Channel Myanmar

My Ambulance

My Ambulance (2019) 8
My Ambulance (2019)  မင်းသား Sunny နဲ့ Pee Mak မင်းသမီး Mai Davika တို့ဦးဆောင်ပါဝင်တဲ့ ထိုင်းစီးရီးလေးပါ။၂၀၁၉ က ထွက်ရှိခဲ့ပြီး MyDramaList မှာ Rating (7.8) ရရှိထားတဲ့ ဒီစီးရီးလေးကိုChannel Myanmar ကနေ တစ်နေ့ ၃ ပိုင်းနှုန်းနဲ့ ၅ ရက်အတွင်း အစ/အဆုံးတင်ဆက်သွားမှာပါ။စုစုပေါင်း(၁၆)ပိုင်းပါပါတယ်။COVID-19 ကာလမှာ ရှေ့တန်းထွက်တိုက်နေတဲ့ ဆရာဝန်တွေ၊သူနာပြုတွေအတွက်ဆေးဝန်ထမ်းတွေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ကျူးထားတဲ့ ဒီစီးရီးလေးကို တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့.....ဒေါက်တာပန် နဲ့ တန်တဝမ် တို့က ဆယ်ကျော်သက်အရွယ်ကတည်းက ရည်းစားတွေပါ။သူတို့အကြားမှာ အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ စွမ်းအားလေး တစ်ခုရှိပါတယ်။အဲ့ဒါကတော့ တန်တဝမ် က ဒေါက်တာပန့်ကို သူ့ဆီလာစေချင်လို့ ခေါ်လိုက်ရင်ဒေါက်တာပန်က အနီးဆုံးမှာရှိတဲ့ ဘယ်ကြားခံနယ်မဆို ဖြတ်ပြီး လာနိုင်တဲ့ စွမ်းအားလေးပါ...သို့ပေမယ့် ချစ်သူရည်သက်တမ်း ၁၅ နှစ်ပြည့်လာတဲ့အခါသူတို့ချစ်ခြင်းက လာတဲ့စွမ်းအားက အနည်းငယ်ယိုယွင်းလာပါတော့တယ်...ချလမ် ဆိုတဲ့ ဆဌမနှစ်ဆေးကျောင်းသား ဒေါက်တာပေါက်စလေးနဲ့ တန်တဝမ်တွေ့သွားတဲ့ အချိန်မှာပေါ့တန်တဝမ်နဲ့ ...
8
TMDb: 8/10 1 votes
tv

My Ambulance (2019)

2019