Channel Myanmar

Drama

Once a Doctor, Always a Doctor (2024)
Once a Doctor, Always a Doctor (2024) ဆရာဝန်ဘဝ တစ်သက်စာ ထာဝရ (၂၀၂၄)ကန်က နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ပါတစ်နေ့ အာလင်လို့ခေါ်တဲ့ အဆိုတော် ကောင်မလေး တစ်ယောက် နှလုံးဘက်နားကို ဓါးထိုးခံရပြီး ဆေးရုံရောက်လာပါတယ် ကန်တစ်ယောက် ကြိုးစားပြီး ခွဲစိတ်ခဲ့ပါသော်လည်း အာလင်ရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး ဒီအကြောင်းကို အာလင်ရဲ့ဖန်တွေ သိသွားတော့ မကယ်တင်ပေးနိုင်ရကောင်းမလားဆိုပြီး ကန်ကို ဆေးရုံရှေ့မှာ ဆန္ဒပြကြပါတယ်ကန်ကို လူသတ်သမားလို့ပြောတဲ့ သူကပြော ဆရာ၀န်မဖြစ်သင့်ဘူးလို့ ပြောတဲ့သူကပြော အလုပ်ထွက်ခိုင်းတဲ့လူက အလုပ်ထွက်ခိုင်းနဲ့ ဆန္ဒပြကြပါတယ်ကန်လည်း သူမကယ်တင်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေရတဲ့အပြင် ဒီလို ထိုးနှက်မှုတွေကြောင့် တစ်ခြားနယ်ကို အလုပ်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆိုတော့ ကန် တစ်ခြားနယ်ကို ပြောင်းရွေ့မယ့် ဆရာ၀န်ဘ၀ အဆင်ပြေသွားမှာလား ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang, Lei, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Medical, Drama Quality…. 1080p | 720p File size… 600MB | ...

Once a Doctor, Always a Doctor (2024)

2023
Sword and Fairy (6) 2024
Sword and Fairy (6) 2024 အားလုံးရဲ့ အချစ်တော် ပူတင်းတုံးလေး Yu Shuxin နဲ့ ကိုကို Xu Kai တို့ရဲ့ Chinese Paladin 6: Sword and Fairy ကို ဒီနေ့ စကြည့်ရပါပြီနော်(function(f,b,n,j,x,e){})();ယွဲ့ကျင်းကျောင်း နဲ့ ယွဲ့ချီတို့ ၂ ယောက်ဟာ ဝူးယန်ရွာလေးမှာ ၃ နှစ်တာလုံး တစ်ယောက်ကိုတစ်ယောက်အဖော်ပြုပြီး နေလာခဲ့ကြရင်း တစ်ယောက်အပေါ်တစ်ယောက် ထူးဆန်းတဲ့ ခံစားချက်မျိုးရှိပေမဲ့ သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုမှ မမှတ်မိခဲ့ကြတာကြောင့် သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ရှာဖွေဖို့ ခရီးထွက်လာခဲ့ပါတယ်၂ ယောက်လုံးဟာ လမ်းခရီးမှာ ချီယွမ်သူတော်စင်ဂိုဏ်းရဲ့ အရှုပ်အထွေးတွေနဲ့ လော့အိမ်တော်ခံတပ်ရဲ့ သွေးနဲ့ယဇ်ပူဇော်မှုလို ထူးဆန်းတဲ့ ကိစ္စတွေကြားထဲမှာ ပါဝင် ပတ်သက်မိသွားသလို သူတော်စင်ဂိုဏ်းနဲ့ အတိုက်အခံဖြစ်နေတဲ့ကာလမှာ ယွဲ့ချီရဲ့ မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေကိုကို ချိတ်ပိတ်ထားတာ ပြန်ပွင့်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ လော့အိမ်တော်က လော့ကျားပေါင်နဲ့ လော့ကျောက်ယန်တို့ အမြွှာ ၂ ယောက်ရယ်၊ နှစ်တစ်ထောင်ဝံပုလွေမိစ္ဆာရှန်ချင်းအပြင် ကုဟန့်ကျန်းနဲ့မင်ရှို့တို့ ဆရာတပည့်နဲ့အတူ သိုင်းလောကထဲက အရှုပ်အထွေးတွေကို ဘယ်လို‌ဖြေရှင်းကြမလဲမှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါ ...

Sword and Fairy (6) 2024

2024
Miss Perfect (2023) 8
Miss Perfect (2023) Miss Perfect (2024) "ဒေါ်ပြည့်စုံလွန်း" IMDb - 8.2/10Disney+ Hotstarကနေ ထုတ်လွှင့်ပြီး အပိုင်းရှစ်ပိုင်းပါဝင်တဲ့ ရုပ်သံစီးရီးဇာတ်လမ်းတွဲကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တလေဂူးလ်မင်းသမီးချော လာဗန်ညာထရီပသီ အထူးသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ နာမည်အတိုင်းပဲ လာဗန်ညာဆိုတဲ့ အမျိုးသမီးလေးက အရာရာကို ပြည့်စုံလွန်းချင်သူလေး။ သူပြည့်စုံချင်တာက ပစ္စည်းဥစ္စာတွေမဟုတ်။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ အရာရာတိုင်းကို နေရာတကျဖြစ်ပြီး ပြီးပြည့်စုံချင်နေတာမျိုး။ ဘယ်လောက်တောင်လဲဆို ချစ်သူက ရေကူးကန်ဘေးမှာ ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းတာတောင် ရေကူးကန်ထဲက အမှိုက်ကိုမြင်ပြီး အရင်ပြေးဆယ်လို့ ဘဲပစ်မလေးဖြစ်ခဲ့ရ။ ကိုဗစ်ရောဂါအတွက် လိုက်နာရမဲ့စည်းကမ်းချက်တွေက သူ့အတွက် ပုံမှန်ဖြတ်သန်းနေကျဘ၀ပါတဲ့။ ဒီလို အရာရာဇီဇာကြောင်တဲ့ ဘဲပစ်မလေး လာဗန်ညာတစ်ယောက် ဟိုက်ဒရာဘတ်ဆီကို တာဝန်ကျတဲ့အခါမှာတော့...။ကိုဗစ်ရောဂါကပ်ဆိုးကြီး အိန္ဒိယကိုစဝင်တဲ့အချိန်မှာ လာဗန်ညာတစ်ယောက် ပတ်ဝန်းကျင်အသစ် လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ ဘယ်လိုတွေ နှစ်ပါးသွားမလဲဆိုတာ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – 600MB ...
8
TMDb: 8/10 1 votes
tv

