Channel Myanmar

Drama

Punch (2014) [Complete] 8.2
Punch (2014) [Complete] Punch (2014)*************အပိုင်း (၁ မှ ၁၉) စ/ဆုံး အထက်အမှုစစ်ရုံးက Park Jung Hwanက အဂတိလိုက်စားမှုစုံစမ်းရေးအဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ သူ့ရဲ့ရာထူးကိုရဖို့အတွက်တော့အပေးအယူပေါင်းစုံကို တစ်ဇွတ်ထိုးလုပ်တဲ့သူမျိုးပေါ့။တစ်နေ့မှာတော့ သူ့မှာ ဦးနှောက်အကြိတ်တည်နေပြီးရှင်သန်ဖို့အချိန် ဘယ်လောက်မှ မကျန်တော့မှန်း သိသွားပါတော့တယ်။သူရဲ့နောက်ဆုံးအချိန်တွေကို နောင်တမရဘဲ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပြီးအဂတိလိုက်စားတဲ့ အမှုစစ်ချုပ် Lee Tae-Joonဘက်ကို တရားမျှတမှုရဲ့သေနတ်ပြောင်းချိန်လိုက်တဲ့အခါ…Park Jung-Hwanရဲ့ ဇနီးဟောင်းဖြစ်သူ အမှုစစ် Shin Ha-Gyeongကလည်းခင်ပွန်းဟောင်းဘက်ကနေ ပါဝင်ကူညီတဲ့အခါမှာတော့...အာဏာကြီးလွန်းလှတဲ့ အမှုစစ်ချုပ် Lee Tae Joonနဲ့ သေမင်းတံခါးဝကအမှန်တရားရဲ့ဘက်တော်သား Park Jung- Hwanတို့အကြားဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ K-Dramaပရိသတ်ကြီးကပဲ ခံစားကြည့်ရှုကြပါဦးနော်။Kim Rae Won, Kim Ah Joong, Jo Jae Hyun တို့လို မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာမို့အကြိုက်တွေ့စေမှာ‌ပါနော်။  Aired: Dec 15, 2014 - Feb 17, 2015 Aired On: Monday, ...
8.2
TMDb: 8.2/10 10 votes
tv

Punch (2014) [Complete]

2014
Incomparable Beauty ( 2023 )
Incomparable Beauty ( 2023 ) မပြည့်စုံတဲ့လူငယ်ဘဝမှာ မိသားစုအရေး ဘဝတိုးတက်ရေးအတွက် ကြိုးစားကြရင် ချစ်ခြင်းတွေနဲ့ဘဝရဲ့အဓိပ္ပါယ်ကို ဖော်ဆောင်ကြတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။အသက်နှစ်ဆယ်ကျော်အရွယ်မှာ ရွှီယောက်ဟာစီးပွားရေးလုပ်တာ မအောင်မြင်ပဲ အကြွေးပင်လယ်ဝေခဲ့ပြီး ချစ်သူနဲ့လမ်းခွဲခဲ့ရတယ်။ ချစ်သူရဲ့အကြောင်းပြချက်မရှိစွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ ယွီကျားအိန်ဟာ သူ့ကိုယ်သူလုပ်ငန်းခွင်မှာပဲနှစ်မြှုပ်ထားခဲ့တယ်။အကြောင်းအကြောင်းကြောင့် ဇာတိမြေကိုပြန်လာတဲ့အချိန်မှာ သူတို့နှစ်ယောက်ဟာမထင်မှတ်ပဲပြန်ဆုံတွေ့လိုက်ရတဲ့အချိန်မှာ ဝမ်းနည်းခြင်း၊ မုန်းတီးခြင်းတွေနဲ့ဖြစ်နေကြပေမယ့် အချစ်လက်ကျန်တွေကတော့ ရင်ထဲတစ်နေရာမှာရှိနေကြတုန်းပါပဲ။သူတို့တွေဟာဘဝအခက်အခဲတွေအမျိုးမျိုးကြုံတွေ့ကျော်ဖြတ်ခဲ့ရပြီး ဘဝရဲ့လှပခြင်းတွေကိုပြန်လည်ဖော်ဆောင်နိုင်လာခဲ့ကြတာကို ခံစားကြည့်လိုက်ရအောင်နော်========================Quality : WEB-DL 1080p , 720p Total Episode : 40 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK==========================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamVidEp 1 ( 1080p ) ...

Incomparable Beauty ( 2023 )

