Channel Myanmar

Documentary

I Am Georgina (2022) 6.2
I Am Georgina (2022) I Am Georgina (2022) ====================== IMDb Rating - 6.2/10ရုပ်၀တ္တုလောကဆန်ဆန် နှိုင်းယှဉ်ပြောရမယ်ဆို သူဟာ influencer, စီးပွားရေးပညာရှင်တစ်ယောက် ။ Instagram မှာ followers အများဆုံးသော ကမ္ဘာကျော်အမျိုးသားရဲ့ လက်တွဲဖော်တစ်ယောက်။ပကာသနတွေ မပါဘဲ တင်စားရမယ်ဆိုရင်တော့ သူဟာ မိခင်တစ်ယောက်။ အချစ်ကြောင့် ပြောင်းလဲသွားခဲ့သူတစ်ယောက်ပေါ။ သူဆိုတာ Georgina Rodriguez။ Cristiano Ronaldo ကို ပိုင်ဆိုင်ထားတဲ့၊ မီဒီယာမှာ မျက်နှာပန်းလှတဲ့၊ အောင်မြင်နေတဲ့ အမျိုးသမီးပါ။ လူတိုင်းဟာ အချစ်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အဘက်ဘက်ကနေ ဒီအမျိုးသမီးကို အားကျကြတယ်။ လေးစားကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ မဂ္ဂဇင်း ကာဗာတွေရဲ့ နောက်ကွယ်၊ အင်စတာဂရမ်ပုံတွေရဲ့ ‌နောက်ကွယ်၊ ကောဇောခင်းနီတွေရဲ့ နောက်ကွယ် ခြုံငုံပြောရရင် အောင်မြင်မှုဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်က သူ့ဘ၀ကို ချပြဖို့ ဆုံးဖြတ်ခဲ့ပါပြီ။လူထဲက လူတစ်ယောက်ပေမဲ့ အောင်မြင်ကျော်ကြားသူ ဖြစ်လာတဲ့အခါ သူ့ရဲ့ Personal Life ကအစ စိတ်၀င်စားစရာဖြစ်လာပါတယ်။ ဒီတော့ ဒီ reality show မှာရော ...
6.2
TMDb: 6.2/10 2300 votes
tv

I Am Georgina (2022)

2022
Neymar: The Perfect Chaos (2022) 8.4
Neymar: The Perfect Chaos (2022) Neymar : The Perfect Chaos (2022) မြန်မာစာတန်းထိုး******************************************IMDb - 7အပိုင်း ၁ မှ ၃ (အစ-အဆုံး) ''ခင်ဗျား ကျွန်တော့်ကိုမကြိုက်ဘူးမလား"၊ "အဲဒါ ခင်ဗျားကိစ္စလေ"၊  "ကျွန်တော်ကတော့ ကျွန်တော်နေချင်သလိုနေမှာပဲ" သတင်းထောက်ကို နေမာပြန်ပြောခဲ့တဲ့စကား။ တကယ်ဘုကျတဲ့ကောင်။ခင်ဗျားဟာ ဘောလုံးလောကနဲ့ မရင်းနှီးတဲ့လူတစ်‌ယောက်ဆိုရင်တောင် နေမာကိုတော့ ခင်ဗျားကြားဖူးနားဝရှိနေလိမ့်မယ်။ သူဟာ ရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နာမည်ကျော် ဘာစီလိုနာအသင်းမှာ ငါးနှစ်ကြာကစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။၂၀၁၇ မှာ ပြင်သစ်လိဂ် ပီအက်စ်ဂျီအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းလာခဲ့ပါတယ်။ ဆိုတော့ သူ့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးက ဘယ်လောက်တဲ့လဲဆိုရင် ယူရို ၂၂၂ သန်းပါ။ အခုငွေလဲနှုန်းနဲ့ဆို မြန်မာငွေ သိန်းပေါင်း ၄၄ သိန်းကျော်ပါ။ 2022 ခုနှစ်မှာ နေမာရဲ့ကြွယ်ဝမှုဟာ မြန်မာငွေ သိန်းပေါင်း 35 သိန်းချမ်းသာကြွယ်ဝပါတယ်။ဝင်ငွေအရကြည့်မယ်ဆိုရင် သူဟာ တစ်စက္ကန့်ကို သုံးဒေါ်လာနှုန်း ...
8.4
TMDb: 8.4/10 46 votes
tv

Neymar: The Perfect Chaos (2022)