Miss Perfect (2023)

2024
Mr. & Mrs. Smith(2024) 5.5
Mr. & Mrs. Smith(2024) Mr. & Mrs. Smith(2024)********************** အပိုင်းသစ်(၁ မှ ၈) အထိ စ/ဆုံး ဒီစီးရီးကတော့ ဘရက်ပစ်နဲ့ဂျိုလီတို့ရဲ့ နာမည်ကျော် စပိုင်အက်ရှင်စီးရီး Mr. & Mrs. Smith ကို ပြန်အသက်သွင်းထားတာပါ။ အဓိကဇာတ်ကောင်နှစ်ယောက်ကိုတော့ လူမည်းတစ်ယောက်နဲ့ အာရှစကော့တလန်ကပြားတစ်ယောက်အဖြစ် ပြောင်းလဲထားပါတယ်။ ဒါရိုက်တာထဲမှာ အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ Fargo ကို ဖန်တီးခဲ့တဲ့ Francesca Sloane ပါဝင်နေပြီး နာမည်ကြီး သရုပ်ဆောင် Donald Glover ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရော မင်းသားအဖြစ်ရော ပါဝင်နေတာပါ။ မင်းသမီးဖြစ်တဲ့ Maya Erskine ကတော့ လတ်လတ်ဆတ်ဆတ် Blue Eye Samurai စီးရီးမှာ Mizu နေရာက အသံသရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းဒီဇာတ်လမ်းကတော့ဘရက်ပစ်တို့တုန်းကလို အိမ်ထောင်သက်ရှည်တဲ့အတွဲမျိူးမဟုတ်ပါဘူး။ ပထမဆုံး အလုပ်ဝင်ပြီး စစ်ဆင်ရေးအနေနဲ့ နှစ်ယောက်တွဲတာဝန်ပေးခံရတာပါ။ အိမ်တစ်လုံးထဲမှာထားပေးပြီး လက်ထပ်စာချုပ်တစ်ခုနဲ့ စထားတာဖြစ်တဲ့အတွက် စီးရီးထုံးစံအတိုင်း အေးအေးဆေးဆေး တစ်ယောက်အကြောင်းတစ်ယောက်သိလာတဲ့ ပုံမျိုးနဲ့ သွားမှာပါပဲ။ စပိုင်ဇာတ်လမ်းတွေပါမယ်၊ အက်ရှင်ကြမ်းကြမ်းတွေပါမယ်၊ ဟာသလေးတွေပါမယ်ဆိုတဲ့အတွက် အရင် ရုပ်ရှင်ရဲ့အရသာမျိူး ပြန်ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။Aired:  February 1, ...
5.5
TMDb: 5.5/10 2 votes
tv

Mr. & Mrs. Smith(2024)

2024
The Spirealm ( 2024 )
The Spirealm ( 2024 ) ဒီဇာတ်ကားလေးက သရဲကားကောင်းကောင်းတွေမှကြည့်ရှုချင်နေတဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဒီဇာတ်ကားဟာ စာရေးဆရာမ ရှီးကျစ်ရွှရဲ့လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့ Kaleidoscope of Death ဆိုတဲ့ဝတ္ထုကနေ LA adaption ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ -ဂိမ်းတွေကိုပရိုဂရမ်ရေးရတဲ့ပရိုဂရမ်မာလည်းဖြစ် ဂိမ်းဆော့ရတာကိုလည်း အရမ်းကိုကြိုက်တဲ့ လင်ကျိုရှီက တစ်နေ့မှာ ပါဆယ်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ ပါဆယ်မှာတော့ ဂိမ်းဘုတ်တစ်ခုဖြစ်ပြီး သူအရမ်းစမ်းဆော့ချင်နေတဲ့ "ဝိဉာဉ်နယ်မြေ" ဆိုတဲ့ဂိမ်းပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူအဲဒီဂိမ်းကိုစမ်းဆော့ကြည့်ပြီး အိမ်ပြန်‌လမ်းမှာမမျှော်လင့်ထားဘဲ သံမဏိတံခါးတစ်ချပ်ကိုသွားတွေ့ပါတော့တယ်။ သူမမျှော်လင့်ထားတာက အဲဒီတံခါးကနေ သူ့ကိုဂိမ်းထဲကို‌ဆွဲသွင်းလိုက်တယ်ဆိုတာပါပဲ။ဆိုတော့ တံခါး‌နောက်က ကမ္ဘာမှာသူဘာတွေကြုံတွေ့ရမလဲ ? ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေကစောင့်ကြိုနေမလဲ ? Mission complete ဖြစ်ဖို ဘာတွေလိုအပ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကြည်ရှုမဲ့ပရိသတ်ကြီးကိုလည်း "တံခါးအတွင်းကမ္ဘာကနေကြိုဆိုလိုက်ပါတယ် "============================Quality : WEB-DL 1080p Total Episodes : 78 Format : mp4 Genres : Mystery , Drama Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

The Spirealm ( 2024 )