2023
Crazy Handsome Rich (2023)
Crazy Handsome Rich (2023) Crazy Handsome Rich / အချစ် အထိန်းတော် (2023)Love syndrome က အချစ်ကြမ်းအရိုကြမ်းခဲ့တဲ့ မာဖီးယားကိုကို Day-Itt coupleကို နူးနူးညံ့ညံ့နဲ့ရိုမယ့် သခင်လေးနဲ့အိမ်တော်ထိန်းအဖြစ် ပြန်လည်မြင်တွေ့ရမယ့် Crazy Handsome Richဘဝကို ချို့ချို့တဲ့တဲ့နဲ့ဖြတ်သန်းရတဲ့ ဟင်းရွက်ရောင်းရတဲ့ကောင်လေး လက်ဗ်အတွက်တော့ ချမ်းသာဖို့ဟာ သူ့ရဲ့ရည်မှန်းချက်ပေါ့။ ဒါပေမဲ့ လက်ရှိသူ့ရဲ့အနေအထားနဲ့တော့ လှပတဲ့အိပ်မက်လေးတစ်ခုထက် မပိုပါဘူး။ ကိုယ်စွမ်းသလောက်နဲ့မရနိုင်ရင် ‌မီတွယ်ရာရှာတတ်ကြသလိုပဲ ဇာတ်လိုက်ကျော်လက်ဗ်လေးကလည်း ဗေဒင်ယုံတတ်သူလေးပေါ့။ဒီလိုနဲ့ အရမ်းမှန်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဗေဒင်ဆရာမ မာရီနဲ့တွေ့ပြီးချိန်မှာတော့ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဈေးထဲက ဟင်းရွက်သည်လေးလက်ဗ်အဖြစ်ကနေ ကျိကျိတက်ချမ်းသာတဲ့ အိမ်ကြီးရှင်သခင်ဖြစ်တဲ့ သခင်လေးထွတ်ရဲ့အိမ်ကို အိမ်တော်ထိန်းလက်ဗ်အဖြစ် ရောက်သွားချိန်မှာတော့...သခင်လေးရဲ့အကြည့်တွေကို ဖမ်းစားသွားတဲ့ အိမ်တော်ထိန်းလေးလက်ဗ်တစ်‌‌ယောက် ဗေဒင်ဆရာမ မာရီ ပေးတဲ့ လည်ဆွဲတစ်ခုအကြောင်းပြုလို့ ဖူးစာဖက်ကိုရှာတွေ့နိုင်မလား။ စိတ်ဝင်စားမှုတစ်ခုက‌နေ အချစ်ဆိုတဲ့အဆင့်ထိကို သခင်လေးထွတ်ကရော ရှေ့တိုးလာမလားဆိုတာကိုတော့ အပတ်စဉ်တနင်္ဂနွေတိုင်းမှာ စောင့်မျှော်ရင်း ရင်ခုန်လိုက်ကြပါစို့လား။အညွှန်းကို Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Summer, Kong, Thada ပဲ ဖြစ်ပါတယ်။Genre..... ...

Crazy Handsome Rich (2023)

2023
Kleo (2022) 7.034
Kleo (2022) Kleo (2022) =========== IMDb Rating - 7.5/10Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်း တွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92% ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူး ထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကား တွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့ အစဉ်အလာရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက် လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်း ကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်း လွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက် ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန် ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ...
7.034
TMDb: 7.034/10 89 votes
tv

Kleo (2022)

2022
Karen Pirie (2022) 6.583
Karen Pirie (2022) Karen Pirie (2022) ==============Crime, Drama ဇာတ်လမ်းကောင်း ကြိုက်တဲ့သူတွေအတွက် Rotten Tomatoes 91%, IMDb 7.6/10 ရရှိထားတဲ့ စုံထောက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခု Season 1 မှာတော့ အပိုင်း ၃ပိုင်း တည်း ပါဝင်တာမို့ အပိုင်းအများကြီး ကြည့်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ဇာတ်အိမ်ခိုင်မာပြီး ကြည့်နေကြ Hollywood production တွေက မဟုတ်ဘဲ UK ကမို့လို့ မတူညီတဲ့ရသကို ခံစားနိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကယ်ရန်ပီရီဟာ ရာဇဝတ်မှုဌာနသို့ ရာထူး တိုးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က တရားခံ မပေါ်ခဲ့တဲ့ လူသတ်မှုဟောင်း တစ်ခုကို ပြန်လည်စုံစမ်းဖို့ရာ ဖြစ်လာပါတယ်။ အဆိုပါအမှုကတော့ ရိုစီ ဒက်ဖ်ဆိုတဲ့ မိန်းကလေး အသတ်ခံရမှုပါ။ ရိုစီအသတ်ခံရတဲ့ညမှာ အဲလက်စ်၊ တွမ်နဲ့ ဇစ်ကီဆိုတဲ့ ကျောင်းသားလေး သုံးယောက်ဟာ ဒဏ်ရာတွေနဲ့ လဲ နေတဲ့ ရိုစီ့ကို တွေ့ခဲ့ပြီး ရဲတွေကိုအကူအညီတောင်းခဲ့ပါတယ်။ မျက်မြင် သက်သေ သုံးယောက်ကို ရဲတွေက ခေါ်ယူမေးမြန်းခဲ့ပြီး ...
6.583
TMDb: 6.583/10 29 votes
tv

Karen Pirie (2022)