2022
The Beatles: Get Back (2021) (Completed Docu-Series) 8.8
The Beatles: Get Back (2021) (Completed Docu-Series) The Beatles: Get Back (2021) ကျွန်တော်တို့ ရူးသွပ်စွဲလမ်းခဲ့ရတဲ့ အနုပညာရှင်တွေက ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာထက် ပိုသွားတဲ့အခိုက်အတန့်လေးတွေ ကြုံဖူးကြမှာပါ။ ကိုယ့်မျက်လုံး ကိုယ့်နှလုံးသားထဲမှာ သူတို့ ဘယ်လောက်ခမ်းနားကြီးကျယ်ခဲ့တယ်ဆိုတာကလည်း ပျော်စရာအမှတ်တရတွေထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူခဲ့ကြတာမျိုးပေါ့။ သူတို့ရဲ့ ပိုစတာလေးတွေ ဓာတ်ပုံလေးတွေ သူတို့ရဲ့ အနုပညာလက်ရာလေးတွေက ကျွန်တော်တို့ တစ်ကိုယ်ရည်အိပ်ခန်းလေးထဲမှာ တခမ်းတနား နေရာယူနေတတ်ကြပါတယ်။ အခုတင်ဆက်ပေးမယ့် ရုပ်သံမှတ်တမ်းလေးကတော့ ဗြိတိန် ရော့ခ်အင်ရိုး ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ The Beatles ပါပဲ။ ဒီနေရာမှာ တစ်ခုပြောစရာရှိလာပါတယ်။ ကျွန်တော်တို့ ဂီတဖျော်ဖြေပွဲတစ်ခုကို ကိုယ်တိုင်ကြည့်တာပဲဖြစ်ဖြစ် တီဗွီမှာပဲဖြစ်ဖြစ် အားပေးကြည့်ရှုတဲ့အချိန်မှာ သူတို့က သိပ်ကိုပျော်ရွှင် တက်ကြွနေပြီး သိပ်ကို ခမ်းနားတင့်တယ်လွန်းတာမျိုးပေါ့။ အချင်းချင်း နောက်ပြောင်လိုက်ကြ အဆိုတော်က ဂစ်တာသမားနားကိုပြေးသွားပြီး အတူဒွန့်လိုက်ကြနဲ့ ကြည့်နေရတဲ့ ကျွန်တော်တို့က ပြုံးဖြီးဖြီးကြီးတွေကိုဖြစ်လို့။ ဒါပေမယ့် စင်မြင့်ပေါ်ရောက်မလာခင်မှာ သူတို့ ဘယ်လိုရုန်းကန်ကြိုးစားခဲ့ရတယ်၊ ဘယ်လိုပြဿနာတွေကြုံခဲ့ရတယ်၊ ကြုံခဲ့ရတဲ့ အငြင်းပွားမှု​တွေ သ​ဘောထားကွဲလွဲမှု​တွေကို ...
8.8
TMDb: 8.8/10 148 votes
tv

The Beatles: Get Back (2021) (Completed Docu-Series)

2021
Welcome to Earth (2021) 7.8
Welcome to Earth (2021) Welcome to Earth (2021)================IMDb Rating - 7.7/10ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဆိုတာကျယ်ပြောလှတဲ့အာကာသစကြာ၀ဠာကြီးတစ်ခုလုံးနဲ့ယှဉ်ရင် မြူမှုန်လေးတစ်မှုန်စာလောက်ပဲ မဟုတ်ပါလား။ မြူမှုန်လောက်လေး ကမ္ဘာထဲမှာမှ ကျွန်တော်တို့တွေ နေထိုင်ကြတာပါ။ အဲဒီလို သေးငယ်လှတဲ့ ကမ္ဘာမြေကြီးထဲမှာ ကျွန်တော်တို့လူသားတွေ စူးစမ်းရှာဖွေဖို့ ကျန်နေသေးတဲ့ဆန်းကြယ်မှုတွေ တပုံတပင်ကြီးပါ။ဒီလိုအရာတွေကို ပြသဖို့ ကျွန်တော်တို့ကို ဆွဲခေါ်သွားမှာကတော့ တခြားသူမဟုတ်ပါဘူး.. ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ကျွန်တော်အားလုံးချစ်တဲ့ မင်းသားကြီး Will Smith ပါပဲ ကမ္ဘာကြီးရဲ့ ရှုမ၀နိုင်တဲ့ လှပဆန်းကြယ်မှုတွေကို Will Smith ပါ၀င်ထားတဲ့ Welcome to Earth ဆိုတဲ့ အပိုင်းခြောက်ပိုင်းပါ documentary series မှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျာ။အံ့မခန်း သဘာ၀အလှအပတွေ ကမ္ဘာကြီးပေါ်မှာ ရှာဖွေဖို့ ကျန်ရှိနေသေးတဲ့ နေရာတွေ လူသားတွေရဲ့ အဆုံးမရှိ လုပ်နိုင်စွမ်းတွေကိုပါ မျက်စိတဆုံး ငေးမောကြည့်ရှုရမှာဖြစ်လို့ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဒီ documentary series လေးကို CM ပရိသတ်တွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီစီးရီးကို ...
7.8
TMDb: 7.8/10 85 votes
tv

