Channel Myanmar

Drama

The Legend of Bruce Lee (2008) 6.5
The Legend of Bruce Lee (2008)  Cultural phenomenal လို့ခေါ်တဲ့ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ကြသူတွေထဲမှာ ဘရုစ်လီ ဆိုတာ ဒဏ္ဍာရီဆန် ဂန္တဝင်မြောက်တဲ့ သိုင်းပညာရှင် အတွေးအခေါ်ပညာရှင်ကြီးပါ။ သရုပ်ဆောင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ထုတ်လုပ်သူဆိုတာတွေက ကျွဲကူးရေပါလာတဲ့ အောင်မြင်မှုတွေမလို့ အရေးတယူ မပြောတော့ပါဘူး။သိုင်းပညာဆိုတဲ့ ပညာရပ်မှာတော့ တစ်ဖက်ကမ်း ခပ်ရုံမက ထုံးလိုချေ ရေလိုနှောက် အဆင့်ထက်ကျော်တဲ့၊ သိုင်းပညာနဲ့ ဘရုစ်လီ၊ ဘရုစ်လီ နဲ့ သိုင်းပညာဟာ ခွဲခြားလို့မရတော့ဘဲ တစ်သားထည်းဖြစ်သွားတဲ့ အဆင့်ကို ရောက်နေသူကြီးပါ။အတွေးအခေါ်ပိုင်းမှာလည်း ဘရုစ် ပြောခဲ့တဲ့ စကားတွေ အတွေးအခေါ်တွေကို သိုင်းပညာရပ်မှာသာမက အခြားနယ်ပယ်တွေမှာလည်း တခုတ်တရ သုံးစွဲရတဲ့အထိ လေးနက်ပြောင်မြောက်လွန်းလှပါတယ်။ဘုရားသခင်ဟာ အကောင်းဆုံးတွေကို လူတစ်ယောက်တည်းမှာ စုပြုံထည့်မပေးတတ်ဘူးတဲ့။ လီရှောင်လုံ လို့ခေါ်တဲ့ ဘရုစ်လီ ကတော့ ဘုရားသခင် မှားယွင်းဖန်ဆင်းမိတဲ့ အပြီးပြည့်စုံဆုံးသော လူသားတစ်ယောက်ပါပဲ။ လူ့လောကမှာ ကြာကြာမထားရဲဘဲ သူ့သက်တမ်း ၃၂ နှစ်မှာ ပြန်ခေါ်လိုက်ရတာကိုပဲ ကြည့်တော့။လီရှောင်လုံ ...
6.5
TMDb: 6.5/10 26 votes
tv

The Legend of Bruce Lee (2008)

2008
Emergency Couple (2024)
Emergency Couple (2024) ကသောင်းကနင်းနိုင်တဲ့အချစ် (၂၀၂၄)မမ ဆုန်းဂျီဟိုတို့ အောင်မြင်ခဲ့တဲ့ Emergency Couple ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲရဲ့ remake ဇာတ်လမ်းလေး လာပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ... ဆရာဝန်ပန်တို့စုံတွဲက ကွာရှင်းထားတဲ့လင်မယားတွေ ဖြစ်ပြီးတော့ကွာရှင်းပြီး ၆နှစ်လောက်အကြာမှာ ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနမှာ အလုပ်သင်လာလုပ်ကြရင်း ပြန်ဆုံဆည်းခဲ့ကြရာမှာတော့ပန်နှစ်ပန်စုံတွဲတို့ရဲ့အလွဲပေါင်းများစွာကို “ကသောင်းကနင်းနိုင်တဲ့အချစ်”ဇာတ်လမ်းတွဲလေးမှာ ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Medical Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 ...

Emergency Couple (2024)

2024
The Escape of the Seven: Resurrection (2024) 6.8
The Escape of the Seven: Resurrection (2024) The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၈) အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ Saungchan ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024)

2024
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်းသစ်(၂ ) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun ...