2022
Solomon’s Perjury (2016) [Complete] 7.025
Solomon’s Perjury (2016) [Complete] Solomon's Perjury (2016)***************************အပိုင်း ( ၁ မှ ၁၂ ) စ / ဆုံး ဒီတစ်ခေါက်မှာလည်း CM ပရိသတ်ကြီးတွေအတွက်Jang Dong Yoon, Kim Hyun Sooနဲ့ Seo Ji Hoonတို့ အဓိကပါဝင်ထားတဲ့ကျောင်းသားကားလန်းလန်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...ခရစ္စမတ်ညမှာ ဂျုံဂုအထက်တန်းကျောင်းသား အီဆိုဝူတစ်ယောက်ကျောင်းခေါင်းမိုးထပ်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့ရပါတယ်။သူ့ရဲ့သေဆုံးမှုကို ရဲတွေက သေကြောင်းကြံစည်မှုလို့ ကောက်ချက်ချသလိုကျောင်းရဲ့ အကြီးပိုင်းအရာရှိတွေကလည်း ကျောင်းနာမည်မထိခိုက်အောင်အမှုကို အမြန်ပိတ်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ အီဆိုဝူရဲ့သေဆုံးမှုဟာ သတ်သေတာမဟုတ်ဘဲ အသတ်ခံခဲ့ရတာပါဆိုပြီးမျက်မြင်သက်သေ ပေါ်ထွက်လာတဲ့အခါမှာတော့ အမှန်တရားကို ဖော်ထုတ်ဖို့ကျောင်းတွင်းတရားခွင်ကို ပြုလုပ်ကြပါတော့တယ်။အီဆိုဝူက တကယ်ပဲ ကိုယ့်ကိုကိုယ်သတ်သေတာလား...အထက်လူကြီးတွေရဲ့ ဖုံးဖိချင်မှုတွေနဲ့ အာဏာပါဝါတွေကို လွန်ဆန်ပြီးတရားခံကို ဖော်ထုတ်နိုင်နိုင်မလား...တရားခံကရော တကယ် သူတို့ထင်တဲ့သူ ဖြစ်နေပါ့မလား...ထပ်ဆင့် သက်သေထွက်ဆိုသူတွေပေါ်ပေါက်လာပြီးတရားခွင်မှာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုသံသယစိတ်တွေအပြည့်နဲ့ ကြည့်ရှုရမယ့် Mystery Teen Drama လေးပဲဖြစ်ပါတယ်။ Aired: Dec 16, 2016 ...
7.025
TMDb: 7.025/10 21 votes
tv

Solomon’s Perjury (2016) [Complete]

2016
My Lovely Boxer(2023)
My Lovely Boxer(2023) My Lovely Boxer(2023)**********************'အပိုင်း ( ၁ မှ ၁၂)ထိ စ/ဆုံး Jessiရဲ့ ကောင်လေးလို့ ဝိုင်း‌သ‌ဘောတူနေကြတဲ့ အီဆန်းဟျော့နဲ့ I.O.I အဖွဲ့၀င်ဟောင်းSo Hyeတို့ရဲ့ ဒရာမာအသစ်လေး လာပါပြီနော်.....ဂင်ထယ်ယောင်း(Lee Sang Yeop)ဟာ နတ်ဆိုးလိုမျိုး အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို စုပ်ပြီးစွန့်ပစ်တတ်တဲ့ အားကစားအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။အီဂွန်းဆု(Kim So Hye)ကတော့ အချိန်ရှိသမျှ အားကစားလောကကနှုတ်ထွက်ဖို့ စိတ်ကူးယဉ်နေတဲ့ လူငယ်လက်ဝှေ့ချန်ပီယံပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်တွေ့ဆုံပြီး လက်ဝှေ့ကိုအရမ်းမုန်းနေတဲ့ ဉာဏ်ကြီးရှင်ရဲ့အနားမယူခင်နောက်ဆုံးအနေနဲ့ ယှဉ်ပြိုင်မဲ့ လက်ဝှေ့ပရောဂျက်တစ်ခုကို စတင်ဖို့ ဖြစ်လာပါတယ်။ဒါ့အပြင် ချန်ပီယံခါးပတ်သုံးခုကို ထိန်းသိမ်းထားဖို့တဲ့ လက်ဝှေ့ချန်ပီယံ၊ သားအတွက်လူမိုက်ဂိုဏ်းထဲ၀င်တဲ့ ဘောလီဘောချန်ပီယံအဖေ၊ ပိုက်ဆံအတွက်နဲ့ကိုယ့်အားကစားသမားကို ရောင်းစားတဲ့ နည်းပြ၊ ကိုယ့်လောဘကြောင့် သမီးကိုမကောင်းဆိုးဝါးအနေနဲ့ ဖန်တီးမိတဲ့ အဖေ စတဲ့ ဇာတ်ကောင်မျိုးစုံလည်း ပါ၀င်မှာ ဖြစ်ပါတယ်။ဂင်ထယ်ယောင်းရဲ့ ဘ၀ကို လောင်းကြေးထပ်ထားတဲ့ Fix Match Gameကသူထင်ထားသလို ဖြစ်လာပါ့မလား။သူကိုယ်တိုင်ဖန်တီးထားတဲ့ အန္တရာယ်များတဲ့ ဂိမ်းပြီးသွားရင်သူရှာ‌ဖွေတွေ့ရှိရမဲ့ အရာက ...

