပြောတတ်တဲ့ ခွေးလေး Carl ဟာ ဘဝအဖော်မွန်ပါပဲမေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်ပါတယ်ဆိုတာ Disney ထုံးစံအတိုင်းပါးပါးလေး ပြပေးဦးမှာပါကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သစ္စာရှိပုံတွေ ပတ်ဝန်းကျင်က တိရိစ္ဆာန်လေးတွေကို ကြင်နာသနားသင့်တာတွေသံယောဇဉ် မေတ္တာတရားကို တိုတိုနဲ့ ထိထိမိမိဖော်ပြထားတဲ့ ဒီစီးရီးဟာခံစားတတ်သူတွေ အတွက် မျက်ရည်ဝဲ‌လောက်စရာဇာတ်ဝင်ခန်းတွေ..ကြောင်နဲ့ကြွက်ကားထဲကလို ခွေးလေး Dug ...
7.7
TMDb: 7.7/10 104 votes
tv

Dug Days (2021) Complete

2021
The Legend of Nezha (2003)
The Legend of Nezha (2003) The Legend of Nezha (2003) နီကျား လို့ကြားလိုက်တာနဲ့ ..... ကွင်းလေးကိုင် မီးဖိနပ်စီးထားတဲ့ ကောင်လေးကိုပြေးမြင်မိကြမှာပါ။ ဒဏ္ဍာရီမှာတော့ ဆိုးလွန်းလို့ .... အဖေနဲ့တောင်ပြန်စစ်ခင်းရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီ Animation Series မှာတော့ ..... နီကျားလေး မွေးဖွားချိန်ကစပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့သူတွေကို အချိတ်ဆက်မိမိနဲ့ ဇာတ်လမ်းတစ်ခုချင်းစီ ချိတ်ဆက်ထားတာမို့ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။ 90'Born တွေ အတွက် ငယ်ဘဝ အလွမ်းပြေဖြစ်သလို .... အခုခေတ် ကလေးတွေလည်း ကြည့်လို့ မရိုးသေးမယ့် ကာတွန်းဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ ဘာသာပြန် နဲ့ Review ကတော့ Lwin Htoo Aung ပဲ ဖြစ်ပါတယ်။ 480 p ဆိုပေမယ့် အတော်ကို ကြည်တဲ့ ဗားရှင်းမို့ စိတ်မပျက်စေရပါဘူး။ File size… 230 MB Quality…. 480p Format…mp4 Duration…. 22 min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Htoo Aung Encoder ..... August Episode 01 ...

The Legend of Nezha (2003)

2003