Chief Detective 1958(2024)

2024
City of Stars (2024)
City of Stars (2024) ငွေကြယ်ပွင့် မြို့တော် (၂၀၂၄)ဆန်ဖရန်စစ္စကို အခြေစိုက် Zandaya အက်ပလီကေးရှင်းဟာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို လက်ခံခွင့်ပြုတဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ ထိုင်းနိုင်ငံနာမည်ကြီးကျော် "ဖူအန်နာခွန်" က ' ဒီအက်ပလီကေးရှင်းကို စတင်အသုံးပြုလာတဲ့အခါ၊ ထိုင်းလူမျိုးအသုံးပြုသူတွေ ရုတ်တရက် များပြားလာပါတော့တယ်။ဒီလိုနဲ့ တစ်ယောက်တည်းရှိတဲ့ ထိုင်းလူမျိုး Developer "ကရိုမထား" ခမျာ ထိုင်းဗန်းစကားတွေကို စီစစ်ရင်း အလုပ်ရှုပ်ရတော့တာပါပဲ။ ဒီအခြေအနေက ရုန်းထွက်ဖို့ အိမ်ပြန်ခရီးထွက်ခဲ့တာတောင် လက်ပတော့တစ်လုံးနဲ့ အလုပ်ရှုပ်နေရတာမို့ နာမည်ကျော်ထိုင်းဆယ်လီ ဖူအန်နာခွန်ကို မမြင်ဖူးခင်တည်းက မနှစ်မြို့ရှာပါဘူး။ ဒါပေမဲ့ ကရိုမထားတစ်ယောက် ထိုင်းမြေပေါ်ကို ခြေချချချင်း ပထမဆုံးတွေ့ရတဲ့သူကလည်း ဖူအန်နာခွန်ဖြစ်နေတဲ့အခါ...။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Blue, Baby, Laila တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle ...

City of Stars (2024)

2024
Legend of the Hidden Land (2024)
Legend of the Hidden Land (2024) လျှို့ဝှက်ကျွန်း ရဲ့ ဒဏ္ဍာရီ (၂၀၂၄)ဘန်ဘွန်တိုင်းပြည်ခေါ်တဲ့ မှော်၀င်တိုင်းပြည်ကြီးမှာ နယ်နိမိတ် လေးခုနဲ့ ဖွဲ့စည်းထားပါတယ် မြွေဘုရင် ဆင်ဘုရင် သိမ်းငှက်ဘုရင်နဲ့ ကျွဲရိုင်းဘုရင်တို့က အသီးသီးအုပ်ချုပ်ကြပါတယ် ဘုရင် လေးယောက်မှာ မြွေဘုရင်က ရတနာကိုးပါးစီမံထားတဲ့ နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်ခွင့်ရထားပါတယ် ဒါကြောင့် ဘန်ဘွန်တိုင်းပြည်မှာ မြွေဘုရင်က အင်အားအကြီးဆုံးဖြစ်ပါတယ် ကျန်သော ဘုရင်သုံးပါကလည်း နုတ်ဖရတ်တုတ်တံကို ပိုင်ဆိုင်လိုစိတ် ရှိကြပါတယ် ထိုထဲမှာမှ သိမ်းငှက်ဘုရင်က အဆိုးဆုံးပါ ‌နုတ်ဖရတ်တုတ်တံကို လုယူဖို့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့ပါတယ် တစ်နေ့မှာ သိမ်းငှက်ဘုရင်က သူ့သားဖ့စ်တဲ့ ခမ်းဖာကို မြွေဘုရင်ရဲ့ သမီးနာရင်နဲ့ ချစ်ကြိုက်စေဖို့ မြွေအသွင်ဖန်ဆင်းပြီး စေလွှတ်ခဲ့ပါတယ် နာရင်နဲ့ ချစ်ကြိုက်သွားပြီးနောက် နာရင်မှာကိုယ်၀န်ရှိခဲ့ပါတယ် ခမ်းဖာတစ်ယောက် သူ့အဖေ လုယူခိုင်းတဲ့ နုတ်ဖရတ်တုတ်တံကို လုယူဖို့ ဆုံးဖြတ်ချက်တွေ မပြတ်သားခဲ့ပါဘူး ဒီအကြောင်းကို သိမ်းငှက်ဘုရင်တို့ အုပ်စု သိသွားတော့ မြွေဘုရင်နယ်မြေကို လာတိုက်ခိုက်ပါတော့တယ် မြွေဘုရင်က နုတ်ဖရတ်တုတ်တံကို သိမ်းငှက်ဘုရင်ကို မပိုင်ဆ်ုင်စေလိုသောကြောင့် နေရောင်ခြည်ရဲ့ အလင်းတန်းနှင့် တုတ်တံကို ဖျက်စီးပစ်ခဲ့ပါတယ် တုတ်တံထဲက ရတနာကိုးပါးလည်း ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့ကိုရောက်သွားပါတယ် နုတ်ဖရတ်တုတ်တံကို အရင်လည်း ရတနာကိုးပါနဲ့စုစည်းနိုင်မယ့်သူက နာရင်မွေးလာမယ့် ...