My Lovely Boxer(2023)

2023
Chiang Mai Adventures (2023) 8
Chiang Mai Adventures (2023) Chiang Mai Adventures ( 2023 ) အညွှန်းမတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်လာကြတဲ့ သူတို့အဖွဲ့...။ သွားရမယ့်နေရာကို မရောက်ကြဘဲ လမ်းမှားရာကနေ အကူအညီပေးသူတစ်ကြောင့် အနီးနားက ရွာတစ်ရွာမှာ တစ်ညအိပ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ထူးဆန်းစွာနဲ့ နွန်ဆိုတဲ့ကောင်လေးက ထူးခြားနေသတဲ့လေ...။ တစ်ညအိပ်ပြီး ပြန်လမ်းမှာလည်း သူငယ်ချင်း ၅ ယောက်အတွက် အထူးအဆန်းတွေချည်း ကြုံတွေ့နေရရင်း လမ်းမှာ တစ်ညထပ်အိပ်ရင်း နိုးလာတော့ ဘာတွေဖြစ်နေမလဲဆိုတာ သိချင်ရင် အခုပဲဝင်ကြည့်လိုက်တော့နော်၃ ပိုင်းတည်းရှိတဲ့ mini drama လေးပါ။ ၂ ပိုင်းထွက်ရှိထားပြီးတော့ ကျန်တစ်ပိုင်းကိုတော့ နောက် ၃ ပတ်အကြာမှ ထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်အညွှန်းကိုတော့ Blue က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Blue နဲ့ Kim ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size…750MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle ...
8
TMDb: 8/10 10 votes
tv

Chiang Mai Adventures (2023)

Wilderness (2023) 6.4
Wilderness (2023)  IMDb 6.3 ထိရရှိထားတဲ့ ထွက်ရှိနေဆဲ Drama & thriller အမျိုးအစားဇာတ်လမ်းတွဲဖြစ်ပြီး ထင်မှတ်မထားတဲ့ plot twist တွေနဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုကြည့်ရှုရမှာပါ ပုံပြင်တွေထဲမှာလို "တစ်သက်လုံးပျော်ရွှင်စွာနေထိုင်သွားကြလေသည်" ဆိုတဲ့အဆုံးသတ်မျိုးကိုတော့ ဘယ်သူကမလိုချင်ဘဲနေပါ့မလဲ အိုလီဗီယာ(လိဗ်) နဲ့ဝီလီယမ် (ဝီလ်) တို့အတွဲကလည်း လှပတဲ့အချစ်ဇာတ်လမ်းကိုပိုင်ဆိုင်ထားကြတဲ့ ကြင်စဦးမောင်နှံလေးဖြစ်ပြီး သူတို့ရဲ့ပုံပြင်က ဇာတ်သိမ်းလှလှ‌လေးနဲ့ပဲအဆုံးသတ်မယ်လို့ ထင်ထားခဲ့ပေမဲ့ အမျိုးသားဖြစ်သူဖောက်ပြန်နေတာကိုသိသွားတဲ့အခါမှာတော့... စိတ်ကူးယဉ်အိပ်မက်လေးကနေ အိပ်မက်ဆိုးကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ် လိဗ်တစ်ယောက် အချစ်ကြီးလို့အမျက်ကြီးရာကနေ ‌ဖောက်ပြားတတ်တဲ့‌ယောက်ျားကို သွေးအေးအေးနဲ့ ဘယ်လိုနည်းလမ်းတွေသုံးပြီးကလဲ့စားချေမလဲ ဆိုတာကိုကြည့်ရှုရမှာပါFile size…(890 MB)/(392 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn   Season 1Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / ...
6.4
TMDb: 6.4/10 14 votes
tv

Wilderness (2023)

2023
Class Act (2023) 6.5
Class Act (2023) Netflix ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲ Class Act မီနီဇာတ်လမ်းတွဲ နဲ့ မိတ်ဆက်ပေးပါရစေ။၁၉၆၀ ခုနှစ်ဝန်းကျင် ပြင်သစ်နိုင်ငံ မြို့ငယ်လေး တစ်မြို့မှာ သာမန်ဝန်ထမ်းမိသားစုကနေပေါက်ဖွားကြီးပြင်းလာခဲ့တဲ့ ဘာနာ့ဒ်တာပီးလို့အမည်ရတဲ့သူတစ်ဦးရှိတယ်..သူဘဝမျိုးစုံကြုံဖူးခဲ့သလို နယ်ပယ်တစ်ခုချင်းတိုင်းမှာလည်း အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်...သို့ပေမဲ့ ဘယ်အလုပ်မဆို အောင်မြင်မှုဆိုတာ ကျရှုံးမှုနဲ့ အစပြုကြရတာပဲမဟုတ်လား...ဒီစီးရီးဟာ သူလှုပ်ရှား ရုန်းကန်ခဲ့ရတဲ့ ဘဝတစ်ခုချင်းအလိုက်လူငယ်တွေ‌ေဆောင်ရန်ရှောင်ရန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်..သို့ပေမဲ့ ပျင်းစရာမကောင်းဘဲအတော်ကြည့်လို့ကောင်းပါတယ်..အဆိုတော်၊ စီးပွားရေးသမား၊ဖျော်ဖြေတင်ဆက်သူ၊ နိုင်ငံရေးသမားပြင်သစ်လီဂူးက မာဆေးလ်အသင်းပိုင်ရှင် နာမည်ကျော် အားကစားပစ္စည်းကုမ္ပဏီ Adidasတို့ကိုပိုင်ဆိုင်ခဲ့ဖူးတဲ့ ဘာနာ့ဒ်တာပီး ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်....။။  File Size –  1.40 GB/ 485MBQuality –NF WEB-DL 1080p 5.1 CH, 720pDuration – 55 Min  (@Episode)Total Episodes: 7 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , ...
6.5
TMDb: 6.5/10 14 votes
tv

Class Act (2023)

