Channel Myanmar

Never Have I Ever (2020)

Never Have I Ever (2020) 8.1
Never Have I Ever (2020) Never Have I Ever 2020 ======================= ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေမယ့် စီအမ်ဖန်တွေအတွက်  netflixက ထုတ်ထားတဲ့ ဆယ်ကျော်သက် ဟာသစီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်....  ဇာတ်လမ်းကို ရေးထားတဲ့ စာရေးဆရာမMindy Kalingက သူ့ရဲ့ဆယ်ကျော်သက်ဘဝကို  ပြန်လည်ခံစားပြီး လူငယ်ဘဝရဲ့ အလွဲတွေ အချစ်ပေါ် ခံစားချက်တွေကို ပုံဖော်ထားပြီး  အရှေ့တိုင်းဆန်ဆန်ဟာသတွေလဲ အတော်လေးပါပါတယ်............  အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေဗီ​လေးက ကယ်လီဖိုးနီးယားမှာ​ကျောင်းတက်​နေတဲ့  ဆယ်​ကျော်သက်အရွယ် အိန္ဒိယလူမျိုး​မ​လေး​ပေါ့ .....အိန္ဒိယလူမျိုးဖြစ်တဲ့  ဒေဗီ မိဘ​တွေက​တော့ ထုံးစံအတိုင်း အာရှဆန်ဆန် အရှေ့တိုင်း အယူအဆ​တွေရှိကြတယ်ပေါ့နော်  ဒေဗီက​တော့ အ​မေရိကန်မှာ​မွေးတဲ့သူဖြစ်လို့ သူ့မိဘ​တွေနဲ့ဆန့်ကျင့်ဖက်​ပေါ့.  ဒေဗီဟာ သူ့အ​ဖေဆုံးပြီးတဲ့​နောက်ပိုင်း​ စိတ်အရမ်းထိခိုက်ပြီး အောက်ပိုင်း​သေသွားခဲ့ပါတယ် .  ဒါပေမယ့် ​​နွေရာသီပိတ်ရက်မှာ ကျောင်းက သူတစ်ဖက်သက်ကြိုက်ရတဲ့​  ကောင်​လေး​ကြောင့် ရုတ်တရက်လမ်းပြန်​လျှောက်နိုင်ခဲ့တယ်.....  သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ​ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင်  ရည်းစားရ​အောင်ထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ  သူ့သူငယ်ချင်းင​ပေါမနှစ်​ယောက်နဲ့ သူတို့​ကျောင်းမှာ  ပေါ်ပြူလာ ဖြစ်​အောင်​နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင်း  တလွဲတွေဖြစ်လာတာကို ရိုက်ကူးပြထားတဲ့ လူငယ်တွေအကြိုက် ဟာသစီးရီးတွဲလေးပေါ့​ ဒေဗီရဲ့အ​မေ့စတိုင်က မြန်မာနိုင်ငံက မိဘ​တွေ​တော်​တော်များများနဲ့ဆင်နေတော့  ဒီစီးရီးတစ်ခုလုံး ခွီနေရမှာ အသေချာပါပဲ....................  Pyi T Nyein, May Thu Aung, Do Do , ...
8.1
TMDb: 8.1/10 573 votes
tv

Never Have I Ever (2020)

2020