Channel Myanmar

Bollywood

Puli Meka(2023)
Puli Meka(2023) Puli Meka (2023)IMDb 6.8/10ဒီတစ်ခေါက်ထွက်ရှိလာတာကတော့ စုံထောက်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေကို အရမ်းအကြိုက်တွေ့စေမယ့် လှည့်ကွက်တွေ ဇာတ်လမ်းအကွေ့အပြောင်းတွေအမျိုးမျိုး ပါဝင်ပြီးThrillerဆန်ဆန်ထွက်ရှိလာတဲ့ Puli Mekaပဲဖြစ်ပါတယ် မင်းသားချော Aadi Saikumar နဲ့ မင်းသမီးချောလေး Lavanya Tripathi တို့ အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်စိတ်ပညာဆိုင်ရာ မှုခင်းပညာရပ်မှာ မာစတာရထားတဲ့ လေ့ကျင့်ရေးအရာရှိရဲမေ ကီရန်ပရာဘတ်ဟာ ထက်မြက်ပြီးကျရာတာဝန်ကိုလက်မနှေးထမ်းဆောင်တတ်သူ တစ်ယောက်ဖြစ်ပါတယ် သူ့ကိုတာဝန်ပေးအပ်လိုက်တဲ့ အမှုမှန်သမျှကိုလည်း အချိန်တိုအတွင်းဖြေရှင်းနိုင်တာမို့ အထက်လူကြီးရဲ့အားကိုးယုံကြည်မှုကို ရထားသူလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်း မှုခင်းဆေးပညာကျွမ်းကျင်သူခေါင်းဆောင်ဖြစ်တဲ့ ပရာဘာကာရှာမာက ချက်ဆိုနားရွက်က မီးထတောက်တဲ့အထိ ဉာဏ်ကောင်းပြီး သူ့တာဝန်ကိုအာရုံစိုက်တတ်တာကြောင့် အထက်လူကြီးရဲ့ယုံကြည်အားကိုးခြင်းကို ခံထားရသူတစ်ယောက်ပါတခြားဇာတ်လမ်းတွေနဲ့မတူပဲ အနည်းငယ်ကွဲပြားနေတာက ဇာတ်လမ်းအများစုမှာမင်းသားကရဲဖြစ်ပြီး မင်းသမီးကဆရာဝန်ဖြစ်ပေမယ့် ဒီဇာတ်မှာကတော့ မင်းသားကမှုခင်းဆရာဝန်ဖြစ်ပြီး မင်းသမီးကရဲဖြစ်ပါတယ်ဒီလိုနဲ့မတူညီတဲ့နယ်ပယ်တွေမှာတာဝန်ထမ်းဆောင်နေကြတဲ့ သူတို့နှစ်ယောက်ကိုဆုံစည်းစေမယ့် လူသတ်မှုတစ်ခုက တစ်နေ့မှာပေါ်လာပါတော့တယ် ဒီလူသတ်မှုမှာလူသတ်သမားရဲ့ ထူးခြားချက်က သူ့ရဲ့သားကောင်ကရဲအရာရှိတွေဖြစ်ပြီး ရဲတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ပါဒီကိစ္စကိုအစပြုပြီး သူတို့နှစ်ယောက်တွဲဖက်ကာ ဒီကွင်းဆက်လူသတ်သမားမှုကို စုံစမ်းရင်းမထင်ထားတဲ့ အလှည့်အပြောင်းတွေ သဲလွန်စတွေထွက်ပေါ်လာတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ သူတို့လိုက်ရှာနေတဲ့တရားခံက ဘာအကြောင်းကြောင့်နဲ့ ရဲအရာရှိတွေကိုပစ်မှတ်ထားနေတာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ...

Puli Meka(2023)

2023
Rana Naidu (2023) 8.1
Rana Naidu (2023) Rana Naidu (IMDb 7.4/10) **************************ဘာဟူဘလီရဲ့ ဗီလိန်ကြီးဘလ်လားလ်ဒေ့ဗ် ရာနာဒက်ဂူဗာသီ နဲ့ Drushyam (Telugu Version)မင်းသားကြီး ဒက်ဂူဗာသီ ဝမ်န်ကာတေးရှ် တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ rating ကောင်းကောင်း cast အလန်းနဲ့ အက်ရှင်ကားကောင်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်....ဇာတ်လမ်း အကျဉ်း ရာနာနိုင်ဒူဆိုတာ ‌ဆယ်လီတွေလောကမှာ ပြသနာမှန်သမျှ ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးပါ အတွင်းရေးတွေလူသိမခံချင်ဘူးလား ရွှေကြာတွေခေါ်ပျော်ပါးတာ လူမိသွားလို့တိုင်ပတ်နေတာလား မယားငယ်ထားပြီးတိုင်ပတ်နေလား ရာနာဆီဖုန်းတစ်ချက်ဆက်လိုက်ရုံပါပဲ.. အချိန်မရွေးပေါ့ ၂၄ နာရီ ဝန်ဆောင်မှုပါ..... သူ့မှာ ညီတစ်ယောက်အကိုတစ်ယောက်ရှိပါသေးတယ် သူတို့ညီအကိုသုံးဖော်ရဲ့အဖေက အခုမှထောင်ကလွတ်လာတာပါ ရာနာကသူ့အဖေဆိုမျက်နှာချင်းတောင်မဆိုင်ချင်လောက်အောင် မုန်းတာပါ အဲဒီတော့ သူ့အဖေထောင်ကထွက်လာတဲ့အခါမှာ ဆရာကောင် ရာနာနဲ့ ဘာပြသနာတွေတက်မလဲ သူ့အဖေကရော ဘာလို့ထောင်ကျသွားတာလဲ အရင်ကရော ဘာတွေဖြစ်ခဲ့လဲ ခုလဲဘာဆက်ဖြစ်မလဲဆိုတာ တစ်ဝကြီးကြည့်ရှုရမဲ့ အဖေနဲ့သားများ ဂန်းစတားအထာဇာတ်လမ်းလေး ဖြစ်ပါတယ်Netflix series ဖြစ်တာနဲ့အညီ ဆက်တင်အလန်း ရိုက်ချက်အလန်း အက်ရှင်ခန်းအလန်းတွေအပြင်အသုံးအနှုန်းတချို့ဇာတ်ကွက်တွေကလဲ ဆယ့်ရှစ်အပေါင်းမက နှစ်ဆယ့်တစ်အပေါင်းနီးပါးမို့မိသားစုနဲ့အတူ မကြည့်ရှုသင့်ကြောင်းတော့ ကြိုတင်သတိပေးလိုက်ပါရစေ။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 50mTotal Episodes:Subtitle – ...
8.1
TMDb: 8.1/10 8 votes
tv

Rana Naidu (2023)