2023
Heartstrings(2011)[Complete] 6.9
Heartstrings(2011)[Complete] Heartstrings(2011)****************အပိုင်း(၁ မှ ၁၅)အထိ စ/ဆုံး တစ်ချိန်တစ်ခါကနေ အခုချိန်ထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ series လေး လာပါပြီYou're Beautiful ထဲမှာ မညားလိုက်ရတဲ့ ရှင်ဝူးနဲ့ ဂိုမီနမ်အတွက်သက်သက်တစ်ကားဖန်တီးပေးထားသလိုပါပဲLee Shin (Jung Yong Hwa) က ခေတ်ပေါ်တေးဂီတမေဂျာကို အဓိကယူထားတဲ့ကျောင်းသား ဖြစ်ပြီး Stupid အဖွဲ့ရဲ့ main vocalist နဲ့ guitarist ပါ ရုပ်ရည်ချောမောပြီး ဂီတကို ပြင်းပြင်းပျပျ ဝါသနာပါသူအဖြစ် ကျောင်းမှာနာမည်ကြီး ရေပန်းစားပေမဲ့ တကယ်တမ်းကျ အေးတိအေးစက်နဲ့ အနာဂတ်ကို စိတ်မဝင်စားသူတစ်ဦးပါ ..Lee Kyu Won (Park Shin Hye)ကတော့ ရိုးရာဂီတမေဂျာကဖြစ်ပြီး ကိုရီးယားရိုးရာ ၁၂ ကြိုးစောင်းကို ကျွမ်းကျင်သူပါ အဘိုးဖြစ်သူ Lee Dong Gun က ထိပ်တန်းရိုးရာဂီတသမားဖြစ်တာကြောင့်အဘိုးရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပြင်းရင်း ရိုးရာဂီတပညာရှင်ဖြစ်ဖို့ကလွဲပြီး ကျန်တာဘာမှမသိသူလေးပေါ့ တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ Lee ...
6.9
TMDb: 6.9/10 28 votes
tv

Heartstrings(2011)[Complete]

2011
The Killing Kind (2023) 7.667
The Killing Kind (2023)  ဒီတစ်ခေါက်မှာတော့ ဒီလမှာမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Killing Kind ဆိုတဲ့ Thriller/Drama Series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မာလင်မင်းသားချော Colin Morgan နဲ့ မင်းသမီး Emma Appleton (Everything I Know About Love/ LOLA)တို့ ခေါင်းဆောင်ပါဝင်ထားကြပြီး စာရေးဆရာမ Jane Casey ရဲ့ နာမည်တူမူရင်းဝတ္တုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ IMDB 5.7/10 ရရှိထားပြီး Season 1 မှာတော့ အပိုင်း ၆ ပိုင်းထွက်ရှိထားတာ ဖြစ်ပါတယ်။ အင်ဂရစ်က အလုပ်လုပ်ရာမှာ အရမ်းတော်တဲ့ရှေ့နေမလေးဖြစ်ပြီး အမှုသည်တိုင်းကို တရားခွင်မှာ အောင်ပန်းဆင်နိုင်အောင် အစွမ်းကုန်ကြိုးစားတတ်သူပါ။ ပြောင်မြောက်လွန်းတဲ့သူမရဲ့ စွမ်းဆောင်ရည်ကြောင့် နောက်ယောင်ခံတဲ့အမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဂျွန်ဝက်ဘ်စတားဆိုတဲ့ အမှုသည်က တရားသေလွတ်သွားခဲ့ရာက သူမကို အထင်ကြီးလေးစားစိတ်များနဲ့အတူ အစွဲလမ်းကြီး စွဲလမ်းသွားပါတော့တယ်။ အင်ဂရစ်တစ်ယောက် ဂျွန့်လက်ကလွတ်အောင် နည်းမျိုးစုံနဲ့ရှောင်ပြေးခဲ့ပြီး ...
7.667
TMDb: 7.667/10 3 votes
tv

The Killing Kind (2023)

2023
Winning Time: The Rise of the Lakers Dynasty (2023) Season 02 Complete 8.3
Winning Time: The Rise of the Lakers Dynasty (2023) Season 02 Complete Winning Time: The Rise of the Lakers Dynasty (2023) Season 02 Ongoing ~ IMDb - 8.3/10, Rotten Tomatoes - 85% ~ ရာဇဝင်ဆိုတာ ဖောင်တိန်ထဲ မင်ထည့်ရေးရုံနဲ့ ခမ်းနားသွားမယ့်အရာမျိုးမဟုတ်ပါဘူး။ သွေးတွေ ချွေးတွေ အနစ်နာခံမှုတွေအများကြီး ပေးဆပ်ပြီးမှ ခမ်းနားတဲ့ရာဇဝင်တစ်ခုကို ဆေးခြယ်နိုင်မှာပါ။ ဒီစီးရီးဟာ LA Lakers အသင်းကို ပိုင်ရှင်သစ်ဖြစ်တဲ့ ဘတ်စ်က ဝယ်ပြီးတဲ့နောက် NBA ကို ဘီလျံနဲ့ချီတန်တဲ့ စီးပွားရေးတစ်ခု၊ လူကြိုက်များတဲ့အားကစားတစ်ခုနဲ့ ဖျော်ဖြေရေးတစ်ခု အဖြစ် အသွင်ပြောင်းခဲ့ရာကစလို့ လိတ်ကာအသင်းကြီးကို အခုလို လူရိုသေ ရှင်ရိုသေဖြစ်တဲ့အထိ ဆွဲတင်ခဲ့ကြပုံတွေကို ဂျာနယ်လစ် Jeff Pearlman ရဲ့ "Showtime" စာအုပ်အပေါ်အခြေခံပြီး လက်တွေ့ကျကျ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Season 1 ကြည့်ဖူးပြီးသားလူတွေအနေနဲ့ ဒီစီးရီး ရဲ့ ...
8.3
TMDb: 8.3/10 95 votes
tv

