Channel Myanmar

Family

Bravo, My Life (2022) 8.1
Bravo, My Life (2022) ဒီတစ်ခေါက်မှာတော့ CM ကနေ အိပ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေတဲ့ တက်ကြွဖျတ်လတ်တဲ့ကောင်မလေးနဲ့ သူဌေးသားကောင်လေးအကြောင်းကို ဇာတ်အိမ်ကြီးကြီးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အပိုင်းရှည်မိသားစုဟာသကားလေးကို တင်ဆက်သွားမှာပါဒီကားလေးမှာဆိုရင်...ဆောဒုန်ဟီးဟာ ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတာဖြစ်ပြီး ဒီဇိုင်းနာဖြစ်ချင်တဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ ဒုန်ဟီးဟာ သူ့တူကို သူ့ရဲ့သားအဖြစ်မွေးစားပျိုးထောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒီနောက် ဒုန်ဟီးတစ်ယောက် အရင်ကတည်းကပန်းခင်းလမ်းမဟုတ်တဲ့ အိပ်မက်ရှိရာဆီလျှောက်လှမ်းရာလမ်းမှာ ထပ်တိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရဖို့ဖြစ်လာပါတော့တယ်ဂန်ချာယောလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ကတော့ ကုမ္ပဏီခပ်ကြီးကြီးထောင်ထားတဲ့ အဖေတစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ မိသားစုနောက်ခံအသိုင်းအဝိုင်း​တောင့်ပေမဲ့လည်း သူကြုံနေရတဲ့ ပြဿနာဟာ အစစအရာရာ အဆင်ပြေချောမွေ့တဲ့ သူ့အဖေကုမ္ပဏီမှာ အလုပ်မဝင်ချင်ဘဲ အရင်နေခဲ့ရာ U.S ကိုပဲ ပြန်သွားချင်နေတာပဲဖြစ်ပါတယ် သို့သော်ငြားလည်း ရွှေလင်ပန်းနဲ့မွေးလာတဲ့ သူဌေးသားလေးချာယောဟာ သူ့အဖေရဲ့ငွေကြေးထောက်ပံ့မှုမပါဘဲ ဘာမှမလုပ်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့အခါ သူ့အဖေကုမ္ပဏီမှာ တစ်နှစ်အလုပ်လုပ်ပေးဖို့ အပေးအယူလုပ်ခဲ့ပါတယ်ကံကြမ္မာအရ အိပ်မက်နောက်လိုက်နေတဲ့ ဆောဒုန်ဟီးနဲ့ U.Sကို ပြန်ဖို့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေရတဲ့ ဂန်ချာယောတို့ ပတ်သတ်ဆက်နွယ်မိသွားချိန်မှာ သူတို့တွေရဲ့ဘဝ အိပ်မက်တွေ မိသားစုအသိုင်းအဝိုင်းတွေ ဘယ်လိုမျိုးပြောင်းလဲလှုပ်ခတ်သွားမလဲဆိုတာ ...
8.1
TMDb: 8.1/10 votes
tv

Bravo, My Life (2022)

2022
It’s Beautiful Now (2022) 9.0
It’s Beautiful Now (2022) It's Beautiful Now (2022)==================Lee Yoon-Jae (Oh Min-Suk), Lee Hyun-Jae (Yoon Si-Yoon) နဲ့ Lee Soo-Jae (Seo Bum-June) တို့က လက်ထပ်တာတွေ ရည်းစားထား တာတွေမှာ စိတ်မဝင်စားတဲ့ လူပျိုကြီးညီအစ်ကိုတွေပါ။ သူတို့ရဲ့ အဘိုး Lee Kyung-Cheol (Park In-Hwan) နဲ့ သူတို့မိဘတွေဖြစ်တဲ့ Lee Min-Ho (Park Sang-Won) နဲ့ Han Kyung -Ae တို့က သူတို့သားတွေ ဒီလိုဖြစ် နေတာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် သူတို့သားသုံးယောက်ကို အပေးအယူတစ်ခု ကမ်းလှမ်းလိုက်တယ်။ ညီအစ်ကိုတွေထဲမှာ အရင်ဆုံး လက်ထပ်တဲ့ ပထမတစ်ယောက်ကို တိုက်ခန်း အပိုင်ရမယ်ဆိုတဲ့ အပေးအယူပဲ ဖြစ်ပါတယ်။အဲလိုနဲ့ တိုက်ခန်းလိုချင်တဲ့ ညီအစ်ကိုသုံးယောက် ကြိုးစားပြီး အပြိုင်အဆိုင် လက်ထပ်ဖို့ မိန်းမရှာကြမှာပါ။ အကြီးဆုံးအစ်ကိုဖြစ်တဲ့ Lee Yoon-Jae က သွားဆရာဝန်အဖြစ်လုပ်ကိုင်ပြီး လူနာတွေကြားထဲမှာ ဂုဏ်သတင်းကျော်ကြားတဲ့ သမားတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အလတ်လေးကတော့ Lee Hyun ...
9.0
TMDb: 9.0/10 2300 votes
tv

It’s Beautiful Now (2022)