Welcome to Earth (2021)

2021
All or Nothing: Tottenham Hotspur (2020) 8.2
All or Nothing: Tottenham Hotspur (2020) IMDb Rating (8.2)၂၀၁၉-၂၀၂၀ ရာသီရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းအကြောင်းကို အတွင်းအပြင်အကုန်မြင်နိုင်မယ့် Documentry Series ပါ။အပိုင်း (၉) ပိုင်းပါပါတယ်။ Tom Hardy က နောက်ခံစကားပြော Narrator အဖြစ်တင်ဆက်ထားပါတယ်။မော်ရင်ဟိုပါမယ်...အသင်းပိုင်ရှင် လီဗီပါမယ်...ပိုချက်တီနိုပါမယ်...ကိန်းနဲ့ဆွန်ဟောင်မင်တို့လို Icon ကစားသမားတွေအပြင် စပါးအသင်းရဲ့အသင်းသားတွေအကုန်ပါမယ်...အနိုင် အရှုံး လောကဓံတွေ ခြယ်မှုန်းထားတယ်။ကျွန်တော်တို့ နီးကပ်စွာမြင်ရမှာက မော်ရင်ဟိုအကြောင်း...ဒသနနဲ့  ဘောလုံးယူဆချက်တွေပါ...။ပိုချက်တီနိုထွက်ခွာပြီး မော်ရင်ဟိုနည်းပြဖြစ်လာတဲ့ ပထမဆုံးအချိန်တွေကစလို့ တင်ဆက်ထားလို့ဉရောပအင်အားကြီးဘောလုံးအသင်းတစ်သင်းရဲ့ နည်းပြခန့်အပ်မှု လုပ်ဆောင်ချက်တွေဖွဲ့စည်းပုံတွေ တာဝန်ပေးအပ်မှုကိုပါ အသေးစိတ်နီးပါးမြင်ရမှာပါ။လှုပ်ရှားမှုတိုင်းကို အနီးကပ်လိုက်ပါ ရိုက်ကူးထားလို့ စပါးအသင်းရဲ့ ကွင်းတွင်း ကွင်းပြင် အဝတ်လဲခန်းထဲက ဆက်နွယ်မှုတွေကို တွေ့မြင်ရမှာပါ..မော်ရင်ဟိုနဲ့အင်တာဗျူးတော့ ကျွန်တော့်ကို  လူတွေက ဒီလူကမပြုံးတတ်ဘူး..ခက်ထန်တယ်..ပြောကြတယ်..တကယ်ကအမြင်သက်သက်ပါပဲတဲ့...ဒါဆိုအမှန်ကရောဆိုတော့...မော်ရင်ဟိုကပြုံးတယ်...အဲ့လိုပြောတဲ့ထဲမှာ အမှန်နည်းနည်းတော့ ပါတာပေါ့တဲ့...ပြီးတော့ထရယ်ပါလေရော။ဘောလုံးအသင်းတွေကိုသာ ကျွန်တော်တို့အားပေးနေကြတာ သူတို့ရဲ့တည်ဆောက်မှုတွေကို တစ်ခါမှမမြင်ဖူးကြဘူးလေ...ခု Documentary မှာတော့ တော်တော်ပြည့်စုံရအောင်ကိုမြင်ရတယ်...နည်းပြနဲ့ အသင်းသား အပြန်အလှန်သက်ရောက်မှုတွေကအစပေါ့...စကားပြောရင် ခပ်မြင့်မြင့်က စတိုင်မိမိ ပြောတတ်တဲ့မော်ရင်ဟိုကို မြင်ရတာလဲ အရသာတစ်ခုပါ...နည်းပြဟောင်း ...
8.2
TMDb: 8.2/10 12 votes
tv