2024
Pit Babe (2023)
Pit Babe (2023) ပြိုင်ကားရေးတဲ့ ဖူးစာ (၂၀၂၃)Omegaverse မဟုတ်တဲ့ Omegaverse !Novel ကနေ ပြန်လည်ရိုက်ကူးထားပြီး Novel ထဲမှာ Omegaverse ပေမဲ့ ဇာတ်လမ်းထဲမှာတော့ Pit Babe က ထူးထူးခြားခြား အာရုံခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့နှာခေါင်းထဲတိုးဝင်လာတဲ့ Alpha အနံ့မျိုးကို မကြိုက်တဲ့လူလို့ပဲ ပုံဖော်ထားပါတယ်။(function(f,b,n,j,x,e){})();တစ်နေ့မှာတော့ ပစ်ဘေ့ရဲ့ ဖန်ဘွိုင်း ချာလီဆိုတဲ့ကောင်ငယ်လေးက ပြိုင်ကားမောင်းသမားဖြစ်ချင်ပေမဲ့ ပြိုင်ကားမရှိလို့ သူလေးစားအားကျရတဲ့ No.1 ပြိုင်ကားမောင်းသမား ပစ်ဘေ့ဆီ ကားလာငှားရင်း friends with benefits ဖြစ်သွားပြီး ပစ်ဘေ့ကလည်း ချာလီကို သဘောကျသွားပုံပါပဲ။ချာလီနဲ့ ပစ်ဘေ့တို့ စတွေ့တဲ့နေ့မှာပဲပစ်ဘေ့ရဲ့ ပြိုင်ဘက်က ပစ်ဘေ့မှာ racing မှာ ရှုံးသွားပြီး ပစ်ဘေ့ကို ရှုံးမဲမဲချင်တဲ့စိတ်နဲ့ ပြိုင်ပွဲ ထပ်ပြိုင်ဖို့ စိန်ခေါ်လာပြီး လောင်းကြေးကတော့ ပစ်ဘေ့ဘေးမှာ ငကြောက်လေးလို ရပ်နေတဲ့ ချာလီကို တောင်းပါတယ်။ ချာလီကတော့ ပစ်ဘေ့ကိုပဲ သဘောကျပြီး သူ့ကို တခြားသူလက်ထဲ မထည့်ဖို့ ပြောပေမဲ့ ကိုယ်ကိုယ့်ကိုယ် အထင်ကြီးတဲ့ ပစ်ဘေ့ကတော့ ...

Pit Babe (2023)

2023
Griselda (2024) 7.892
Griselda (2024) Griselda (2024) ============ IMDb Rating - 7.5/10ယခုလက်ရှိမှာ Netflixရဲ့ Series Listထဲ Top-1 နေရာချိတ်နေပြီး IMDb Rating 7.8/10၊ Rotten Tomatoes 88%ထိရရှိထားတဲ့ (၂၀၂၄)ခုနှစ်ထွက် စီးရီးကောင်းတစ်ခုကို CMပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ စီးရီးနာမည်အတိုင်း ဂရီဆယ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန် ပြန်ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရိုးရိုးသာမန်ဘဝနဲ့ အမျိုးသမီးတစ် ယောက်အကြောင်းတော့မဟုတ်လေဘူး။ မိုင်ယာမီကို ပြောင်းလာပြီး သား၃ယောက်အမေဘဝကနေ မူးယစ်ဆေးအကြီးအကျယ်ဖြန့်တဲ့သူ ဖြစ်လာတဲ့အမျိုးသမီး။ဂရီဆယ်ဒါဆိုတဲ့ ဒီအမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပါ တယ်။ ၁၉၇၀ကနေ ၂၀၀၀ခုနှစ်အစောပိုင်းကာလတွေအတွင်း မိုင်ယာမီမှာ "Cocaine Godmother"၊ "The Black Widow"၊ "The Lady of Mafia"ဆိုပြီး ကျော်ကြားခဲ့တဲ့အမျိုးသမီး။ ကျူးဘားကနေ ရွှေ့ပြောင်း အခြေချလာတဲ့သူတွေကို စုစည်းပြီး မိုင်ယာမီမှာ မူးယစ်ရာဇာဘုရင်မ အဖြစ်အုပ်စိုးခဲ့သူတစ်ယောက်။ အစက ဂရီဆယ်ဒါက သား၃ယောက် အမေ၊ သူယူထားတဲ့နောက်ယောက်ျားလုပ်နေတဲ့ မူးယစ်ဆေးတွေမှောင် ခိုကုန်ကူးတဲ့လုပ်ငန်းကို ကူပေးတယ်။တစ်နေ့ကျပြဿနာတက်တော့ ကလေး၃ယောက်ကိုခေါပြီး မိုင်ယာမီကို ထွက်ပြေးဖို့ဖြစ်လာတယ်။ မိုင်ယာမီမှာ ဘဝသစ်စမယ်လို့တွေးထားပေမဲ့ ဂရီဆယ်ဒါ့ခမျာ လက်မဲ့ခြေမဲ့ဖြစ်နေတုန်း ကလေး၃ယောက်ကို ကျွေးမွေးဖို့ ဒုတိယဘုရားသခင်ကို လိုလေတော့ သူ့အရင်အလုပ်ကိုပဲ ...
7.892
TMDb: 7.892/10 74 votes
tv

Griselda (2024)

2024
Sword and Fairy 4 ( 2024 )
Sword and Fairy 4 ( 2024 ) ဒီဇာတ်ကားလေးကတော့ တရုတ်မှာ အရမ်းကိုနာမည်ကြီးတဲ့ The Legend of Swords and Fairy ဆိုတဲ့ RPG game ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းမဖြစ်ခင် vd game အနေနဲ့ကတည်းက တရုတ်ပြည်တွင်းမှာ အရမ်းကိုအောင်မြင်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ် ။‌ ရှေ့မှာရိုက်ခဲ့တဲ့ Chinese Paladins 1နဲ့ 3 ဟာဆိုရင်လည်း Douban score 9 ထိရတဲ့အထိအောင်မြင်မှုတွေရထားတာပါ ။ 2024 ထွက်ရှိလာတဲ့ Chinese Paladins 4 ကရော ရှေ့က season တွေလိုမျိုး အမိုက်စား စံချိန်တွေတင်နိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့စောင့်ကြည့်နိုင်မှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့-‌ချင်းလွမ်တောင်ထွဋ်မှာတစ်ဦးတည်းနေထိုင်တဲ့ ထျန်းဟယ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာ ဂူဖောက်ရာမှာ မျိုးရိုးစဉ်ဆက်ကျွမ်းကျင်တဲ့ ဟန်လင်ရှားဆိုတဲ့ သွက်လက်တတ်ကြွတဲ့ကောင်မလေးနဲ့ မတော်တဆဆုံမိပါတော့တယ် ။မိဘတွေရဲ့ သင်္ချိုင်းဂူကို ဖျက်စီးသွားတဲ့တရားခံကို ရှာဖို့အတွက် ချင်းလွမ်တောင်ထွဋ်ကနေဆင်းပြီး လူ့လောကဆီအလည်အပတ်ထွက်မဲ့ ခွန်အားအပြည့်နဲ့ လျို့ဝှက်ရတနာလေးယွင်ထျန်းဟယ်တစ်ယောက် လူပင်လယ်ကြီးထဲမှာဟန်လင်ရှားနဲ့အတူ ဘယ်လိုအန္တာရာယ်တွေ ဘယ်လိုစွန့်စားခန်တွေဝင်ရမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ=============================Quality : WEB-DL 2160p , 1080p , 720p Total Episodes ...

