Channel Myanmar
History
Marie Antoinette (2023) 7.2
Marie Antoinette (2023) Marie Antoinette (2023) ================== IMDb Rating - 7.2/10ဒီတစ်ခါမှာတော့ BBC, Canal+ ကနေ အသစ်ထွက်ရှိလာပြီး IMDb 7.2 ထိ ရရှိထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက် ပေးလိုက်ပါတယ်။ နောက်ဆုံးပြင်သစ်တော်လှန်ရေးမတိုင်မီ အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်ဧကရီဘုရင်မ Marie Antoinette ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး၊ အဲဒီ ခေတ်အခါက အပြင်အဆင်တွေနဲ့ တော်တော်လေးကို ခမ်းနား ကြီးကျယ်စွာ ရိုက်ကူးထားတာဖြစ်လို့ အရင်ခေတ်ကပုံစံလေး တွေနဲ့ စီးရီးကောင်းတစ်ခုကို မျှော်လင့်နေတယ်ဆိုရင်တော့ ဒီစီးရီးကို အပြည့်အဝညွှန်းပေးချင်ပါတယ်။ နောက်တစ်ချက် ကတော့ မင်းသမီးလေး အရမ်းကို ချစ်စရာကောင်းပါတယ်။ မိန်းကလေးချင်းတောင် ဂေးသွားနိုင်တဲ့ အမူအရာလေးတွေနဲ့ ဖမ်းစားတတ်တာမို့ ဒါကလည်း ကြည့်ကိုကြည့်သင့်တဲ့ထဲက တစ်ချက်ပါလို့ ပြောပါရစေ။ဇာတ်လမ်းအညွှန်း _____________ အရင်ခေတ်အခါတွေတုန်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မဟာမိတ်ဖွဲ့ ကြပြီဆိုရင် အိမ်ရှေ့စံသားတော်ရှိထားတဲ့ နိုင်ငံဆီကို သမီးတော် ဖွားမြင်ထားတဲ့ နိုင်ငံက စေလွှတ်ပေးရတာ ဓမ္မတာတစ်ခုပါ။ အဲဒီ လိုတော်ဝင်ထိမ်းမြားမှုတွေကနေ ဆက်ခံသူမျိုးဆက်ကို ဖွားမြင် ပေးရတာကလည်း သမိုင်းပေးတာဝန်တစ်ခုလိုပါပဲ။ မျိုးဆက်ဖွား မြင်နိုင်ရင်တော့ မဟာမိတ်ချစ်ကြည်ရေး အောင်မြင်သွားပြီလို့ ဆို ကြပြီး မဖွားမြင်နိုင်ခဲ့ရင်တော့ ကြင်ယာတော်တွေရဲ့ ဘဝက ...
7.2
TMDb: 7.2/10 1500 votes
tv
Marie Antoinette (2023)
2022
Sassy Matchmaker (2023) 8.8
Sassy Matchmaker (2023) "အချစ်တိုင်းပြည်" မြန်မာစာတန်းထိုးပုလိပ်မှူးကြီးခွန်ရစ် အဖြစ် Sean Jindachot နိုရီ အဖြစ် Charlette Wasita Hermenau1867ခုနှစ်တွင် ဖရနခွန်လို့အမည်တွင်တဲ့တိုင်း​ပြည်မှာ နာမည်ကြီးအောင်သွယ်တော်ရဲ့မြေးမလေး နိုရီဆိုသူက မိဘမဲ့ဖြစ်သည့်အလျောက် ငယ်စဉ်ကတည်းက သူမရုပ်ရည်ကြောင့် ခွဲခြားဆက်ဆံမှုကို ခံလာရသူပါတစ်နေ့မှာ သူမဟာ ပုလိပ်မှူးကြီးခွန်ရစ်ကို လက်တွဲဖော်ရှာပေးဖို့ တာဝန်ရခဲ့ပါတယ်ခွန်ရစ်ဟာ အသက်၄၀ထိတိုင် တကိုယ်တော်သမားအဖြစ်ရပ်တည်လာသူကို လက်ထပ်ဖို့ရန် အောင်သွယ်ပေးဖို့ နိုရီတစ်ယောက် အခက်တွေ့နေရပါပြီဒီပုလိပ်ကြီးခွန်ရစ်ဟာ ဘာလို့အချစ်မရှာသေးတာလဲသူ့မှာ အချစ်ကြောင့်စိတ်ဒဏ်ရာရှိနေတာလားမိန်းကလေးပဲစိတ်မဝင်စားလို့လားဆိုတာကနိုရီအတွက် ဒီမေးခွန်းတွေနဲ့အတူ စိန်ခေါ်မှုကြီးကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ လုပ်ရောလုပ်နိုင်ပါ့မလားဆိုတာကိုကိုလိုနီခေတ်အငွေ့အသက်မျိုးနဲ့ပြည့်နှက်နေမဲ့ အချစ်တိုင်း​ပြည် ဇာတ်ကားလေးထဲမှာ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုကြရအောင်ပါနော်Native Title: พระนคร ๒๔๑๐ Episodes: 10 Aired: Feb 8, 2023 - ? Aired On: Wednesday, Thursday Original Network: GMM One(အညွှန်းရေးသားသူမှာ Lei Wutyi Tun ဖြစ်ပါတယ်)Translated by  Kyi Nue Zin & Nang Mwe ...