All or Nothing: Tottenham Hotspur (2020)

2020
History of Swear Words 2021 6.9
History of Swear Words 2021 IMDb - 6.9 ဆဲတာချင်းအတူတူ အဆဲတွေရဲ့ သမိုင်းကြောင်းကို သိထားတော့ ပိုမကောင်းဘူးလား CM ပရိတ်သတ်ကြီးရေ အနာဂတ်မှာ အထာကျကျ ဆဲနိုင်ဖို့အတွက် မင်းသားကြီး Nicholas Cage က ဦးဆောင်ပါ၀င်ထားတဲ့ ဒီ documentary ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ လူငယ်တွေကြားမှာ တော်တော်လေးရေပန်းစားတဲ့ အဆဲစကားတွေရဲ့ သမိုင်းကြောင်းကို ပွင့်ပွင့်လင်းလင်း ကွင်းကွင်းကွက်ကွက် ရှင်းပြပြီး discussion လုပ်ထားတာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အင်မတန်မှ ကြည့်ကောင်းပြီး ဗဟုသုတတွေလည်း အများကြီးရမှာပါ။ အပိုင်း ၆ ပိုင်းပါ၀င်ပြီး တစ်ပိုင်းမှာ အဆဲစကားလုံး တစ်လုံးရဲ့ သမိုင်းကြောင်းကို fun & alive ဖြစ်ဖြစ်တင်ဆက်ထားပါတယ် ဘယ် အဆဲလုံးတွေလည်း သိချင်ရင်တော့ အခုပဲ ကြည့်လိုက်ပါတော့ CM ချစ်သူတို့ရေTranslated by Yoon Sandi Aung and MTADuration - 20 minutes Size -  150 Mb  ZIP VIP/ Megaup / Yoteshin   Episode 1 - VIP / Yoteshin ...
6.9
TMDb: 6.9/10 11 votes
tv

History of Swear Words 2021

2021
The Business of Drugs (2020) [COMPLETE] 7.1
The Business of Drugs (2020) [COMPLETE] (Unicode)စီအိုင်အေ အဖွဲဝင်ဟောင်းတဦးဖြစ်တဲ့ အမ်မာရယ်လစ် ဖောက်စ် ဆိုတဲ့ အမျိုူသမီးက ကမ႓ာပေါ်မှာ စီးဆင်းနေတဲ့ မူးယစ်ဆေးအမျိုးမျိုးကိုစီးပွားရေး နိုင်ငံရေးနဲ့ ဆေးပညာရှုထောင့်ကနေ ချဉ်းကပ်ပြထားတဲ့ နက်ဖလစ် မှတ်တမ်းသတင်းရုပ်ရှင် စီးရီးတခုပဲဖြစ်ပါတယ်ကိုကိန်းတွေ တရားမဝင် ဓာတုစပ်ဆေးတွေကနေစလို့ ဘိန်းဖြးူတွေ ယာဘ တွေအထိ ဘယ်လိုထုတ်လုပ်တယ်ဘယ်လိုဖြန့်ချီတယ် ဘယ်လိုသုံးစွဲတယ်ဆိုတာကနေ သုံးစွဲသူတွေကလည်း ဘယ်လိုခံစားရတယ်ဘယ်လိုဆိုးကျိုးတွေရှိတယ်ဆိုတာကို ကိုယ်တိုင် ကွင်းဆင်း မေးမြန်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံအကြောင်းလည်း တချို့အပိုင်းတွေမှာ ပါဝင်ပါတယ်ရှမ်းပြည်နဲ့ ကချင်ပြည်က မူးယစ်ဆေးတွေဟာ ရန်ကုန်ကနေတဆင့် တခြားနိုင်ငံတွေကို ဘယ်လို ရောက်သွားတာတွေဒီမူးယစ်ဆေးတွေက ရတဲ့ ငွေမည်းတွေကို ဆောက်လုပ်ရေးတွေမှာ ဘယ်လိုပြန်သုံးပြီး ငွေဖြူဖြစ်အောင်လုပ်တာတွေ စတဲ့စီးပွားရေးလုပ်ငန်းတချို့နဲ့ မူးယစ်ဆေး ဆက်စပ်နေပုံတွေ မေးမြန်းထားပါတယ်မူးယစ်စီးပွားရေးက ကမ႓ာ့ဒေသတချို့ရဲ့ စီးပွားရေးကို ဘယ်လို မောင်းနှင်နေတယ်ဆိုတာ စိတ်ဝင်စားရင် ကြည့်သင့်တဲ့ စီးရီးတခုပါပဲ။(ဘာသာပြန်ပေးထားသူတွေကတော့ Zuel Khant Thwin နဲ့ d3mon ပဲဖြစ်ပါတယ်)(Zawgyi)စီအိုင်အေ အဖွဲဝင်ဟောင်းတဦးဖြစ်တဲ့ အမ်မာရယ်လစ် ...
7.1
TMDb: 7.1/10 88 votes
tv