Sword and Fairy 4 ( 2024 )

2024
LTNS (Long Time No Sex) (2024)[Complet0
LTNS (Long Time No Sex) (2024)[Complet0 LTNS (Long Time No Sex) (2024)********************************အပိုင်း( ၁ မှ ၆) ထိ စ/ဆုံးကားနာမည်မြင်ရုံနဲ့တင်ကြည့်သင့်နေပါပြီ...ဒီဇာတ်လမ်းတွဲသစ်မှာတော့ မြန်မာပရိတ်သတ်တွေသိပ်မစိမ်းလှတဲ့အခွီသရုပ်ဆောင် Ahn Jae Hong နဲ့ Esom တို့ပါဝင်ထားတဲ့အပြင်အခြားနာမည်ကြီးဇာတ်ပို့တွေလည်းပါဝင်ပါတယ်....18+ အဖြစ်သတ်မှတ်ထားကြလို့ကလေးသူငယ်လေးတွေတော့ မကြည့်သင့်ဘူးထင်ပါတယ်...Woo Jin နဲ့ Samuel တို့ဟာ အိမ်ထောင်သက်ကြာလာတဲ့အမျှပြဿနာတစ်ခုကြုံလာရတယ် ..၂ယောက်လုံးငယ်ရွယ်နုပျိုနေသော်ငြားလည်းsexကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်ကိုတစ်ယောက် ရင်ခုန်ခြင်းမရှိတော့တာပါပဲ...သူတို့ ၂ယောက်ဟာ ဒီအခြေအနေက ရုန်းထွက်ချင်တယ်...မချစ်တော့ဘူးလားသံယော်ဇဉ်မရှိတော့ဘူးလားဆိုတော့လည်းမဟုတ်ကြပြန်တော့ သူတို့ (၂)ဦးဟာဒီကိစ္စနဲ့ပတ်သက်ပြီးရေရှည်အစီအစဉ်ဆွဲပြီးဖြေရှင်းဖို့ ကြိုးစားပါတော့တယ် ...သူတို့ဘာတွေလုပ်ကြမလဲဆိုတာကိုတော့.... Aired: Jan 19, 2024 Aired On: Friday  Genres: Comedy, Drama Duration: 45 mins Episodes: 6 Original Network: TVING Translated by  Treasure Htet, Miri, Toe Toe Aung,Phyu Sin Hnin &  Thinn Thinzar Encoded by  Phyo ...

LTNS (Long Time No Sex) (2024)[Complet0

2024
Detective Forst (2024) Complete 6.1
Detective Forst (2024) Complete Detective Forst (2024) A Netflix Series စုံထောက်ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပိုလန်စုံထောက်ဇာတ်လမ်းတွဲ ခပ်မိုက်မိုက်တစ်ခုပေါ့။ Remigiusz Mróz လို့ခေါ်တဲ့ ပိုလန်ရှေ့နေ စာရေးဆရာရဲ့ စုံထောက် Forst အကြောင်း စာအုပ်တွေကို အခြေခံထားတာ။ သူက ပိုလန်မှာ နာမည်အကြီးဆုံး စာရေးဆရာဆိုလည်း မမှားဘူး။ သည်းထိတ်ရင်ဖိုတွေနဲ့ပြည့်နှက်နေတတ်တဲ့ သူ့ဝတ္တုတွေကြောင့် ပိုလန်မှာ သူ့စာတွေကို စတီဖင်ကင်းစာတွေ အဲဖရက်ဟစ်ကော့ရုပ်ရှင်တွေနဲ့ပါ ခိုင်းနှိုင်းကြတယ်။ နက်ဖလစ်ကထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ သူ့စာအုပ်တွဲကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပေါ့။ Forst လို့ခေါ်တဲ့ ရှေ့မကြည့်နောက်မကြည့် အမှုပေါ်ဖို့ လုပ်ချင်တာအကုန်လုပ်တတ်တဲ့စုံထောက်တစ်ယောက်ရှိတယ်။ အထက်လူကြီးကိုလည်း မလေးစားတာမို့ အထက်လူကြီးတွေကလည်း သူ့ကို အမြင်ကတ်ကြတယ်။ ဘာအကြောင်းကြောင့်လဲမသိ သူ့ကို မြို့ပေါ်က ဌာနကနေ နယ်ဘက်ကျေးဘက်ကို အပို့ခံလိုက်ရတယ်။ ဒီလိုနဲ့ သူရောက်နေတဲ့ နယ်ဘက်မှာ ထူးထူးဆန်းဆန်း ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ လူသတ်သမားက နောက်ခံကောင်းသလို ...
6.1
TMDb: 6.1/10 27 votes
tv