Legend of the Hidden Land (2024)

2024
23.5 (2024)
23.5 (2024) ၂၃.၅ ဒီဂရီ တိမ်းစောင်းနေတဲ့အချစ် (၂၀၂၄)အုန်ဆာ/ အတ် အဖြစ် Milk pansa ဆန်း အဖြစ် Love Pattraniteဇာတ်လမ်းအကျဉ်းIntrovert တစ်ယောက်ဖြစ်ပြီး လူတွေအမြင်ကို အရမ်းဂရုစိုက် ရှက်တတ်တဲ့ အုန်ဆာဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆယ်တန်းနှစ်မှာတော့ သူ့ဇာတိ ဖူးခက်ကနေ ဘန်ကောက်ကို ကျောင်းပြောင်းလာတက်ခဲ့ရတယ်အုန်ဆာ့လို အေးတဲ့သူတစ်ယောက် အိမ်၊ကျောင်း၊သူငယ်ချင်းအသစ်နဲ့တွေ့ရတာ မတူညီတဲ့ စကြဝဠာကြီး တစ်ခုကို ရောက်သွားသလိုပါပဲဒါပေမဲ့ အုန်ဆာက စကြဝဠာသစ်ကြီးရဲ့ နေမင်းကြီးဖြစ်တဲ့ ဆန်းဆိုတဲ့ သွက်လက်ချစ်စရာကောင်းတဲ့ ကောင်မလေးကိုတွေ့ပြီး သဘောကျသွားချိန်မှာတော့ IG မှာ follow ခဲ့ပါတော့တယ်အုန်ဆာနဲ့ ဆန်းတို့ စကားစပြောရာက အုန်ဆာက သူ့ကိုယ်သူ နေမင်းကြီးကို ၂၃.၅ ဒီဂရီတိမ်းစောင်းရင်း လှည့်ပတ်နေတဲ့ ကမ္ဘာကြီး(အတ်) လို့ မိတ်ဆက်လိုက်ရာက ဆန်းက သူ့ကို ယောက်ျားလေးလို့ ထင်သွားခဲ့ပါတော့တယ် ရှက်တတ်တဲ့ အုန်ဆာ တစ်ယောက် ဆန်းကို သဘောကျတဲ့ ခံစားချက်တွေကို ဖွင့်ပြောနိုင်ပါ့မလား ဆန်းကရော စကားပြောနေခဲ့တဲ့ အတ်က ယောက်ျားလေးမဟုတ်ဘဲ အုန်ဆာဆိုတာ သိသွားမှာလား ချစ်စရာမိန်းမပျိုလေးနှစ်ယောက်ကြားက သူငယ်ချင်းကနေ ...

23.5 (2024)

2024
The Last Ship (2014) 7.4
The Last Ship (2014)  ပရိသတ်ကြီးတွေ သင်္ကြန်မှာ ဇာတ်ကားကောင်းကောင်းလေးကြည့်ရှုနိုင်အောင် ကျွန်တော်တို့ Channel Myanmar မှ The Last Ship ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီ......၁ရက်ကို ၁စီစန်နှုန်းနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစားတင်ဆက်ပေးမှာဖြစ်ပါတယ်......ဇာတ်လမ်းကတော့ အာတိတ်ကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ အဆက်အသွယ်အကုန်ဖြတ်ပြီးပို့ခံလိုက်ရတဲ့ အမေရိကန်စစ်သင်္ဘောအကြောင်းပါ အစကတော့ သူတို့က ဘာကြောင့် စစ်ဆင်ရေးကို လွှတ်လိုက်လဲမသိပေမဲ့ နောက်ပိုင်းမှာတော့ ကူးစက်ရောဂါ တမျိုးပျံ့နှံ့နေတာကြောင့် ပိုးကူးမှုကင်းစင်တဲ့နယ်မြေမှာ ကုထုံးစမ်းသပ်ဖော်စပ်နိုင်ဖို့အတွက် သုတေသနပညာရှင်တစ်ယောက်နဲ့ လွှတ်လိုက်တာပါ အဲဒီအကြောင်းကို သုတေသနပညာရှင်ကလွဲပြီး ကျန်တဲ့သူဘယ်သူမှမသိခဲ့ပါဘူး......ဒါပေမဲ့ အဲဒါကို သိနေတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကလည်းရှိနေပါသေးတယ်......သူတို့ကလည်း အမေရိကန်သင်္ဘောပေါ်က သုတေသနပညာရှင်နဲ့ စမ်းသပ်ထားတဲ့ ကုထုံးတွေကို အသေအလဲလိုချင်နေကြတာပါ.....အဲဒီလိုနဲ့ အမေရိကန် စစ်သင်္ဘောရဲ့ ရေယာဉ်မှူးရယ် သုတေသနပညာရှင်ရယ် သင်္ဘောပေါ်က အရာရှိ ရဲဘော် ဝန်ထမ်းတွေရယ်ရဲ့ ဘယ်လိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားကြမလဲ......ကုထုံးကို ထွင်နိုင်မှာလား.....ကမ္ဘာပျက်သွားတဲ့အချိန် လူတွေရဲ့ သေးသိမ်တဲ့သဘောထားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(1.3 ...
7.4
TMDb: 7.4/10 884 votes
tv