8.8
TMDb: 8.8/10 votes
tv
Sassy Matchmaker (2023)
Rocket Boys (2022) Season 2 7
Rocket Boys (2022) Season 2 1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့ သမိုင်း၀င် သိပ္ပံပညာရှင်ကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ နျူးကလီးယားနဲ့ အာကာသ သမိုင်းသစ်ရေးထိုးပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်ဒီ season 2 မှာကတော့ အိန္ဒိယရဲ့ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဗစ်ခရမ်နဲ့ ဟိုမီတို့ ဖော်ဆောင်ခဲ့ကြပြီးနောက် ကြုံတွေ့လာကြရမယ့်အခက်အခဲတွေ သမိုင်းမှတ်ကျောက်တွေကိုအသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။နျူလက်နက်စီမံကိန်းအတွက်လိုအပ်တာ ဘာမှထုတ်မနိုင်သေးတဲ့ အိန္ဒိယရဲ့ထုတ်ကုန်ပြသာနာတွေ စစ်အေး စစ်ပွဲကြီးဖြစ်နေချိန်မှာ အိန္ဒိယရဲ့ နျူ လက်နက်နဲ့အတူနိုင်ငံရေးနေရာတခုရလာမှာကို မလိုလားတဲ့ အမေရိကန်ရဲ့ကွယ်ရာက ဆေးပေးမီးယူ အဖျက်အနှောင့်တွေ ပါကစ္စတန်နဲ့ကက်ရှ်မီးယားဒေသ စစ်ပွဲတွေကြောင့် သံတမန်ရေးစစ်ရေး အရှုပ်တော်ပုံတွေ အိန္ဒိယရဲ့ ရှေးရိုးစွဲနဲ့ သိပ္ပံပညာတို့ရဲ့ အကြားလွန်ဆွဲမှုတွေ ဒီလိုအခြေအနေတွေကြားမှာမှ Homiနဲ့ Vikramတို့ သူတို့ရဲ့တဖြည်းဖြည်းမတူလာတော့တဲ့ပန်းတိုင်တွေကို ဘယ်လိုအကောင်အထည်ဖော်သွားပြီး သမိုင်းသစ်ရေးထိုးသွားကြမလဲဆိုတာကို အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းရိုက်ကူးထားပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင်အိန္ဒိယနိုင်ငံရေးတွေ ပညာရှင်တွေရဲ့ personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ် ...
7
TMDb: 7/10 4 votes
tv
Rocket Boys (2022) Season 2
2022
El Cid (2020) Season 01 7.269
El Cid (2020) Season 01 El Cid (2020) Season 01 Complete ~ IMDb - 6.7/10, Rotten Tomatoes - 75% ~ El Cid စီးရီးကို တော်တော်များများကတော့ ကာရိုက်တာတွေတော်တော်ကြမ်းပြီး တိုက်ပွဲခန်းတွေ တော်တော်လန်းတဲ့ဇာတ်လမ်းတွဲလို့ မှတ်ချက်ပေးထားကြတယ်။ ကြည့်သင့်တဲ့စီးရီးတစ်ခု အဖြစ်လည်း တော်တော်များများက ညွှန်းဆိုထားကြတယ်။ ဒီဇာတ်လမ်းတွဲက Rodrigo Díaz de Vivar လို့ခေါ်တဲ့ အလယ်ခေတ်စပိန်က သူရဲကောင်းတစ်ယောက်အကြောင်းကို အကျယ်တဝင့်ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ။ သူ့အဖေက ဘုရင်စေလွှတ်တဲ့ နယ်စပ်ကလေးမှာ စောင့်ကြပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်။ သူ့အဖေဟာ နိုင်ငံအတွက် အသက်ပေးတိုက်ခိုက်ရင်း သေဆုံးခဲ့ပေမဲ့ တိုင်းပြည်ကရော သူတို့အရှင်တွေကရော သူ့အဖေကို ရှိတယ်လို့တောင်မထင်ခဲ့ကြဘူး။ ဘာလို့ဆို သူ့အဖေက စစ်ရှုံးပြီး ကျရှုံးသွားတာကိုး။ ဒီတော့ သူက တိုက်ပွဲတိုင်းအောင်တဲ့ သူရဲကောင်းဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူရဲကောင်းတွေရဲ့ မြင်းတွေကို အစာကျွေး ...
7.269
TMDb: 7.269/10 180 votes
tv
El Cid (2020) Season 01
2020
Taj: Divided by Blood (2023)
Taj: Divided by Blood (2023) Taj: Divided by Blood (2023) History IMDb 7.9/10 (2.6K)အခုတစ်ခါမှာတော့ အိန္ဒိယရာဇဝင်စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။ဒီစီးရီးလေးက ၁၆ရာစုအတွင်း အိန္ဒိယနိုင်ငံမှာ ဩဇာအရှိန်အဝါကြီးမားခဲ့တဲ့ မဂိုအင်ပါယာ ဧကရာဇ်မင်းကြီး အက်ကဘရ်နဲ့ သားတော်၃ပါးဖြစ်တဲ့ ဆလင်းမ် မူရားဒ်နဲ့ ဒါနီယားလ်တို့ရဲ့စစ်ပွဲအောင်နိုင်မှုတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးလေးတစ်ခုဖြစ်ပြီး မဂိုအင်ပါယာကြီးရဲ့အမှောင်ဘက်ခြမ်းကိုလည်း အကွက်ကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒီဇာတ်လမ်းထဲမှာ အန္တရာယ်များတဲ့နိုင်ငံရေးလောကအကြောင်း..ကဗျာဆန်တဲ့အလှတရားတွေ..ရမ္မက်ပြင်းထန်တဲ့ ချစ်ကြည်နူးမှုတွေ..သွေးအေးအေးနဲ့သစ္စာဖောက်မှုတွေနဲ့ သွေးချောင်းစီးမှုတွေအကြောင်းကို ဖေါ်ပြထားပါတယ်။မဂိုအင်ပါယာကြီးအတွင်းရှိ ဇာတ်ကောင်တစ်ခုချင်းစီရဲ့အရှုပ်တော်ပုံတွေကိုပါ ဖြည်ပြထားတာမို့ ဗဟုသုတရမယ့်အပြင် မင်းဆက်ပေါင်းများစွာနဲ့အောင်မြင်ချိန် ကျရှုံးချိန်တွေကိုပါ ရိုက်ကူးတင်ဆက်ပြသထားပါတယ်။အလှတရားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို သိမြင်ချင်ရင်တော့ ဒီဇာတ်လမ်းလေးကို ရှုစားတော်မူကြပါဦးနော်။Quality : 1080p / 720pTotal Episodes : 10EpsFormat : mp4Genres : HistoryDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated by BpL~Taylor ~ Yunni~ThaikSan~Khin KhinEncoded by YK 720p Episode 1 - ...