Detective Forst (2024) Complete

2024
It’s Okay, That’s Love (2014) [Complete] 8.144
It’s Okay, That’s Love (2014) [Complete] It's Okay, That's Love (2014)*****************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ စိတ်ပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက်Psychological, Romance Drama လေးတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ နာမည်ကြီး မင်းသားမင်းသမီးများဖြစ်ကြတဲ့Jo In Sung၊ Gong Hyo Jin၊ Lee Kwang Soo၊ D.O(EXO)၊ Lee Sung Kyung၊ Sung Dong Il တို့ကအဓိကပါဝင်ထားပြီး rating အမြင့်ဆုံးနဲ့ ရပ်တည်ခဲ့သလို ဆုပေါင်းများစွာကိုလည်းသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး  ရေဒီယိုရှိုးမှာလည်းအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့အချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ...
8.144
TMDb: 8.144/10 52 votes
tv

It’s Okay, That’s Love (2014) [Complete]

2014
Found (2023) 7.333
Found (2023)  ယနေ့အချိန်ထိ ကမ္ဘာအနှံ့ နိုင်ငံတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကရှိနေတုန်းပါပဲ။ ယနေ့ခေတ် အမေရိကန်နိုင်ငံမှာ လူဖြူလူမည်း ခွဲခြားဆက်ဆံခံရမှုတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့အချိန် မီဒီယာတွေကလည်းဒီလိုပြဿနာတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဇာတ်ကားတွေရိုက်ပြီး တင်ဆက်ကြပါတယ်။ဒီစီးရီးမှာဆိုရင် လူမည်းကလေးငယ်တွေ ပျောက်ဆုံးတဲ့အခါ လူအများစုကဒါကိုရေးကြီးခွင်ကျယ် လုပ်စရာမလိုဘူး ထင်ကြပြီး လျစ်လျုရှုတတ်ကြတဲ့သဘောကိုထောက်ပြထားတာပါ။ဇာတ်အိမ်ကတော့ ငယ်စဉ်က နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းခံရပြီး အချိန်တစ်ခုကြာမှကိုယ်တိုင်ထွက်ပြေးခဲ့ရတဲ့ လူမည်း မိန်းကလေးငယ် တစ်ဦးက အရွယ်ရောက်လာပြီးတဲ့အခါဒီလိုဖြစ်ရပ်တွေကို တတ်နိုင်သလောက် တားဆီးဖို့အတွက် အဖွဲ့တစ်ခု တည်ထောင်ပြီးအမေ့လျော့ခံ လစ်လျုရှုခံ ကလေးငယ် တွေကို ကူညီဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ Marvelကရိုက်ကူးတဲ့ S.H.I.E.L.D စီးရီးက အေးဂျင့် ဂရန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် ဘရတ်ဒယ်လ်တန်က ဒီစီးရီးမှာ စုံထောက် ထရန့်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးနာမည်ကြီး Paranormal Activity ဇာတ်ကားမှာ မာရီဆိုးအဖြစ် လူသိများခဲ့တဲ့ ဂေဘရီရယ်ဝက်ချ်ကရှေ့နေ ဥပဒေပညာရှင် လေစီ အဖြစ် ပါဝင်ထားပါတယ်။ ဒီစီးရီးက အောက်တိုဘာ ...
7.333
TMDb: 7.333/10 3 votes
tv

Found (2023)

2023
Club Friday Season 16 : Hot Love Issue, Love Superstitions (2024)
Club Friday Season 16 : Hot Love Issue, Love Superstitions (2024) ချစ်တစ်ယူသန် (၂၀၂၄)နမ့်ဖွန်က ခေတ်မိန်းမပျိုပီပီ ကံဆိုတာ အလုပ်လို့ ယုံကြည်ရင်း ဘဝကို ဖြတ်သန်းနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်တစ်နေ့ လုပ်ငန်းတွေပျက်စီး ချစ်သူကလည်း ငွေလိမ်တာခံရရင်း ဘဝကပျက်စီးသွားခဲ့ချိန်မှာတော့ အဒေါ်ဖြစ်သူရဲ့ ကံဆိုးနေတာ ဖျောက်ရမယ်ဆိုတာကို စယုံကြည်ပေးမိရင်း တရားစခန်းတွေ ဘုရားကျောင်းတွေ အကုန်သွားခဲ့ပါတော့တယ်တရားစခန်းတစ်ခုမှာပဲ စိတ်ထားကောင်း လိမ္မာ ချမ်းသာတဲ့ အုတ်ဆိုတဲ့ ရှေ့နေလေးနဲ့ တွေ့ခဲ့သလို အလုပ်အကိုင်တွေလည်း ပြန်ကောင်းလာခဲ့တာမို့ နမ့်ဖွန်က အရင်နဲ့မတူ ကံ ဗေဒင်နဲ့ ယတြာကို လိုတာထက် ပိုယုံလာခဲ့တယ်အစက စေတနာထားခဲ့ပေမဲ့ တူမဖြစ်သူရဲ့ ငွေကို မက်လာပြီး လိမ်ဆင်တွေထွင်လာတဲ့ ဒေါ်လေးဖြစ်သူ ဗေဒင်ယုံလွန်းပြီး ချစ်သူဖြစ်တဲ့ သူ့ကိုမယုံပေးလို့ စိတ်သဘောထားကွဲလာတဲ့ ရှေ့နေလေး အုတ် ချစ်သူနှစ်ဦး အဆင်မပြေနေတာကို အခွင့်ကောင်းယူပြီး စနိုက်ဖို့ ကြိုးစားလာတဲ့ အတွင်းရေးမှူး ဘိုဒီလိုအပြောင်းအလဲတွေကြား ဖွန်တစ်ယောက် အချိန်မီ အသိဝင်လာနိုင်မလား မမြင်နိုင်တာကို ယုံကြည်မှုတွေ လွန်ကဲပြီး ဘဝကြီး ထပ်ပျက်စီးသွားဦးမလားဆိုတာ “ချစ်တစ်ယူသန်” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Kyi Nue ...