2022
Cobra Kai Season 1 + 2 + 3 + 4 + 5 8.1
Cobra Kai Season 1 + 2 + 3 + 4 + 5 ဒီစီးရီးကို IMDb 8.6 ရောက်အောင် လူ ၁၅၀၀၀၀ ကျော် vote ပေးထားပြီး CM fan တွေလည်းတောင်းဆိုနေလို့ တင်ပေးလိုက်ပါတယ်။ ဂန္ဓဝင် Karate Kid 1984 ရုပ်ရှင်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ နာမည်ကြည့်တာနဲ့ ဘာအကြောင်းလဲသိမှာပါ။ စုစုပေါင်း စီစန် ၄ ခု ရှိပြီး အပိုင်း ၄၀ အထိ တင်ဆက်ပေးသွားပါမယ်။ ကရာတေးအသားပေးစီးရီးဖြစ်ပြီး မိသားစု ဒရာမာ၊ အထက်တန်းကျောင်း လူငယ်ရိုမန့်စ်တွေကိုမှ အတိုက်အခိုက်တွေနဲ့ ရောထားတဲ့ ဇာတ်လမ်းမို့ အများစု ကြိုက်ကြမှာပါ။ဇာတ်လမ်းအကျဉ်းကရာတေးကစ်ဒ် ရုပ်ရှင်ထဲက အဓိက လူငယ်သရုပ်ဆောင် နှစ်ယောက်ရဲ့ လူကြီးဘဝကို ဆက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီစီးရီးအစမှာတော့ ကော်ဘရာကိုင် ကရာတေးသမား ဂျွန်နီလောရန့်ဟာ အတော်မွဲနေပြီး အောက်ခြေသိမ်းအလုပ်သမားဖြစ်နေပါပြီ။ စိတ်ထဲမှာလည်း ငယ်ငယ်က အရှုံးဒဏ်ကို ခံနေရတုန်းပါပဲ။ မီရာဂီဒိုကရေးတေးသမား လော်ရုဆိုကတော့ ကားဝပ်ရှော့အကြီးကြီးဖွင့်နေပြီး ...
8.1
TMDb: 8.1/10 4140 votes
tv

Cobra Kai Season 1 + 2 + 3 + 4 + 5

2018
Rebelde (2022) 8
Rebelde (2022) Rebelde Season 1Rebelde a.k.a Rebel က​တော့  Netflixရဲ့ အသစ် ထွက်ရှိလာတဲ့ လက်တင်စကား​ပြော Mexican ရုပ်သံစီးရီးတစ်ခုပဲ ဖြစ်ပါတယ်၊ Comedy, Teen Drama, Musical Themeဖြစ်ပြီး လက်တင်စီးရီး​တွေကို ရိုက်ကူးရာ၊ reboot ရာ စင်တင်​ပေးရာမှာ လက်​စောင်းထက်​လေ့ရှိတဲ့ Netflix ​ကြောင့် ​ ရှေ့က​​နောင်​​တော် Hit Teen Drama​တွေဖြစ်ကြတဲ့ Elite နဲ့ Control Zတို့​ရဲ့ခြေရာကို နင်းနိုင်မလား​​ဆိုတာ စောင့်ကြည့်ရမယ့် Teen Drama serieပဲဖြစ်ပါတယ်၊Rebelde ဟာ Latin Americaမှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်က အ​တော်​ရေပန်းစားခဲ့တဲ့ Teen Dramaပဲဖြစ်ပါတယ်၊ မူရင်းက အာဂျင်တီးနား series ဖြစ်တဲ့ Rebelde Wayဖြစ်ပြီး 2004 ခုနှစ်မှာ မက္ကဆီကိုအ​​ခြေစိုက်Televisaက​နေ ဗားရှင်း​ပြောင်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်၊ 2004 ထွက် Mexican version က​တော့Season 3 ခု total episodes 440နဲ့ Latin ...
8
TMDb: 8/10 2 votes
tv

Rebelde (2022)

2022
Anne with an E (2017)Season 1+2+3 8.8
Anne with an E (2017)Season 1+2+3 Anne with an E Series (2017) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~နက်ဖလစ်ရဲ့အကောင်းဆုံး ရိတ်တင်အမြင့်ဆုံး စီးရီးတွေထဲကတစ်ခု။ ကြီးပြင်းလာတဲ့လူငယ်လေးတွေဘဝနဲ့ ရိုးရှင်းတဲ့ မေတ္တာတွေအကြောင်း ရိုက်ကူးထားတဲ့ စီးရီးတွေထဲက လူကြိုက်အများဆုံးတစ်ခု၊ ချန်နယ်မြန်မာ ပရိသတ်တွေ အတောင်းဆိုဆုံးထဲကတစ်ခုကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ရွက်ကြမ်းရေကျိုအသွင်အပြင် ဆံပင်နီနီကြမ်းကြမ်း မှဲ့ခြောက်ထူထူနဲ့ ဆယ်ကျော်သက်အရွယ် မိဘမဲ့ကလေးမလေးက သာမန်လူကြီးတွေတောင် နားမလည်နိုင်တဲ့ စကားကြီးစကားကျယ်တွေ ပြောနေတဲ့အခါ ဆိုဆုံးမမခံခဲ့ရလို့ လူ့ဘောင်စည်းမျဉ်းတွေနဲ့ လွတ်ကင်းတဲ့အပြုအမူတွေက သူတစ်ပါးအမြင်မှာ မျက်စိစပါးမွှေးစူးစရာဖြစ်လာတဲ့အခါ နာမည်မှာ E တစ်လုံးပိုတဲ့ Anne တစ်ယောက် ဖတ်ထားဖူးတဲ့ ပုံပြင်ဇာတ်လမ်းတွေထဲစိတ်နှစ်ရင်း လောကဓံကို အံတုရပါတော့တယ်1908 ခုနှစ်ထုတ် Anne of Green Gables ဝတ္ထုကို မှီးပြီးပြန်ရိုက်ထားတဲ့ ဒီဒရာမာဇာတ်လမ်းတွဲကို CBC နဲ့ Netflix မှာ 2017 က စတင်ပြသခဲ့ပြီး Season ၃ ခု အပိုင်း ...
8.8
TMDb: 8.8/10 3872 votes
tv