Taj: Divided by Blood (2023)
2023
George & Tammy (2022) Complete 7.9
George & Tammy (2022) Complete George & Tammy (2022) Completed Limited Series ~ IMDb 7.5/10, Rotten Tomatoes - 85% ~ ပထမဆုံး ပြောချင်တာတော့ စီးရီးတစ်ခုလုံးကို ဘာသာပြန်လို့ပြီးတဲ့အချိန် ကျွန်တော့်အတွက်တန်ဖိုးထားစရာ သီချင်းကောင်းတွေနဲ့အတူ မြတ်နိုးချင်စရာ အနုပညာရှင်နှစ်ယောက် တိုးလာတယ်ဆိုတာပါပဲ... ကန်းထရီးဂီတနဲ့ အဆက်ပြတ်နေတာကတစ်ကြောင်း၊ ခေတ်ကွာတာကတစ်ကြောင်းကြောင့် George Jones နဲ့ Tammy Wynette ဆိုတဲ့ ကန်းထရီးစတားတွေကို ဒီကားမရေးရခင်ထိ မသိခဲ့ရိုးအမှန်ပါ... နှစ်ယောက်အတူဆို သိပ်ကိုအင်အားကောင်းတဲ့ လူနှစ်ယောက်ရဲ့အကြောင်းကို သိလိုက်ရတဲ့အတွက်လည်း ဒီစီးရီးက ကျွန်တော့်အတွက် သုတရော ရသပါ ပေးတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရခဲ့ပါတယ်... ဒီစီးရီးမှာ ဂျော့ဂျ်နဲ့ တမ်မီတို့ရဲ့အနုပညာခရီး အချစ်ခရီးနှစ်ခုလုံးကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဂျော့ဂျ်နဲ့တမ်မီတို့ရဲ့ သမီးဖြစ်သူ ကိုယ်တိုင်ရေးထားတဲ့... '' The Three of Us: Growing Up with Tammy and ...
7.9
TMDb: 7.9/10 9 votes
tv
George & Tammy (2022) Complete
2022
The Gold(2023) 6.5
The Gold(2023)  အပိုင်း ၆ ပိုင်းပါဝင်သော အဆိုပါ ဗြိတိန်စီးရီးဟာ ၁၉၈၃ ခုနှစ်၊ လန်ဒန်မြို့ ဟိသရိုးလေဆိပ်အနီး၊ ဘရင့်စ်မတ်ကုန်လှောင်ရုံတွင်ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန် ဓားပြတိုက်မှုအကြောင်းကိုအခြေခံကာရိုက်ကူးထားတာဖြစ်ပါတယ်။ ၎င်းဓားပြတိုက်မှုဟာ ထိုခေတ်အခါ၌ သမိုင်းတွင်အကြီးကျယ်ဆုံးသောဓားပြတိုက်မှုတစ်ခုဟု ပြောစမတ်ရှိခဲ့ကြပြီး စတာလင်ပေါင် ၂၆သန်းတန်ကြေးရှိတဲ့ ရွှေချောင်းများလုယက်ခံခဲ့ရတယ်။ အဆိုပါရွှေချောင်းများကိုဖျောကာ ဝေစားမျှစား လုပ်ကြဖို့အတွက်လန်ဒန်မြို့မှ လူတန်းစာအလွှာအသီးသီးမှဒုစရိုက်သမားများစုပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အကြောင်းဆိုလည်းမမှားပါဘူး။ကြီးမြတ်လှသောဗြိတိန်မြေ၌ ခေတ်အဆက်ဆက်ကပျိုးထောင်လာခဲ့သောစနစ်တွေရှိကြပါတယ်။ အဆိုပါစနစ်များကြောင့်အကျိုးစီးပွားဖြစ်ထွန်းနေသူများဟာစနစ်ကိုတုံးတိုက်တိုက် ကျားကိုက်ကိုက်ကာကွယ်ဖို့အသင့်ပါပဲ။ ဗင်ကားလေးတစ်စီးပေါ်က လူခြောက်ယောက်နဲ့အစပြုခဲ့တဲ့ အဆိုပါအမှုဟာ မီးခိုးကြွက်လျှောက်ပဲ အမည်မဖော်လိုသူများအထိပါဝင်ပတ်သက်ခဲ့ပြီး ဒုစရိုက်သမားများကတစ်ဖက်၊ အာဏာရှိသူများကတစ်ဖက်၊ စကော့တလန်ရဲဌာနာချုမှတစ်ဖက် အားပြိုင်ကြတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ် File Size –  846 MB  /   391 MB  @EpisodeQuality – 720p / 1080pDuration –  58 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6.5