Club Friday Season 16 : Hot Love Issue, Love Superstitions (2024)

2024
The Whisperer (2023) 10
The Whisperer (2023) ဘဝခြားက တီးတိုးခေါ်သံ (၂၀၂၃)(function(f,b,n,j,x,e){})();အလောင်BLတွေ အက်ရှင်BLတွေ ရိုမန့်စ်BLတွေကြားက ရှားရှားပါးပါး Horror genre နဲ့ The Whisperer ဆိုတဲ့ BLကားလေးကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ အတန်ငယ်ကြမ်းတမ်းတာလေးတွေ‌ပါတဲ့အတွက် ဖူဂျိုမမများ 18 ယောက်ပြည့်အောင် လူစုပြီးကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။အစ်ကိုနဲ့မရီးဖြစ်သူ ယာဉ်မတော်တဆမှုကြောင့် ကိုယ့်ရှေ့တင် အရှင်လတ်လတ်မီးလောင်ပြီးသေဆုံးခဲ့ရတာကိုမြင်လိုက်ရတဲ့ ခွန်တစ်ယောက် အဲဒီနေ့ကစလို့ နိုးထလာတိုင်းမှာ နာကျင်မှုတွေ မွန်းကြပ်မှုတွေခံစားနေရတဲ့အပြင် 'သေ...သေ' ဆိုတဲ့အသံကြီးကို အမြဲကြားယောင်နေရတာပေါ့။ ဒါပေမဲ့ အစ်ကို့သားလေး တန်ကျိုင်ကို စောင့်ရှောက်ရမယ့်တာဝန်ကလည်းရှိ၊ ချစ်သူ "တောင်" ရဲ့ ဖေးမမှုနဲ့ ခွန်တစ်ယောက် ခက်ခက်ခဲခဲရှင်သန်နေရတာပေါ့။ ဒါပေမဲ့ အစ်ကိုနဲ့မရီးဖြစ်သူရဲ့ဝိညာဉ်ကိုတော့ တစ်ချက်တစ်ချက်မြင်နေရတုန်းပါပဲ။အတိတ်ရဲ့အရိပ်ကနေ ချစ်သူ‌ကိုလွတ်မြောက်စေချင်တဲ့အပြင် အကြွေးရှင်တွေလိုက်တဲ့ဘေးကပါငြိမ်းသွားအောင် အိမ်ရောင်းပြီး ကြွေးဆပ်ဖို့ ခွန်ကိုတိုက်တွန်းပြီး ချောင်ကျတဲ့နေရာက အိမ်လေးကိုပြောင်းလာဖို့စီစဉ်ခါမှ ကလေးပျောက်ဆုံးတဲ့သတင်းကတစ်ဖုံ၊ ‌အိမ်နေရာက သင်္ချိုင်းဖြစ်ခဲ့ဖူးတာကတစ်မျိုး၊ ကြားထဲက သံသယဝင်စရာကောင်းလောက်အောင် သဘောကောင်းပြနေတဲ့ သရဲဝတ္ထုရေးဆရာ အမည်ခံ BL 18+ ficရေးတဲ့ အိမ်နီးချင်းဝစ်ကတစ်ဖက်နဲ့ ငြိမ်နေတဲ့ခွန်ရဲ့စိတ်ထဲကို အနှောင့်အယှက်တွေ ပြုံဝင်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ...
10
TMDb: 10/10 1 votes
tv

The Whisperer (2023)

2023
My Universe (2023)
My Universe (2023) My Universe / ကျွန်တော့်ရဲ့ စကြဝဠာ (2023)ရည်းစားရှုပ်တဲ့ Kim တစ်ယောက် ဓာတ်လိုက်လို့ သတိမေ့သွားပြီး နောက်နေ့မနက် နိုးလာတဲ့အချိန်မှာ Kim ရဲ့ ခန္ဓာကိုယ်ထဲရောက်နေတဲ့သူက လွန်ခဲ့တဲ့နှစ်နှစ်ကဆုံးသွားတဲ့ Pleum ဖြစ်နေပါတယ်။ Pleum က ဘာမှန်းမသိဘဲ Kim ရဲ့ခန္ဓာကိုယ်ထဲရောက်လာလို့ နားမလည်နိုင်ဖြစ်နေပါတယ်။ Kim ရဲ့ခန္ဓာကိုယ်နဲ့ အသက်ဆက်ရှင်ခွင့်ရသွားတဲ့အတွက် သူ့အနေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူ့ပုံစံအစစ်ကို ဘယ်သူ့ကို အသိပေးလို့မရဘဲ Kim အဖြစ်နဲ့ ဆက်နေထိုင်သွားရမှာပါ။ Pleum က အရင်ဘဝတုန်းက ကားအက်စီးဒင့်နဲ့ဆုံးသွားတာဖြစ်လို့ သူ့ရည်းစား Khao က အခုချိန်ထိ သူ့ကို မေ့မရနိုင်ဖြစ်နေပါတယ်။ ဖြစ်ချင်တော့ Khao က Kim ရဲ့ဘေးနားမှာ ရှိနေတဲ့လူတွေထဲက တစ်ယောက်ဖြစ်နေတော့ သူတို့ပြန်တွေ့လာတဲ့အချိန်မှာ Pleum က သူ့ခံစားချက်တွေကို မျိုသိပ်ပြီး သူ့ပုံစံအမှန်ကို ဖုံးကွယ်ထားနိုင်ပါ့မလား၊ ဘယ်လိုတွေရိုကြဦးမလဲဆိုတာကို ဇာတ်လမ်းထဲမှာ စောင့်ကြည့်သွားကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Kaung ...