The Last Ship (2014)

2014
A Gentleman in Moscow (2024) 9
A Gentleman in Moscow (2024) A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား ...
9
TMDb: 9/10 2 votes
tv

A Gentleman in Moscow (2024)

2024
My Precious The Series (2024)
My Precious The Series (2024) မြတ်နိုးရတဲ့ အဖိုးတန်လေး (၂၀၂၄)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyesရဲ့ thai remake version‌ ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားလေးက စီးရီးအနေနဲ့ ထွက်ရှိလာပါပြီ။ Bad Buddyထဲက Ohmနဲ့ Nanonအပြင် Dangerous romance ထဲက ဟိုက်ပါလေးChimonနဲ့ Only friendsထဲက စားဘဲလေးNeoကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။ တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီး တုန် ပေါ့။တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း ...

My Precious The Series (2024)

2024
Paatal Lok (2020) 7.2
Paatal Lok (2020) Paatal Lok (2020) ငရဲပြည်...အခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ Amazon Prime ကနေ Streaming ပြနေတဲ့ Crime-Thriller စီးရီးလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးရဲ့နာမည်ကိုက ဘာသာပြန်လိုက်ရင် ငရဲပြည်လို့ အဓိပ္ပာယ်ရပါတယ် ဇာတ်လမ်းထဲမှာ နတ်ပြတ် လူ့ပြည် ငရဲပြည်ဆိုတဲ့ လောကသုံးပါးကို အိန္ဒိယရဲ့လူတန်းစားအလွှာတွေနဲ့ နှိုင်းယှဉ်ပြထားတာပါ ဒီငရဲပြည်နဲ့တူတဲ့ အောက်ခြေလူတန်းစားအလွှာ‌တွေရှိတဲ့မှာ ရဲလုပ်နေရတဲ့ ချောင်ဒရီအတွက်ကတေ့ာ ကိုယ်တိုင်ငရဲကျနေသလိုပါပဲနေ့စဉ် ရိုက်မှုခိုးမှုတွေနဲ့ ပတ်လည်ရိုက်နေပြီးတော့ ရာထူးလဲမတက် စခန်းလဲမပြောင်း ရဲဘဝကို စိတ်ကုန်နေသူတစ်ယောက်ပါပဲ အဲ့အချိန် သူ့နယ်ထဲမှာ အထက်ဌာနချုပ်ကပါ လူကြားထဲ ကိုယ်တိုင်လိုက်ဖမ်းရတဲ့ လူသတ်ဖို့ကြံနေတဲ့ လူဆိုးလေးယောက်ကို သူ့စခန်းမှာချုပ်ပြီးတော့ စစ်ဆေးစုံစမ်းရဖို့ ဖြစ်လာပါတယ်....သူတို့သတ်ဖို့ကြံနေတဲ့သူကလည်း အမှန်တွေတအားဖော်တဲ့ နာမည်ကြီးသတင်းထောက်တစ်ယောက်ဖြစ်နေတာ သိလိုက်ရတဲ့အခါ ဒီလိုလုပ်ဖို့ကြံတာ ဘယ်သူလဲ ဘယ်အဖွဲ့အစည်းကလဲ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုတာ ရဲမှူးချောင်ဒရီတစ်ယောက်စုံစမ်းရင်းနဲ့ ဘယ်အတိုင်းအတာထိ နက်ရှိုင်းသွားမလဲဆိုတာတော့.....အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်File Size –700MB (Appx;)@EpisodeQuality – 1080p WEB DL Duration – 42minute (@Episode)Total Episodes: ...
7.2
TMDb: 7.2/10 64 votes
tv

Paatal Lok (2020)