TMDb: 6.5/10 4 votes
tv
The Gold(2023)
2023
Pom Pang Ban (2022) [Complete]
Pom Pang Ban (2022) [Complete] Pom Pang Ban (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၇ (ဇာတ်သိမ်းပိုင်း)AD 2015 ခုနှစ်မှာ အယုဒ္ဓယစစ်တပ်ဟာ ဝီရန်နခွန်မြိုကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ ဗိုလ်မှူးကြီးဖြစ်သူ ဆဲန်ဟာ နိုင်ချေမရှိတော့မှန်းသိတော့ တိုင်းပြည်စောင့်ရှောက်ဖိုအတွက် လူတွေကိုသတ်ပြီး မှော်ပညာနဲ့ ပြုစားခဲ့တယ်။ ဆဲန်ဟာ သူ့သူငယ်ချင်းဖြစ်သူ မူရန်ကိုပါ သတ်ပစ်ခဲ့တာပါ။ မူရန်ကတော့ မသေခင်မှာ ဆဲန်ကို ပြန်ဝဠ်လည်ပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်။ခေမ်ဟောမ် ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ညတိုင်း ရှေးဟောင်းတိုင်းပြည် စစ်ပွဲတွေကြားမှာရောက်နေသလို မှုန်ဝါးဝါးအိမ်မက်တွေမက်ရင်း လန့်နိုးလာတယ်။ ခေမ့်ဟောမ်ဟာ ဒဲန်ထန်ကိုမြင်တော့ ဟိုးအရင်ကတည်းက သိကျွမ်းနေသလိုမျိုး ဒဲန်ထန်ရဲ့ နှလုံးသားထဲကနာကျင်မှုကိုပါ ခံစားမိလိုက်တယ်။အဲ့တာကတော့ ခေမ်ဟောမ်ရဲ့ အစ်မဖြစ်သူ အင်ထနင်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ သက်ဆိုင်နေတာပါပဲ။ ဒဲန်ထန် ခေမ့်ဟောမ်နဲ့ နီးကပ်စွာရှိနေတဲ့အချိန်တိုင်းဟာ သံယောဇဉ်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့ အစ်မဖြစ်သူကတော့ ဒန်ထန်နဲ့ ခေမ့်ဟောမ်ရဲ့ ပတ်သတ်မှုကို ဘာကြောင့်မှန်းမသိ တားမြစ်ခဲ့တယ်။ဘူရစ်ဆိုတဲ့ ခန့်ညားလှသော ရုပ်ရှင်ထုတ်လုပ်သူဟာ ...
Pom Pang Ban (2022) [Complete]
2022
The Crown 2016 Season 1 + 2 + 3 + 4+5+6
The Crown 2016 Season 1 + 2 + 3 + 4+5+6 IMDb - 8.7 / 10Rotten Tomatoes - 91%The Crown ဆိုတဲ့ စီရီးဟာ ဘာအကြောင်းလဲ။အဲလိဇဘက် ဘုရင်မကြီး အကြောင်း။ဒါပဲပြောရင်တော့ ပျင်းစရာလို့ ထင်ရတာပေါ့။ဘုရင်မလုပ်ရတာ တကယ်တော့ ပျင်းစရာမကောင်းဘူးဆိုတာ ဆက်ကြည့်လိုက်ရင်တော့ တွေ့ရမှာပါ။ အဲလိဇဘက်ဘုရင်မကြီးဟာ ဝန်ကြီးချုပ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသူပါ။ ဝင်စတန် ချာချီ၊ မက်မီလန်၊ အဲလက်၊ ဝယ်ဆန် စသည်ဖြင့်ပါပဲ။ဝန်ကြီးချုပ်တိုင်းနဲ့အတူ နိုင်ငံ့ပြဿနာတွေကို အတူဖြေရှင်းခဲ့ရတာပါ။ မြူဆိုင်းတဲ့ကပ်ဘေးတွေ၊ စူးအက်တူးမြောင်းလို ကိစ္စတွေ၊ သမ္မတ JFK စုံတွဲနဲ့ ကိစ္စတွေ၊ သမ္မတဂျွန်ဆန်နဲ့ ဗီယက်နမ်စစ်ပွဲကိစ္စတွေ၊ သူလျှိုမှုတွေ၊ လိင်အရှုပ်တော်ပုံတွေ အများကြီးပါပဲ။ဒါ့အပြင်သူ့ရဲ့ ဦးရီးတော်ကလည်း မိန်းမအတွက်နဲ့ နန်းစွန့်ခဲ့ပြီး သစ္စာဖောက်လို ဆက်ဆံခံရတဲ့ ရှုပ်ထွေးတဲ့သူပါ။ သူ့ရဲ့ ညီမကလည်း သူနဲ့ဆန့်ကျင်ဘက် ခေတ်ဆန်ဆန်၊ပေါ့ပေါ့ပါးပါး၊ ထက်ထက်မြက်မြက်ရှိပေမယ့် ပြဿနာ မကြာခဏရှာတတ်တဲ့သူပါ။ ယူထားတဲ့ယောကျာ်းကလည်း နိုင်ငံခြားဘုရင်မျိုးဆက် နာဇီတွေရဲ့ ...