2023
The Romantics(2023) 7
The Romantics(2023) The Romantics 2023IMDb-8/10အမီတာဘဂျမ်း ရှာရွတ်ခန်း ဆယ်လ်မန်ခန်း ကာဂျိုးလ် ရန်ဘီးကပူး အာမီခန်း ရီသိက် ကတ်တရီးနား ရာနီး ရန်ဗီးဆင်းဂ် တို့လို နာမည်ကြီးအနုပညာရှင်ပေါင်းများစွာလာရောက်ပြီး သူတို့ရိုက်ခဲ့ဖူးတဲ့ကားတွေအကြောင်း အိန္ဒိယရုပ်ရှင်လောကသမိုင်းမှာ သူတို့ကိုယ်တိုင်ကြားသိကြုံတွေ့ခဲ့ရတာတွေကိုစုံစုံလင်လင်သိမြင်ခံစားရမယ့် Docuseries လေးခံစားကြည့်ပါဦး"အိန္ဒိယရုပ်ရှင်အကြောင်းပြောမယ်ဆိုရင် Deewar ရုပ်ရှင်အကြောင်း မပြောလို့မရဘူး"လို့ ပြောစမှတ်ပြုရလောက်တဲ့ Deewar ရုပ်ရှင်ဖန်တီးရိုက်ကူးခဲ့သူတွေရဲ့ စကားတွေ အောင်မြင်လွှမ်းမိုးခဲ့ပုံတွေ၂၀၁၈မှာ သေဆုံးခဲ့ရတဲ့ ရှရီးဒေဗီရဲ့ အအောင်မြင်ဆုံးကားဖြစ်ခဲ့တဲ့ ချန်ဒနီရုပ်ရှင်ရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်တွေစတဲ့ ဇာတ်လမ်းပေါင်းများစွာရဲ့ နောက်ကွယ်ကအကြောင်းရင်း ဖန်တီးသူအနုပညာရှင်တွေရဲ့ ဖန်တီးဖြစ်ခဲ့တဲ့စိတ်ကူးတွေ အဲဒီချိန်ကရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်အိန္ဒိယအချစ်ဇာတ်လမ်းရုပ်ရှင်တွေရဲ့ ကနဦးထုတ်လုပ်ရေး Yash Raj Films ဖြစ်တည်လာပုံနဲ့ ယာ့ရှ်ချိုပရာရဲ့ ဘ၀ဇာတ်ခုံ ၊ ယာ့ရှ်ရဲ့ အစ်ကိုကြီးဘီအာချိုပရာစတင်တည်ထောင်လိုက်တဲ့ ရုပ်ရှင်လုပ်ငန်းတစ်ခုကို ယာ့ရှ်ချိုပရာက အချစ်ဇာတ်လမ်းတွေနဲ့ပိုမိုထိုးဖောက်အောင်မြင်ခဲ့ပြီး သူ့ရဲ့သားအာဒီချိုပရာက လူငယ်တွေလိုချင်တမ်းတနေတဲ့ ရုပ်ရှင်တွေကို ဖန်တီးရိုက်ကူးခဲ့တဲ့အကြောင်းတွေ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းတိုးတက်အောင်မြင်ခဲ့ပုံတွေဘောလိဝုဒ်ရုပ်ရှင်လောကမှာလူပြောများတဲ့ ‌ဆွေမျိုးကောင်းစားရေးဝါဒီဆိုတာရော တကယ်လား တကယ်ရော ဆွေကြီးမျိူးကြီးဖြစ်တာနဲ့အောင်မြင်နိုင်သ‌လားဆိုတာကို ရုပ်ရှင်သရုပ်ဆောင်တစ်‌ယောက်ကိုစံထားရှင်းပြသွားတာကိုပါ သိရမှာဖြစ်ပါတယ်လက်ရှိမှာအောင်မြင်နေသူတွေရဲ့ ဘ၀အစမှာ ခံစားဖြတ်သန်းခဲ့ရပုံတွေ ၊ သူတို့‌တွေလည်းတစ်ချိန်ကကိုယ်တွေလိုပဲ ခံစားခဲ့ရတာပါလားဆိုတာကိုကြည့်ပြီး စိတ်ခွန်အားတွေယူနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ဘာကားကြည့်ရမလဲလို့ အမြဲမေးနေတဲ့ CM ပရိသတ်ကြီးတွေအတွက်လည်း ဘယ်ကားတွေကိုဘာကြောင့်ကြည့်ရမလဲဆိုပြီး ဒီထဲမှာ သရုပ်ဆောင်တွေဒါရိုက်တာတွေထုတ်လုပ်သူတွေက ...
7
TMDb: 7/10 4 votes
tv

The Romantics(2023)

2023
Taj: Divided by Blood (2023)
Taj: Divided by Blood (2023) Taj: Divided by Blood (2023) History IMDb 7.9/10 (2.6K)အခုတစ်ခါမှာတော့ အိန္ဒိယရာဇဝင်စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။ဒီစီးရီးလေးက ၁၆ရာစုအတွင်း အိန္ဒိယနိုင်ငံမှာ ဩဇာအရှိန်အဝါကြီးမားခဲ့တဲ့ မဂိုအင်ပါယာ ဧကရာဇ်မင်းကြီး အက်ကဘရ်နဲ့ သားတော်၃ပါးဖြစ်တဲ့ ဆလင်းမ် မူရားဒ်နဲ့ ဒါနီယားလ်တို့ရဲ့စစ်ပွဲအောင်နိုင်မှုတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးလေးတစ်ခုဖြစ်ပြီး မဂိုအင်ပါယာကြီးရဲ့အမှောင်ဘက်ခြမ်းကိုလည်း အကွက်ကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒီဇာတ်လမ်းထဲမှာ အန္တရာယ်များတဲ့နိုင်ငံရေးလောကအကြောင်း..ကဗျာဆန်တဲ့အလှတရားတွေ..ရမ္မက်ပြင်းထန်တဲ့ ချစ်ကြည်နူးမှုတွေ..သွေးအေးအေးနဲ့သစ္စာဖောက်မှုတွေနဲ့ သွေးချောင်းစီးမှုတွေအကြောင်းကို ဖေါ်ပြထားပါတယ်။မဂိုအင်ပါယာကြီးအတွင်းရှိ ဇာတ်ကောင်တစ်ခုချင်းစီရဲ့အရှုပ်တော်ပုံတွေကိုပါ ဖြည်ပြထားတာမို့ ဗဟုသုတရမယ့်အပြင် မင်းဆက်ပေါင်းများစွာနဲ့အောင်မြင်ချိန် ကျရှုံးချိန်တွေကိုပါ ရိုက်ကူးတင်ဆက်ပြသထားပါတယ်။အလှတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို သိမြင်ချင်ရင်တော့ ဒီဇာတ်လမ်းလေးကို ရှုစားတော်မူကြပါဦးနော်။Quality : 1080p / 720pTotal Episodes : 10EpsFormat : mp4Genres : HistoryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated by BpL~Taylor ~ Yunni~ThaikSan~Khin KhinEncoded by YK 720p Episode 1 - ...