2020
Parish (2024) 8.2
Parish (2024) လူတိုင်းအမြင်ကတ်ပြီး ကြောက်ဖို့ကောင်းတဲ့ Breaking Bad ထဲက ကြက်ကြော်ဆိုင်ပိုင်ရှင်ကြီး Gus Fring အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Giancarlo Esposito ခေါင်းဆောင်ပြီး ပါဝင်ထားပြီး အသစ်စက်စက်ထွက်ရှိထားတဲ့ Drama, Crime Fiction အမျိုးအစား TV Series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။IMDb မှာလဲ 6.9 အထိရရှိထားပြီးတော့ Giancarlo Esposito ရဲ့မှင်သေသေ အမှားမလုပ်တတ်တဲ့ပုံစံမျိုးနဲ့ ဇာတ်ကောင်က တော်တော်လေးကို လိုက်ဖက်တဲ့ စီးရီးလေးပါ။ ဇာတ်လမ်းတင်ဆက်ပုံလေးကလဲ သွေးအေးအေးနဲ့ ဟာကွက်တွေမရှိအောင် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေပုံစံမျိုးနဲ့တင်ဆက်ထားတာဆိုတော့ ဒီလို Drama Crime Theme နဲ့ ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် တကယ်ကောင်းတဲ့စီးရီးလေးပါ။အရင်က Transpoter ဇာတ်ကားပုံစံမျိုးလေးကိုမှ ဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းလေးကတော့ အရင်တုန်းက ဒုစရိုက်လောကမှာ နာမည်ကျော် ကားမောင်းသမားအဖြစ် နာမည်ကြီးနေတဲ့ ဂရေးတစ်ယောက် သူ့ရဲ့သားဖြစ်သူတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရချိန်မှာတော့ ဒီအရိပ်မည်းကြီးက သူ့ကိုအမြဲခြောက်လှန့်နေခဲ့တယ်။သူ့ရဲ့သားဖြစ်သူရဲ့ ဖြစ်ရပ်ကြောင့်ပဲ ဒီလောကကနေ အနားယူလိုက်ပြီး ကားဝပ်ရှော့လေးဖွင့်ပြီး အေးအေးချမ်းချမ်း မိသားစုဘဝလေးတည်ထောင်နေခဲ့သူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့အရင်တပည့်ဖြစ်သူက ပေါက်ကရအရှုပ်တွေလုပ်လာခဲ့ပြီး ဒီကိစ္စတွေထဲ ဂရေးတစ်ယောက် ပါဝင်သွားခဲ့ရာမှ ...
8.2
TMDb: 8.2/10 5 votes
tv

Parish (2024)

2024
Raisinghani vs Raisinghani (2024)
Raisinghani vs Raisinghani (2024) Raisinghani vs Raisinghani (2024) IMDb - 6.3/10အိန္ဒိယရဲ့ ရုပ်သံဇာတ်လမ်းတွဲအနုပညာကြေး အမြင့်ဆုံးထဲက မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ဂျနီဖာဝင်ဂတ် အထူးသရုပ်ဆောင်ထားပြီး Sony Livကနေ တင်ဆက်ပေးသွားတဲ့ အရမ်းမိုက်တဲ့ ရှေ့နေဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ရိုင်ဆင်ဂ်ဟာနီဆိုတဲ့မိသားစုက အရမ်းကို နာမည်ကျော်ကြားပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ရှေ့နေမိသားစုကြီးပေါ့။ အဘိုးကအစ မြေးအဆုံး ရှေ့နေတွေဖြစ်ပြီး မြေးမလေး အနွတ်ရှ်ကာကတော့ ရဲရင့်ဖျက်လတ်ပြီး နူးညံ့တဲ့နှလုံးသားပိုင်ရှင်လေး တစ်ဦးပေါ့။ဗီရတ်ကတော့ အနွတ်ရှ်ကာတို့ ရှေ့နေကုမ္ပဏီမှာပဲ နာမည်ကြီးတဲ့ ရှေ့နေတစ်ဦးပါ။ သူတို့နှစ်ဦးရဲ့ အတိတ်ကဇာတ်လမ်းတွေကို ပြည်ဖုံးကားချလို့ ကုမ္ပဏီမှာ အမှုတွေကို သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေခဲ့ပါတယ်။ဗီရတ်ရဲ့ငယ်သူငယ်ချင်း နာမည်ကျော်ခရစ်ကတ်သမားရဲ့ အမှုကို နှစ်ဦးသား အတူတူလိုက်ပေးဖို့ အကြောင်းဖန်လာရာကစ အန်ကီတာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် လျှို့ဝှက်ချက်တွေနဲ့ အနွတ်ရှ်ကာဆီမှာ လက်ထောက်ရှေ့နေအဖြစ် ဝင်ရောက်လုပ်ကိုင်ချိန်မှာတော့...။သမိုင်းကြောင်းကောင်းလှတဲ့ ရှေ့နေမိသားစုကြီးရဲ့ကြားက သံယောဇဉ်အရှုပ်အရှင်းတွေ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့အတူ တရားတဘောင်ရင်ဆိုင်ကြပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းကို V မှ ရေးထားပြီး V ~ Yunni ~ Alex ~ ...