The Crown 2016 Season 1 + 2 + 3 + 4+5+6
2016
The Last Kingdom – Season(01), (02), (03), (04), (05) – Complete 8.3
The Last Kingdom – Season(01), (02), (03), (04), (05) – Complete The Last Kingdom ================ IMDb Rating - 8.5/10 Rotten Tomatoes 91%CMပရိတ်သတ်တွေ ခဏခဏတောင်းဆိုလွန်းလို့ ဒီစီးရီးကို Season(05)ထိ အကုန်တင်ဆက်ပေးသွားပါမည်။Review ---------- ကျုပ်ဟာ အင်္ဂလန်ရဲ့ အော်လ်ဒေါ်မန်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့တယ်။ ဘီဘန်ဘာ့၊ နော်သမ်ဘရီယန်မြေရဲ့ ဆက်ခံသူ အစစ်ပေါ့။ အသက် ၁၂ နှစ်မှာ ပထမဆုံး တိုက်ပွဲ၀င်ခဲ့တယ်။ အဖေ အသတ်ခံရတာကို ကျုပ်မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတယ်။နောက်တော့ ဘရီဒါဆိုတဲ့ ဆက်ဆွန်သူလေးနဲ့အတူ ကျူးကျော်သူတွေ ခိုးယူ‌ ခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပေါ့။ ပထမ.. အစေခံ။ နောက်တော့ အာလ် ၀က်ဂ်နာရဲ့ သားဖြစ်လာတယ်။ ကံကြမ္မာကြောင့် ကျုပ်ဟာ ဒိန်းမတ်လူမျိုး ဖြစ်သွားတယ်။ ၀က်ဂ်နာအငယ်လေးက ကျုပ်ရဲ့ ညီဖြစ်လာပြီး ဘရီဒါက ကျုပ်ချစ်သူ ဖြစ်လာတယ်။ နောက်တော့ ကံကြမ္မာရဲ့ သစ္စာဖောက်ခဲ့ခြင်းကိုခံရတယ်ဆိုမလား ၀က်ဂ်နာ့ကို သတ်တာ ကျုပ်ဆိုတဲ့ အလိမ်ဆင်တွေ ပြန့်ကုန်တယ်။ဒီတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ယူပြီး တောင်ပိုင်း ၀က်ဆက်က ဘီအိုကာနဲ့ ဘုရင့်ညီ အဲလ်ဖရက်ဆီ သွားခဲ့တာပေါ့။ ကျူပ်ကို ဒိန်းမတ်တွေက ...
8.3
TMDb: 8.3/10 1144 votes
tv
The Last Kingdom – Season(01), (02), (03), (04), (05) – Complete
2015
Six Flying Dragons(2015) 8.1
Six Flying Dragons(2015) Six Flying Dragons(2015) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၅၀ ) ထိ စ/ဆုံးကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင်Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု  ထိပ်တန်းဆုပေါင်းများစွာကို၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်...ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလိုSetting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်...တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ‌ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲအကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင်နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်..အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင်ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါသက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ...
8.1
TMDb: 8.1/10 14 votes
tv
Six Flying Dragons(2015)
2015
Heirs to the Land (2022) 7.0
Heirs to the Land (2022) Heirs to the Land (2022) ================== IMDb Rating - 7.0/10Netflix ကရိုက်တဲ့စပိန်စီးရီးလေးပါ။ 14 ရာစုနောက်ပိုင်း စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအခြေတည်ထားပြီး ခရစ်ယာန်နဲ့ ဂျူးတွေရဲ့ ဘာသာရေးပရိပက္ခတွေ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေရဲ့အရှုပ်ဇာတ်လမ်းတွေအကြောင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ခရစ်ယာန်ဘာသာကိုးကွယ်သူတွေနဲ့ဂျူးဘာသာကိုးကွယ်သူတွေ အတူကွနေထိုင်ကြတယ်ဆိုပေမယ့် ကိုးကွယ်ယုံကြည်မှုပြင်းထန်တဲ့ အတွက်ကြောင့် ဘာသာမတူချင်းချစ်ကြိုက်တာ၊ လက်ထပ်တာကို အပြင်းအထန်တားမြစ်ထားပါတယ်။ ဒီဇာတ်လမ်းအဓိကဇာတ်ဆောင် ဟူဂိုဆိုတဲ့ခရစ်ယာန်လေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းက အိမ်ရဲ့ ဝင်ငွေကိုအဓိကရှာပေးတဲ့ ဖခင်ဆုံးပါးသွားတဲ့အတွက်ဆင်းရဲနွမ်းပါး လွန်းတဲ့အတွက် မြို့တော်ကောင်စီအဖွဲ့ဝင်ဖြစ် အာနူအက်စတန်ညော်က ကူညီစောင့်ရှောက်ပေးထားပါတယ်။တစ်နေ့မှာ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ကြီးနတ်ရွာစံသွားတော့ ပုလ္လင်လုပွဲ စတင်ဖြစ်ပါတော့တယ်။ အာနူအက်စတန်ညော်ရဲ့ရန်ဖက်ဖြစ်ခဲ့တဲ့ ပုခ်ျ မျိုးနွယ်ဟာ ဘုရင့်သားတော်ကြီးနဲ့ ပူပေါင်းပြီးထီနန်းရအောင်တိုက်ခိုက် ပေးပါတော့တယ်။ ဒီလိုနဲ့အနိုင်ရှိသွားပြီး ပုခ်ျမျိုးနွယ်ဟာတစ်ချိန်က အမုန်းတရားတွေကိုလက်စားချေဖို့အတွက် အာနူအက်စတန်ညော်ကို နိုင်ငံတော်ကိုသစ္စဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ခေါင်းဖြတ်သတ်လိုက် ပါတော့တယ်။ ခိုကိုးရာမဲ့ဖြစ်သွားတဲ့ဟူဂိုဟာ အရင်ကအာနူအက်စတန်ညာ်နဲ့ ကျေးဇူးမကင်းတဲ့ ဂျူးဘာသာဝင် ဂျုဖက်က စောင့်ရှောက်ပေးပါတော့တယ်။ ဟူဂိုဟာ ဂျူးဘာသာဝင်တွေနဲ့အတူနေထိုင်ရင်း အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်မိပါတော့တယ်။ ဘာသာမတူချစ်တဲ့အတွက်ကြောင့်ဟူဂိုတစ်ယောက် ဘယ်လိုတွေပြဿနာတွေရင်ဆိုင်ရမလဲ။ တိုင်းပြည်ရဲ့ နန်းလုပွဲ ပရိပက္ခတွေက ဟူဂိုဆီကိုဘယ်လောက်အထိသက်ရောက်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူပေးပါဦး။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်။)File Size.............(400 MB) Quality...............WEBDL 720p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, History Translator..........Tin Myo Lwin Encoder..............SWM720P ...