Taj: Divided by Blood (2023)

2023
Engga Hostel (2023) 2
Engga Hostel (2023) Engga Hostel (2023)IMDb-6.4/10အဆောင်တစ်ခုမှာ လူတိုင်းကိုအနိုင်ကျင့်တတ်တဲ့ bully တစ်ကောင် အူကြောင်ကြားနဲ့ဂေါက်နေတဲ့တစ်ကောင် နေရာတကာဆရာလိုက်လုပ်တတ်တဲ့ စဆရက တစ်ကောင် စသည်စသည်ဖြင့် မတူညီတဲ့ ဆဌဂံ ဗဟုဂံထောင့်တွေလို မတစ်ထောင်တစ်ကောင်ဘွား ကျောင်းသားတွေရှိကြမှာပါယခုဇာတ်ကားလေးထဲမှာလည်းအဆောင်နေအင်ဂျင်နီယာကျောင်းသားတွေရဲ့ လူငယ်ဘဝ အချစ် ပညာရေး ‌လိင်မှုရေးရာ အရာအားလုံးကို စူးစမ်းသိချင်နေတဲ့ကျောင်းသားလေးတွေအကြောင်းပါ သူတို့ရဲ့ စူးစမ်းမှုတွေနဲ့ မတူညီတဲ့လူပေါင်းများစွာစုပေါင်းထားတဲ့ ပတ်ဝန်းကျင်အသစ်ရဲ့ရိုက်ခတ်မှုတွေကို တင်ဆက်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်American pie အိန္ဒိယဗားရှင်းဆန်ဆန်မို့ ဟာသလေးတွေက ရိုင်းသလိုဖြစ်နေပေမယ့် သဘာဝကျကျနဲ့ ရယ်နေရမှာပါ ကျောင်းသားဘဝသရုပ်‌ဖော်စီးရီးဇာတ်ကားလေးကို ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်( လိင်မှုရေးရာစကားလုံးများပါ၀င်တာကြောင့် မိသားစုနှင့်အတူ ကြည့်ရှူရန်မသင့်ပါ)Quality : 1080p / 720pTotal Episodes : 5EpsFormat : mp4Genres :Comedy , DramaDuration : 34minSubtitle : Myanmar Subtitle ( Hardsub )Translated by CM Bollywood TeamEncoded by YK 720p Episode 1 - Yoteshin / Userdrive ...
2
TMDb: 2/10 1 votes
tv

Engga Hostel (2023)

2023
Naxalbari (2020) Complete 6
Naxalbari (2020) Complete Naxalbari (2020) Action, Crime, Thriller IMDb 7.1/10 (4.7K)အခုတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကလည်း Court Martial မင်းသား ရာဂျစ်ခန်ဒေးဝါးရဲ့စီးရီးလေးပဲဖြစ်ပါတယ်။တောတွင်းတစ်နေရာမှာ သတ္တုတွင်းစက်ရုံတည်ဆောက်ဖို့အတွက် ကုမ္ပဏီတစ်ခုက ကြိုးစားနေပါတယ်။ဒါပေမဲ့ ဒေသခံတွေက အဲ့ဒီစက်ရုံကို ကန့်ကွက်နေကြတယ်။အဲ့ဒီဒေသသူပုန်တွေကလည်း သူတို့နယ်မြေကို အပါမခံနိုင်တဲ့အတွက် တော်လှန်ရေးတွေ လုပ်ကြတယ်။ လူထုထဲမှာ သူတို့ရဲ့သူလျှိုတွေကို ထည့်ထားတယ်။ ဒီသူပုန်ဂိုဏ်းကို ထိပ်တန်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ရာဟက်ကို ဖြိုခွင်းဖို့ တာဝန်ပေးလာတဲ့အခါမှာတော့...။သူပုန်တွေရဲ့သူလျှိုတွေက ရဲအရာရှိရာဟက်ဆီကို ဘယ်လိုချဉ်းကပ်လာမလဲ။ရာဟက်က သစ်တောထဲက သူပုန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ။ သူ့ရဲ့အနီးဆုံးရန်သူက ဘယ်သူဖြစ်လာမလဲ။သူပုန်တွေကို လျှို့ဝှက်ထောက်ပံ့ပေးနေတဲ့သူတွေကရော ဘယ်သူတွေဖြစ်နေမလဲဆိုတဲ့ လှည့်ကွက်ပေါင်းများစွာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် စီးရီးတွဲလေးပဲဖြစ်ပါတယ်။File Size – 500MB/ 200MBQuality – 1080p Zee5 WEB DL / 720pDuration – minute (@Episode)Total Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6
TMDb: 6/10 1 votes
tv

Naxalbari (2020) Complete

2020
Jeet Ki Zid (2021)Complete 6.5
Jeet Ki Zid (2021)Complete Jeet Ki Zid (2021) Action, Drama IMDb 8.3/10 (2.5K)ဒီဇာတ်လမ်းတွဲလေးကတော့ အိန္ဒိယနိုင်ငံတော်စစ်တပ်ရဲ့အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ဖြစ်တဲ့ ဒီပ်ဆင်းဆန်ဂရ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးတင်ဆင်ထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ဒီပ်ဟာ ငယ်စဉ်ကတည်းက အားနည်းတယ်။ ဒါပေမဲ့ ခေါင်းမာတယ်။ သူဖြစ်ချင်တာကို ရအောင်လုပ်တတ်တယ် မှန်တယ်ထင်ရင် စွန့်စားတယ်။ငယ်ငယ်က အစ်ကိုဖြစ်သူကို ကက်ရှမီးဒေသက အကြမ်းဖက်သမားတွေ ဖမ်းသွားလို့ လက်စားချေဖို့ တပ်ထဲဝင်လာတယ်။တပ်ထဲဝင်လာတော့လည်း လူအများမလုပ်နိုင်တဲ့ စံချိန်တွေ ချိုးတယ်။ စစ်မြေပြင်အတွင်းမှာဆိုရင်လည်း အထက်အမိန့်မကြည့်ဘဲ အခြေအနေအချိန်အခါကို တွက်ဆပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ်။ဒီလိုစစ်သားတစ်ယောက်ရဲ့စစ်မြေပြင်မြင်ကွင်းတွေအပြင် ဘဝရဲ့အနိမ့်အကျအလှည့်အပြောင်းတွေမှာလည်း သူ ဘယ်လိုရုန်းကန်နေထိုင်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။File Size – 700MB / 400MBQuality – 1080p Zee5 WEB DL / 720pDuration – 40minsTotal Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & ...
6.5
TMDb: 6.5/10 2 votes
tv