Winning Time: The Rise of the Lakers Dynasty (2023) Season 02 Complete

2023
Magpie Murders (2022) 7.097
Magpie Murders (2022)  ဆူဆန်ရိုင်လန်ဆိုတဲ့အမျိုးသမီးဟာ စာအုပ်ထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီရဲ့အယ်ဒီတာတစ်ယောက်ဖြစ်ပြီးတော့ သူ့လုပ်ကိုင်နေတဲ့နယ်ပယ်မှာကျွမ်းကျင်ထူးချွန်တဲ့သူတစ်ယောက်ပါ…..တစ်နေ့မှာ သူမဟာ ရေးတဲ့စာအုပ်တိုင်းပေါက်တဲ့အထိ နာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်လန်ခွန်းဝေးရဲ့ စာမူကိုလက်ခံရရှိခဲ့ပါတယ်….ထုံးစံအတိုင်း ပုံနှိပ်ထုတ်ဝေဖို့အတွက် မူကြမ်းကိုဖတ်ကြည့်တဲ့အခါဆန်းကြယ်စွာပဲ စာမူရဲ့နောက်ဆုံးဇာတ်သိမ်းခန်းက ပါမလာခဲ့ပါဘူး….တဖက်မှာလည်း ဒီစာအုပ်ဟာ ဆူဆန်တို့ကုမ္ပဏီရဲ့ကံကြမ္မာကို ကယ်တင်ပေးနိုင်မယ့်တစ်ခုတည်းသော လက်နက်ဖြစ်တာကြောင့် ဆူဆန်တစ်ယောက်ဇာတ်သိမ်းခန်းရှာပုံတော်ကိုစတင်ခဲ့ရပါတယ်……ဆူဆန်တစ်ယောက် ရှာပုံတော်ခရီးမှာ ဘာဆန်းကြယ်မှုတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးမှာ ပျောက်နေတဲ့ဇာတ်သိမ်းကို ရှာတွေ့သွားမှာလား ?ဇာတ်သိမ်းခန်းကရော ဘာလို့ပျောက်သွားရတာလဲ?စာအုပ်ထဲမှာရော ဘာအကြောင်းအရာတွေကိုရေးထားတာလဲ?စတဲ့အကြောင်းအရာတွေကို ပဟေဠိဆန်စွာ တင်ဆက်ပြသထားတာမို့ဒီကားဟာ စုံထောက်ဇာတ်လမ်းတွေကိုသဘောကျတဲ့သူတွေ ဦးနှောက်အစားခံပြီးဇာတ်လမ်းထဲမှာပါတဲ့ မှုခင်းတွေရဲ့အဖြေကိုလည်း ခန့်မှန်းရှာဖွေရတာကိုလည်းခုံမင်နှစ်သက်သူတွေအတွက် “Magpie Murders” က ကြည့်ရတန်တဲ့ဇာတ်ကားကောင်းတစ်လက်ပါပဲ...... ( ဒီစီးရီးအတွက် ဘာသာပြန်ပေးသူကတော့ " Thinn , Chevy " ဖြစ်ပြီးအညွှန်းကိုတော့ Thinn  မှ ရေးသားပေးထားပါတယ် )  File Size –  780 MB/ 317 MBQuality –NF WEB-DL 1080p , 720pDuration – 45 ...
7.097
TMDb: 7.097/10 31 votes
tv

Magpie Murders (2022)

2022
SEAL Team (2017) 8.039
SEAL Team (2017) CM ပရိတ်သတ်ကြီးတခဲနက်တောင်းဆိုထားတဲ့ တိုက်တာခိုက်တာလည်းမိုက်၊ လက်တွေ့လည်းဆန်၊ ဇာတ်အိမ်လည်းကောင်းတဲ့ နာမည်ကြီးစစ်ကားစီးရီးတစ်ခုဖြစ်တဲ့ Seal Team 2017 ကိုယူဆောင်လာပေးခဲ့ပါပြီ။ Seal Team ဟာဆိုရင်‌တော့ Navy Seal အထူးတပ်ဖွဲ့၀င်တွေရဲ့ အမိမြေအတွက် အန္တရာယ်များတဲ့စစ်ဆင်ရေးတွေ ဆင်နွှဲကြပုံကိုရိုက်ကူးထားတဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Seal တပ်ဖွဲ့၀င်တွေရဲ့ လေ့ကျင့်မှုတွေ၊ ဗျူဟာချမှတ်ပုံတွေ၊ စစ်ဆင်ရေးပြုလုပ်ပုံတွေကို ဇာတ်အိမ် ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ရိုက်ပြထားတဲ့အပြင် မိသားစုရေး၊ နိုင်ငံကိုသစ္စာစောင့်သိမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊စစ်ပွဲအကြောင်းတွေကိုလည်း ရသစုံစွာ ထည့်သွင်းရိုက်ကူးထားပါတယ်။အထူးသဖြင့် Navy Sealလိုအထူးတပ်ဖွဲ့မျိုးမှာ တာ၀န်ထမ်းဆောင်ရတဲ့ တပ်ဖွဲ့၀င်တွေရဲ့ ပရော်ဖက်ရှင်အလုပ်နဲ့ သာမန်ဘ၀အကြားမှာ ဟန်ချက်ညီမှုရရှိအောင်ကြိုးစားကြရပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်လမ်း စ၊လယ်၊ဆုံး တိုက်ခိုက်နေတာမဟုတ်ဘဲ ၎င်းတို့ရဲ့သာမန်ဘ၀တွေမှာ ကြုံတွေ့ရတဲ့ဒရာမာတွေကိုလည်း ထည့်သွင်းပေးထားတာမလို့ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအချိတ်အဆက်က အတော်ကောင်းပါတယ်။ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ Seal Teamရဲ့ ဇာတ်ညွှန်းကိုရေးသားရာမှာ Navy Seal တပ်ဖွဲ့၀င်အစစ်တွေရဲ့ ...
8.039
TMDb: 8.039/10 1307 votes
tv