7.0
TMDb: 7.0/10 8140 votes
tv
Heirs to the Land (2022)
2022
Jaguar (2021) 7.0
Jaguar (2021) Jaguar (2021)============IMDb Rating - 7.0/10Netflix ကနေ 22 Sept 2021 မှာထွက်ရှိလာတဲ့ အသစ်စက်စက် စပိန်စီးရီးအလန်းစားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀ ခုနှစ်တွေမှာ စပိန်နိုင်ငံဟာ နာဇီစစ်ဆေးရေးစခန်းကနေ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ခိုလှုံရာတိုင်းပြည်တစ်ခုပါ။ဒီလိုလွတ်မြောက်လာသူတွေထဲမှာ အစ်စဘယ်ဆိုတဲ့ ကောင်မလေးလည်းပါဝင်လာတယ်။ အစ်စဘယ်က သူငယ်စဉ်ကသူ့အဖေကို သတ်ဖြတ်ခဲ့တဲ့ နာဇီအရှာရှိတစ်ယောက်နောက်ကို လက်စားချေဖို့ လိုက်နေတာပေါ့။ အဲ့ဒီအရာရှိဟာလည်းဥရောပတစ်ခွင်မှာ အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတော့ အစ်စဘယ်တစ်ယောက် လွယ်လွယ်နဲ့ ခြေရာခံလို့မရခဲ့ဘူး။ ဒီလိုနဲ့ အစ်စဘယ်ဟာ မမြင်နိုင်တဲ့အန္တရာယ်တွေကြားတိုးဝင်ရင်း သူနဲ့ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ပေါင်းစည်းမိသွားရာကနေ . တကယ့်ရက်စက်ယုတ်မာလွန်းလှတဲ့ နာဇီအရာရှိဟောင်းများကို လက်စားချေဖို့ ကြိုးပမ်းကြတာကိုရိုက်ကူးထားတဲ့ အက်ရှင်စီးရီး​လေးပါ။အပိုင်း (၆) ပိုင်းပါဝင်ပြီး အက်ရှင်ကြမ်းကြမ်းရမ်းရမ်းများကို ကြည့်ရှုခံစားရမှာဖြစ်လို့ လက်မလွှတ်ကြဖို့တိုက်တွန်းချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thet Hnin Hsu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team မှဖြစ်ပါတယ်။) Quality – 1080p, ...
7.0
TMDb: 7.0/10 2300 votes
tv
Jaguar (2021)
2021
The Empire (2021) 5.7
The Empire (2021) The Empire (2021)=============== ဒီseriesကတော့ ဒီနေ့မှ စတင်ထုတ်လွှင့်ခဲ့တဲ့ အသစ်စစ်စစ် ဟင်ဒီ နန်းတွင်း ဇာတ်လမ်းရှည် တစ်ခုပါ။ဒီဇာတ်လမ်းတွဲဟာ "Empire Of Moghul"ဆိုတဲ့ ဝတ္ထုဇာတ်လမ်းတွဲကို အခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ဖာဂန်းနားတိုင်းပြည်ကို အုပ်ချုပ်ခွင့်ပေးဖို့ ရှဲဘာနီခန်ဆိုတဲ့ နယ်စားက အင်အားကြီးမားလာတဲ့အခါ ပုန်ကန်လာတယ်။အဲ့ဒီနန်းတော်မှာလည်း ဘုရင်ကိုယ်တိုင်က ပျော့ညံ့တယ်၊ စိတ်ရင်းကောင်းတယ်။ဒီလို အခြေအနေမျိုးမှာ ရန်သူဖြစ်တဲ့ ရှဲဘာနီခန်ကတော့ အခွင့်ကောင်းယူဖို့ လွယ်ကူသလို ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ ပျော့ညံ့တဲ့ မင်းကြီးမှာ ထက်မြက်တဲ့ သားတော်တစ်ပါး ရှိလေတယ်။အဲ့ဒီသားတော်ဟာ အခြေအနေ တစ်ခုအရ အရိုက်အရာကို ဆက်ခံဖို့ ဖြစ်လာခဲ့ပြီး ရန်သူတွေကို ဘယ်လိုမျိုး တိုက်မယ်ဆိုတာ..နန်းတွင်းပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကို ခံစားကြည့်လိုက်ပါဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ Nyi Nyi Koe ဖြစ်ပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Myint Thu, Nyi Nyi Koe တိုပဲဖြစ်ပါတယ်။ Quality – 1080p WebRip 5.1CHDuration – 40 mins (@Episode)Subtitle – Myanmar ...