Jeet Ki Zid (2021)Complete

2021
Ayali(2023) 6
Ayali(2023) Ayali (2023)IMDb-8.9/10၁၄ ရာစုက ပန်နီယာဆိုတဲ့ရွာလေးဟာ အာရာလီအရှင်မရဲ့ကောင်းချီးပေးမှုတွေနဲ့ သာယာ၀ပြောနေခဲ့တယ် အပျိုစင်နတ်ဘုရားမဖြစ်တဲ့အတွက် အပျိုစင်မိန်းကလေးတွေသာ ထိတွေ့ဆုတောင်းခွင့်ရတဲ့အချိန်မှာ အပျိုစင်တစ်ယောက်ဟာ သူ့ကျောင်းတော်လာရင်း တစ်ခြားရွာက လူတစ်ယောက်နဲ့ ချစ်ကျွမ်း၀င်ပြီး ရွာကထွက်ပြေးခဲ့လို့အမျက်ထွက်ပြီး ရွာကပ်ဘေးဆိုက်ပျက်စီးခဲ့ရတယ်ရွာသစ်ပြန်တည်ပြီးချိန်မှာတော့ ဒီလိုမျိုးထပ်မဖြစ်ရဖို့ ရွာမှာရှိတဲ့ မိန်းကလေးတွေကို အပျိုဖော်၀င်တာနဲ့ပေးစားခဲ့ကြတယ် အဲဒီချိန်တည်းက နှစ်ပေါင်း ၅၀၀ ကြာပြီးသည်ထိ ဒါကိုအစဉ်အလာတစ်ခုလိုထိန်းသိမ်းလာခဲ့တယ်တိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ အိမ်ထောင်တစ်ခုကို စောစောစီးစီးမထူထောင်ချင်သူ ပညာဆက်လက်သင်ကြားချင်သူ မိန်းကလေးတွေရှိလာချိန်မှ....ယခုဇာတ်ကားလေးဟာအိန္ဒိယရုပ်ရှင်ဇာတ်ကားတို့ ထုံးစံအတိုင်း စနစ်တွေ ထုံးတမ်းတွေကို ထိထိမိမိတိုက်ခိုက်ဝေဖန်ထောက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ယခုကားထဲမှာ ကျားမလူတန်းစားခွဲခြားမှု ရှေးရိုးစွဲအစဉ်အလာများကို မျက်ကန်းဖက်တွယ်မှုတွေကို အကွက်ကျကျထည့်သွင်းဖော်ပြဝေဖန်ထားပါတယ်တိုးတက်ပြောင်းလဲချင်သူတွေနဲ့ အစဉ်အလာကိုပဲ ဆက်လက်ထိန်းသိမ်းချင်သူတွေကြား ဘယ်လိုတွေအားပြိုင်အနိုင်ယူကြမလဲ ခံစားကြည့်ပါဦးQuality –1080p / 720pDuration – 35mTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – Sai Thu Rein ~ BpL ~ Yunni ~ Yoon CherryEncoder – YK 720p Episode 1 - Yoteshin / Userdrive ...
6
TMDb: 6/10 2 votes
tv

Ayali(2023)

2023
The Night Manager (2023)
The Night Manager (2023) The Night Manager (2023) Crime IMDb 8.1/10အခုတစ်ခါမှာတော့ CM ကနေ အပိုင်း၄ပိုင်းပါဝင်တဲ့ ဘောလီးဝုဒ်စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။ဒီစီးရီးလေးမှာ ပျိုမေတို့အသည်းစွဲ မင်းသားချောလေး အာဒစ်သယားရွိုင်းကပူး..မအိုဆေးသောက်ထားတယ်လို့ ပြောစမှတ်တွင်လောက်အောင် နုပျိုနေတဲ့ မင်းသားကြီး အနီလ်ကပူး.. မင်းသမီးချောလေး ဆိုဘီသားဒူလီပါလားတို့က အဓိကနေရာကနေ သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းကတော့စိတ်ဝင်စားစရာပါ။မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က လူမျိုးရေး ပဋိပက္ခနဲ့ လက်နက်မှောင်ခို လောဘသားတို့ရဲ့ဆက်နွယ်မှုတွေအကြောင်းပါ။ လူမျိုးရေးပဋိပက္ခကြောင့်ရှုပ်ထွေးနေချိန် ကြားထဲကနေ အမြတ်ထုတ်ချင်တဲ့ ဝိသမလောဘသားတစုဟာ လက်နက်မှောင်ခိုလုပ်ဖို့ကြံလာပါတယ်... အဲ့ဒီ လောဘသားတစုရဲ့လုပ်ရပ်ကြောင့်ပဲ အကျိုးဆက်ဆိုးကျိုးတွေဖြစ်လာပုံကို အသည်းတလှပ်လှပ်နဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုသွားရမယ့် ဘောလိဝုဒ်ဇာတ်လမ်းတွဲကောင်းတခုပဲဖြစ်ပါတယ်File Size –  1GB / 500MBQuality – 1080p WEB DL / 720pDuration – 47minsTotal Episodes:Subtitle – Myanmar HardsubFormat – Mp4Genre : Crime, DramaTranslator –BpL~ Taylor~Yunni~Khin KhinEncoder – YK  720p Episode 1 - Yoteshin / Userdrive / Megaup / Streamvid Episode 2 ...

The Night Manager (2023)

2023
Kaali(2018) 9
Kaali(2018) Kaali (2018) Thriller IMDb 7.1/10အခုတစ်ခါမှာလည်း Zee5 စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။ကာလီဆိုတဲ့ အမျိုးသမီးဟာ အနေအထိုင်ဆင်းရဲပြီး ယောက်ျားဖြစ်သူကလည်း ဆေးရောင်း မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်..အိမ်ပြန်လာရင်လည်း ပြဿနာအရှုပ်ထုပ်တွေ သယ်လာလေ့ရှိပါတယ်။သူ့မှာ ဆန်နီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။သားဖြစ်သူကလည်း စာမကြိုးစားဘဲ အဖေ့ခြေရာနင်းဖို့ ကြိုးစားနေပါတယ်။ ရုတ်တရက်ကြီး သားဖြစ်သူဟာ အရှုပ်ထုပ်တွေနဲ့ ပတ်သက်မိရင်း မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ခွဲစိတ်ကုသဖို့ ငွေလိုလာတော့ ဆင်းရဲညစ်စုတ်တဲ့ဘဝမို့ သူမအတွက် မတတ်နိုင်ခဲ့ပါဘူး။ ရသမျှနည်းလမ်းနဲ့ ရသလိုရှာလာတဲ့အခါမှာတော့ မူးယစ်ဂိုဏ်းတွေနဲ့ သွားရှုပ်မိပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရလာပါတော့တယ်။ဒီလိုနဲ့ ဒီအမေဟာ ကိုယ့်အသက်အန္တရာယ်ကိုလည်း ဂရုစိုက်ရင်း ကိုယ့်သားအသက်ကိုပါ ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးမှာ ရင်တမမနဲ့ ကြည့်ရှုကြပါဦးနော်။Quality : 400MB / 200MBTotal Episodes : 8EpsFormat : mp4Genres : Thriller , BollywoodDuration :25minsSubtitle : Myanmar Subtitle ( Hardsub )Translated by TaylorEncoded by YK 720p Episode ...
9
TMDb: 9/10 1 votes
tv

Kaali(2018)