Anne with an E (2017)Season 1+2+3

2017
Wild Abandon (2022) 7.1
Wild Abandon (2022) Wild Abandon (2022) ================= IMDb Rating - 7.1/10ဗိသုကာ ပညာရှင် Oktay ဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသားတစ်ယောက် အိမ်ကနေ ထွက်သွားဖို့အတွက် လေဆိပ်မှာစောင့်နေရင်း အီဘူစတန်မြို့ တစ်မြို့လုံး မြူတွေဆိုင်းနေတာကြောင့် လေဆိပ်မှာရှိတဲ့ ခရီးစဥ်အားလုံး ဖြတ်သိမ်းလိုက်ရပါတယ်။ အဲဒါနဲ့ Oktay တစ်ယောက် ဘာမှမဖြစ်ခဲ့သလိုပဲ အိမ်ပြန်လာပြီး မိသားစုနဲ့အတူ ပြန်နေခဲ့ပြီး သာမန်ဘဝကို ပြန်ရောက်လာ ခဲ့ပါတယ်။Nil ကတော့ Oktayရဲ့ အမျိုးသမီးဖြစ်ပြီး ဆယ်နှစ်ကျော်ကျော် အိမ်ရှင်မ ဘဝကနေ လုပ်ငန်းခွင်ကို ပြန်ဝင်နိုင်ဖို့အတွက် ကြိုးစားနေသူတစ်ဦးပါ။ Oktay တို့မိသားစုဘဝက အဆင်မပြေခဲ့တာ ကြာပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် စကားသိပ်မပြောဘဲ တွေ့ဖြစ်ရင် စကားပဲများနေတဲ့ အခြေ အနေပါ။ မိဘနဲ့သားသမီးကြားမှာလည်း ကွာဟချက်တွေအများကြီးရှိနေ သလို တစ်အိမ်ထဲနေပြီး အထီးကျန်နေကြပါတယ်။အချစ်တွေ သွေးအေးသွားတဲ့အချိန်မှာတော့ Oktay တစ်ယောက် အထီး ကျန်ပြီး သူရဲ့ အရင် ပန့်ခ်ဘဝကို ပြန်သွားကာ ဗိသုကာပညာရှင်ဘဝရော ပန့်ခ်ဘဝနဲ့ပါ နေထိုင်နေပါတယ်။ အဲ့တော့ ဒီဇာတ်လမ်းလေးမှာ သူတို့ မိသားစုဘဝလေး ပြန်လည်စိုပြေလာပါ့မလား။ Oktay ...
7.1
TMDb: 7.1/10 4900 votes
tv

Wild Abandon (2022)

2022
Mommy I Love You (2022)
Mommy I Love You (2022) Mommy I Love You(2022) စ / ဆုံး"ချစ်သောမေမေ"--------------------------------Casts: ဖာနွတ် အဖြစ် March Chutavuth ဖရီမာ အဖြစ် Margie Rasri ချနချို အဖြစ် Nat Sakdatorn ဂန်နရီ အဖြစ် Joy Rinlaree ပီရ အဖြစ် Bomb Tanin ဆရင်သာ အဖြစ် Ying Rhathaနိုင်ငံခြားထွက်ပြီး ပညာသင်ကြားဖို့ခြားထွက်ပြီး ပညာသင်ကြားဖို့ ရည်မှန်းချက်ရှိတဲ့ ဖာနွတ်တစ်ယောက် မမျှော်လင့်ပဲ ချစ်ရသူ ကောင်မလေး ဖရီမာနဲ့ ကိုယ်ဝန်ရသွားခဲ့တယ် ဖရီမာက အကြောင်းစုံသိပြီး မိမိချစ်သူကောင်လေးအနာဂတ်အောင်မြင်ဖို့အတွက် ကိုယ်ဝန်ရှိနေတာကိုဖုံးကွယ်ပြီး Single Mom အဖြစ်နေသွားဖို့ဆုံးဖြတ်ခဲ့တယ်နှစ်ပေါင်းများစွာ အကြာမှာတော့ ဖာနွတ်ဟာ ဖရီမာဟာ ကိုယ့်ကလေးမွေးခဲ့တယ်ဆိုတဲ့ အဖြစ်မှန်ကို သိသွားပြီး ဖရီမာကို ပြန်ရဖို့ ကြိုးစားခဲ့တယ် အဲ့အချိန်မှာပဲ ဖရီမာဟာ စားဖိုမှူးလေးပီရနဲ့ ဒိတ်နေပြီ ဖြစ်ပါတယ်အမြဲတမ်းကလေးရဖို့ပဲတွေးနေခဲ့တဲ့ Working Woman ဂန်နရီ တစ်ယောက် မိမိမျိုးဥကို ဆေးရုံတွင် ထားပြီး ပြည့်စုံသော ( sperm ) ...

Mommy I Love You (2022)