5.7
TMDb: 5.7/10 2300 votes
tv
The Empire (2021)
2021
Grahan(2021) 6
Grahan(2021)  Grahan(2021)ဇာတ်လမ်းတွဲအညွှန်း******************************IMDb...8.6အပိုင်းသစ် (၁ မှ ၈)ထိ စ/ဆုံးဒီ Web series လေးကတော့ Hotstar Special ရုပ်သံလိုင်းမှ ထုတ်လွှင့်ထားခြင်း ဖြစ်ပြီးIMDb rating 8.6အထိ ရရှိထားကာ အပိုင်း ၈ပိုင်း ပါရှိတဲ့ Web Seriesတစ်ခု ဖြစ်ပါတယ်။သတင်းဌါနတွေကို သတင်းရောင်းစားတဲ့သူတစ်ယောက်ရှိတယ်...တစ်နေ့တော့ အရေးကြီးသတင်းတွေရထားတော့ သူဟာ ထုံးစံအတိုင်းရောင်းစားဖို့ကြံရွယ်တယ်... ပုံမှန်ထက်ပိုထူးတဲ့သတင်းဖြစ်လို့ သူဟာ သတိထားပြီး စာရွက်စာတမ်းတွေလွှဲပြောင်းဖို့ကြံရွယ်ခဲ့ပေမဲ့ အကြမ်းဖက်အဖွဲ့က သိသွားတယ်....ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ သူနောက်ကျသွားတယ်.... အကြမ်းဖက်အဖွဲ့ကဖမ်းဆီးခြင်းခံလိုက်ရသလို သတင်းအချက်အလက်တွေမေးဖို့  နည်းမျိုးစုံနဲ့စစ်မေးတယ်..နောက်ဆုံးတော့ သူဟာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းခံလိုက်ရတယ်...ရဲတွေလည်းအပူတပြင်းလိုက်ပေမဲ့  အသက်မမှီလိုက်ရှာဘူး...အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတော့..۔۔ ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။  File Size :500MB Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Action ,History , Drama Translated by Thaik San Encoder – Phyo ...
6
TMDb: 6/10 1 votes
tv
Grahan(2021)
2021
Bossam: Steal the Fate (2021) 2
Bossam: Steal the Fate (2021) Bossam : Steal the Fate (2021)"ဘိုဆမ်" ဆိုတာကတော့ ဂျိုဆွန်းခေတ်က ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။ ကံကြမ္မာကို ခိုးယူတယ် လို့ လည်း ခေါ်ပါတယ်။ဘာလို့ အဲဒီလို ခေါ်ရတာလဲ ဆိုတာကတော့ ....... အိမ်ထောင်ပြန်ပြုလို့ မရတော့တဲ့ မုဆိုးမကို ညဘက်မှာ စောင်နဲ့ထုပ်ပြီး တိတ်တိတ်လေး ခေါ်လာပြီးတော့ လင်မယားအရာ မြောက်စေတာပဲ ဖြစ်ပါတယ်။ မုဆိုးမ ခိုးတဲ့ အလေ့အထ ပဲ ဖြစ်ပါတယ်။ဒီဓလေ့ကြောင့်ပဲ ဘာအူ နဲ့ ဆူယောင်း မင်းသမီး တို့ တွေ့ဆုံခဲ့ကြတာပါ။ဆူယောင်း မင်းသမီးက နိုင်ငံရေးအရ လက်ဆက်ခဲ့ရပြီး လက်ထပ်တဲ့နေ့မှာပဲ သတို့သား ဆုံးသွားတဲ့အတွက် အိမ်ထောင်မကျဘဲ မုဆိုးမ ဖြစ်ခဲ့ရပါတယ်။ဘာအူကတော့ လူဆိုးသူခိုး တစ်ယောက် ဖြစ်ပြီး မုဆိုးမ ခိုးတဲ့ အလုပ်ကို လုပ်ကိုင်တဲ့သူပဲ ဖြစ်ပါတယ်။ဘာအူက ဆူယောင်း မင်းသမီးကို မှားယွင်းခေါ်ဆောင်လာခဲ့ချိန်မှာတော့ ......ဒီဇာတ်လမ်းကတော့ ဂွမ်ဟယ် ဘုရင် လက်ထက်က အမျိုးသမီးတို့ရဲ့ အဖိနှိပ်ခံရတဲ့ ဘဝနဲ့ ...
2
TMDb: 2/10 1 votes
tv
Bossam: Steal the Fate (2021)
2021
The Great 18+ (2020 – 2021 ) Season 1 + 2 + 3 8.2
The Great 18+ (2020 – 2021 ) Season 1 + 2 + 3  ဒီတခါတော့ Hulu ကနေ လွှင့်ထားတဲ့ The Great ဆိုတဲ့ Mini series လေးကို တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့ Comdey အမျိုးအစားဖြစ်ပြီး IMDB မှာ 7.9 နဲ့ RT မှာ 80%ထိရထားတဲ့ ဇာတ်ကားလေးပါ။ပထမဆုံးပြောရမှာကတော့ မင်းသမီးက Elle Fanningပါပဲ။ Super 8 ထဲက ကလေးမလေးကMaleficent 1&2 နဲ့ အောင်မြင်လာခဲ့ပြီး အခုလွမ်းနေတဲ့သူတွေအတွက် The Great နဲ့ ထွက်ပေါ်လာပြန်ပါပြီ။မင်းသမီးကတော့ ဟုတ်ပါပြီ မင်းသားကရော။ ဟုတ်ကဲ့ မင်းသားကတော့Worm Bodies တို့ Jack:Giant Slayerရယ် X-menကားတွေထဲလည်း ပါတဲ့ Nicholas Hoult ပါပဲ​။အပြင်မှာတကယ်ရှိတဲ့ ရုရှားဧကရီ Catherine The Great ရဲ့အကြောင်းကို ကျောရိုးလေးယူပြီးComdey အနေနဲ့ရိုက်ထားတာပါ။ Comedy ဆိုပေမယ့် 18th ရာစုဝန်းကျင်မှာဖြစ်တဲ့အတွက်အမျိုးသမီးတွေကို ...