2018
Rafta Rafta (2023) 9
Rafta Rafta (2023) Rafta Rafta 2023 IMDb 7.6 ဇာတ်လမ်းအစကနေအဆုံးအထိ ပြုံးပြုံးကြီးထိုင်ကြည့်နေချင်တဲ့ ဇာတ်လမ်းမျိုးရှာနေပါသလား ဗီလိန်တွေဘာတွေမပါ လူ့သဘာဝ ချစ်စရာကောင်းတဲ့လူလေးတွေကိုပဲ ကြည်ကြည်နူးနူး ရီရီမောမောကြည့်ရှုချင်ပါသလားဒါဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ကားဟာဆိုရင် ယောရောဘွန်းတို့ ရှာနေတာနဲ့ကွက်တိကျမှာပါ Cast တွေကလည်း Bhuvan Bam နဲ့ Srishti Rindani တို့လိုနာမည်ကြီး ချစ်စရာလေးတွေမို့ ကြည့်ရတာလည်းတန်နေမှာပါနော်ဇာတ်လမ်းလေးက ပြောရရင် အိန္ဒိယကားဆိုပေမဲ့ Friends တို့လို Sitcoms တွေကြည့်နေရသလို ပေါ့ပေါ့ပါးပါးနဲ့ လေးလေးပင်ပင်လဲရှိပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ကို ဦးတည်ပြီး ဇာတ်ပို့တွေကလဲ ကျရာနေရာ အကောင်းဆုံးသရုပ်ဆောင်ပေးထားတာတွေ့ရတော့ အိန္ဒိယစီးရီးလားဆို ဘုရားစူးအိန္ဒိယစီးရီးပါ သူ့ vibe လေးက ခုခေတ် sex education တို့လို လူငယ်အထာလေးရသလို nevertheless ကားထဲကိုလိုမျိုး ရိုမန့်တစ်လေးတွေလဲ မကင်းပါဘူးငယ်ရွယ်တဲ့လူနှစ်ယောက် တစ်ယောက်အကြောင်းတစ်ယောက် ပိုသိရအောင် တိုက်ခန်းတစ်ခန်းထဲမှာနေပြီးလေ့လာရာကနေ ဖြစ်လာမဲ့အလွဲတွေ ပတ်ဝန်းကျင်ရဲ့ နှောက်ယှက်မှုကြားလူငယ်ပီပီ တုံ့ပြန်ပုံတွေနဲ့ အလွဲတွေကြားအခွီတစ်သိုက်နဲ့ကြည့်ရှုရမှာပါ Main Song လေးကလှပသလို ဒိုင်ယာလော့ခ်တွေကလည်း ဟာသမြောက်ပြီး ဇာတ်လမ်းအ‌ဆုံးသတ်ကို‌တော့ ကိုယ်တိုင်ခံစားစေချင်လို့ အားလုံးပဲ ကြည့်ရှုခံစားကြမယ်လို့ မျှော်လင့်တင်ဆက်ပေးလိုက်ပါတယ်Quality : 1080p / 720pTotal Episodes : 7EpsFormat ...
9
TMDb: 9/10 1 votes
tv

Rafta Rafta (2023)

2023
Jehanabad – Of Love & War (2023) 7
Jehanabad – Of Love & War (2023) Jehanabad - Of Love & War (2023) Crime, Drama IMDb 7.2/10ဒီစီးရီးလေးက နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ မင်းမဲ့စရိုက်တွေ တပြိုင်နက် ပေါက်ဖွားလာကာ ထိပ်တိုက်တွေ့ကြမည့် ဘီဟားမှာရှိတဲ့ ဂျာဟနာဘတ်ဆိုတဲ့ မြို့ငယ်လေးတစ်မြို့ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ ဂျာဟနာဘတ်မြို့လေးရဲ့အချစ်နဲ့စစ်ရဲ့အကြောင်းပါ။ဒီစီးရီးလေးက SonyLIV က ထွက်ရှိခဲ့တာဖြစ်ပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ကျောရိုးကတော့...။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့တပ်မှူးကို ထောင်ကနေလွတ်အောင် စတင်ကြိုးစားနေကြတဲ့အချိန် တစ်ဖက်မှာလည်း ကောလိပ်ကျောင်းသူလေးနဲ့ ကျောင်းဆရာတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာလည်း စတင်ပေါက်ဖွားလာနေခဲ့ပြီဖြစ်ပါတယ်။တစ်ဖက်က စစ်နဲ့ ကျန်တစ်ဖက်က အချစ်မှာ ဘယ်အရာဟာ အောင်နိုင်မှုရရှိသွားမလဲ...။ဒီဇာတ်လမ်းနှစ်ခုဟာ ဆက်စပ်မှုရှိလာခဲ့လေမလား...။ဂျာဟနာဘတ်မြို့သူ၊ မြို့သားတွေရဲ့ကံကြမ္မာဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဒီစီးရီးလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပေးပါဦးနော်...။Quality : 1080p WEB DL / 720p Total Episodes : 10EpsFormat : mp4Genres : Drama , Crime Duration :40mSubtitle : Myanmar Subtitle ( Hardsub )Translated ...
7
TMDb: 7/10 2 votes
tv

Jehanabad – Of Love & War (2023)

2023
Farzi (2023) 7.286
Farzi (2023) အိန္ဒိယရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားရှာဟစ်ကပူ၊ ဗီဂျေးစည်သူပတီ၊ မင်းသမီး ရာရှီးခန်နား ရဂျီနားကက်ဆန်ဒရာ တို့ပါ၀င်ထားပြီး IMDb မှာ 8.7/10 အထိရှယ်ရထားတဲ့ black-comedy, crime drama စီးရီးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းငယ်စဉ်ကတည်းက ကံအကြောင်းမလှခဲ့၍ အဘိုးဖြစ်သူနဲ့ ကြီးပြင်းလာခဲ့ရတဲ့ အညတရပန်းချီဆရာလေး ဆန်နီ၊ တစ်နေ့မှာ အဘိုးဖြစ်သူဦးဆောင်တဲ့ ကရန်တီသတင်းစာတိုက်ကြီးက ချေးငွေတွေပြန်မဆပ်နိုင်ဘဲ အကြွေးတင်ပြီး အရှုံးပေါ်တော့မယ့် အနေအထားထိဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်နီတစ်ယောက် သတင်းစာတိုက်မှာအလုပ်လုပ်ရင်း အကြံတစ်ခုရသွားပါတယ်၊ ဒီလိုနဲ့ ဆန်နီဟာ သူငယ်ချင်းဖြစ်သူ ဖေရိုဇ်နဲ့ ပူပေါင်းပြီးစီးပွားရေးအသစ်တစ်ခု စလိုက်ပါတော့တယ်၊ အဲ့ဒီစီးပွားရေးဟာ သတင်းစာတိုက်ကြီးကို ပြန်ကယ်တင်နိုင်ရုံမကဘဲ အိန္ဒိယရဲ့ စီးပွားရေးကဏ္ဍကိုပါ ဇောက်ထိုးလုပ်နိုင်တဲ့ အနေအထားထိဖြစ်ခဲ့ပါတယ်။"လောဘကအတောမသတ်နိုင်"ဆိုသလိုပဲ ဆန်နီဟာရသင့်တာထက် ပိုပိုလိုချင်လာမိတဲ့အချိန်မှာ နောက်ဆက်တွဲဆိုးကျိုးတွေဟာ တစ်ခုခုပြီးတစ်ခု လိုက်လာပါတော့တယ်။ ဒီလိုနဲ့ ဆန်နီဟာ စီးပွားရေးအကွက်တွေရွှေ့ရင်း ပြစ်မှုအသေးလေးကနေ ရင်မဆိုင်နိုင်လောက်တဲ့ထိ ပြစ်မှုကြီးသွားတဲ့အခါ...တစ်ပိုင်းပြီးတစ်ပိုင်းဇာတ်ရှိန်အမြင့်ဆုံးအထိဆွဲခေါ်သွားမယ့် ကြည့်ရှုသင့်တဲ့စီးရီးဖြစ်ပါတယ် Quality : 1080p WEB DL / 720p Total Episodes : 8Eps Format : mp4 Genres :Drama, Crime Duration : 57mins Subtitle : Myanmar Subtitle ...
7.286
TMDb: 7.286/10 7 votes
tv