2020
Pandemic: How to Prevent an Outbreak (2020) [COMPLETE] 7
Pandemic: How to Prevent an Outbreak (2020) [COMPLETE] ဒီစီးရီးရဲ့ ခေါင်းစဉ် ပန်ဒန်းမစ် ဆိုတာကတော့ ကမ္ဘာအနှံ့ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆိုလိုတာပါပဲ။သင်သိပါသလား ကမ္ဘာပေါ်မှာ ပထမဆုံး တုတ်ကွေးပန်ဒန်းမစ်ဟာ ပထမကမ္ဘာစစ် ပြီးစအချိန် ၁၉၁၈ မှာ ဖြစ်ပွားခဲ့ပါတယ်။H1N1 ခေါ် စပိန်တုတ်ကွေးပါပဲ။ လူပေါင်း သန်း ၅၀၀ ကျော် ကူးစက်ခံရပြီး လူဦးရေ သန်း ၅၀ နဲ့ သန်း ၁၀၀ ကြား သေဆုံးခဲ့ရပါတယ်။အဲဒီဦးရေဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြောင့် သေဆုံးသူဦးရေ ၂ ခုပေါင်းထက်ကိုများပြားပါတယ်။ဒါတောင်မှ အဲဒီအချိန်မှာ လေယာဉ်တွေနဲ့ နိုင်ငံတွေကူးလူးသွားလာနေတာတွေ မရှိသေးပါဘူး။ဒီတော့ အဲဒီလို ပန်ဒန်းမစ်မျိုး အခုကာလမှာ ထပ်ဖြစ်ခဲ့ရင် သေဆုံးသူ ဦးရေဟာ သန်း ၁၀၀ အောက်ကို ကျသွားဖို့ မမြင်ပါဘူး။ဒီလောက်ဆိုးရွားတဲ့ တုတ်ကွေးကို ဘာလို့ ပိုလီယိုလို အခြားရောဂါတွေလို ကာကွယ်ဆေးနဲ့ ...
7
TMDb: 7/10 1 votes
tv

Pandemic: How to Prevent an Outbreak (2020) [COMPLETE]