Super PupZ (2022) 6.7
Super PupZ (2022) Super PupZ (2022) ============== IMDb Rating - 6.7/10Netflix ကနေ ပြသထားတဲ့ စီးရီးကောင်းလေးကို ဒီနေ့အတွက် တင်ဆက်ပေးချင်ပါတယ်။အမွှေးထူထူဂြိုလ်သာကောင်လေးဇီတာဟာ ကမ္ဘာမြေပေါ်ကျ ရောက်လာပြီးနောက် အစိုးရက သူ့ကို စမ်းသပ်ခန်းထဲ ခေါ်သွားခဲ့ ပါတယ်။ စမ်းသပ်မှုလုပ်တဲ့နေရာမှာ ချောချောမွေ့မွေ့ဖြစ်ဖို့ အစိုးရက ခွေးအလေအလွင့် လေးကောင်ကို ဇီတာနဲ့အတူ လှောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ခွေးလေးကောင်ဟာ ဇီတာဆီကနေ မတူညီတဲ့စွမ်းအားတွေ ရရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ငါးကောင်ဟာ အစီအစဉ်ဆွဲပြီး စမ်းသပ်ခန်းကနေ ထွက်ပြေးကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ ဇီတာလေး တစ်ကောင်ကတော့ ကျန်နေခဲ့ပါတယ်။ လွတ်မြောက်သွားတဲ့ ခွေးပေါက်လေး တွေဟာ သူတို့ရဲ့ သခင်အသစ် လူသားကလေးလေးတွေနဲ့အတူ ဇီတာကို ကယ်တင်ဖို့ကြိုးစားကြတာကို ကြည့်ရှုရမှာပါ။ကလေးတွေသဘောကျမယ့် ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပြီး ပါပီလေး တွေကိုချစ်တတ်တဲ့ ကိုကို မမတွေလည်း ကြည့်ရှုနိုင်မယ့်ကားလေးဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းမှုကိုကတစ်ဝကြီးကြည့်ရှုနိုင်ပြီး ဟာသခန်း လေးတွေအပြင် စွန့်စားခန်းလေးတွေလည်းပါတာမို့ ကြည့်ကောင်းမယ့် ဇာတ်လမ်း တွဲလေးဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(300 MB) Quality...............WEBDL ...
6.7
TMDb: 6.7/10 2200 votes
tv

Super PupZ (2022)

2022
My Liberation Notes (2022) [Complete]
My Liberation Notes (2022) [Complete] My Liberation Notes (2022) (အစ-အဆုံး) အပိုင်းသစ် (၁၆)(1080p ရပါပြီ) ဒီကားလေးကတော့ ရာသီဥတုကားနေရာမှာ အစားလာတဲ့ကားလေးဖြစ်ပြီး main cast တွေအနေနဲ့ Lee EI, Lee Min ki, Kim Ji Won, နဲ့ Son Suk Ku တို့ပါဝင်ထားပါတယ်။ မောင်နှမသုံးယောက်နဲ့ သူစိမ်းတစ်ယောက်တို့ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ~ လာရောက်နေထိုင်သူထက် ပြောင်းရွှေ့ထွက်ခွာသူက ပိုများနေတဲ့ Sanpo ဆိုတဲ့ရွာလေးမှာ Yeom မောင်နှမသုံးယောက် နေထိုင်ပါတယ်။Yeom Ki Jung - မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး သွေးဆူလွယ်တဲ့ စရိုက်ရှိသူပါ။ Sanpo ရွာကနေ ဆိုးလ်ကအလုပ်ဆီ နေ့တိုင်းကူးသန်းသွားလာနေရလို့ အချိန်အမြောက်အမြား ကုန်ဆုံးနေသူဖြစ်ပါတယ်။ ဘဝကြီးက စိတ်မကျေနပ်မှုတွေနဲ့ပြည့်နေပြီး အချစ်ကို ရှာဖွေချင်နေတဲ့သူတစ်ယောက်ပါ။Yeom Change Hee - အလတ်ကောင်လေးဖြစ်တဲ့သူကတော့ အိမ်ကနေ ထွက်ပြေးချင်နေပါတယ်။ ...

My Liberation Notes (2022) [Complete]

2022
Love, Death & Robots. 2019-2022 Season 1+2+3 Complete 8.2
Love, Death & Robots. 2019-2022 Season 1+2+3 Complete Love, Death and Robots (2019) (2021)သင်ဟာ Animation Crazyတစ်ယောက်လား။Spiderman; Into the Spiderverse ကို အရူးအမူးကြိုက်ခဲ့သူလား။ဒါဆိုရင်တော့ အခု နာမည်ကြီးနေတဲ့ Netflix က လွှင့်တဲ့Love, Death and Robots ဆိုတဲ့ Seriesလေးကို မဖြစ်မနေကြည့်သင့်ပါတယ်။Imdb Rating 9\10 ရထားတဲ့ Seriesပါ။တစ်ပိုင်းနဲ့တစ်ပိုင်းက ဇာတ်လမ်းတစ်မျိုးစီဖြစ်သလို ကြာချိန်တွေလည်း မတူညီကြပါဘူး။ခံစားစေရတဲ့ ရသတွေလည်း မတူညီကြပါဘူး။ဘယ်လိုဇာတ်လမ်းမျိုးတွေပါမလဲဆိုတာကတော့ နာမည်ထဲကအတိုင်းချစ်ခြင်းမေတ္တာတွေ သေဆုံးမှုတွေနဲ့ စက်ရုပ်တွေကိုအခြေခံထားတဲ့ ဇာတ်လမ်းမျိုးတွေပါ။တချို့အပိုင်းတွေဆိုရင် Gameဆော့နေရသလိုမျိုး ခံစားချက်ကိုပါ ပေးစေပါတယ်။အရမ်းညွှန်းနေရင် ပေါ့သွားမှာဖြစ်တဲ့အတွက် ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။Animationဆိုပေမဲ့ အသုံးအနှုန်းအကြမ်းတွေသွေးထွက်သံယိုအခန်းတွေ တစ်ပြုံကြီးပါတဲ့အတွက်ကလေးသူငယ်တွေကို မပြသင့်ပါဘူး။Animationကြိုက်တဲ့ပရိသတ်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ Seriesပါ။မသေခင်ကြည့်သွားသင့်သော Animation List သာရှိရင်ဒီ seriesက အဲဒီlistထဲပါမှာ ကျိန်းသေပါတယ်။Translator : Ye Man Aung , Mr.Anderson, ...
8.2
TMDb: 8.2/10 106 votes
tv