Farzi (2023)

2023
3 Cs (2022)
3 Cs (2022) 3 Cs (2023)IMDb 6.6 Choices, Chances, Changes ဒီ C သုံးလုံးနဲ့ Hyderabad ကလူသုံးယောက် ငယ်ငယ်တည်းကသူငယ်ချင်းပေမဲ့ | C တစ်လုံးချင်းစီနဲ့ဘဝကိုရှေ့ဆက်နေသူတွေ ... ဘော့ဆိုတာက Andaman ကျွန်းရဲ့ သခင်လိုပေါ့ လူတိုင်း ရဲတွေကအစဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ စိန်မှောင်ခိုဆရာကြီး မကျေနပ်တဲ့ကောင်ရှိရင် တွေ့ရာပစ်သတ်တတ်တဲ့သူ..တစ်နေ့ Hyderabad က ကလပ်တစ်ခုမှာ‌တွေ့ရင်း မိတ်ဆွေဖြစ်သွားတဲ့သူငယ်ချင်းငါးယောက်..အမူးလွန်ပြီး အိပ်ပျော်သွားရာကနိုးလာတော့ သူတို့ထဲက သူငယ်ချင်း၂ယောက်ကပျောက်နေလေရဲ့ပြီးတော့ကမ်းမမြင်လမ်းမမြင် သမုဒ္ဒရာရဲ့အလယ် အပျော်စီးသင်္ဘောပေါ်ရောက်နေပြီး အဲဒါကလည်း ဘော့ကြီးစိုးနေတဲ့ Andaman ကျွန်းပိုင်ထဲမှာ ..ညကမှ Hyderabad မှာရှိခဲ့ကြတဲ့သူတို့ မိုးလင်းတော့ သမုဒ္ဒရာထဲရောက်နေတဲ့ကိစ္စကို လိုက်မေးမြန်းရင်း နောက်ဆုံး ဘော့အိမ်က‌စိန်ကိုမူးမူးနဲ့ခိုးထားမိမှန်းသိလိုက်ရချိန်မှာတော့... တွေ့ရာသင်္ချိုင်းဓားမဆိုင်းတတ်တဲ့ဘော့နဲ့ သူတို့တွေဘယ်လိုရှေ့ဆက်ကြမလဲ ပျောက်နေတဲ့သူငယ်ချင်း၂ယောက်ကိုရော ဒီကျွန်းပေါ်မှာ ဘယ်လိုတွေရှာပုံတော်ဖွင့်မလဲဆိုတာ အခွီတစ်သိုက်နဲ့ကြည့်ရှုလိုက်ကြပါဦးQuality : 1080p / 720pTotal Episodes : 6EpsFormat : mp4Genres : DramaDuration : 29minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ ...

3 Cs (2022)

2022
Vadhandhi (2022) 5.5
Vadhandhi (2022) Vadhandhi: The Fable of Velonie (2022) CompleteIMDb 8.2/10Don ကားထဲက ကျောင်းဆရာအဖြစ်နဲ့ ပရိတ်သတ်တွေရင်ထဲဝင်ရောက်ခဲ့တဲ့ မင်းသားကြီး S.J. Surya ကို ဒီကားထဲမှာတော့ ရဲတစ်ယောက်အနေနဲ့ အမှုတွေလိုက်ပြဦးမှာပါ မင်းသမီးချောလေး Sanjana Krishnamoorthy လည်း ပါဝင်ထားပြီး IMDb rating အမိုက်စားကားဖြစ်လို့ အခုပဲဒေါင်းကြည့်လိုက်ကြပါ‌ရှင်ဇာတ်လမ်းအညွှန်း... ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က ဇာတ်လမ်းအရ လူသေအလောင်းတစ်လောင်းလိုအပ်နေပါတယ် မိတ်ကပ်ပြင်ထားတဲ့အလောင်းကိုရိုက်ကွင်းမှာတွေ့လေတော့ ရိုက်ကူးရေးစဖို့ပြင်ဆင်‌ပြီးကာမှ ဒီအလောင်းနေရာမှာသရုပ်ဆောင်ရမဲ့မင်းသမီးက အိမ်လည်းပြန်မလာသလို မိတ်ကပ်ဆရာကလည်းမပြင်ရသေးပါဘူးတဲ့ ဒီတော့ သူတို့တွေ့ခဲ့တဲ့အလောင်းကိုသေချာကြည့်တော့မှ မိတ်ကပ်ခြယ်သထားတာမဟုတ်ဘဲ သေဆုံးတာ ၃ရက်‌လောက်ရှိနေတဲ့တကယ့်လူသေအလောင်းကြီးဖြစ်နေပါတယ်အလောင်းကပုပ်ပွပြီး လူရုပ်မပေါ်တာကြောင့် ဘယ်သူဘယ်ဝါမသိနိုင်တော့တဲ့အခြေအနေမှာ ဘယ်ကစလို့စုံစမ်းရေးတွေလုပ်ကြမလဲ တရားခံက လည်းကြိုတွေးကြည့်လို့မရတဲ့ တရားခံဖြစ်နေမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်Quality : 1080p / 720pTotal Episodes : 8EpsFormat : mp4Genres : Mystery, Crime, DramaDuration : 50minsSubtitle : Myanmar Subtitle ( Hardsub )Translated by Shwe Pyae ...
5.5
TMDb: 5.5/10 2 votes
tv

Vadhandhi (2022)