2020
Don’t F**k with Cats: Hunting an Internet Killer (2019) 7.4
Don’t F**k with Cats: Hunting an Internet Killer (2019) netflixရဲ့documentaryတွေထဲမှာရေပန်းစားနေတဲ့true crimeဖြစ်ပါတယ် အဓိကအကြောင်းအရာကတော့အင်တာက်ပေါ်မှာအိမ်မွေးတိရိစ္ဆာန်လို့ အများကလက်ခံထားတဲ့ကြောင်လေးတွေကိုစိတ္တဇဆန်ဆန်သတ်ပြပြီးနာမည်ကြီးချင်နေတဲ့လူတစ်ယောက်ကို အခြားအင်တာနက်ပေါ်ကnerd and geekတွေစုပြီးအမိဖမ်းဖို့ ကြိုးစားတာကိုရိုက်ပြထားတာပဲဖြစ်ပါတယ် kitten killerရဲ့အမှုဟာအခြားserial killerတွေလောက်မဆိုးဝါးဘူးလို့ပြောလို့ရပေမယ့် သူ့အကြောင်းရိုက်ထားတဲ့documentaryကတော့ အခြားသောcrime documentaryတွေယှဉ်ရင်အတော်ကြည့်လိုက်ကောင်းပြီး တကယ့်video clipတွေကိုလည်းအသုံးပြုထားတာမို့ ကြည့်ရတာအတော်အရသာတွေ့စေပါတယ် အရမ်းဆိုးရွားတဲ့ဟာတွေကိုတော့ဒီထဲမှာမပြထားပေမယ့် ၃ပိုင်းလုံးကြည့်ပြီးရင်တော့ဘာလို့မထည့်ထားတာလဲဆိုတာမှန်းကြည့်လို့ရမှာပါ ကြောင်လေးတွေကိုသတ်တဲ့wannabe serial killerပေါက်စkitten killerအကြောင်းကိုကြည့်ကြည့်ပါဦးခင်ဗျ netflixရဲ့documentaryတွေထဲမှာရေပန်းစားနေတဲ့true crimeဖြစ်ပါတယ် အဓိကအကြောင်းအရာကတော့အင်တာက်ပေါ်မှာအိမ်မွေးတိရိစ္ဆာန်လို့ အများကလက်ခံထားတဲ့ကြောင်လေးတွေကိုစိတ္တဇဆန်ဆန်သတ်ပြပြီ းနာမည်ကြီးချင်နေတဲ့လူတစ်ယောက်ကို အခြားအင်တာနက်ပေါ်ကnerd and geekတွေစုပြီးအမိဖမ်းဖို့ ကြိုးစားတာကိုရိုက်ပြထားတာပဲဖြစ်ပါတယ် kitten killerရဲ့အမှုဟာအခြားserial killerတွေလောက်မဆိုးဝါးဘူးလို့ပြောလို့ရပေမယ့် သူ့အကြောင်းရိုက်ထားတဲ့documentaryကတော့ အခြားသောcrime documentaryတွေယှဉ်ရင်အတော်ကြည့်လိုက်ကောင်းပြီး တကယ့်video clipတွေကိုလည်းအသုံးပြုထားတာမို့ ကြည့်ရတာအတော်အရသာတွေ့စေပါတယ် အရမ်းဆိုးရွားတဲ့ဟာတွေကိုတော့ဒီထဲမှာမပြထားပေမယ့် ၃ပိုင်းလုံးကြည့်ပြီးရင်တော့ဘာလို့မထည့်ထားတာလဲဆိုတာမှန်းကြည့်လို့ရမှာပါ ကြောင်လေးတွေကိုသတ်တဲ့wannabe serial killerပေါက်စkitten killerအကြောင်းကိုကြည့်ကြည့်ပါဦးခင်ဗျ File size…800mb Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…60min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…Shoon Thu Thu ChainComplete ZIp VIP  / Yoteshin  /  Megaup
7.4
TMDb: 7.4/10 13 votes
tv

Don’t F**k with Cats: Hunting an Internet Killer (2019)

2019
Leaving Neverland (2019) 6.9
Leaving Neverland (2019) ဒီမှတ်တမ်းဗွီဒီယိုကို HBO ရုပ်သံလိုင်းက အပိုင်း(၂)ပိုင်းခွဲပြီးမတ်လ(၂)ရက်နေ့ နဲ့ (၃)ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ထုတ်လွှင့်ပြသပြီး နောက်တစ်ရက်မှာပဲ မိုက်ကယ်ဂျက်ဆင်ရဲ့မိသားစုဝင်တွေကHBO ရုပ်သံလိုင်းကို လျော်ကြေးငွေ ဒေါ်လာ သန်း(၁၁၀) ရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ကို မကြည့်ခင်မှာ စိတ်ကိုတော့ ပြင်ဆင်ထားစေချင်ပါတယ်။မိုက်ကယ်ဟာ ကျွန်တော်တို့ရဲ့ငယ်ဘဝ ဟီးရိုးပါ။သူနဲ့ပတ်သက်တဲ့ ကောလဟလတွေကလည်း သူမသေခင်ထဲက ထွက်ထားခဲ့တာပါ။ဒါကိုကြည့်ပြီးတဲ့အချိန်မှာ စိတ်မောလူမောနဲ့ ဖြစ်ကျန်ခဲ့ရပါလိမ့်မယ်။သားသမီးရှိတဲ့မိဘတွေဆိုရင်လည်း ကိုယ့်သားသမီးကိုကိုယ် ပိုပြီး ဂရုစိုက်တတ်လာပါလိမ့်မယ်။Documentary ဆိုပေမယ့် တင်ပြပုံ သိမ်မွေ့လွန်းတဲ့အခါကျတော့ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုကို ခံစားလာရမှာပါ။IMDb မှာ 7.1/10 ရရှိထားပြီးတော့ Rotten Tomatoes မှာတော့ 98% တောင် ရရှိထားတာပါ။ဒီမှတ်တမ်းရုပ်ရှင် နဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေကြားမှာတော့ ခုထိ ၀ိ၀ါဒကွဲပြားနေကြတုန်းပါပဲ။Translated by Myo NyuntEncoded by sithu Episode 1 - Vip link / Megau Epispde 2 - Vip link ...
6.9
TMDb: 6.9/10 30 votes
tv

Leaving Neverland (2019)

2019