Love, Death & Robots. 2019-2022 Season 1+2+3 Complete

2019
Love (ft. Marriage and Divorce) S03 (2022) [Complete] 6
Love (ft. Marriage and Divorce) S03 (2022) [Complete] Love (ft. Marriage and Divorce) S03 (2022) ဇာတ်လမ်းတွဲအညွှန်း****************************************************** အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ဒီစီးရီးက S1,S2 ထွက်ရှိခဲ့ပြီး အိမ်ထောင်ရေးပြဿနာစုံဟာ လက်ရှိအပြင်လောကရဲ့ ဒုက္ခတွေနဲ့ အတော်များများတူနေတော့ မြန်မာပရိသတ်တွေ အတော်အားပေးခဲ့ကြပါတယ်...အညွှန်းကတော့ S1 ကဟာပဲထားလိုက်ပါ့မယ်…ဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး….အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေသမီးရည်းစားဘဝတုန်းကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ….ပျင်းစရာကြီးလို့မထင်လိုက်နဲ့…တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ….တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် …အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ…..Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့ သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် ...
6
TMDb: 6/10 7 votes
tv

Love (ft. Marriage and Divorce) S03 (2022) [Complete]

2021
The Croods: Family Tree Season 2 (2022) 7
The Croods: Family Tree Season 2 (2022) The Croods ; Family Tree (2022)Hulu က​နေ 2021 ခုနှစ် စက်တင်ဘာမှာထွက်ရှိထားတဲ့ The Croods : Family Tree ရဲ့ တိုက်ရိုက်အဆက်ပဲဖြစ်ပါတယ်။ တစ်ပိုင်းကို မိနစ် ၂၀ ကျော်ကြာမြင့်မှာဖြစ်ပြီး ၇ ပိုင်းတိတိ ထွက်ရှိထားပါတယ်။ခရုဒ်မိသားစုနဲ့ ဘတ်တာမန်းမိသားစုဟာ အခုဆိုရင် Farmဆိုတဲ့ ဘတ်တာမန်းမိသားစုပိုင်ခြံထဲက Tree Houseမှာ တူတူ​နေထိုင်ကြပါပြီ၊ အိမ်နီးချင်း​​တွေ တကျက်ကျက် ဖြစ်ရင် ခွီရတဲ့ထုံးစံအတိုင်း လူရိုင်းအကျင့်စရိုက်၊ အမူအကျင့်​တွေနဲ့ပဲ အသားကျ​နေ​သေးတဲ့ ခရုဒ်မိသားစုဝင်တို့ ဒီ​နေ့​​ခေတ်အသိဉာဏ်နဲ့ ယဉ်​ကျေးတဲ့စရိုက်ရှိတဲ့ဘတ်တာမန်းမိသားစုနဲ့မှ တူတူတွဲ​နေရတဲ့အခါမှာ​တော့ ​ ရေနဲ့ဆီလိုကွာ​နေတဲ့ ယဉ်​ကျေးမှုတွေကို​ ပြောင်းလဲညှိယူရင်း ပဋိပက္ခ​​ပေါင်းစုံဖြစ်လာပါ​​တော့တယ်....Croods Franchise ရဲ့ထုံးစံအတိုင်း ​​တောရိုင်းသဘာဝအလှအပနဲ့သားရဲ​ကောင်​ အထူးအဆန်းတွေပါမယ်၊ အ​ရေးကြီးရင် ​သွေးထက်ပျစ်တဲ့ မိသားစု​မေတ္တာ​တွေ၊ သူငယ်ချင်းသံ​ယောဇဉ်​တွေပါမယ်၊ ပြဿနာ​ပေါင်းစုံ​ကြောင့် ခွီလည်းခွီရမယ်၊ ရယ်လည်းရယ်ရမယ်၊ တစ်ပိုင်းချင်းစီမှာပေးချင်တဲ့ Message​တွေပါမယ်၊ Dreamwork ကုမ္ပဏီကပဲ ရိုက်ကူး​ပေးထားတယ်၊ ဒီ​လောက်ဆို Animationကြိုက်တဲ့ Cmပရိတ်သတ်​တွေ အဖို့ လက်မလွတ်သင့်တဲ့ Seriesဆိုတာ ​သေချာပါတယ်၊ Croodsမိသားစုရဲ့ ...
7
TMDb: 7/10 439 votes
tv

The Croods: Family Tree Season 2 (2022)

2021
The All-Round Wife(2021) [Completed]
The All-Round Wife(2021) [Completed] The All-Round Wife(2021) ဇာတ်လမ်းတွဲအညွှန်း***************************************** အပိုင်းသစ် (၁၂၂)(ဇာတ်သိမ်းပိုင်း) Seo Cho-Heeကတော့ ကြော်ငြာကုမ္ပဏီတစ်ခုမှာ ၁၂သက်တမ်းကြာအလုပ်လုပ်လာတဲ့ စာရင်းချုပ်တစ်ယောက်ပါ...ဆိုးလ်မြို့မှာတော့ Gangnamတစ်ဝိုက်ဟာ အိမ်စျေးကြီးတဲ့အတွက်လူချမ်းသာသူဌေးတွေလောက်ပဲနေနိုင်တဲ့ရပ်ကွက်လို့တင်စားလို့ရတယ်....အဲ့ဒီGangnamပတ်ဝန်းကျင်မှာ တိုက်ခန်းဝယ်ချင်တဲ့Seo Cho-Heeတစ်ယောက်သူမအိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ အလုပ်တွေအသားကုန်ကြိုးစားလုပ်ကိုင်ရင်းကိုယ်ပိုင်အချိန်အတော်များများကိုကုန်ဆုံးနေတယ်...ရုန်းကန်မှုတွေကြားကသူမရဲ့ပျော်ရွှင်မှုအစစ်အမှန်က တကယ်တော့ သူထင်သလိုတိုက်ခန်းကြီးမဟုတ်မှန်းသိလာတဲ့အခါမှာတော့... အပိုင်း၁၂၀ပါရှိတဲ့ မိသားစုဇာတ်လမ်းတွဲရှည်ကြီးဖြစ်လို့ ဘဝအမောတွေဖြေရင်းCMမှာအပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ငါးရက်လုံးလုံး တဝကြီးခံစားကြည့်ရှူပါဦး...Episodes: 120Duration: 30 MinGenres: Drama, Family, MelodramaSubtitled by  Ei Phyu Khin, Hnin Pale   & Khin Khine WaiEncoded by  Phyo Pyae ****  Telegram Channel ****  Episode 1(300MB) UsersDrive   |    Yoteshin    |    MegaUp      |       Mega.NZ    | DirectLink   |  VIPEpisode 2(300MB) UsersDrive  ...