8.2
TMDb: 8.2/10 489 votes
tv
The Great 18+ (2020 – 2021 ) Season 1 + 2 + 3
2020
Candle in the Sun (2019) 8
Candle in the Sun (2019) Candle in the Sun (2019)ထိုင်းဇာတ်လမ်းတွဲအညွှန်း********************************************အပိုင်း(၁ မှ ၁၂)အထိ စ/ဆုံး~အတိတ်ဘဝ~ ကျောက်နွိုင်ထေဝါရစ်အဖြစ် Toey Pongsakorn တီအန်ခမ်း အဖြစ် Nychaa Nuttanicha ကျောက်ဝုန်ဒုန်းအဖြစ် Yoghurt Nattasha လူဝီအဖြစ် Pon Nawasch~လက်ရှိဘဝ~ အင် အဖြစ် Toey Pongsakorn ကလင်း အဖြစ် Nychaa Nuttanicha ပတီမာ အဖြစ် Yoghurt Nattasha ဘန် အဖြစ် Pon Nawaschကလင်းဆိုတဲ့အမျိုးသမီးဟာ ထိုင်းနိုင်ငံရဲ့အထင်ကရ သရုပ်ဆောင်မင်းသမီးတစ်ယောက်...ချောမောလှပတဲ့ရုပ်ရည်ရှိသလို သရုပ်ဆောင်ပိုင်းဆိုရင်လည်း ဇာတ်ကောင်စရိုက်အပေါ်အာရုံစိုက်လွန်းတဲ့သူဖြစ်ပါတယ်....ဒီလိုချောမောလှပတဲ့မင်းသမီးဟာ ချစ်မိတော့လည်းအများသူငါသိနေတဲ့ အိမ်ထောင်ရှိ ကျောက်မျက်ရတနာဆိုင်ပိုင်ရှင်တစ်ယောက်...ဒီလူက မိသားစု စီးပွားရေးအခြေအနေအရာ လက်မှတ်မထိုးထားဘဲ ဟန်ဆောင်သဘောမျိုးလက်ထားတယ်လို့သာဆိုပေမဲ့ ကလင်းအတွက်တော့ မလွယ်ကူပါဘူး..ဟိုလူ့ရှောင်ရ ဒီလူရှောင့်ရနဲ့....မီဒီယာတွေကလည်းအိမ်ထောင်သည်နဲ့ဖောက်ပြန်တယ်ဆိုပြီး စတင်ရေးသားလာကြပါတယ်....ဒီကြားထဲ အိပ်ပျော်တိုင်း အိပ်မက်ဆိုးတွေမက်တတ်သလို တစ်ခါတစ်ရံ တခြားသူတွေမမြင်တဲ့ခြောက်ခြားစရာမြင်ကွင်းတွေမြင်လေ့ရှိတတ်ပါတယ်....တစ်နေ့တော့ ရိုက်ကွင်းက စီစဉ်ပေးထားတဲ့ ဆံထိုးလေးကျိုးသွားတော့ကလင်းဟာ သူမပိုင်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်တဲ့ ဆံထိုးပဲထိုးမယ်ဆိုပြီး ဒါရိုက်တာကိုပြောလိုက်ပါတယ်...အဲ့ဒီနောက်မှာတော့ ဆံထိုး ထိုးပြီး သရုပ်ဆောင်လိုက်တဲ့အချိန်မှာပဲသူမဟာ ဒီဘဝမှာမဟုတ်ဘဲ ရှေးဘဝ နန်းတွင်းခေတ်ကို ...
8
TMDb: 8/10 1 votes
tv
Candle in the Sun (2019)
2019
The Spy (2019) Season 1 [COMPLETE]
2019
The Terror (season 1 complete) 7.6
The Terror (season 1 complete) The Terror (2018)ဒီဇာတ်လမ်းက Terror (တယ်ရာ) နဲ့ Erebus (အယ်ရူဘတ်စ်)သင်္ဘောနှစ်စီးအကြောင်းကို ရိုက်ထားတာပါ။အာတိတ်သမုဒ္ဒရာထဲက ရေခဲပြင်ထဲမှာ ပိတ်မိနေတဲ့သဘောၤသားတစ်စုရဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတာပါ။ ြဖစ်ရပ်မှန်ကို အခြေခံထားတဲ့ ဝတ္ထုကို ရိုက်ထားတာဖြစ်တဲ့အတွက် အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ရေခဲပြင်ထဲမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြသလဲဆိုတာကို တွေ့မြင်ရမှာပါ။သင်္ဘောသားတွေရဲ့သဘောသဘာဝနဲ့ ရေခဲပြင်အကြောင်းကို ကြည့်ရမှာဆိုတော့မြင်နေကျကားတွေထဲကတော့ ကွဲထွက်နေမှာပါ။ တစ်ခုထူးခြားတာက နတ်ဆရာတွေ၊မိစ္ဆာတွေ နဲ့ ယဇ်ပူဇော်မှု အကြောင်းတွေလည်း ပါပါတယ်။ဇာတ်လမ်းက တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားစရာတွေသာ များလာတာမို့လက်မလွှတ်သင့်တဲ့ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ခုဆိုရင် Season 2 ကို ပြီးခဲ့တဲ့ သြဂုတ်လက ဆက်လက်ပြသခဲ့ပါတယ်။IMDb Rating ကလည်း 8/10 ရထားတာမို့ အရမ်းတော့ ထပ်ညွှန်းစရာ လိုမယ် မထင်ပါဘူးဗျာ။ File Size : (350-450mb)  Quality : Bluray720p Running Time : 50-60min Format : Mp4 Genre : ...
7.6
TMDb: 7.6/10 152 votes
tv
The Terror (season 1 complete)
2018