My Universe (2023)

2023
Zorro (2024) 5.5
Zorro (2024) Zorro (2024) ===========အမေရိကန်ရဲ့ ပထမဆုံး စူပါဟီးရိုးဖြစ်တဲ့ ဇောရိုး စီးရီး ထွက်လာပါပြီ။ 1920 ကတည်းက ကျော်ကြားခဲ့တဲ့ စပိန် မျက်နှာဖုံးစွပ် သူရဲကောင်း ဇောရိုးအကြောင်းကို စီးရီးအနေနဲ့ အသစ်ရိုက်ကူးထားတဲ့ စပိန်ဇတ်လမ်း တွဲအသစ်ဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။ ဇောရိုးဟာ စပိန် ဘာသာနဲ့ဆိုရင်မြေခွေးလို့အဓိပ္ပါယ်ရပါတယ်။ ဇောရိုးဟာ ယနေ့ခေတ် စူပါဟီးရိုးတွေရဲ့ ရှေ့ဆောင်လမ်းပြလိုဖြစ်ခဲ့ပြီး ဘတ်မန်းဟာ ဇောရိုးထွက် ပြီး နှစ်နှစ်ဆယ်ကြာမှထွက်ခဲ့တာပါ။ 1998 ရုပ်ရှင်ကတော့ လူသိအများဆုံး ဗားရှင်း ဖြစ်ပါလိမ့်မယ်။ မြင်းနက်ကြီးနဲ့ ဝတ်ရုံနက်ကြီး တလွှားလွှားနဲ့ ဓား တစ်ချောင်းကိုင်ရင်း ဆင်းရဲသူတွေကို ကာကွယ်ပြီး လူယုတ်မာသူဌေးတွေနဲ့ အကျင့်ပျက်အရာရှိတွေကို ဆုံးမတတ်တဲ့ သူရဲကောင်းပါပဲ။ ဇောရိုးဆိုတာ တစ်ယောက်တည်းရှိခဲ့တာမဟုတ်ဘဲ ဝတ်ရုံနောက်ကွယ်မှာ တစ်ယောက်ပြီး တစ်ယောက် ဆက်ခံသွားတဲ့ ဓလေ့ရှိခဲ့တာပါ။ ဒီစီးရီးမှာ ဇောရိုးနေရာက Elite စီးရီးရဲ့ နာမည်ကျော် Guzmán Nunier သရုပ်ဆောင် Miguel Bernardeau ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း - ------------------ ခြံရှင်သူဌေးကြီး အလက်ဟန်ဒရို ဒယ်လာဗယ်ဂို လုပ်ကြံခံရတဲ့ညမှာပဲ ဇောရိုး လည်း သေဆုံးသွားခဲ့ပါတယ်။ တရားဝင်သတင်းအရတော့ ...
5.5
TMDb: 5.5/10 2345 votes
tv

Zorro (2024)

2024
Terror Lake Drive – Season (01), (02), (03) 5.2
Terror Lake Drive – Season (01), (02), (03) Terror Lake Drive - Season (01),(02) ========================ကြောက်စရာရေကန်လမ်း တဲ့ . . . နာမည်က‌တော့ လှလှပပပဲ။ အဲဒီရေကန်ထဲမှာ ကျွန်ဘဝက လွတ်မြောက်လာပြီး ကိုယ်ပိုင်စီးပွားရေးကို အောင်မြင်အောင်စခဲ့တဲ့ သမိုင်းထဲက လူမည်းတစ်ဦး သေ ဆုံးနေခဲ့ဖူးတယ်။ သူ့နာမည်က Mr Teror ပေါ့။ ကြောက်မက်ဖွယ်ရာ ဆိုတဲ့ စကား လုံးနဲ့ အက္ခရာ R တစ်လုံးပဲကွာတယ်။ သူ့နာမည်က Teror။ ကြောက်စရာဆိုတဲ့ စကားလုံးက Terror။ ဒီတော့ သူ့နာမည်ကို အစွဲပြုပြီးတော့ ရေကန်လမ်းကို နာမည် ပေးလိုက်တော့ စာလုံးပေါင်းကွဲပေမယ့် ကြားရသူတိုင်းက အသံတူတာကိုပဲကြားပြီး ကြောက်စရာရေကန်လမ်းရယ်လို့ပဲ ထင်ကြပါသတဲ့။ ဇာတ်လမ်းအရလည်း အဲဒီရေ ကန်လမ်းဘေးတဝိုက်မှာ ကြောက်စရာအဖြစ်တွေဖြစ်ခဲ့လို့ ကြောက်စရာရေကန်လမ်း လို့ပဲ ခေါ်လိုက်ကြပါစို့ရဲ့။အဲဒီ မစ္စတာ တဲရာ က သူ့ရဲ့ စီးပွားအောင်မြင်မှုကို မရှုဆိတ်တဲ့ လူဖြူတစ်ချို့က လုပ် ကြံသတ်ဖြတ်တာ ခံခဲ့ရတာ။ ဒီလိုနဲ့ ဒီရေကန်ရယ် ရေကန်ဘေးကလမ်းရယ်က ဒီလို နာမည်ဖြစ်လာခဲ့တယ်ပေါ့။ ဒီဘက်ခေတ်ရောက်တဲ့အခါမှာ ...
5.2
TMDb: 5.2/10 1166 votes
tv

Terror Lake Drive – Season (01), (02), (03)

2020
Night Dream (2023)
Night Dream (2023) ညအိပ်မက် (၂၀၂၃)သာယာတဲ့နွေရာသီအစမှာ ကျောင်းတက်‌ေနတဲ့သာမာန်ကျောင်းသားလေးနှစ်ယောက်ရှ်ိပါတယ်။ ထိုကျောင်းသားလေးနှစ်ယောက်ကတော့ မိဘတွေနဲ့တောင်ရင်းနှီးပြီး အချင်းချင်းလည်းခင်မင်ရင်းနှီးကြတဲ့ သရင့်မ်နဲ့နွန်နိုင်းဆိုတဲ့ကျောင်းသားလေးနှစ်ဦးပါပဲ။ ၀တ္ထုတအားဖတ်တဲ့နွန်နိုင်းကို ကျောင်းသားတစ်ယောက်အနေနဲ့စာဖတ်ဖို့အမြဲပြောဆိုဆူံမနေရတဲ့ သရင်းမ်ဟာ တစ်နေ့မှာတော့ မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ ဘယ်သူ့ကိုမှအသိမပေးဘဲ တိတ်တဆိတ်‌ထွက်သွားခဲ့ပါတော့တယ်။ အချင်းချင်းကွဲကွာခဲ့ကြပြီး ငါးနှစ်အကြာမှာတော့ သရင့်မ်ဟာ ကောလိပ်တက်နေခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ကဖေးဆိုင်လေးတစ်ဆိုင်ကိုဖွင့်ထားခဲ့ပြီး နွန်နိုင်းကတော့ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ စာရေးဆရာလေးနွန်နိုင်းတစ်ယောက် ရည်းစားမထားဖူးတာကြောင့် အချစ်၀တ္ထုရေးမရလို့ စိတ်ညစ်နေချိန် ကဖေးဆိုင်ထဲ၀င်ထိုင်ရင်း ကဖေးဆိုင်ပိုင်ရှင်လေး သရင့်မ်နဲ့ပြန်တွေ့ကြတဲ့အချိန်မှာတော့ ရင်ခုန်စရာကောင်းတဲ့အချစ်ဇာတ်လမ်းလေးကို နွန်နိုင်းဘယ်လိုရှာတွေ့ခဲ့လဲဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးနော်။အညွှန်းကိုတော့ Ada က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Ada & Laila ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 300MB | 150MB Format… mp4 Duration…. 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Ada & Laila Encoder ..... Aaron720pEpisode 01 - Userdrive | YoteShin | Megaup | StreamVid | ...