The All-Round Wife(2021) [Completed]

2021
Sponsor (2022) 8.0
Sponsor (2022) သူတိုရဲ့လိုအင်ဆန္ဒတွေပြည့်ဝဖို စပွန်ဆာရှာကြတဲ့ လူလေးယောက်ရဲ့ဇာတ်လမ်းအကြောင်းဖြစ်ပါတယ်...Lee Sun Woo - နာမည်ကြီးမဂ္ဂဇင်းရဲ့ ဓာတ်ပုံဆရာနဲ့ အယ်ဒီတာတစ်ယောက်ဖြစ်ပြီး နွေးထွေးတဲ့အပြုံးနဲ့ နူးညံ့တဲ့ပင်ကိုယ်စရိုက်ရှိသူဖြစ်ပါတယ်...ဒါပေမယ့် နာကျင်စရာအတိတ်ရှိခဲ့လို လက်စားချေချင်နေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်Han Chae Rin - အလှကုန်ကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောတဲ့ လိုတရသူလေးတစ်ယောက်ဖြစ်ပါတယ်...လိုချင်တာကို ရအောင်ယူတတ်တဲ့ ရည်မှန်းချက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ပေါ့Park Da Som - အောင်မြင်မှုရဖို ဘာမဆိုလုပ်မယ့် တက်သစ်စကြယ်ပွင့်လေးတစ်ယောက်ဖြစ်ပါတယ်...ရှားပါးရောဂါခံစားနေရတဲ့ သားဖြစ်သူကို အမြဲကာကွယ်ဖိုကြိုးစားနေသူလေးဖြစ်ပါတယ်Hyun Seung Hoon - Park Da Somရဲ့ခင်ပွန်းဖြစ်ပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို အိပ်မက်မက်နေတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်...ဒါပေမယ့် သူ့ရဲ့လက်တွေ့ဘဝကြောင့် မကျေမနပ်ဖြစ်နေသူလည်းဖြစ်ပါတယ်ဒီလိုရည်မှန်းချက်လည်းကြီးမားပြီး လောဘလည်းကြီးတဲ့သူလေးယောက်က ဘယ်လိုတွေစပွန်ဆာရှာပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားမလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြရအောင်နော်... Native Title: 스폰서 Episodes: 12 Aired: Feb 23, 2022 - Mar ...
8.0
TMDb: 8.0/10 votes
tv

Sponsor (2022)

2022
Secrets of Summer (2022) 8.5
Secrets of Summer (2022) Secrets of Summer (2022)====================IMDb Rating - 6.9/10"Secrets of Summer " နွေရာသီလျှို့ဝှက်ချက်များဆိုတဲ့ အမည်လေးအတိုင်း နွေရာသီအချိန်အခါကိုနောက်ခံထားရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။နွေရာသီ ဆိုတာက မိုးလေကင်းစင်ပြီးပူပြင်းခြောက်သွေ့တာက ဓမ္မတာပါပဲ။ ဒီလိုရာသီမျိုး ဆိုတာက ရေနဲ့ပတ်သက်တဲ့အားကစားသမားတွေအတွက်အကြိုက်ဆုံးရာသီတစ်ခု ပေါ့။ ဒီဇာတ်ကားလေးထဲမှာဆိုရင်လည်း Cielo Grandeလေးမှာ (၁၂)နှစ်ကြာမကျင်းပဖြစ်တဲ့ Summer Crush ဆိုတဲ့ ရေလှိုင်းစီးပြိုင်ပွဲလေးတစ်ခုကို နွေရာသီမှာကျင်းပဖို့ဟန်ပြင် နေကြတာပေါ။ ဒီပြိုင်ပွဲလေးနဲ့အတူ Sky Vibes ဆိုတဲ့ ကာရာအိုကေဘားလေးကိုပါ ပြန် အသက်သွင်းရင်း Cielo Grandeကိုအရင်ကလိုပြန်ဖြစ်အောင်ကြိုးစားနေကြတာပေါ့။ ဒီလိုပြန်အသက်သွင်းဖို့လုပ်နေတဲ့ Cielo Grande ဆိုတဲ့နေရာလေးဆီ ပရော်ဖက်ရှင်နယ် ရေလှိုင်းစီးသမားလေး Steffiကလည်း သူ့မိသားစုရဲ့လျှို့ဝှက်ချက်လေးကိုရှာဖွေဖို့ရောက် လာတော့ Cielo Grandeက အရင်လိုလှုပ်ရှားအသက်ဝင်လာမလား။ Steffiကလည်း သူရှာနေတဲ့အရာကိုတွေ့သွားမလားဆိုတာကို စိတ်အပန်းဖြေကြည်နူးစွာကြည့်ရမယ့် Family and drama ကားလေးပါလို့ ညွှန်းပါရစေ။(စုစုပေါင်း ၁၁ ပိုင်းရှိတဲ့ ဒီစီးရီးကို cm မှဆက်တိုက်တင်ဆက်သွားပါမည်။)(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size ...
8.5
TMDb: 8.5/10 2 votes
tv