Raisinghani vs Raisinghani (2024)

2024
Come and Hug Me(2018) 6.9
Come and Hug Me(2018) Come and Hug Me(2018)**********************အပိုင်း ( ၁ မှ ၁၆) အထိ စ/ဆုံး Jang Ki Yong(Chae Do Jin)နဲ့ Jin Ki Koo(Han JaeYi)တို့ဟာ ငယ်စဉ်ကတည်းကကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသလို အဲဒီကတည်းကတစ်ဦးပေါ်တစ်ဦးမေတ္တာရှိခဲ့ကြတဲ့ အချစ်ဦးတွေဖြစ်ကြပါတယ် Chae Do Jin ရဲ့ဖခင်ဖြစ်သူဟာ psychopath တစ်‌ယောက်ဖြစ်ပြီး တစ်နေ့မှာHan Jae Yi ရဲ့မိဘတွေကိုရက်ရက်စက်စက်သတ်ခဲ့ပါတယ်...အဲဒီနောက်ပိုင်းမှာ အချစ်ဦးနှစ်ယောက်ဟာကွဲကွာခဲ့ပါတယ်... နှစ်များစွာကြာပြီးတဲ့နောက် Chae Do Jin ဟာစုံထောက်ဖြစ်လာပြီးHan Jae Yi ဟာလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်...Chae Do Jin တစ်ယောက်စုံထောက်ဖြစ်လာပြီး သူ့အဖေအရင်းကိုဘယ်လိုဖမ်းမလဲ ....သူ့ရဲ့အချစ်ဦးကောင်မလေးနဲ့ရော ဘယ်လိုပြန်ဆုံတွေ့ပြီး ဘယ်လိုတွေကာကွယ်ပေးမလဲဆိုတာကြည့်ရမှာပါ.... ChaeDoJin ဖခင် psychopath အဖြစ်ပါဝင်ထားတဲ့ Heo Jun Ho ဟာလည်းvillain ခန်းတွေမှာအပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသားကြီးဖြစ်တာမို့သူ့အခန်းတွေမှာဒေါသထွက်ရမှာဖြစ်သလို မင်းသားမင်းသမီးကြားကChemistry ကလည်းမိမိုက်တာကြောင့် ဒေါသထွက်လိုက် အချိုလေး‌တွေစားရလိုက်နဲ့ကြည့်ရမှာမို့ ကြည့်လိုက်ကြပါဦး....Episodes: 16 Aired: ...
6.9
TMDb: 6.9/10 26 votes
tv

Come and Hug Me(2018)

2018
RIPLEY (2024) 8.1
RIPLEY (2024)  ရှားလော့ဟုမ်းထဲက ဗီလိန်ကြီး မိုရီရာတီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Andrew Scott ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ ဒီကားမှာလည်း သူ့ကို အဓိကဇာတ်လိုက်တစ်ဖြစ်လဲ ဗီလိန်တစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပြီး rating လည်း 8.1 ထိရထားလို့ အတော်လေးကောင်းတဲ့ ရှားရှားပါးပါး Neo-Noir ဇာတ်လမ်းတွဲဖြစ်ပါတယ်...အမေရိကန်နယူးယောက်ကနေ စွန့်ခွာပြီး အီတလီမှာ ဇာတ်မြှုပ်နေထိုင် ပန်းချီဆွဲနေတဲ့ ဒစ်ကီဂရင်းလိစ်ကို သူ့မိဘတွေက လွမ်းလာတဲ့အတွက် အိမ်ပြန်လာဖို့ လူတစ်ယောက် စေလွှတ်ပြီး စည်းရုံးခိုင်းလိုက်ပါတယ်သူကတော့ တစ်ခြားမဟုတ်ဘဲဗီလိန် တွန်ရစ်ပလီဆိုသူပါ...ရစ်ပလီက နယူးယောက်မှာ သာမန်စာရင်းကိုင်ဆိုပေမယ့် သမာအာဇီဝနဲ့လုပ်စားနေသူတော့ မဟုတ်ပါဘူး..သူ့ကိုမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ မစ္စတာဂရင်းလိစ်ဟာ သားဖြစ်သူကို ခေါ်ဖို့ အီတလီကို လွှတ်လိုက်ပါတယ်....ဒါပေမယ့် ရစ်ပလီဟာ အစကတော့ ခိုင်းတဲ့အတိုင်းအခကြွေးငွေယူပြီး ဒစ်ကီကို နယူးယောက်ပြန်ခေါ်ဖို့လုပ်ပေမယ့်...ဂရင်းလိစ်တို့ မိသားစုရဲ့ စည်းစိမ်ကို မြင်သွားတာကြောင့် ဒစ်ကီ ဂရင်းလိစ်ကို သွေးအေးအေးနဲ့ နှိပ်စက်ပါတော့တယ်..... ကာရိုက်တာ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ရှိန်ကို အမြင့်ကြီး ...
8.1
TMDb: 8.1/10 55 votes
tv