Night Dream (2023)

2023
Last Twilight (2023)
Last Twilight (2023) Last Twilight / နောက်ဆုံး ကွက်လပ် (2023)Vice versa ထဲက Jimmy-Sea couple ရဲ့ long waited bl seriesတစ်ခုဖြစ်တဲ့ last twilight လေးထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာတော့ vice versa vibeနဲ့ကွဲထွက်ပြီး အလွမ်းဇာတ်နဲ့ ပရိသတ်တွေကိုဘယ်လို‌ခြွေမလဲဆိုတာ CMနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။(function(f,b,n,j,x,e){})();ရုတ်တရက်အမြင်အာရုံကွယ်ပျောက်မှုကြောင့် တောက်ပတဲ့အနာဂတ်ကိုလက်လွှတ်ခဲ့ရတဲ့ ကြက်တောင်ရိုက်ကစားသမားလေး၊ ရွှေပေါ်မြတင်သူဌေးသား‌ပေမဲ့ မျက်မမြင်ဖြစ်နေလို့ လူတွေရဲ့သနားသံတွေကို စိတ်ကုန်နေတဲ့ဒေးတစ်ယောက် ပထမဆုံးအနေနဲ့ သူ့ကို မသနားတဲ့ ဂျစ်ကန်ကန်ကောင်လေးမော့ကို သူ့ကိုစောင့်ရှောက်ပေးမယ့်လူအဖြစ် အလုပ်ခန့်လိုက်ပါတော့တယ်။ ‌‌ အကြွေးပိနေတဲ့မော့ကလည်း ငွေကြေးပြဿနာတွေကိုဖြေရှင်း ခပ်ဝါးဝါးသာမြင်ရတဲ့ဒေးအတွက် မျက်လုံးတစ်စုံဖြစ်ပေးဖို့ဖြစ်လာပါတော့တယ်။အနာဂတ်ကိုမမြင်ရတဲ့သူနဲ့ အနာဂတ်မဲ့နေတဲ့လူနှစ်ယောက်ကြား ကွက်လပ်တွေဖြည့်ရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ အရိုအချိုအလွမ်းအဆွေး ရသစုံရောစပ်ခံစားရစေမယ့် စီးရီးကောင်းလေးမလို့ လက်မလွတ်တမ်း ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Yin, su Myat, Thada တို့ပဲ ဖြစ်ပါတဘ်။Genre..... BL, Drama Quality…. 1080p | 720p File size… 700MB \ 300MB Format… mp4 Duration….40min Subtitle…. ...

Last Twilight (2023)

2023
My Boss ( 2023 )
My Boss ( 2023 ) သူဌေးနဲ့ရှေ့နေမလေးရဲ့ ရိုရိုချိုချိုအချစ်ကားလေး CM မှတင်ဆက်ပေးလိုက်ပါပြီ။ အိပ်မက်တွေအပြည့်နဲ့ ဖြူစင်တက်ကြွတဲ့ရှေ့နေမလေးချန်ယောင်ဟာ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့စိတ်အားထက်သန်နေပါတယ်။ သူ့ကိုထိပ်တန်းရှေ့နေရုံးတစ်ခုကမထင်မှတ်ပဲအလုပ်ခန့်လိုက်တော့ သူ့ရဲ့အိပ်မက်တွေတကယ်ဖြစ်လာပြီလား......(function(f,b,n,j,x,e){})();ဒီလိုနဲ့သူက အလုပ်ကိုကောင်းကောင်းပိုလုပ်နိုင်ဖို့ အလုပ်နဲ့နီးတဲ့နေရာကိုပြောင်းလာခဲ့တယ်။ အိမ်ရှင်ကတစ်အိမ်ထဲကိုနှစ်ယောက်ငှားထားမယ်လို့ဘယ်ထင်မိမှာလဲ။ သူနဲ့ငြင်းခုန်ခဲ့တဲ့အဲဒီအိမ်ငှားက မထင်မှတ်ပဲ သူ့ရဲ့အလုပ်ရှင်ဖြစ်နေပါတယ်။ အလုပ်ဆင်းတဲ့ပထမရက်မှာတင် သူဌေးက ရှေ့နေမလေးကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးပါတော့တယ်။ ချန်ယောင်ကိုရုံးကနှင်ထုတ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့။ ချန်ယောင်ကတော့ သူအလုပ်ရတဲ့အကြောင်းအရင်းမှန်ကိုမသိပဲ သူကံကောင်းလို့အလုပ်ရတဲ့အတွက် အလုပ်ကိုကြိုးစားလုပ်ပြီး သူ့စွမ်းရည်ကိုပြဖို့ပဲစိတ်အားထက်သန်နေတာပါ။ ချန်ယောင်က သူဌေးရဲ့အမြင်စောင်းတာတွေကိုဖယ်ရှားပြီး သူဌေးဆိုးနဲ့ရှေ့နေမလေးကြားမှာဘယ်လို အချစ်မီးပန်းတွေပေါက်ဖွားလာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါဦးနော်။=====================Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Drama , Romance  Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK====================== Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamWish / Mega.nz Ep 1 ...

My Boss ( 2023 )

2024