Secrets of Summer (2022)

2022
Lost in Space – Season 03 7.6
Lost in Space – Season 03 Lost in Space - Season 03====================IMDb Rating - 7.1/10Netflixရဲ့ budgetမြင့် Hit series​တွေထဲက တစ်ခုဖြစ်တဲ့ Lost in Space Season 3ထွက်လာပါပြီ။Season 2အဆုံးမှာ ပင်မResoluteယာဉ်​ကို စက်ရုပ်အပြည့်နဲ့ ယာဉ်တစ်စီး​​ရောက်လာပြီး တိုက်ခိုက်ခဲ့တဲ့အတွက် Will, Judyနဲ့ Pennyနဲ့ Robotတို့က Jupiterယာဉ်နဲ့အတူ Resoluteပေါ်မှ Young Colonists ၉၇​ယောက်​ကို Alpha Centuriဆီ ကယ်ဖို့ တာဝန်ယူခဲ့ရပါတယ်၊ဒါ​ပေမဲ့ Jupiterယာဉ်ဟာ အမည်မသိကြယ်တာရာအဖွဲ့အစည်းထဲ ​ရောက်သွားပြီး အဲဒီထဲမှာ လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀က​ပျောက်ဆုံးခဲ့တဲ့၊ Judyအ​ဖေ Grant Kelly ကြီးကြပ်ခဲ့တဲ့ Fortunaယာဉ်ပျံကို ပြန်​​တွေ့ခဲ့ရပါတယ်၊ဒီ Seasonမှာ​တော့ Willတို့တစ်သိုက် ကိုယ့်အားကိုယ်ကိုးရင်း Colonist ၉၇​ယောက်ကို အခက်အခဲ​၊ အတားအဆီးတွေကြားက ဘယ်လိုဦး​ဆောင်သွားမလဲ၊ Fortunaယာဉ်က​ရော ဘာ​ကြောင့်​ ပျောက်ဆုံးသွားခဲ့တာလဲ၊ အဲဒီလျှို့ဝှက်ချက်​တွေက သူတို့ဘဝကို ဘယ်​​လောက်ထိ ​ပြောင်းလဲသွား​​စေမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့JimX, August, Chuck Chuck, Chit Tee, Tar ...
7.6
TMDb: 7.6/10 934 votes
tv

Lost in Space – Season 03

2021
Olaf Presents(2021) 7.4
Olaf Presents(2021) Olaf Presents (2021)=====================(mini စီးရီး အနေနဲ့ 5ပိုင်းအဖြစ်ထွက်ရှိထားပေမယ့်တစုတစည်းတည်းကြည့်လို့ရအောင်တပိုင်းတည်းအဖြစ်တင်ဆက်ပေးထားပါတယ် )Let it go, Into the Unknown စတဲ့သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့Frozen ကားလေးကတော့ လူတိုင်း သိပြီးဖြစ်မှာပါ။ ဒီကားလေးထဲမှာမှElsa, Anna တို့အပြင် လူတိုင်း ချစ်ခင်ကြတဲ့ မုန်လာဉနီနှာခေါင်းလေးနဲ့နှင်းလူသားလေး Olaf ကတော့ဖြင့် comback လာခဲ့ပြန်ပါပြီ။ Comeback တောင်ရိုးရိုး Comeback မဟုတ်ဘဲ Disney ရဲ့ သမိုင်းဝင်ကားတွေဖြစ်တဲ့The Little Mermaid, Moana, The Lion King, Aladdin,Tangled, Frozen စတဲ့ဇာတ်လမ်းတွေကို အတိုချုံးပြန်လည်တင်ဆက်တဲ့Olaf Presents ဆိုတဲ့ Mini Series လေးအဖြစ် ပြန်လည် ထွက်ပေါ်လာတာပါ။Olaf Presents မှာ အပိုင်း ၆ ပိုင်း ပါဝင်ပြီးတော့ တစ်ပိုင်းစီက Disney ကားဟောင်းတွေဖြစ်တဲ့"The ...
7.4
TMDb: 7.4/10 90 votes
tv

Olaf Presents(2021)

2021
Maya and the Three(2021) Complete 8
Maya and the Three(2021) Complete Maya and the Three (2021)Netflix က ထွက်ရှိလာတဲ့ animation series တစ်ခု တင်ဆက်ပေးချင်ပါတယ်။Animation ဆိုပေမဲ့ ကလေးကြိုက်ဇာတ်လမ်းမျိုးမဟုတ်ဘဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာမို့သေချာပေါက် ကြည့်ရှုခံစားသင့်တဲ့ series လေးပါအညွှန်းလေးကို ဆက်လက်ဖတ်ရှုပေးပါဦး။ရှေးလူကြီးတွေ ထားခဲ့တဲ့ ဗျာဒိတ်တော်အရဧရာမလင်းယုန်ကြီးတစ်ကောင်နဲ့ ရဲရင့်သောဂျာဂွာသုံးကောင်သာလူ့လောကကြီးကို ကယ်တင်ဖို့အတွက် အမှောင်နတ်ဘုရားကိုရှင်းလင်းသုတ်သင်နိုင်ပါလိမ့်မယ်တဲ့။တက်ကာပြည်ကြီးရဲ့ မင်းသမီးတစ်ပါးဖြစ်သူ မာယာဟာထိုလင်းယုန်ကြီးအဖြစ် တိုက်ခိုက်နိုင်ဖို့ စစ်သူရဲကောင်းဖြစ်ချင်နေပါတယ်။မင်းသမီးတစ်ပါးလို မပြုမူနိုင်ဘဲ တိုက်ခိုက်ဖို့ကိုသာ စိတ်ပါနေတဲ့အတွက်မင်းသမီးအဖြစ် နန်းတက်ရမဲ့နေ့မှာပဲ မိခင်ဖြစ်သူ ဘုရင်မကြီးနဲ့ကတောက်ကဆဖြစ်ပြီး မတတ်သာတဲ့အဆုံး နန်းတက်ပွဲကို လက်ခံလိုက်ရတယ်။ပွဲတော်ကျင်းပနေတုန်းမှာပဲ အမှောင်မြေအောက်တိုင်းပြည်ကသံတမန်တစ်ယောက်ရောက်ရှိလာပြီးမင်းသမီးကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းပါတော့တယ်။ဒါကို ဘယ်လိုတားဆီးပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့CM ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုသင့်ပါတယ်။အပိုင်း ၉ ပိုင်း ပါဝင်ပြီး IMDB 8.5 ရရှိထားပါတယ်။လှပ သစ်ဆန်းလှတဲ့ animation ရိုက်ချက်တွေကြောင့်စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားထားပါတယ်။ File Size ...
8
TMDb: 8/10 1 votes
tv