RIPLEY (2024)

2024
My ID is Gangnam Beauty (2018) 7.3
My ID is Gangnam Beauty (2018) My ID is Gangnam Beauty (2018)*******************************အပိုင်း (၁ မှ ၁၆) စ/ဆုံးCM ပရိတ်သတ်တွေအတွက် အခုလို နွေရာသီပူပူလောင်လောင်ကြီးမှာ ရွှေရင်အေးသွားစေဖို့ Lim Soo Hyang နဲ့ Cha Eun Woo တို့ရဲ့ နာမည်ကြီးဒရမ်မာဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်- ဇာတ်လမ်းအကျဉ်း - ဂန်မီရယ် (Lim Soo Hyang) က ရုပ်ဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ငယ်ငယ်က‌တည်းက သူများတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်ရုပ်ရည်ကြောင့် လှောင်ပြောင်ခံရတာတွေ များလာတဲ့ မီရယ်တစ်ယောက် အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒပါ ပျောက်ဆုံးသွားခဲ့ပါတယ်အဲဒီအချိန်မှာပဲ မီရယ်က အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်အဲဒီအမျိုးသမီးဆီကနေ ရတဲ့ မွှေးပျံ့တဲ့ရနံ့လေး နောက်ပြီး နွေးထွေးတဲ့အကြည့်တွေ... မြင်သာတဲ့အလှတရားကိုမှ လိုချင်ကြတဲ့ ဒီလောကကြီးထဲမှာ အဲဒီအမျိုးသမီးဆီက ရလိုက်တဲ့ရနံ့ ၊ မမြင်ရတဲ့အလှတရားကြောင့် မီရယ်တစ်ယောက် နှစ်သိမ့်မှုရပြီး အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒတွေ ပြန်ပေါ်လာပါတော့တယ်အဲဒီနောက်မှာ ...
7.3
TMDb: 7.3/10 95 votes
tv

My ID is Gangnam Beauty (2018)

2018
We Were the Lucky Ones (2024) 10
We Were the Lucky Ones (2024) ဒုတိယကမ္ဘာစစ်အစောပိုင်းမှာ ကာ့တို့မိသားစုဟာ ချမ်းသာတဲ့အရှိန်နဲ့ရာဒွန်းမြို့မှာ ဘေးကင်းကင်းနဲ့ နေထိုင်နေကြပါတယ်။ ဒါပေမဲ့ ကာ့တို့က ဂျူးသွေးပါတဲ့အတွက် ဟစ်တလာအာဏာရတဲ့အချိန်မှာရှောင်တိမ်းရပါတော့တယ်။ ဒီလိုရှောင်တိမ်းရင်းနဲ့ ကာ့တို့မိသားစုတွေ တကွဲတပြားစီဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ မိသားစုပြန်လည်ပေါင်းစည်းနိုင်ဖို့ ကာ့တို့မောင်နှမတွေ ကိုယ်စီ ဘယ်လိုကြိုးစားကြမလဲ သူတို့တွေ တကယ်ပဲပြန်လည်ဆုံစည်းနိုင်ကြပါ့မလား... Georgia Hunter ‌ရဲ့ We were the lucky ones ဆိုတဲ့စာအုပ်ကိုအခြေပြုရိုက်ကူးထားတာဖြစ်ပြီး Kissing Booth မင်းသမီးJoey King ပါဝင် သရုပ်ဆောင်ထားပါတယ်။2024 Marchလ 28ရက်‌နေ့မှာထွက်ရှိလာတဲ့စီးရီးအသစ်လေးပဲဖြစ်ပါတယ်။ File size…    500 MB Quality… Web-DL 1080p Format… mp4 Duration…. 50m Genre ..... Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Aung Lwin , Elizabeth Khant , Benni  1080pEP 01 - ...
10
TMDb: 10/10 1 votes
tv

We Were the Lucky Ones (2024)