SEAL Team (2017)

2017
Black Butterflies [Les papillons noirs] (2022) 7.5
Black Butterflies [Les papillons noirs] (2022) Black Butterflies [Les papillons noirs] (2022) ================================ဇာတ်လမ်းဇာတ်အိမ်နက်နက်နဲနဲနဲ့ စိတ်ဝင်တစားကြည့်ရမယ့် ပြင်သစ် Thriller စီးရီးတစ်ခုပါ။ IMDb Rating - 7.5/10 ရ ထားတာမို့ ကောင်းမကောင်းကိုစိတ်ပူစရာလိုမယ်မထင်ပါဘူး။ မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းတွေတော့ ပါပါတယ်။ဘဝဇာတ်ကြောင်းကိုရေးထားတဲ့ဝတ္ထုတစ်ခုနဲ့ အောင်မြင်ထားတဲ့ စာရေးဆရာ အေဒရီယန်ဟာ နောက်စာအုပ်အတွက် အကြံဉာဏ် ရဖို့ခက်နေတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဆီကဖုန်းဝင်လာပါတယ်။ လူ့လောကမှာသိပ်မနေရတော့တဲ့သက်ကြီးရွယ်အိုတစ်ယောက်က သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့နောက်မှာ အေဒရီယန်တစ်ယောက် ထိုလူရဲ့ဖွင့်ဟချက်တွေကိုမှတ်တမ်းယူရင်း သူတစ်ပါးရဲ့အတိတ်က မှောင်မိုက်တဲ့အရိပ်မည်းတွေနဲ့ ပတ်သတ်မိ သွားတဲ့အခါမှာတော့ . . .စုစုပေါင်း(၆)ပိုင်း ပါရှိတဲ့ ဒီစီးရီးကို cm မှ ဆက်တိုက်တင်ဆက်ပေး သွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်။)File Size.............(400 Mb) / (1.4 GB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama, Mystery Translator..........Pyi T. Nyein Encoder..............SWM 720P (400 MB)-----------------------------------Episode(1) - Yoteshin /  Megaup / MegaNZ ...
7.5
TMDb: 7.5/10 4800 votes
tv

Black Butterflies [Les papillons noirs] (2022)

2022
Missing You (2012) 7.1
Missing You (2012) Missing You (2012)********************အပိုင်း (၁ မှ ၂၁) စ / ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် မမချော Yoon Eun Hye , Park Yoo Chunနဲ့Yoo Seung Hoတို့အပြင် Kim So Hyunနဲ့ Yeo Jin Gooတို့ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ နာမည်ကြီး Seriesဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...အီဆူယွန်းဟာ လူသတ်သမားရဲ့သမီးဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံဘဝမှာနေထိုင်လာခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အီဆူယွန်းရဲ့ ဘဝထဲကိုထီးအဝါလေးနဲ့ ဟန်ဂျောင်အူဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်ရှိလာခဲ့ပြီးသံယောဇဉ်တွေခိုင်မာလာတဲ့ သူတို့အကြား မထင်မှတ်ထားတဲ့ ကံကြမ္မာမုန်တိုင်းတစ်ခုဝင်ရောက်လာပြီး ကွဲကွာသွားပါတော့တယ်။ ဟျောင်းဂျွန်းကလည်း တစ်လောကလုံးမှာအီဆူယွန်းကို အတွယ်တာဆုံးဖြစ်ပြီး ကံကြမ္မာဆိုးထဲကျရောက်ခဲ့တဲ့ ဆူယွန်းအတွက်လည်းတစ်ဦးတည်းသော မှီခိုရာ မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ထီးအဝါလေးတွေနဲ့ ကိုယ်စီရဲ့ ငယ်ချစ်ဦးဖြစ်ခဲ့ကြတဲ့ ဂျောင်အူနဲ့ ဆူယွန်းတို့ဘယ်လိုပြန်လည်ဆုံဆည်းကြမလဲ...။သူတို့ နှစ်ယောက်ကို ဝေးကွာစေခဲ့တဲ့ တရားခံကရော ဘယ်သူများလဲ..။‌ဟျောင်းဂျွန်းကရော ဆူယွန်းထင်သလို ...
7.1
TMDb: 7.1/10 16 votes
tv