2022
Fall (2022) 2
Fall (2022) Fall (2022) Drama, Mystery, Thriller IMDb 5.8/10အခုတစ်ခါထွက်ရှိလာတဲ့ တမီလ်စီးရီးလေးကလည်း တကယ်ကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် စီးရီးလေးတစ်ခုဖြစ်ပြီး စွယ်စုံရမင်းသမီးချောလေး အန်ဂျလီက အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။Disney+ Hotstar မှ Streaming လုပ်လာတဲ့ဒီစီးရီးလေးမှာ အပိုင်း၇ပိုင်းပါဝင်ပြီး တစ်ပိုင်းချင်းစီအလိုက် လှည့်ကွက်လေးတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ဘဝမှာ ပြုတ်ကျခဲ့ခြင်းတစ်ခုဟာ ဘဝကိုပျက်ရလောက်တဲ့အထိဖြစ်သွားနိုင်သလို လောကရဲ့နိယာမတရားတွေကိုလည်း သိမြင်လာနိုင်တယ်ဆိုတာကို သင်ယုံပါသလား။ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ ဒီစီးရီးလေးမှာ လူတစ်ယောက်ရဲ့ပြုတ်ကျခဲ့ခြင်းတစ်ခုအပေါ်မူတည်ပြီး လူတွေရဲ့သရုပ်မှန်ကိုသိမြင်လာခဲ့ရလို့ပဲဖြစ်ပါတယ်။ဒီဗီရာဆိုတဲ့ မိသားစုထဲက အကြီးဆုံးသမီးဖြစ်သူဟာ နေအိမ်ရဲ့အထပ်မြင့်တိုက်ဝရံတာပေါ်ကနေ ပြုတ်ကျခဲ့ပြီး ၆လကြာမြင့်သည်အထိ ကိုမာဝင်နေခဲ့ပါတယ်။၆ လတာအတွင်းမှာ လူတွေရဲ့စိတ်ရင်းအမှန်တွေလည်း ပေါ်လာခဲ့ပါတော့တယ် မိသားစုထဲမှာပဲ မနာလိုတွန့်တိုလောဘကြီးသူတွေရဲ့ လွှမ်းမိုးမှုကြောင့် ဒီဗီရာကိုညင်သာစွာအသက်ထွက်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်ကြပါပြီမထင်မှတ်ပဲအဲဒီချိန်မှာ ဒီဗီရာဟာသတိရလာပါတော့တယ် ဒါပေမယ့် ဖြစ်ပျက်ခဲ့တာအားလုံးကို ဘာတစ်ခုမှ မမှတ်မိတော့ပါဘူး မိသားစု၀င်တွေပြောလို့ သူခုန်ချခဲ့တယ်ဆိုတာသိပေမယ့် သူခုန်ချခဲ့ရတဲ့အကြောင်းရင်းကို သူကိုယ်တိုင်တွေးမရဖြစ်နေပါတယ် အားလုံးကသူ‌ခုန်ချတယ်ပြောပေမယ့် သူငယ်ချင်းဖြစ်သူ မာလာကတော့အခင်းမဖြစ်ခင်ညမှာ သူ့ဆီပို့ခဲ့တဲ့ မက်ဆေ့ခ်ျကြောင့် ပုံမှန်မဟုတ်ဘူးလို့ ထင်နေတဲ့ တစ်ဦးတည်းသောသူပါမာလာ့ရဲ့အကူအညီနဲ့ပဲ မှတ်ဉာဏ်တွေ တရေးရေးပေါ်လာခဲ့ပြီးနောက် သူဘာကြောင့်ခုန်ချခဲ့တာလဲ ဆိုတဲ့အကြောင်းရင်းကို တစ်ပိုင်းချင်း စိတ်၀င်စားဖွယ်ကြည့်ရှူခံစားရမှာဖြစ်ပါတယ်File Size – 800MB / 400MBQuality – 1080p / ...
2
TMDb: 2/10 1 votes
tv

Fall (2022)

2022
Story of Things (2023)
Story of Things (2023) Story of Things 2022 IMDb 7.3/10ဒီခေါက်တင်ဆက်ပေးချင်တဲ့ ဘောလိဝုဒ်စီးရီးလေးကတော့ အပိုင်း၅ပိုင်းနဲ့ မီနီစီးရီးအမျိုးအစားဖြစ်ပြီး အပိုင်း၁ပိုင်းဇာတ်လမ်း၁ပုဒ်နဲ့ ဝတ္ထုတိုလေးတွေဖတ်ရသလို ခံစားချက်ကိုပေးစွမ်းနိုင်မယ့် စီးရီးလေးတခုပါ..Episode 1: လူတွေဟာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အမိအရကြိုးစားကြရင်းနဲ့ လူစိတ်တွေပျောက်သွားကြပြီး ငါဆိုတဲ့ အတ္တကြီးစိုးလာကြပါတယ် ဒါပေမဲ့လည်း ကိုယ်ပြုတဲ့ကံကတော့ ကိုယ့်ထံပြန်လာတတ်စမြဲပါပဲနော်Episode 2: မိခင်မေတ္တာဟာ ဘယ်အရာနဲ့မှတုနှိုင်းမမှီတဲ့ အအေးမြဆုံးခိုလှုံရာအရိပ်ပါပဲ။ သမီးဖြစ်သူစိတ်ချမ်းသာဖို့အတွက် မိမိရဲ့ပျော်ရွှင်မှုကိုတောင်စတေးခဲ့တဲ့မိခင်... သူပေးခဲ့တဲ့မေတ္တာတွေလောက် သမီးဖြစ်သူကတန်ပြန်မပေးနိုင်ခဲ့တဲ့အချိန်မှာတော့...Episode 3: Second-hand တွေသုံးတတ်တဲ့သူတွေသတိထားကြဖို့ မက်ဆေ့ပေးထားတဲ့ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် Second-hand အရောင်း‌ဆိုင်ကနေ ဝယ်လာမိတဲ့အဲလ်ကွန်းတစ်ခု အဲဒါနဲ့ကပ်ပါလာတဲ့ မမြင်ရတဲ့အရာတစ်ခုက ဘယ်လိုဒုက္ခပေးမလဲEpisode 4: လူတိုင်းမှာ အကြောက်တရား(phobia) တစ်ခုစီတော့ ရှိတတ်ကြစမြဲပါပဲ ဒါပေမယ့်ဒီအကြောက်တရားကို ငယ်စဥ်ကတည်းကဖခင်ကိုယ်တိုင်က ရိုက်သွင်းပေးမိခဲ့တဲ့လူငယ်တစ်ယောက် အချိန်တန်အရွယ်ရောက်လာချိန်မှာတော့ ဒီအကြောက်တရားကိုဘယ်လိုရင်ဆိုင်အံတုခဲ့လဲ လေးစားတာနဲ့ကြောက်တာကိုမကွဲပြားတဲ့ဖခင်ကရော သားရဲ့ပြောင်းလဲလာမှုကိုလက်ခံပေးနိုင်ရဲ့လားဆိုတာ ရှူမြင်ခံစားရမှာဖြစ်ပါတယ်Episode 5: အချစ်ကြောင့်ကြေကွဲလူငယ်လေးဖြစ်နေတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယောက် ကျောင်းအဆောင်ကနေ ပြောင်းလာပြီး အိမ်တစ်လုံးမှာ ငှားနေခဲ့ပါတယ်။ သူနေရတဲ့ခေါင်မိုးထပ်က မှန်တစ်ချပ်မှာ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရပြီး သူတို့နှစ်ယောက်ကြားက မမြင်နိုင်တဲ့သံယောဇဉ်လေးတွေဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆုံတွေ့မှုကတကယ်လား အိပ်မက်လား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။File Size – 400MB / 600MBQuality – 1080p / 720pDuration – 45minuteTotal Episodes: ...