Maya and the Three(2021) Complete

2021
Turner & Hooch(2021)Complete 7.9
Turner & Hooch(2021)Complete Turner & Hooch(2021)ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း(၁  မှ ၁၂)ထိ စ/ဆုံး ခုတလော စိတ်ညစ်နေကြမယ့်သူတွေအတွက် ပေါ့ပေါ့ပါးပါးအလွဲတွေနဲ့ ရယ်ရသလိုဘာတွေဆက်ဖြစ်မလဲ သိချင်လောက်မယ့် Comedy/ Crime အမျိုးအစားစီးရီးလေးပါ...၁၉၈၉ ခုနှစ်က မင်းသားကြီး Tom Hanks ရဲ့ Original ဇာတ်ကားကို Disney ကပြန်လည်ရိုက်ကူးထားတဲ့ စီးရီးဖြစ်ပြီး မင်းသား Josh Peck က မာရှယ်အရာရှိ စကော့တန်နာအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် စကော့တန်နာက မာရှယ်အရာရှိ အသစ်စက်စက်လေးပေါ့... သူ့အရည်အချင်းကို ဌာနကအသိအမှတ်ပြုအောင် ကြိုးစားနေရသူလို့ဆိုနိုင်တယ်... ဖခင်ဖြစ်သူရဲအရာရှိရဲ့ခြေရာကိုနင်းပြီး လူဆိုးဖမ်းချင်ပေမယ့် ဖခင်ဖြစ်သူလိုတော့ ခွေးမချစ်ပြန်ဘူး...အလုပ်ရှုပ်လွန်းလှတဲ့သူ့ဆီကိုမှ ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူက ခွေးတစ်ကောင်ချန်ရစ်ခဲ့ပြန်ပါတယ်... ဆိုးလွန်းလှတဲ့ အဲဒီခွေးကြီးနာမည်က ဟုချ်ဖြစ်ပြီး စကော့အိမ်ကိုရောက်တာနဲ့ မြင်မြင်ရာကိုဖျက်ဆီးပစ်တော့တာပါပဲ ...သားရည်တွေကလည်း အမြဲတမြှားမြှားကျနေပြန်တာပေါ့...ဒါပေမဲ့ အဲဒီခွေးကြီးက သူမထင်ထားလောက်အောင်လည်း ဉာဏ်ကောင်းနေပြန်ပြီး အလွဲတွေကြားက မှုခင်းသဲလွန်စတွေရှာပေးလာတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ...Quality : WEB-DL 720pDuration…00:48:00Episodes: 12Aired On: Wednesday Genres: ...
7.9
TMDb: 7.9/10 54 votes
tv

Turner & Hooch(2021)Complete

2021
The Penthouse 3: War in Life (2021) 7.9
The Penthouse 3: War in Life (2021) ဒီတစ်ခါမှာတော့ ပန့်ဟောက်အနေနဲ့ S3 မပြသခင် တစ်ရက်အလိုမှာပဲ Season တစ်ခုပြီးတိုင်း ပြသနေကြဖြစ်တဲ့ Hidden Room ကို ပြသလိုက်ပြီးတဲ့နောက်...အခုဆိုရင်တော့ဖြင့် အားလုံးပဲ စောင့်မျှော်နေကြတဲ့ The Penthouse 3: War in Life (2021) လာပါပြီ ။Penthouse ရဲ့ Season တစ်ခုစီတိုင်းရဲ့ အံအားသင့်စရာ ရိုက်ချက်တွေကတော့ လက်ဖျားခါလောက်ပါတယ်ဒီလိုကောင်းလို့လည်း အခုလို ကြည့်ရှူ့သူအမြင့်ဆုံးဖြစ်ပြီး ယခု နောက်ဆုံး Season ထိကို လောင်မြိုက်စွာ မလွတ်တမ်း စောင့်မျှော် ကြည့်ရှူ့ခဲ့ကြရတယ်ဆိုတာလည်း မမှားပါဘူးအခုဆိုရင် Penthouse အနေနဲ့တော့ဖြင့် လောက်မြိုက်ရုံတင်မကဘဲ ဆန့်တငင့်ငင့်ဆိုတဲ့ ခံစားချက်ကိုပါပေးဖို့ တစ်ပတ် ၁ ပိုင်းပဲ ပြသမှာဖြစ်ပါတယ် ။နောက်ဆုံးပြောချင်တာကတော့ Penthouse ကတော့ Penthouse ပါပဲ ။  Native Title: 펜트하우스 Ⅲ Episodes: ...
7.9
TMDb: 7.9/10 4,588 votes
tv

The Penthouse 3: War in Life (2021)