Missing You (2012)

2012
The Ipcress File (2022) Complete 7.3
The Ipcress File (2022) Complete The Ipcress File (2022) ~ IMDb - 7.3/10, Rotten Tomatoes - 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ...
7.3
TMDb: 7.3/10 40 votes
tv

The Ipcress File (2022) Complete

2022
Hidden Agenda (2023) 10
Hidden Agenda (2023) Hidden Agenda (2023)အခုတစ်ခါ တင်ဆက်ပေးသွားမှာကတော့ Hidden agenda ဆိုတဲ့ BLကားလေးပဲဖြစ်ပါတယ်။ ဇာတ်လိုက်နှစ်ယောက်က Star In My Mind မှာကတည်းက လိုက်ဖက်ညီကြတာမလို့ ပရိသတ်အတော်များများက Hidden agenda ကိုလည်း အတော်လေးမျှော်လင့်ထားကြပါတယ်။ဒီကားထဲမှာတော့ ဇို ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးက သူအချိန်အကြာကြီး crush ခဲ့ရတဲ့ နိတာ ကိုလိုက်ဖို့အတွက်ကြိုးစားရာမှာ မအောင်မြင်ခဲ့တာမလို့ နောက်ဆုံးမှာ သူငယ်ချင်းရဲ့အကြံအတိုင်း နိတာရဲ့ ရည်းစားဟောင်းလည်းဖြစ်ပြီး အခုအချိန်မှာ နိတာ အကြောင်းအသိဆုံးသူဖြစ်တဲ့ ဂျုပ်ဆိုတဲ့သူကို အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဂျုပ်ကလည်း အပြန်အလှန်အနေနဲ့ နိတာနဲ့ ဇိုတို့ရှိ‌နေတဲ့ စကားရည်လု clubကို သူဝင်ခွင့်ရအောင် ကူညီရမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဇို ဆိုတဲ့ကောင်လေး နိတာကိုလိုက်တာကရော အောင်မြင်ပါ့မလား? ဂျုပ် ကို club ထဲဝင်နိုင်ဖို့ ကူညီပေးရင်း သူတို့နီးစပ်သွားကြမှာလားဆိုတာတွေကို အသည်းတယားယားနဲ့ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Kim က ရေၕးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Kim, Su Myat တို့ပဲ ...
10
TMDb: 10/10 2 votes
tv

Hidden Agenda (2023)

2023
The Curse – Season (01), (02) 6.7
The Curse – Season (01), (02) The Curse - Season (01), (02) ===================== IMDb Rating - 6.7/10အချိန်အားဖြင့် ၁၉၈၀ ကာလအစောပိုင်းတစ်ခု၊ နေရာအားဖြင့် မြို့တော် လန်ဒန်မှာ ကုန်လှောင်ရုံဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဓားပြတွေ ကတော့ မိန်းမမျက်နှာ တစ်ကမ္ဘာ‌ဆိုတဲ့ အဲလ်ဘတ်ရယ်၊ ဘာနေနေသံယောင် လိုက်တတ်တဲ့ မစ်ခ်ရယ်၊ မိန်းမဖောက်ပြန်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြေကွဲလူငယ်ဖြစ်နေတဲ့ ဆစ် ဒနီရယ်၊ စဆရကသိပ်လုပ်တတ်တဲ့ ဖေးလ်ရယ် မတည့်မတူနေ သူငယ်ချင်း တွေပါ။ ဒေါ်လာငါးသောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဓားပြတိုက်ပွဲဝင် ခဲ့ကြတဲ့သူတွေပေါ့။ဒါပေမဲ့ ဒေါ်လာငါးသောင်းမကတန်တဲ့ ရွှေတုံးတွေပါ အဲဒီကုန်လှောင်ရုံထဲကို ရောက်ရှိနေခဲ့ပါတယ်။ အခွင့်အရေးဆိုတာ လက်မလွှတ်ကောင်းဘူးဆိုတော့ လည်း ရှိတဲ့ရွှေတွေပါ မကြတော့တာပေါ့။  ဒါပေမဲ့ သူတို့မသိလိုက်တာက အဲဒီ ရွှေတွေက ဆိုးရွားတဲ့ ကျိန်စာမိထားတဲ့ရွှေတွေပါ။  ဒီတော့ သူတို့တွေ အဲဒီရွှေ တုံးတွေနဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကကြမလဲဆိုတာ ရယ်ရင်းမောရင်းနဲ့ပဲ ကြည့် ရှုကြရဦးမှာပေါ့ဗျာ။လန်ဒန်မှာဆိုတော့ လန်ဒန်ရဲတွေ ရှိတာပေါ့ ဆိုသလိုပဲ ကိုယ်လူချောတို့ ရဲတွေ လက်ကနေ ဘယ်လိုလွတ်အောင် ပြေးကြဦးမလဲပေါ့။ သေချာတာတော့ မအေး အေးဝင်း စီစဉ်တဲ့စီးရီးမဟုတ်တာမို့ အဆုံးသတ်ကိုတော့ ...
6.7
TMDb: 6.7/10 2100 votes
tv

The Curse – Season (01), (02)

2022