Story of Things (2023)

2023
Aar Ya Paar (2022) 8
Aar Ya Paar (2022) Aar Ya Paar (2022) Action IMDb 7.8/10အခုတစ်ခါလည်း အိန္ဒိယစီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ကမ္ဘာပေါ်မှာ ထည့်တွက်မစဥ်းစားထားတဲ့ လူမျိုးစုပေါင်း ၁၀၀ ကျော်ရှိတယ်ဆိုတာ သင်သိပါသလား။ဟုတ်ပါတယ်။ တချို့က မျိုးတုန်းပျောက်ကွယ်သွားကြသလို တချို့ကလည်း သစ်တောပြုန်းတီးမှုနဲ့အတူ ပျောက်ကွယ်သွားကြတယ်။ တချို့ကလည်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဖယ်ပေးလိုက်ရတာမျိုး စသဖြင့်ပေါ့။ဒီလို လူမျိုးစုတွေထဲမှာ အိန္ဒိယနိုင်ငံအတွင်း ထိန်းသိမ်းခံတောအုပ်ထဲမှာ နေထိုင်ကြတဲ့ ဒေဂိုဟာတီဆိုတဲ့ လူမျိုးစုတစ်စုရှိတယ်။သူတို့ဟာ ပြင်ပကမ္ဘာကြီးကို မုန်းတီးကြပြီး အဆက်အဆံလည်း မလုပ်ကြဘူး။သူတို့နေထိုင်တဲ့ရွာနားတဝိုက်မှာ ယူရေနီယမ်သတ္တုတွင်းရှိနေတာကို သိသွားတဲ့ ခရိုနီကြီးကတော့ ဒီလူမျိုးစုကို သုတ်သင်ဖို့ကြံပါတော့တယ်။ဒီလိုနဲ့ ကိုယ့်လူမျိုးကို လွတ်မြောက်အောင် ကြိုးစားမယ့် ဒီလူမျိုးစုတွေရယ် ခရိုနီကြီးရယ် ထိပ်တိုက်တွေ့လာတဲ့အခါမှာတော့။ ဘာတွေဖြစ်လာမလဲဆိုတာကို ဒီစီးရီးလေးမှာ ရှုစားပေးကြပါဦးနော်။File Size – 400MBQuality – 1080p WEB DL / 720pDuration – 35minuteTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & ...
8
TMDb: 8/10 1 votes
tv

Aar Ya Paar (2022)

2022
November Story (2021) Complete 7.55
November Story (2021) Complete အားလုံးအချစ်တော် တမန်းနာရဲ့ မှုခင်းစီးရီးကောင်းတစ်ခုကို ထပ်မံတင်ဆက်ပေးပါရစေဒီထဲမှာ တမန်းနာရဲ့ အဖေက အယ်လ်ဇိုင်းမား ရောဂါဖြစ်နေတာ ဒါပေမယ့် သူက တကယ့်အကျော်ဇေယျ မှုခင်းဝတ္ထုစာရေးဆရာတစ်ယောက်တစ်နေ့ သူ့အဖေက လူသတ်မှုဖြစ်ထားတဲ့ အခင်းဖြစ်နေရာမှာ ရောက်နေခဲ့တယ် ဒါပေမယ့် အယ်လ်ဇိုင်းမားရှိတော့ ဘာကြောင့်ရောက်နေလဲ သူမသိဘူးသက်သေတွေ ကြည့်လိုက်တော့ သက်သေတွေက သူ့အဖေဟာ လူသတ်တရားခံလို့ မီးမောင်းထိုးပြနေတာကို သွားတွေ့ရတယ် ဒါပေမယ့် သူ့အဖေကလည်း လူသတ်မယ့်လူစား မဟုတ်ဘူးပေါ့အဲဒါနဲ့ပဲ တမန်းနာက သူ့အဖေဟာ တရားခံမဟုတ်ကြောင်း သက်သေပြဖို့ သူ့အဖေရဲ့ မှုခင်းစာရေးဆရာအသိဉာဏ်ကို အကူအညီယူပြီး အမှုမှန်ဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ ဘယ်လို ဖြစ်ရပ်မှန်တွေ ပေါ်ထွက်လာမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီစီးရီးဟာ အိန္ဒိယကားတို့ရဲ့ထုံးစံအတိုင်း မြုပ်ကွက်တွေ လှည့်ကွက်တွေနဲ့ လူကို အဆုံးထိ ဆွဲဆောင်သွားမှာဖြစ်တာကြောင့် ဇာတ်ကားခရေဇီတွေရော မခရေဇီတွေရော လုံးဝကြည့်သင့်တဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်Quality : 1080p DNSP WEB DL / 720pTotal Episodes : 7EpsFormat : mp4Genres :Crime, MysteryDuration : 36mSubtitle : Myanmar Subtitle ( Hardsub )Translated by SoraEncoded by YK 720p ========== Episode 1 - ...
7.55
TMDb: 7.55/10 10 votes
tv

November Story (2021) Complete

2021
Breathe(2018) Complete 7.609
Breathe(2018) Complete 3 idiots ထဲက ရန်ချို့ဘော်ဒါဓာတ်ပုံဆရာ အဓိကဇာတ်လိုက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် မကြာခင်က တင်ဆက်ခဲ့တဲ့ Breathe into the Shadow ထဲက စုံထောက် ပါဝင်တဲ့ လှို့ဝှက်ဆန်းကြယ် မှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကို ညွှန်းရရင်တော့ အဆုတ်မကောင်းတဲ့ သားဖြစ်သူ မိတဆိုးလေးကို အမြဲတယုတယ မွေးလာခဲ့တဲ့ အဖေဖြစ်သူ "ဒန်နီ"တစ်နေ့မှာ သူ့ရဲ့သားဟာ အဆုတ်အစားထိုးဖို့ ဖြစ်လာခဲ့တယ် ဒါပေမယ့် အဆုတ်အစားထိုးဖို့အတွက် သူ့သားရှေ့မှာ တန်းစီနေတဲ့ သူတွေကလည်း အများကြီးပေါ့သူ့သားကလည်း အဆုတ်သာအစားမထိုးရင် နေရဖို့က ၅ လကနေ ၆ လပဲ ခံတော့မှာဖြစ်တယ်အဲဒီတော့ သူ့သား အမြန်ဆုံး အဆုတ်အစားထိုးနိုင်ဖို့အတွက် အရှေ့မှာ တန်းစီနေတဲ့ သူတွေမရှိမှ ဖြစ်တော့မှာကို သူသိသွားတယ်ဒါနဲ့ပဲ သူ အဲဒီလူတွေကို စသတ်တော့တယ် သူ့ရဲ့ လူသတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ဖြစ်လာတာက စုံထောက်ကျော် "ကဘီး"သားဇောနဲ့ ပြစ်မှုတွေကို ကျူးလွန်နေတဲ့ ဒန်နီက သဲလွန်စမကျန်အောင် စေ့စပ်အောင် အမှုကျူးလွန်နိုင်တဲ့သူ ဖြစ်တဲ့အပြင် အဲ့ဒီ့အမှုတွေကို ဖော်ထုတ်မယ့်စုံထောက် ကဘီးကလည်း ခေသူမဟုတ်တော့သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှု လူသတ်မှုတစ်ခုချင်းစီနဲ့ အမှုဖော်ထုတ်မှုတစ်ခုချင်းစီတွေက လက်ထဲကနေ ဖုန်းမချချင်လောက်အောင်ကို ဆွဲခေါ်သွားမှာဖြစ်လို့ မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်Quality ...
7.609
TMDb: 7.609/10 46 votes
tv

Breathe(2018) Complete

2018