2024
9-1-1 or 911 8.21
9-1-1 or 911 Covid19 ကြောင့် Stay Home နေကြရတဲ့CM Fan တွေ အတွက် အချိန်ကုန်မှန်းမသိအောင်ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု နဲ့မိတ်ဆက်ပေးပါရစေ...9-1-1 ပါတဲ့ ဟုတ်ပါတယ်...9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း - သဘာဝဘေး စတဲ့ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါမီးသတ် - ရဲ - ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကိုEpisode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူးဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်ဒီဇတ်လမ်းတွဲကိုAugust , Sai Wai ...
8.21
TMDb: 8.21/10 2291 votes
tv

9-1-1 or 911

2018
The New Look Season 1 (2024) 8.211
The New Look Season 1 (2024) ဒီဘက်ခေတ်မှာ Dior တို့ Coco Chanel အစရှိတဲ့ ပြင်သစ်ဘရန်းတွေဟာ လူတိုင်းနဲ့ ရင်းနှီးပြီးတော့ အမျိုးသမီးတိုင်းအသည်းစွဲရတဲ့ ကမ္ဘာကျော် Luxury Brand တွေအဖြစ် ရပ်တည်နေတာပါ။ ဒီတော့ သူတို့စတင်ဖြစ်တည်လာခဲ့တဲ့ သမိုင်းလေးကို ဗဟုသုတရဖွယ်ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီ series လေးကို လက်လွတ်မခံပါနဲ့နော်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ နာဇီတွေဟာ ပြင်သစ်ကို အဓမ္မအုပ်စိုးနေခဲ့ပြီး ပဲရစ်မှာတော့ Christian Dior ဟာ သူ့ရဲ့ တမူထူးခြားစွာ ကွန့်မြူးဆန်းသစ်လာတဲ့ ချုပ်လုပ်မှုဒီဇိုင်းတွေကြောင့် နာမည်တစ်ဟုန်ထိုး ရရှိလာပါတော့တယ်။တစ်ဖက်မှာတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရိုးရှင်းမှုကို စံထားတဲ့ အောင်မြင်ကျော်ကြားပြီးသား ဖက်ရှင်ဒီဇိုင်နာ Coco Chanel ဟာ စစ်နှောင်းပိုင်း ကုမ္မဏီအတွင်းရေးပြဿနာ ဖြေရှင်းပြီးတဲ့နောက်မှာ Christian Dior နှင့် အပြိုင် တဖန်ပြန်လည်ဦးမော့လာပါတော့တယ်။တစ်ဖက်မှာလည်း နာဇီအုပ်စိုးမှုကို တော်လှန်နေကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ဒီ series လေးမှာ ဒိတ်ဒိတ်ကြဲဖက်ရှင်ဒီဇိုင်နာနှစ်ယောက် အကြိတ်အနယ် ...
8.211
TMDb: 8.211/10 19 votes
tv

The New Look Season 1 (2024)

2024
Wonderful World(2024)
Wonderful World(2024) Wonderful World(2024)**********************အပိုင်း(၁ မှ ၁၄) ထိ စ/ဆုံးVisual လို့ ပြောလိုက်တာနဲ့ မပါမဖြစ်ထည့်သွင်းဖော်ပြခံရတဲ့ Face Genius Cha Eun Woo နဲ့အပိုအလိုမရှိ ဇာတ်ကောင်ကို ပုံဖော်နိုင်စွမ်းရှိတဲ့ မင်းသမီးကြီး Kim Nam Joo တို့ပါဝင်ထားတဲ့ heavy drama ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Eun Soo Hyun ဟာ အောင်မြင်ထူးချွန်တဲ့ စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီးစာရေးဆရာမအဖြစ်လည်း လုပ်ကိုင်တဲ့လူပါ။ သူ့မှာ အရမ်းချစ်ရတဲ့ သားလေးတစ်ယောက်ရှိပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းနေသူပေါ့။ ဒါပေမဲ့ သားဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကြောင့် သူ့ ဘဝဟာ တစ်ခဏတွင်းချင်း ကမောက်ကမဖြစ်သွားခဲ့ရပါတယ်။သို့ပေမဲ့လည်း သားဖြစ်သူ သေဆုံးမှုအပေါ် တာဝန်ရှိတဲ့လူဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းမခံခဲ့ရတာကြောင့်ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ သူကိုယ်တိုင် အဖြစ်မှန်ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။Kwon Seon yul (Cha Eun Woo) ကတော့ ချမ်းသာတဲ့မိသားစုမှာ ...

Wonderful World(2024)

2024